Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 15, 2013

ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်မရှိ

 

ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်မရှိ
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
... ဆေးလိပ်သောက်တာမကောင်းဘူးဆိုတာတော့ လူတိုင်းသိကြပါတယ်... ဆေးလိပ်ကိုဖြတ်ဖို့စိတ်ကူးလည်း အတော်များများမှာရှိကြပါတယ်... လိုနေတာကတော့ အဲ့ဒီစိတ်ကူးကို တကယ်အကောင်အထည်ဖော်ဖို့ပါပဲ... သင်ဆေးလိပ်ဘယ်လောက်သောက်ခဲ့တယ်... ဘယ်အချိန်ကတည်းကသောက်ခဲ့တယ်... ဆေးလိပ်ဖြတ်ဖို့ ဘယ်နှစ်ကြိမ်ကြိုးစားခဲ့တယ်... အဲ့ဒါတွေက တကယ်တော့ သိပ်အရေးမကြီးပါဘူး... ဘယ်အချိန်မှာမဆို ဆေးလိပ်ဖြတ်လိုက်တာနဲ့ အဲ့ဒီအကျိုးကျေးဇူးကို သင်လက်တွေ့ခံစားရမှာဖြစ်ပြီး သင့်အသက်လည်း ပိုရှည်လာပါလိမ့်မယ်... အောက်မှာဖော်ပြထားတာတွေကတော့ ဆေးလိပ်ဖြတ်တဲ့ ကာလအလိုက် သင့်ကိုယ်ခန္ဓာအပေါ် အကျိုးသက်ရောက်မှုတွေပါပဲ...


♦ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အတွင်းမှာသင့်နှလုံးခုန်နှုန်းဟာ ပုံမှန်အတိုင်းရောက်သွားပါလိမ့်မယ်...

♦ သင့်ရဲ့နောက်ဆုံး ဆေးလိပ်သောက်ပြီး ၁၂ နာရီအတွင်းမှာ သင့်ကိုယ်ခန္ဓာစနစ်အတွင်းရှိတဲ့မှာ ကာဗွန်မိုနောက်ဆိုဒ်နဲ့ နီကိုတင်းပမာဏဟာ အလျင်အမြန်လျော့ကျသွားမှာဖြစ်ပြီး သင့်နှလုံးနဲ့ အဆုတ်တွေဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဒဏ်ချက်တွေကို ကုစားပါလိမ့်မယ်...

♦ ဆေးလိပ်ဖြတ်ပြီး နှစ်လ သုံးလကြာတဲ့အခါမှာ သင့်အနေနဲ့ နှလုံးရုတ်တရက်ထိခိုက်နိုင်ချေတွေ လျော့ကျသွားပြီဖြစ်ပါတယ်... သင့်အဆုတ်တွေဟာ အလုပ်ကောင်းကောင်းလုပ်နိုင်လာပြီး သင့်အရေပြားကလည်း ကြည့်ကောင်းလာပါလိမ့်မယ်...

♦ တစ်လကနေ ၉ လအတွင်း ချောင်းဆိုးတာနဲ့ အသက်ရှူကြပ်တာမျိုးမရှိတော့ဘဲ သင့်အဆုတ်က ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်.... အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နိုင်ချေလည်း ကျဆင်းသွားပါလိမ့်မယ်...

♦ တစ်နှစ်ကြာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ချေဟာ ဆေးလိပ် လုံးဝမသောက်သူတစ်ဦးရဲ့ ထက်ဝက်ပဲရှိပါတော့တယ်...

♦ ငါးနှစ်အကြာမှာ နှလုံးရုတ်တရက် ထိခိုက်နိုင်ချေဟာ ဆေးလိပ်လုံးဝမသောက်သူတစ်ဦးနဲ့ အတူတူဖြစ်နေပြီဖြစ်ပါတယ်...

♦ ၁၅ နှစ်အကြာမှာတော့ နှလုံးရောဂါဖြစ်နိုင်ချေဟာ ဆေးလိပ် လုံးဝမသောက်သူတစ်ဦးနဲ့ တူညီသွားပါပြီ....

