Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 23, 2013

မစုစုနွေး၏ အမျိုးသာ ကိုမာကီ၏ ရှင်းတမ်း

Today Myanmar
မစုစုနွေး၏ အမျိုးသာ ကိုမာကီ၏ ရှင်းတမ်း

ကျနော် ကိုမာကီ ဗုဒ္ဓဘာသာလား၊ မွတ်ဆလင်လား၊ ဗမာလား၊ ကုလားလား

Facebook စာမျက်နှာတွေမှာ ကျနော်နဲ့ ကျနော့်ရဲ့အမျိုးသမီး မစုစုနွေးတို့ကို မကြာခနတိုက်ခဲ့တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ကျနော့်ကိုတည်ပြီး မစုစုနွေးကို တိုက်ကြပါတယ်။ ဘယ်တုန်းကမှ ကျနော်တို့တုန့်ပြန်လေ့ မရှိခဲ့ပါဘူး။ unfriend, block … စတာတွေမလုပ်ခဲ့ပါဘူး။

comment တွေကိုတောင် ရိုင်းရိုင်းစိုင်းစိုင်းတွေမဟုတ်ရင် ဖြုတ်ပစ်လေ့ မရှိပါဘူး။

အခုမှ ကိုယ့်ရဲ့စိတ်ထဲ အမှန်ရှိတဲ့ သဘောထားအမြင်တွေကို ဖော်ထုတ်ခွင့်၊ အထိုက်အလျောက် လွတ်လွတ်လပ်လပ် ရေးသားခွင့်ရှိလာစဉ်မှာ အဟန့်အတား မလုပ်ချင်လို့ပါ။ အဓိကကတော့ ကျနော်ဟာ မွတ်ဆလင် ကုလားတစ်ယောက်ဖြစ်တယ်ဆိုပြီး တိုက်ကြတာပါ။

ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံလေ့မရှိတဲ့အတွက် ကျနော်မွတ်ဆလင်ကုလားမဟုတ်ကြောင်း ဆတ်ဆတ်ထိမခံ တုန့်ပြန်စရာ မလိုဘူးလို့ပဲ ခံယူထားပါတယ်။

ပြီးတော့ မွတ်ဆလင်ကုလားဆိုပြီး တိုက်ခိုက်နေကြတဲ့အပေါ်မှာလည်း ကျနော်အားပေးအားမြှောက် မလုပ်ချင်လို့ပါ။

နောက်ထပ် အဓိကကျတဲ့ အချက်က ရခိုင်ဘက်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအပေါ်မှာလည်း နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ခံယူချက်ရှိပြီးသားမို့ပါ။

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့ ကျူးကျော်သူတွေနဲ့ အစ္စလာမ်ဘာသာ ကိုလည်း သီးခြားစီပဲမြင်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အန္တရာယ်ရှိတဲ့ ပထဝီဝင်သဘာဝ၊ ရခိုင်တိုင်းရင်းသားတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့အမျိုးသားရေးစိတ်၊ ဒါတွေကိုလည်း ကျနော်ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။

ဒါ့ကြောင့် ကျနော်တို့ကို တိုက်ခိုက်နေတဲ့အပေါ်မှာ အထူးအထွေလည်း မခံစားရပါဘူး။ နစ်နာလှချည်ရဲ့လို့လည်း မခံစားခဲ့ရပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျနော်တို့က တုန့်ပြန်မရှင်းတဲ့အတွက် ပုဂ္ဂိုလ်ချင်းရင်းနှီးသူ မိတ်ဆွေတွေကရော၊

လူချင်းမမြင်ဖူးကြတဲ့ မိတ်ဆွေတွေကပါ အားမလိုအားမ ရ ဖြစ်လာကြ ပါတယ်။ တချို့ဆိုရင် ထင်ယောင်ထင် မှားတွေတောင် ဖြစ် လာကြပုံရပါတယ်။

ဒါ့ကြောင့် ဘယ်တုန်းကမှ ဖြေရှင်းလိုစိတ် မရှိခဲ့တဲ့ကျနော် အခုတော့ ….
ကျနော့်မာမီက စိန့်ဂျွန်းကွန်ဗင့်ကျောင်း(ယခုလသာ၂)ထွက်ပါ။မွန်ဗမာလူမျိုး RC ခရစ်ယန်ပါ။ ကျနော့် ဒယ်ဒီက ဗမာလူမျိုး ဗုဒ္ဓဘာသာပါ။

RC ဘာသာရဲ့ထုံးစံကို ဗုဒ္ဓဘာသာယောက်ျား ကျနော့်ဒယ်ဒီက လိုက်လျောခဲ့လို့ ကျနော်ဟာ မွေးကင်းစကတည်းက RC ခရစ် ယန်ဖြစ်ခဲ့ပါတယ်။

ခရစ်ယာန်နာမည် Mark ဆိုပြီး ရေဖြန်းခံခဲ့ရတာပါ။ Mark ဆိုတာကို ကျနော်တို့ဝန်းကျင်မှာ အခေါ်ရခက်လှတာမို့ Marky (မာကီ)ဆိုပြီး နာမည်တွင်ခဲ့ရပါတယ်။

ငယ်စဉ်ကလေးဘ၀တစ်လျှောက်လုံး Church တက်ခဲ့ရပါတယ်။ အသက်၁၈/၁၉မှာ စာပေတွေကတစ်ဆင့် လက်ဝဲအယူဆတွေ ၀င်လာပါတယ်။

