ကိုသောင်း ပုလဲမြေ
သူမဟာ အင်္ဂလန် ကျေးတောသူ ၊ သူမဟာ ကုန်စုံဆိုင်ဈေးသည်ရဲ့ သမီး ၊ သူမဟာ အောက်စဖို့ဒ် မှာ ဓါတုဗေဒဘာသာနဲ့ ကျောင်းပြီးခဲ့ပေမယ့် သူမ ကျောင်းပြီးတော့ ဓါတုလုပ်ငန်းခွင်တွေမှာ အလုပ်လျောက်တော့ ဘယ်မှာမှ မရခဲ့ဘူး ။
၁၉၇၉ မှာ သူမ ၀န်ကြီးချုပ် ဖြစ်လာတော့ အင်္ဂလန်ကို ဘယ်သူမှ အစိုးမရခဲ့ဘူး ။ ဥပဒေပြု ရန် ပြင်ဆင်တိုင်း သမဂ္ဂတွေက ပြည်လုံးကျွတ်ဆန္ဒပြတာတို့ ၊ အလုပ်မဆင်းတာ တို့ကို ပြုလုပ် တယ် ။ သူမဟာ သမဂ္ဂတွေရဲ့ လုပ်ပိုင်ခွင့်တွေကို စည်းကျပ်ခဲ့တယ် ။ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေး လုပ်ငန်းအဖြစ် ပြောင်းလဲခဲ့တယ် ။
သူမဟာ အိုင်ယာလန် ခွဲထွက်ရေးသမားတွေကို အလျော့မပေးခဲ့ဘူး ။ သူမရဲ့ ပါတီညီလာခံ ကျင်းပရာ ဟိုတယ်ကို ဗုံးဖေါက်ခွဲ ခံခဲ့ရတာကို တောင့်ခံခဲ့တယ် ။ ဗြိတိန် ထောင...်ထဲက အိုင်ယာလန် နိုင်ငံရေးသမား အချို့ အစာငတ်ခံ ဆန္ဒပြနေပေမယ့် ဗြိတိန်အနေနဲ့ အလျော့ မပေးနိုင်တဲ့ အရာတွေကို အလျော့မပေးပဲ တင်းခံခဲ့တယ် ။ အဆိုပါ အစာငတ်ခံ ဆန္ဒပြသူများ အစာငတ်ခံရင် သေဆုံးသွားကြတယ် ။

အတိုက်အခံအားလုံးက သူမဟာ လူသားမဟုတ်နိုင်ဘူး မိန်းမအစစ်မဟုတ်နိုင်ဘူး ဆိုပြီး လှောင်ပြောင်ကြတယ် ။ နောက်ဆုံး မှာ အိုင်ယာလန်ဟာ ခွဲထွက်ခွင့်မရပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပဲ ရခဲ့တယ် ။
သူမဟာ နဲယ်ဆင်မန်ဒဲလားကို အကြမ်းဖက်သမားကို ခေါ်ဆိုခဲ့တယ် ။
အင်္ဂလန်နဲ့ မိုင် ၈ထောင် ဝေးတဲ့ ဖော်ကလန်ကျွန်းကို ကြားခံစစ်တပ်စခန်းမရှိပါပဲ ဘုရင့်နော်ဖောင်ဖျက်တိုက်ခဲ့တယ် ။
သူမကို ချစ်သူတွေ အများကြီးရှိသလို ၊ မုန်းသူတွေလည်း တပုံကြီးပဲ ။ ဒါပေမယ့် ချစ်သူမုန်းသူ အားလုံးဟာ သူမကို လေးစားကြတယ် ။ သူမရဲ့ သတ္တိ ၊ သူမရဲ့ နိုင်ငံကို ချစ်စိတ်ကို ဂုဏ်ပြုကြတယ် ။
