Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 12, 2013

“လှလို့လှတယ်ပြောတော့ စိတ်မဆိုးနဲ့ကွယ်”

 

ကမ္ဘာကြီးရဲ့ တဒေါင့်တနေရာမှာ ကိုယ့်ဘာသာကိုယ်ပြောတာ ဘာဖြစ်လဲ ဆိုတဲ့ သဘောထားမျိုး ကိုင်စွဲနေကြတဲ့ လူကြီးတွေ (ပေးလို့ယူရတာဘဲဖြစ်ဖြစ် မပေးဘဲအတင်းယူထားလို့ဘဲ ဖြစ်ဖြစ် တာဝန်ကြီးကြီးမားမား ရှိနေကြသူတွေ) အတုယူသင့်တဲ့ ရေးသားပေးပို့သူ.. ဆရာလောကပါလရဲ့

“လှလို့လှတယ်ပြောတော့ စိတ်မဆိုးနဲ့ကွယ်”
(ဆောင်းပါးရှင် လောကပါလ)

http://www.demowaiyan.org/2013/04/blog-post_6076.html
သမ္မတကြီးတယောက်လုံးက သူပြောခဲ့တဲ့စကားတခွန်းအတွက် ပြည်နယ်ရှေ့နေချုပ် အမျိုးသမီး တယောက်ကို တောင်းပန်ရသတဲ့။ ဒါတောင် အဲသည်အမျိုးသမီးက သမ္မတရဲ့တောင်းပန်ချက်ကို လက်ခံလားလက်မခံလား သေချာမသိကြရသေးပါတဲ့ (ခုဒီစာရေးနေတုံး ကြားရတာကတော့ လက္ခံလိုက်ပါပြီတဲ့)။ တကယ်တော့ သမ္မတနဲ့ အဲသည် ရှေ့နေချုပ်အမျိုးသမီးတို့ဟာ ရင်းနှီးတဲ့ နိုင်ငံရေးမိတ်ဆွေတွေ ဖြစ်ကြပြီး နှစ်ယောက်စလုံး တက်ရောက်ကြတဲ့ အခန်းအနားတခုမှာ “ရှေ့နေချုပ်တွေထဲမှာ ဒီရှေ့နေချုပ် အချောဆုံး” လို့ ပြော(ချီးမွမ်း) ခဲ့မိတဲ့အတွက် တောင်းပန်ရ တာပါတဲ့။
Obama Calls Californian Kamala Harris ‘Best Looking’ Attorney General

ပြောသူ(ချီးမွမ်းသူ)က (ကျွနုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး) သမ္မတ အိုဘားမား (သိတယ်မို့လား အမေရိကန် သမ္မတလေ)။ အဲသည်ဇာတ်လိုက်ကျော်ရဲ့ ချီးမွမ်းခြင်းကိုခံရသူ၊ ချီးမွမ်းပြီးမှ ဘွာခတ် ကာ ပြန်တောင်းပန်ခံရသူကတော့ ကယ်လီဖိုးနီးယား ပြည်နယ် ဥပဒေအကျိုးဆောင်ချုပ် မီးစ် ကမလာ ဟားရစ္စ (Ms. Kamala Harris)။ သူမကလည်း ခေသူတော့မဟုတ်။ ကယ်လီဖိုးနီယား ပြည်နယ်ရဲ့ ပထမဆုံး အာဖရိက-အမေရိက နွယ်ဖွား အမျိုးသမီး ရှေ့နေချုပ်။ အမေရိကန်ရဲ့ ပထမဆုံး အန္ဒိယ-အမေရိက နွယ်ဖွား ရှေ့နေချုပ်လဲ ဖြစ်ပါသတဲ့။ အကယ်၍များ သမ္မတ အိုဘားမားရဲ့ ဒုတိယသက်တမ်းအတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရာထူးတနေရာရာ လစ်လပ်ခဲ့ရင် ခန့်ထားခံရဘို့ အလားအလာ အကောင်းဆုံးလဲဖြစ်ပါတယ်။ ပညာတတ် ရုပ်ချော ထက်မြက်တက်ကြွ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဆိုပါတော့။

ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်တာနဲ့အညီ ပါတီရံပါတီရံပုံငွေ ရှာဖွေရေး လှုပ်ရှားမှု ဖွင့်ပွဲ အခန်းအနား တခုကို နှစ်ယောက်စလုံး တက်ရောက်လာကြပါတယ်။ ဒီပွဲမှာ ကမလာရဲ့နောက် စကားပြောရတဲ့ သမ္မတက သူမဟာ ထက်မြက်တယ်၊ အလုပ်မှာ စူးစိုက်တယ်၊ ပြတ်သားတယ်၊ လူတဦးချင်းစီအတွက် ဥပဒေကို မျှမျှတတ ခန့်ခွဲနိုင်စေဘို့ တရားရေးဝန်ထမ်း တယောက်ဆီမှာ မျှော်လင့်အပ်တဲ့ အရည်အချင်းတွေ သူ့မှာရှိတယ် လို့ ချီးမွမ်းခန်း ဖွင့်ခဲ့ပါတယ်။ တဆက်တည်း သမ္မတက “တိုက်တိုက်ဆိုင်ဆိုင် သူမဟာ ခုချိန်ထိ ဒီတိုင်းပြည်ရဲ့ ရှေ့နေချုပ်တွေထဲမှာ အချောဆုံးလဲ ဖြစ်နေပါတယ်..တကယ်ပါ” လို့ ပြောလိုက် ပါသေးတယ်။ အဲသည်စကားကြောင့်ပဲ သူ ဂျောက်ကျရတာပါ။ ဝေဖန်သူတွေက သမ္မတရဲ့ စကားဟာ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် အဟန့်အတားတွေ (ဖိုမခွဲခြားခံရမှုတွေ) ဒီနေ့အထိ ရှိနေဆဲလို့ ပြသရာရောက်နေ ပါပေါ့ လို့ ထောက်ပြကြရာကစပြီး ဒီကိစ္စ အွန်လိုင်းမှာ “ဟော့” သွား ပါတော့တယ်။

ကြားရသမျှစုံလို့ပါဘဲ။ သမ္မတကြီး ဒီလိုတော့မပြောသင့်ပါဘူးလို့ ခနိုးခနဲ့ ပြောသူကအစ၊ ဒါဟာ မဟာပုရိသ ဝါဒကျင့်သုံးခြင်း တရပ်ဘဲလို့ စွတ်စွဲသူအလယ်။ မဟာပုရိသ မဟုတ်ဘူးဗျ မဟာမုဆိုး လို့ နှိပ်ကွပ်သူ အဆုံး ဆိုပါတော့။ သူ့စကား “ချော်” သွားမှန်း သိလိုက်တဲ့ သမ္မတအိုဘားမား ခမျာ အချိန်မဆိုင်း(အဲသည်ပွဲက ပြန်ရောက်ရောက်ခြင်း) မီးစ် ဟားရစ္စ ကို တယ်လီဖုံးဆက်ပြီး သူ့အနေ နဲ့ သူမရဲ့အဆင်းကို မှတ်ချက်ပြုလိုက်ခြင်းဖြင့် သူမရဲ့အချင်း (အရည်အချင်းတွေ) အပေါ် အာရုံ ဆုတ်ယုတ် ပျက်ပြား စေမိတဲ့အတွက် တောင်းပန်ခဲ့ပါတယ်။ အိမ်ဖြူတော်ကလည်း သမ္မတဟာ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာ အသိအမှတ်ပြုသူ ဖြစ်ပါကြောင်း၊ သူတို့တွေကို ပုံပန်းသဏ္ဍန်လောက်နဲ့ အကဲဖြတ်တာမျိုး မပြုသင့်ဘူး ဆိုတာလဲ သဘောပေါက်ပါကြောင်း၊ သူ့စကားတခွန်းကြောင့် ကာယကံရှင် ရှေ့နေချုပ်ရဲ့ လုပ်ရည်ကိုင်ရည် နဲ့ စွမ်းဆောင်ချက်တွေ သေးသိမ်စေမှာကို သမ္မတအနေနဲ့ မလိုလားပါကြောင်း သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဒါပေမယ့် ဒီဂယက်က တော်တော်နဲ့တော့ မရပ်ခဲ့ပါဘူး။