(ဒယ်ဒီရော၊မာမီရောက စာဖတ်သမားတွေမို့ ကျနော့်ကိုလည်း စာဖတ် ၀ါသနာပါစေပါတယ်) အဲဒီကတစ်ဆင့် ကွန်မြူနစ်စာပေ၊အ ယူအဆတွေရဲ့ လွှမ်းမိုးခြင်း ခံခဲ့ရပါတယ်။

ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာပတ်ဝန်းကျင်၊ ဗုဒ္ဓဘာသာစာပေတွေနဲ့ နီးနီးစပ်စပ် ကြီးပြင်းခဲ့ရပေမယ့်၊ ကျနော်ကိုက ဘာသာရေးကို စိတ်မဝင်စားခဲ့ပါဘူး။

ဗုဒ္ဓတရားတော်တွေကို လေ့လာဖြစ်တဲ့အခါမှာလည်း ကြည်ညိုသဒ္ဓါစိတ်နဲ့ မဟုတ်ဘဲ၊ ငြင်းခုန်ဖို့ အချက်အလက်ရှာတဲ့အနေနဲ့ပဲ ဖတ်ရှုခဲ့တာမို့ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဖြစ်ခဲ့ပါ။

ပြီးတော့ လူငယ့်သဘာဝ ပတ်ဝန်းကျင်ကို စူးစမ်းတဲ့အခါမှာလည်း ပါးစပ်ကဘုရားဘုရား လက်က ကားယားကားယားဆိုတဲ့သူက ခပ်များများမို့ ဘာသာတရားနဲ့ ခပ်ကင်းကင်းပဲ ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ကျနော့်ရဲ့ လူငယ်ဘ၀တစ်လျှောက်လုံးဆိုပါတော့။ မာမီက သူကိုယ်တိုင် လွတ်လပ်ခွင့်ကို မြတ်နိုးသူမို့ ကျနော့်အသက် ၁၈နှစ် ပြည့် တဲ့နေ့ မှာ Church မတက်လိုက မတက်ဘဲနေနိုင်ခွင့်ပေးခဲ့ပါတယ်။

၁၉၉၆ခုနှစ် ဒုတိယအကြိမ်ထောင်ကျလို့ မြစ်ကြီးနားထောင် ရောက်နေစဉ် (၁၉၉၈ခုနှစ် ကျနော့်အသက် ၃၀ကျော်) မှာ အပြောင်းအလဲ စဖြစ်ပါတယ်။

ကျနော်တို့ထောင်ထဲမှာ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ရဲ့ရိုက်ခတ်မှုကြောင့် ကျနော့်စိတ်တွေ အတော်ပူလောင်ညှိုးချုံးခဲ့ ရတယ်။ ဒေါသဖြစ်လွယ်ပြီး မကြာခနပေါက်ကွဲချင်လာတယ်။

ရန်လိုလာတယ်။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး Meditation လုပ်ဖို့ကြိုးစားတယ်။ တရားထိုင်တယ်။ တစ်နာရီလုံးလုံးထိုင်တာကို တစ်မိနစ်ပြည့်အောင်မရဘူး။ အလွယ်ဆုံးလို့ ပြောလို့ရတဲ့ ဂဏကမ္မဌာန်းတောင် မှတ်လို့မရခဲ့ဘူး။

တစ် နှစ် သုံး လေး ငါး .. စသဖြင့် ရေတွက်တာပေါ့လေ။ တစ်ဆယ်ပြည့်အောင်တောင် ရေတွက်လို့မရခဲ့ဘူး။ အဲဒီ့အချိန်မှာ ထောင်က ဖွင့်ပေးနေတဲ့ sound box ကနေ ဆရာတော်ဦးဇောတိကရဲ့တရားကို စတင်ကြားနာရတာပဲ။

အရှုပ်ထဲမှာ ရှင်းအောင်နေ တဲ့။ စ ကြားခါစက ဘယ်ဆရာတော်မှန်းတောင် မသိပါဘူး။

ကိုယ့်ကိုရည်ရွယ်ပြီး ဟောနေတယ်လို့ကို ထင်ရလောက်အောင် ထိမိလွန်းလို့ စုံစမ်းတော့မှ ဆရာတော်ဦးဇောတိကမှန်း သိရတာပါ။

အဲဒီကစပြီး ဆရာတော်ရဲ့စာအုပ်တွေကို ဆက်တိုက် ဖတ်ဖြစ်ခဲ့တယ်။ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို ယုံကြည်လက်ခံခဲ့တယ်။

တတ်နိုင်သမျှလည်း အဆုံးအမနဲ့ညီအောင် ကြိုးစားပြီး နေထိုင်ပါတယ်။ အဲဒီလောက်ကို ဗုဒ္ဓဘာသာပါလို့ သတ်မှတ်မယ်ဆိုရင်တော့ ကျနော် ဗုဒ္ဓဘာသာပါပေါ့။

ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ကိုကိုယ် အပြည့်အ၀ မကျင့်ကြံ၊ မနေထိုင်နိုင်သေးတဲ့ အဆုံးအမတွေ ရှိနေသေးတာမို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာပါလို့ ပြောရမှာ မြတ်ဗုဒ္ဓကို အားနာနေမိပါတယ် ... ။

ကိုမာကီ

Posted From Ko Marky
Thit Htoo Lwin blog

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။