ကျွန်တော် FB တက်နေတာ ပရိုပါဂန်ဒါ ဆန်ပါတယ် ။
ဒါပေမယ့် ရိုးရိုးသားသား ပရိုပါဂန်ဒါပါ ..။
ဦးဝင်းတင်ရဲ့ ထောင်ရှပ်အင်္ကျီပြာ မြင်ရတာမျိုး နာကျင်ခံစားရသလို
ကလေးငယ်တစ်ယောက် သင်္ကြန်မှာ နာကျင်ရကောင်းမှန်းတောင် မသိပဲ
ဘဝတွေ ဇာတ်တွေ နာနေရတာတွေကနေ လွတ်မြောက်စေချင်တာပါပဲ..။
မြန်မာဟာ မြင်းကောင်းခွာလိပ် ဖြစ်နေရတာ မြန်မာတိုင်းသိပါတယ် ။
...

ဆရာဝန် ကဗျာဆရာတစ်ယောက် ပြောသလို..
အပြစ်ရှိတဲ့သူတွေကို သူ့အပြစ်အတိုင်း ခံစေချင်မိတာကတော့ ဗျာ
ဘက်လိုက်တယ်ပြောလည်း လောကပါလတရားဘက် လိုက်ရမှာပဲ ..။
အစိုးရ တစ်ရပ်ရဲ့ ကပစတီ က တိုင်းပြည်ကို မောင်းနေတာမှာ
သူများနိုင်ငံတွေ ကက်ဘိနက် ထက်ဝက်ကျော် တကယ့် တက္ကနိုကရက်တွေ
အပြိုင်အဆိုင် မြိုင်မြိုင်ကြီး ချီတက်နေချိန်မှာ ဒီ အန္ဓ ဘောင်းဘီချွတ်တွေ
ဖြစ်ချင်တိုင်းဖြစ်နေတာနဲ့ တနိုင်ငံလုံး ခံ နေရတာကြီးက မမျှတလွန်းဘူး။
ဘာဘာညာညာ အတွေးခေါင်မနေကြပါနဲ့ ။ နောက်နောင် ..
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စစ်ဇာတ်သွင်းနေတာကြီးကိုပဲ
ဆန့်ကျင်ကြပါ ။ စစ်ဇာတ်ကြီးကြောင့် တနိုင်လုံး ဇာတ်မျောနေရတာကို
သိလာကြတဲ့ တပ်မတော် မိသားစုဝင်တွေကိုလည်း အားပေးကြပါ ။
ဒီလို ကလေးငယ်တွေ အရွယ်နဲ့ မမျှတာတွေ ဖိဆီးနှိပ်ဆက်ခံကြရတာ
ဗုဒ္ဓဘာသာ မျိုးချစ်ကြီးများလည်း လက်ပိုက်ကြည့်မနေကြပါနဲ့ ...။
ခင်ဗျားတို့ စစ်အစိုးရသာ ကုလားတွေဆို အမှုန့်ကြိတ်ချင်နေမယ်ဆိုတာ
ခြွင်းချက်မရှိယုံကြည်ပါတယ် ။ ဒါပေမယ့် စစ်အစိုးရကသာ ပို မိုက်ရိုင်း ထွားကြိုင်း ခိုးဆိုး လုယက် အမျိုးဘာသာသာသနာဖျက်တယ်ဆိုတာ မမေ့ပါနဲ့ ..။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။