Burma-Newselite
ငြိမ်းချမ်းရေးကို စိတ်ကူးတဲ့ ဂျွန်လီနွန်
*******
မကြာသေးခင်က အမျိုးသမီးတွေ မုဒိန်းမှုတွေဖြစ်ပွားလို့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပွားနေတဲ့ အိနိံ္ဒယနိုင်ငံမှာ ဂီတအနုပညာရှင် ၅၀၀ ကျော်က ဂစ်တာတွေနဲ့ ငြိမ်းချမ်းရေး သီချင်းစာသားတွေ ပါတဲ့ Imagine( စိတ်ကူး) ဆိုတဲ့ သီချင်းနဲ့ှှငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ကမ္ဘာကျော်ငြိမ်းချမ်းရေးသီချင်း ဖြစ်တဲ့ Imagine( စိတ်ကူး) ဆိုတဲ့ သီချင်းကို ပေါ့ပ်အဆိုကျော် တေးရေးဆရာလည်းဖြစ်တဲ့အင်္ဂလိပ်လူမျိုးတေးဂီတပညာရှင် ဂျွန်လီနွန်က သီဆိုရေးဖွဲ့ ခဲ့တာပါ။ အဲဒိသီချင်းစာသားတွေက နားဆင်သူတွေကို အဆင့်အတန်း။ လူမျိုး၊နယ်နမိတ်ကွဲပြားမှုတွေက င်းတဲ့  ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို စိတ်ကူးကြည်ဖို့နဲ့  ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကို... မတပ်မက်ဘဲ
နေထိုင်တဲ့ လူနေမှုဘ၀ကို အလေးထားကြဖို့ တိုက်တွန်းထားပါတယ်။
*******
မကြာသေးခင်က အမျိုးသမီးတွေ မုဒိန်းမှုတွေဖြစ်ပွားလို့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပွာ
ကမ္ဘာကျော်ငြိမ်းချမ်းရေးသီချင်း
နေထိုင်တဲ့ လူနေမှုဘ၀ကို အလေးထားကြဖို့ တိုက်တွန်းထားပါတယ်။
ဂျွန်လီနွန်ဟာ ၁၉၆၀ ၀န်းကျင်ခုနှစ်တွေက ရာဇ၀င်တင်အောင် လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ တဲ့ Beatles တေးဂီတအဖွဲ့ ကို
တည်ထောင်ခဲ့ သူတဦးဖြစ်ပါတယ်။
တေးဂီတပညာရှင်ဂျွန်လီနွန်ဟာ အနုပညာရှင်တွေထဲမှာ
တော်လှန်ပုန်ကန်ဆန့်ကျင်လိုတဲ့ သဘာဝရှိတယ်လို့ ပြောစမှတ်ပြုခံရသူဖြစ်ပါတယ်။
သူရဲ့ တေးသီချင်းတွေရုပ်ရှင်နဲ့ မေးမြန်းတွေ့ဆုံခန်းတွေထဲမှာ
ဘ၀ရဲ့ ခါးသက်မှုတွေ နာကျည်းချက်တွေကို ခံစားနိုင်ပါတယ်။
သူရဲ့ ငြိမ်းချမ်းရေးကိုလှုံ့ဆော်မှု နဲ့ ၁၉၇၁ခုနှစ်မှာနယူးယောက်မြို့ တော်မှာ နေထိုင်စဉ်ကာလက ဗီယက်နမ်စစ်ပွဲကို
ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ မှုကြောင့် သူကိုအဲဒိတုန်းက အမေရိကန်သမ္မတ နစ်ဆင်အစိုးရက ပြည်နယ်ဒဏ်ပေးဖို့ 
အထိကြိုးစားခဲ့ပါတယ်။အဲဒိတုန်းက သူရဲ့ သီချင်းတွေကလည်း စစ်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ သီချင်းတွေဖြစ်ပါတယ်။
အနုပညာအားကောင်းလှသူ တေးဂီတပညာရှင်ဂျွန်လီနွန်ရဲ့ သေဆုံးမှုကလည်းပဟေဌိဆန်လှပါတယ် ။
