ထူးခြားတာ ငါးခု တွေ့မိပါတယ် ...။ တချို့အချက်တွေက တကယ်သိချင်နေတာပါ...။
(၁) ဦးသောဘိတ အသတ်ခံရတဲ့ ပုံ အမျိုးမျိုး ပျံ့နေပါတယ်...။ Secure Area က ရိုက်ထားတဲ့ ပုံတွေပါ..။ ပုံစံအမျိုးမျိုး ရှိပါတယ်...။ အဲဒီပုံတွေ ဘယ်နှစ်ယောက်ရိုက်ပြီး ဘယ်သူတွေဆီကရပါသနည်း..။
(၂) အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ၀ိုင်းရိုက်နေတဲ့ video file ..။
... video ရိုက်သူက Secure Area က ရိုက်နေတာပါ..။ တနည်းအားဖြင့် ဗမာဖက်ကပါ....။ အဲဒီဖိုင်မှာ နောက်ဆုံး ရဲတွေ ရှေ့မှာလည်း ရိုက်နေတာပါပဲ...။
(၃) ဗလီကို မီးရှို့နေတဲ့ video file ပါ..။ ရှေ့မှာ ရှို့သူက ရှို့နေ...။ သွားသူက သွားနေ..။ အေးဆေးပါပဲ..။
(၄) RSV က တင်ထားတဲ့ ပုံတွေပါ..။ ဘင်္ဂလီ ၈ ယောက် ကို သံဃာတော်တစ်ပါးက တစ်ဦး ငွေ ဆယ်သိန်းယူပြီး ရန်ကုန်ကို သာသနာ့အလံထောင်ထားတဲ့ ကားနဲ့ ပို့ဆောင်စဉ် ဖမ်းမိပုံပါ..။ ပုံတွေက အနီးကပ် portrait တွေနဲ့ ကားဖြစ်တဲ့ Honda CRV အမျိုးအစား၊ သံဃာမှတ်ပုံတင်အမှတ်၊ ဘွဲ့အမည်၊ တွေပါ ပါဝင်ပါတယ်..။ RSV က အဲဒီပုံတွေ ဘယ်က ရတာလဲ...။ ဘယ်တာဝန်ရှိသူပေးတာလဲ..။
(၅) နောက်တစ်ချက်က ထိုင်းသံရဲုးရှေ့မှာ ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စု ပုံကို ဘင်္ဂလီ တွေ မီးရှို့နေပုံပါ...။
အဲဒီပုံကို အခြား Angle က ရိုက်ထားတာ ရှိရင် ကြည့်ချင်ပါတယ်...။ နောက်ပြီး မီဒီယာ အကိုးအကားရှိရင် သိချင်ပါတယ်....။
==========================
အဲဒီတော့က ...........။
လှုပ်တဲ့သူတွေက လှုပ်နေတာပဲ...။
နှဲ့တဲ့သူတွေက နှဲ့ နေတာပဲ ..။
ယိုင်သွားတဲ့ သူတွေက ယိုင်သွားတာပဲ..။
နုံတဲ့သူကလည်း နုံတာပဲ..။
လည်တဲ့သူကလည်း ..လည်တာပဲ..။
ချကျွေးတဲ့သူကလည်း ချကျွေးတာပဲ...။
နောက်ကွယ်က ကြိတ်ရယ်တဲ့သူကလည်း ရယ်နေပါတယ်..။
ရှေ့က ရင်ဘတ်နဲ့ ခံပေးနေသူကလည်း... ခံပေးနေပါတယ်..။
ဝမ်းသာတဲ့သူကလည်း ၀မ်းသာနေပါတယ်....။
==========================
အခု ကုလား - ဗမာ အရေးအခင်းတွေ မဖြစ်ခင် .... ဟိုးအရင် ...။
ရခိုင် ကိစ္စတွေ စပြီး ... သန္ဒေတည်နေချိန် ...
ရခိုင် အရေးအခင်း ... ဖြစ်လာချိန် ..။
ပြည်တွင်းနေတွေနဲ့ အကြိတ်အခဲတွေ စတင် သန္ဒေတည်လာချိန်...။
အခု ကုလား - ဗမာ အရေးအခင်း .. ဖြစ်ပွားချိန် ....။
ဖြစ်စဉ် တစ်လျှောက်လုံး မှာ အကျိုးရှိသွားသူတွေ ရှိပါတယ်. ..........။
--------------------------
တရုတ် ရေနံ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်း မေလကုန်မှာ ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါးစွာ၊ ကန့်ကွက်မှုတွေ မပေါ်လွင်စွာနဲ့ပဲ .... ပြီးဆုံးပါတော့မယ် ...။
မွေတောင်နီကယ်၊ လက်ပံတောင်းကြေးနီ၊ ချီဗွေငယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အစရှိသော ရင်းနှီးမြုပ်နှံမှုများ၏ ပွင့်လင်းမြင်သာမှုနည်းပါးမှု
ကျောက်ဖြူ-ကူမင်း သဘာဝဓါတ်ငွေ့- ရေနံပိုက်လိုင်း လမ်းကျောင်းကျရာ အနီးအနား ကွတ်ခိုင်၊ တန့်ယန်း၊ အပါအ၀င် ဒေသများရှိ တအောင်းပလောင်၊ SSA၊ KIA အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်မ
သိလိုလျှင် ..အောက်ပါလင့်ကို လေ့လာနိုင်ပါတယ်..။
https://www.facebook.com/
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု အများဆုံးဖြစ်ပေါ်နေသော တရုတ်ပြည်သို့ သတို့သမီး ရောင်းစားသည့် မှုခင်းကိစ္စများ မီဒီယာများမှာ ဖော်ပြမှုနဲ့ လူအများ စိတ်ဝင်စားမှု နည်းပါးသွားပါတယ်..။
--------------------------
လွန်ခဲ့သော နှစ်နှစ်ဆယ်လုံးလုံး တရုတ်ပြည်သို့ တင်ပို့ခဲ့သည့် ကျောက်မျက်၊ ကျောက်စိမ်း၊ သစ်၊ ရေနံ သဘာဝဓါတ်ငွေ့၊ ငါးဖမ်းခြင်း စသော သယံဇာတများ လျော့ပါးလာခြင်း၊ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့ခြင်းကို မျက်ကွယ်ပြုကာ .. နိုင်ငံတော် သမ္မတ၏ တရုတ်ပြည်ကို အစိုးရနှင့် ပြည်သူမှ ကျေးဇူးတင်ကြောင်း China Daily သတင်းစာ၏ ဖော်ပြမှုအားလည်း လူစိတ်ဝင်စားမှု မရှိသလောက် ဖြစ်သွားပါတယ်...။
--------------------------
ဆူဒန်နိုင်ငံ ဒါဖာ အစရှိသော အာဖရိက၊ ဒေသများရှိ သယံဇာတပေါများကာ ဆင်းရဲသော နိုင်ငံများ၏ နိုင်ငံရေးကိစ္စများ၊ ပြည်တွင်းသောင်းကျန်းမှုများ
==========================
ဦးအောင်သောင်းစွပ်စွဲသလို .. စွပ်စွဲရရင် ... နောက်ကွယ်မှာ ... ကွန်မြူနစ်တော့ပါတယ်...။
ဒါပေမယ့် ဗကပ တော့မဟုတ်တာ သေချာပါတယ်...။.
...............
..............
ကာတွန်း လဂွန်းအိမ် ၏ ကာတွန်းအား ယူသုံးပါသည်..။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။