Myanmar News Update
ညီမလေးအတွက် စကားလက်ဆောင်(၄၆)
******************************
ညီမလေးရေ......
မိန်းကလေးတစ်ယောက်ရဲ့ အလှဆိုတာ မျက်နှာအလှနဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုချည်းပဲ ပြောတာ မပာုတ်သေးပါဘူး။
မိန်းကလေးရဲ့ အလှပာာ သုံးပိုင်းရှိတယ်။ မွေးကတည်းက ပါလာတဲ့အလှပာာ တစ်ပိုင်းပဲ ရှိတယ်။ နောက်တစ်ခုက ပြုပြင် ဖန်တည်းမှုအပိုင်း။ နောက်ဆုံးအပိုင်းက ကိုယ်ကျင့်တရားအပိုင်းပါ။ သုံးမျိုးလုံးစုံမှ ပြည့်စုံတဲ့ အလှတရားလို့ ခေါ်ပါတယ်။
မွေးကတည်းက ပါလာတာက ပြောစရာမရှိဘူး။ မွေးကတည်းက အလှတွေပါမလာရင်လည်း စိတ်မပျက်နဲ့။ နောက် နှစ်ပိုင်းရှိသေးတယ်။
...

ပြုပြင် ဆင်ယဉ်မှုအလှ
****************
ပြုပြင်တာနဲ့ ဆင်ယဉ်တာ နှစ်ပိုင်းရှိတယ်။ ပြုပြင်တာက မိန်းကလေးတိုင်း တတ်တယ်။ ဆင်ယဉ်တာက မိန်းကလေး တော်တော်များများ မတတ်ကြဘူး။
ဆင်ယဉ်တဲ့နေရာမှာ ဒူးပေါ် ပေါင်ပေါ်တဲ့ ဆင်ယဉ်မှုကို လူတော်တော် များများ မနှစ်သက်ကြဘူး။ တောင်ကိုရီးယားမှာဆိုရင် ဒူးပေါ် ပေါင်ပေါ်တာတွေ မရှိတော့ဘူး။ ရင်သားပေါ်ဖို့ဆို ပိုဝေးတယ်။ အဲ့လို အတွင်းပိုင်း ဖော်နေတဲ့ ဆင်ယဉ်မှုပာာ လစ်ဗျားနိုင်ငံနဲ့ အာရပ် နိုင်ငံတွေမှာ ခေတ်စားပါတယ်။
သူတို့က ကိုးကွယ်တာလည်း မတူပါဘူး။ ယဉ်ကျေးမှုလည်း မတူဘူး။ မတူတာတွေနဲ့ တုပြီး ၀တ်စားတာပာာ မိုက်မဲရာကျပါတယ်။ ဘောင်းဘီရှည် ၀တ်တာက ပြဿနာ မပာုတ်သေးပါဘူး။ အဓိက က လုံဖို့ပါ။ မလုံရင် ကိုယ့်အန္တရာယ်ကို လက်ယက် ခေါ်နေသလိုပါပဲ။
့် မြန်မာဆန်ဆန် ကျက်သရေရှိရှိလေး ၀တ်စားရင်လည်း လှနေတာပါပဲ။ ဒါ့ကြောင့် ကျက်သရေရှိရှိ ဆင်ယဉ်ဖို့ အကြံပေးပါတယ်။
ကိုယ်ကျင့်တရား အလှ
****************
လပြည့်ညပာာ လရဲ့ အလင်းဆုံးကာလ။ နေမွန်းတည့်ပာာ နေရဲ့ အလင်းဆုံးကာလ။ ဒီလိုပဲ အပျိုစင်ဘ၀ပာာ မိန်းကလေးတွေရဲ့ အလှပဆုံး အချိန်ကာလပါ။
အပျိုစင်ဘ၀ ပျက်ဆီးသွားရင်တော့ အဲ့ဒီမိန်းကလေးပာာ အလှပဆုံးဆိုတာလည်း ပျက်ဆီးသွားတာပါပဲ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းမှ အဲ့ဒီအလှပာာ တည်မြဲမှာပါ။
ဒါ့ကြောင့် မွေးကတည်းက မလှခဲ့ရင် နောက် နှစ်ချက်ကို လှအောင်လုပ်ပါ။ မွေးကတည်းက လှရင် ပြီးပြည့်စုံတဲ့ အလှဖြစ်အောင် ကြိုးစားပါ။ ဒါမှ အဖိုးမဖြတ်နိုင်တဲ့ သမီးလှ ရတနာ ဖြစ်မှာပါလို့ ပြောကြားပါရစေ။
မှတ်ချက်။ ။photo အသုံးပြုခွင့်ပေးသော နှမငယ် ပုံပုံချစ်အား ပြည်ငြိမ်းမှ ကျေးဇူးတင်ပါသည်။
ပြည်ငြိမ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။