ဒီနေရာမှာ သမ္မတအပေါ်နားလည်ပေးကြသူတွေ၊ သမ္မတဘက်က ရှေ့နေလိုက်ပေးကြသူတွေလဲ ရှိပါတယ်။ သိပ်လဲဟန်ဆောင် မနေကြပါနဲ့ဗျာ လှလို့လှတယ်ပြောတာဘာဖြစ်တုံး လို့ ခပ်ရှင်းရှင်း ပြောတဲ့သူ ရှိသလို၊ ကွန်ပြူတာတွင် အသဲနှလုံးမရှိ၍ မခံစားနိုင်၊ ဒီစကားကြောင့် အိုဘားမား လူသား စင်စစ် ဖြစ်နိုင်ခဲ့ပေပြီလို့ ပညာရှိဆန်ဆန် မှတ်ချက်ပြုသူ လဲရှိပါတယ်။ မဂ္ဂဇင်းတစောင် ကတော့ အိုဘားမားဟာ အရင်ကလည်း သူ့ နဲ့ရင်းနှီးတဲ့ အမျိုးသား ဝန်ထမ်းတွေကို လူချော လူလှတွေ လို့ အမြဲပြောခဲ့ဘူးတာဘဲ၊ သူက မြှောက်ရင်တောင် တန်းတူရည်တူ မြှောက်တာ။ ယောင်္ကျား၊ မိန်းမ ပင်ဂွင်းငှက်တောင်မချန် လှတယ် လို့ သူပြောနေကျ။ အထူးအဆန်းလုပ်ပြီး ခုမှ ပြောခြင်းမဟုတ် မဟာပုရသဝါဒ နဲ့ လည်းဘာမှမဆိုင် လို့ ပြောခဲ့ပါတယ်။ သမ္မတပြောစကားထက် အဲသည်စကားကို အမှီပြု ပေါ်ပေါက်လာတဲ့ မီဒီယာဖြန့်ကျက်မှုက ပိုကြီးကျယ်ပြီး ပိုအငြင်းပွားစရာ ဖြစ်နေတာပါ လို့ သတင်းဌာနတခုက သုံးသပ်ခဲ့ ပါတယ်။ ပြောရလောက်အောင် မီဒီယာကလဲ လက်စောင်းထက်လှပါဘိ။

သတင်းဌာနတခုက ပြည်နယ်တခုရဲ့ (နောက်) အမျိုးသမီးရှေ့နေချုပ်တဦး ကို သမ္မတမှတ်ချက် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးတဲ့အခါ သူမကဖြေဘို့ငြင်းဆန်ခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူကတော့ သမ္မတကြီးရဲ့စကားကို ကျွန်တော်သဘောမတူကြောင်း လေးစားစွာပြောကြားလိုပါတယ် လို့ ဖြေကြားခဲ့တယ် ဆိုပါတယ်။ နောက်သတင်းဌာန တခုက သမ္မတကတော် (First Lady) ကို အဲသည် အချိန်နဲ့ တိုက်ဆိုင်စွာ အင်တာဗျူးတဲ့ အခါ “ကိုယ့်ယောက်ကျား သမ္မတ ဖြစ်နေတော့ ကျမမှာ တခါတလေ တကိုယ်တည်း (Single) လို ဖြစ်ရတတ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်တဲ့။ ဂယက်တွေ ဂယက်တွေ။ ဘာဘဲဖြစ်ဖြစ် ဇာတ်လိုက်ကျော်ကြီး အိုဘားမားတော့ ခုလောက်ဆို ဒေါ်မိရှဲလ် (Michelle Obama) ရဲ့ဗိုက်ခေါက်အလိမ် ကို ကောင်းကောင်းခံနေရလောက်ပြီ ထင်ပါရဲ့။ သမ္မတဖြစ်ရတာ မစားသာပါလား နော် လို့ တောင် ညည်း ကောင်း ညည်းနေမလားဘဲ။ ထားပါတော့။