သူမဟာ ၀န်ကြီးချုပ်အဖြစ်မှ အနားယူပြီးတဲ့ နောက်ပိုင်းမှာ သူမ အပျိုဘ၀က ဓါတုပညာရှင်အဖြစ် အလုပ်လျောက် ထားခဲ့တဲ့ အင်တာဗျူးမှတ်ချက်တွေကို မေတ္တာရပ်ခံတောင်းယူကြည့်ခဲ့တယ် ။ အင်တာဗျူးမှတ်ချက်တွေမှာ - သူမဟာ အလွန်ခေါင်းမာကြောင်း ၊ သူမဟာ မိမိကိုယ်မိမိ ယုံကြည်ချက် ပြင်းထန်သူဖြစ်ကြောင်း ၊ သူမဟာ ၀န်ထမ်းကောင်းတစ်ဦး မဖြစ်လာနိုင်ကြောင်း တွေကို မှတ်ချက်ရေးထားတာတွေကို သူမက သဘောကျစွာ ရယ်မောခဲ့တယ် ။ သူမကို အလုပ်မခန့်တဲ့အတွက် ကျေးဇူးတင်ကြောင်း သူမရဲ့ မူလအရည်အချင်း ကို မငုတ်စေတဲ့အတွက် ကျေးဇူးတင်ကြောင် စာတွေကို ပြန်လည်ပေးပို့ခဲ့တယ် ။
(မြန်မာပြည်သူတွေ ရဲရင့်သည့် ခေါင်းဆောင်ကောင်းများကို ၀န်းရံနိုင်ပါစေ ....)
------------------------------ ---------------------
အဂ္ဂမဟာ ဒီမိုဖက်တီး
သူမဟာ နဲယ်ဆင်မန်ဒဲလားကို အကြမ်းဖက်သမားကို ခေါ်ဆိုခဲ့တယ် ။
အင်္ဂလန်နဲ့ မိုင် ၈ထောင် ဝေးတဲ့ ဖော်ကလန်ကျွန်းကို ကြားခံစစ်တပ်စခန်းမရှိပါပဲ ဘုရင့်နော်ဖောင်ဖျက်တိုက်ခဲ့တယ်
သူမကို ချစ်သူတွေ အများကြီးရှိသလို ၊ မုန်းသူတွေလည်း တပုံကြီးပဲ ။ ဒါပေမယ့် ချစ်သူမုန်းသူ အားလုံးဟာ သူမကို လေးစားကြတယ် ။ သူမရဲ့ သတ္တိ ၊ သူမရဲ့ နိုင်ငံကို ချစ်စိတ်ကို ဂုဏ်ပြုကြတယ် ။
သူမဟာ ၀န်ကြီးချုပ်အဖြစ်မှ အနားယူပြီးတဲ့ နောက်ပိုင်းမှာ သူမ အပျိုဘ၀က ဓါတုပညာရှင်အဖြစ် အလုပ်လျောက် ထားခဲ့တဲ့ အင်တာဗျူးမှတ်ချက်တွေကို မေတ္တာရပ်ခံတောင်းယူကြည့်ခဲ့တယ် ။ အင်တာဗျူးမှတ်ချက်တွေမှာ - သူမဟာ အလွန်ခေါင်းမာကြောင်း ၊ သူမဟာ မိမိကိုယ်မိမိ ယုံကြည်ချက် ပြင်းထန်သူဖြစ်ကြောင်း ၊ သူမဟာ ၀န်ထမ်းကောင်းတစ်ဦး မဖြစ်လာနိုင်ကြောင်း တွေကို မှတ်ချက်ရေးထားတာတွေကို သူမက သဘောကျစွာ ရယ်မောခဲ့တယ် ။ သူမကို အလုပ်မခန့်တဲ့အတွက် ကျေးဇူးတင်ကြောင်း သူမရဲ့ မူလအရည်အချင်း ကို မငုတ်စေတဲ့အတွက် ကျေးဇူးတင်ကြောင် စာတွေကို ပြန်လည်ပေးပို့ခဲ့တယ် ။
(မြန်မာပြည်သူတွေ ရဲရင့်သည့် ခေါင်းဆောင်ကောင်းများကို ၀န်းရံနိုင်ပါစေ ....)
------------------------------
အဂ္ဂမဟာ ဒီမိုဖက်တီး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။