♦ ဂျာမနီနိုင်ငံမှာ အသက် ၅၀ နဲ့ ၇၄ ကြားကလူပေါင်း ၉၀၀၀ လောက်ကို သုတေသနပြုလုပ်ချက်တစ်ခုအရ ဆေးလိပ်ဖြတ်ခြင်းဟာ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေရလာတယ်ဆိုတာတွေ့ရှိရပါတယ်... ဆေးလိပ်ဖြတ်ပြီး ၅ နှစ်အတွင်း ရုတ်တရက်နှလုံးဖောက်ပြန်တာမျိုးကို ၄၀ % အထိ လျှော့ချပေးနိုင်ပါတယ်...

♦ သုတေသနပညာရှင်တွေတွေ့ရှိခဲ့တဲ့ နောက်တစ်ချက်ကတော့ သက်ကြီးပိုင်းအရွယ်ရောက်နေသူတွေတောင်မှ ဆေးလိပ်ဖြတ်လိုက်ရုံနဲ့ နှစ်ပေါင်းများစွာဆေးလိပ်သောက်ခြင်းကြောင့် ထိခိုက်လာတာကို အထိုက်အလျောက်ကုစားနိုင်တယ်ဆိုတာပါပဲ... ဒါကြောင့် ဆေးလိပ်ဖြတ်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်သင့်သူတွေဟာ လူငယ် လူလတ်တွေသာမကဘူး လူကြီးတွေပါ ပါဝင်သင့်တယ်လို့ ဆိုနိုင်ပါတယ်...

♦ ကနေဒါနိုင်ငံမှာ လေ့လာသုတေသနပြုလုပ်ချက်အရ သင့်အနေနဲ့ အသက် ၄၄ နှစ်မှာ ဆေးလိပ်ဖြတ်နိုင်ရင် ဆေးလိပ်လုံးဝမသောက်တဲ့သူတွေလောက် သက်တမ်းစေ့နေရနိုင်တယ်လို့ သိရှိရပါတယ်... ဒါပေမဲ့ အဲ့ဒီလေ့လာရေးမှာခေါင်းဆောင်ဖြစ်တဲ့ ပရော်ဖက်ဆာ Prabhat Jha ရဲ့အဆိုအရ အသက် ၄၀ မတိုင်မီ ဆေးလိပ်ဖြတ်ခြင်းဟာ ဆေးလိပ်ကြောင့်အသက်တိုမယ့် အန္တရာယ်ကို တကယ်ပဲလျှော့ချပေးနိုင်ပါတယ်လို့ သိရပါတယ်...

♦ အသက် ၄၅ ကနေ ၅၄ ကြားမှာ ဆေးလိပ်ဖြတ်သူတွေဟာ သက်တမ်း ၆ နှစ်လောက် ပိုရှည်လာမှာဖြစ်ပေမဲ့ အသက် ၅၅ နှစ်ကနေ ၆၄ နှစ်အတွင်းရောက်မှ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ သက်တမ်း ၄ နှစ်လောက်သာ ရရှိနိုင်မှာဖြစ်ပါတယ်...

ဆေးလိပ်ဖြတ်တဲ့အကျိုးကျေးဇူးဟာ သင့်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးကို အချိန်ကြာလာတာနဲ့အမျှ တိုးတက်မြင့်မားစေပါလိမ့်မယ်...

ဆေးလိပ်သောက်ခြင်းဟာ အရေပြားကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်... ဆေးလိပ်ဖြတ်ခြင်းဖြင့် အောက်ဆီဂျင်နဲ့ anitoxidant အချိုးအစားစတင် မြင့်မားလာတာနဲ့အမျှ သင့်အရေပြားကိုလည်း ကျန်းမာလာစေမှာဖြစ်ပါတယ်...