ပြောချင်တာက လူဆိုတာ မှားတတ်ကြပါတယ်။ စကားမှားတာလောက်ကတော့ (သာမန်လူတွေ အနေနဲ့) စာမဖွဲ့သာလောက်ပါဘူး။ ဒါပေမယ့် ရာထူးကြီးသူ တာဝန်ကြီးသူတွေ စကားမှားရင် တော့ စာဖွဲ့လောက်ရုံမက မလှပတဲ့ အကျိုးဆက်တွေပါ ပါလာတတ်ပါတယ်။ ဒီကိစ္စဟာ စကားမှား တယ်လို့တောင် ပြောရခက်တဲ့ စကားချော် (Toungue-slip) မှုတရပ်လောက်သာပါ။ ဒါပေမယ့် ချော်တဲ့သူက သမ္မတဖြစ်နေ၊ ပြည်သူတွေကလည်း အကဲဆတ်၊ မီဒီယာတွေကလည်း သိုက်သိုက် ဝန်းဝန်းဆိုတော့ ခုလိုမျိုး ဖြေကြ ရှင်းကြ ငြင်းခုံကြ တောင်းပန်ကြတွေ ဖြစ်ကုန်ကြ ပါတော့တယ်။ ဒီနေရာမှာ သတိချပ်သင့်တာက သမ္မတကစ အရပ်ထဲက ဝေဖန်သူအဆုံး မိမိတို့ရဲ့ လွပ်လပ်ပိုင်ခွင့် တွေ သုံးပြီး ပြောကြဆိုကြ ချီးမွမ်းထောက်ခံ ဝေဖန်ပစ်တင်ကြတဲ့ နေရာမှာ ငယ်ကျိုးငယ်နာ ဖရုဿ ဝါစာတွေ တလုံးတပါဒမှ မပါကြဘူး ဆိုတာပါဘဲ။ ဒိထက်ပိုပြီး သတိချပ်သင့်တာက သမ္မတအိုဘားမားရဲ့ ဖြောင့်မတ်မှုခေါ်ရမလား ပါးနပ်မှုခေါ်ရမလား ဘာမဟုတ်တဲ့ (မိမိနုတ်ထွက်) စကားလေးတခွန်း ကို (အမြော်အမြင် ရှိရှိ) တာဝန်သိသိ ဖြေရှင်း (တောင်းပန်) လိုက်ပုံလေးပါ။

ကမ္ဘာကြီးရဲ့ တဒေါင့်တနေရာမှာ ကိုယ့်ဘာသာကိုယ်ပြောတာ ဘာဖြစ်လဲ ဆိုတဲ့ သဘောထားမျိုး ကိုင်စွဲနေကြတဲ့ လူကြီးတွေ (ပေးလို့ယူရတာဘဲဖြစ်ဖြစ် မပေးဘဲအတင်းယူထားလို့ဘဲ ဖြစ်ဖြစ် တာဝန်ကြီးကြီးမားမား ရှိနေကြသူတွေ) အတုယူသင့်တယ် လို့ မြင်ပါတယ်။

လောကပါလ
http://abcnews.go.com/blogs/politics/2013/04/obama-calls-californian-kamala-harris-best-looking-attorney-general/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။