အစိမ်းရောင် လွင်ပြင်
တစ်နာရီ အချိန် အတွင်းလေးမှာကိုဘဲ လေဒီဂါဂါကို အရှုံး 32%ကနေ အပြတ်အသတ် အနိုင် 72%ထိ တက်လာအောင် မဲပေး (vote) နိုင်စွမ်းတဲ့ မြန်မာတွေရဲ့ ညီညွှတ်မှုအစွမ်းကတော့ အံ့မခမ်းပါဘဲ။ တကယ်ကို လေးစား ချီးကျူးမိပါတယ်။ နန်းခင်ဇေယျာတုန်းကလည်း ကလစ် လုပ်ရလွန်းလို့ မောက်စ်တွေပျက် လက်တွေ အသားမာ တက်ကုန်တဲ့ထိ အားပေး ခဲ့ကြဖူးပါတယ်။ ခုလည်း ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်အတွက် ကျွန်မတို့ ဘာလို့များ အချိန် မပေးနိုင်ရမှာလဲနော်။ အားလုံးဘဲ စာရင်းပိတ်ချိန် မရောက်မချင်း ညီညီညွှတ်ညွှတ် ဆက်လက် vote သွားကြပါစို့။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို Vote ရမယ်ဆိုတာ မသိသူများ အောက်က ပေးထားတဲ့ လင့်ကိုသွားပြီး ပုံထဲက အဝိုင်းလေး ပြထားတဲ့ vote ဆိုတဲ့နေရာလေးမှာ မဲပေးပေးကြပါ။
http://time100.time.com/2013/ 04/11/ face-off-whos-the-most-influent ial/ ?iid=time100-main-featured-cont ent-widget
http://time100.time.com/2013/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။