၁၉၈၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက် ညဘက် ၁၀နာရီကျော်မှာ နယူးယောက်မြို့ က သူရဲ့ အခန်းကို ဇနီးသည်ဂျပန်လူမျိုး Ono နဲ့ အတူပြန်လာတဲ့ လီနွန်ကို Mark David Chapman ဆိုသူက အနောက်ကနေလေးကြိမ်တိုင်တိုင်သေန တ်နဲ့ ပစ်ခတ်ခဲ့ ပါတယ်။ အနီးအနားမှာရှိတဲ့ ရုစဗဲ့ ဆေးရုံကြီးကို သယ်သွားပြီး ည ၁၁နာရီကျော်မှသေဆုံးခဲ့တာပါ။သူရဲ့ ဆန္ဒအရ အသုဘအခမ်းအနားမပြုလုပ်ခဲ့ ရပါဘူး။
သူ့ ကိုယ်ခန္ဓာကိုမီးရှို့ပြီးကျန်ရ စ်တဲ့ အရိုးပြာကိုတော့ နယူးယောက်မြို့ က ဗဟိုပန်းခြံမှာ စတော်ဘယ်ရီခင်းအမှတ်တရ စိုက်ထူထားကြပါတယ်။
သူကိုသတ်ခဲ့သူMark David Chapman ကတော့ ထောင်ဒဏ်
အနှစိ ၂၀ ချမှတ်ခံခဲ့ရပါတယ်။
သူရဲ့ သေတမ်းစာမှာ ရေးသားထားတာကတော့ ဂျွန်ဟာလူသားတွေကိုချစ်မြတ်နိုး ပြီး ဆုတောင်းပေးခဲ့ သူပါ။
သူ့ အတွက်လည်းကျေးဇူးပြုပြီး ဆုတောင်ပေးပါလို့ ဘဲရေးသားထားပါတယ်။
ထားထားမြင့်( Burma Newselite)
ကိုးကား-John Lennon discography
ရှယ်နိုင်ပါတယ်။ သတင်းလင့်များ စာသားများ ကူးချဖော်ပြခြင်းသည်းခံပါ။
တည်ထောင်ခဲ့ သူတဦးဖြစ်ပါတယ်။
တေးဂီတပညာရှင်ဂျွန်လီနွန်ဟာ အနုပညာရှင်တွေထဲမှာ
တော်လှန်ပုန်ကန်ဆန့်ကျင်လိုတဲ့ သဘာဝရှိတယ်လို့ ပြောစမှတ်ပြုခံရသူဖြစ်ပါတယ်။
သူရဲ့ တေးသီချင်းတွေရုပ်ရှင်နဲ့ မေးမြန်းတွေ့ဆုံခန်းတွေထဲမှာ
ဘ၀ရဲ့ ခါးသက်မှုတွေ နာကျည်းချက်တွေကို ခံစားနိုင်ပါတယ်။
သူရဲ့ ငြိမ်းချမ်းရေးကိုလှုံ့ဆော်မှု
ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ မှုကြောင့် သူကိုအဲဒိတုန်းက အမေရိကန်သမ္မတ နစ်ဆင်အစိုးရက ပြည်နယ်ဒဏ်ပေးဖို့ 
အထိကြိုးစားခဲ့ပါတယ်။အဲဒိတုန်းက
အနုပညာအားကောင်းလှသူ တေးဂီတပညာရှင်ဂျွန်လီနွန်ရဲ့ သေဆုံးမှုကလည်းပဟေဌိဆန်လှပါတယ်
၁၉၈၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက် ညဘက် ၁၀နာရီကျော်မှာ နယူးယောက်မြို့ က သူရဲ့ အခန်းကို ဇနီးသည်ဂျပန်လူမျိုး Ono နဲ့ အတူပြန်လာတဲ့ လီနွန်ကို Mark David Chapman ဆိုသူက အနောက်ကနေလေးကြိမ်တိုင်တိုင်သေန
သူ့ ကိုယ်ခန္ဓာကိုမီးရှို့ပြီးကျန်ရ
သူကိုသတ်ခဲ့သူMark David Chapman ကတော့ ထောင်ဒဏ်
အနှစိ ၂၀ ချမှတ်ခံခဲ့ရပါတယ်။
သူရဲ့ သေတမ်းစာမှာ ရေးသားထားတာကတော့ ဂျွန်ဟာလူသားတွေကိုချစ်မြတ်နိုး
သူ့ အတွက်လည်းကျေးဇူးပြုပြီး ဆုတောင်ပေးပါလို့ ဘဲရေးသားထားပါတယ်။
ထားထားမြင့်( Burma Newselite)
ကိုးကား-John Lennon discography
ရှယ်နိုင်ပါတယ်။ သတင်းလင့်များ စာသားများ ကူးချဖော်ပြခြင်းသည်းခံပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။