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က အလိုလိုကုစားလာတာနဲ့အမျှ သင့်အနေနဲ့ အစပိုင်းမှာ ဆိုးဆိုးရွားရွားခံစားရပါလိမ့်မယ်... ဒါပေမဲ့ တဖြည်းဖြည်းနေလို့ထိုင်လို့ပိုကောင်းလာပါမယ်... နားလည်ထားရမှာက ကုစားမှုဆိုတာ လုပ်ငန်းစဉ်တစ်ရပ်ပါပဲ... ဆေးလိပ်ဖြတ်လိုက်တာနဲ့ ကုစားမှုက ချက်ချင်းစပေမဲ့ အချိန်နဲ့အမျှ ဆက်လက်ကုစားနေမှာဖြစ်ပါတယ်... ဆေးလိပ်ဖြတ်လို့ ခံစားရတဲ့ ဝေဒနာဟာ ပြန်လည်ကောင်းမွန်လာတဲ့အခြေအနေကိုပြဆိုတဲ့ သင်္ကေတလည်းဖြစ်ပါတယ်...

ဆေးလိပ်ဖြတ်ခဲ့တဲ့လူအများစုရဲ့ အတွေ့အကြုံအရ ဆေးလိပ်ဖြတ်ပြီးတာနဲ့ ချက်ချင်းဆိုသလို ကိုယ်အလေးချိန်ယာယီတိုးလာခြင်း၊ မူမမှန်ဖြစ်ခြင်းနဲ့ လျှာ၊ သွားဖုံးတွေ ခြောက်သွေ့နာကျင်ခြင်းစတဲ့ ပြန်လည်ကောင်းမွန်ခြင်းရဲ့ လက္ခဏာတွေ တွေ့မြင်ရပါလိမ့်မယ်....

သင့်အနေနဲ့ ထိတ်လန့်ချောက်ချားတုန်လှုပ်တာ၊ ဆာလောင်တာ၊ ပိုပြီးပင်ပန်းနွမ်းနယ်တာနဲ့ သာမန်ထက်ပိုပြီး ဒေါသထွက်စိတ်မရှည်တာမျိုးတွေ ခံစားရလာနိုင်ပါတယ်... အိပ်မပျော်တာတွေလည်းဖြစ်လာမှာဖြစ်ပြီး ချောင်းလည်း တော်တော်ဆိုးနေတာကို သတိထားမိပါလိမ့်မယ်...

ဒီလက္ခဏာတွေဟာ သင့်ခန္ဓာကိုယ်က စွဲလန်းမှုမြင့်မားတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ နီကိုတင်းတွေကို သူ့အလိုလိုရှင်းထုတ်နေလို့ ပေါ်လာတဲ့ ရလဒ်တွေပါပဲ... ဆေးလိပ်ဖြတ်ပြီး ၂ ရက် ၃ ရက်အတွင်းမှာပဲ နီကိုတင်းအများစုဟာ ခန္ဓာကိုယ်ထဲက ရှင်းလင်းသွားပြီဖြစ်ပါတယ်...

ဆေးလိပ်ကြောင့် ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးထိခိုက်မှုတွေရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ... လူမှုရေးအရထိခိုက်မှုတွေနဲ့ ငွေရေးကြေးရေးအရ ထိုးနှက်မှုတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်... ဆေးလိပ်သောက်သူတစ်ဦးကြောင့် ပတ်ဝန်းကျင်က ဆေးလိပ်မသောက်တဲ့သူတွေကိုလည်း ထိခိုက်စေပါတယ်... သင့်အနေနဲ့ ဘယ်အသက်အရွယ် ဘယ်အဆင့်အတန်းမှာပဲရှိနေနေ ဆေးလိပ်ဖြတ်ဖို့ မသင့်တော်တဲ့ အကြောင်းပြချက်ဆိုတာမရှိပါဘူး... ဆေးလိပ်ရဲ့မကောင်းကျိုးကို ကွဲကွဲပြားပြားသိမြင်လာပြီ ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ခံယူချက်လည်းရှိလာပြီဆိုရင်တော့ သင့်အနေနဲ့ဆေးလိပ်ဖြတ်နိုင်ပါပြီ... တစ်ရက်ပြတ်ပြတ် နှစ်ရက်ပြတ်ပြတ် သင့်အတွက်အကျိုးကျေးဇူးရှိပါတယ်... ဒီကနေ့ စပြီး ကြိုးစားကြည့်လိုက်ကြရအောင်...
----------------------------------------------------------------

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။