Nine Nine Sanay @ နိုင်းနိုင်းစနေ
ဒီလိုအပင်မျိုးကို ကျွန်မတို့မြန်မာပြည်ရဲ့ ချောင်းစပ်မြောင်းစပ်တွေမှာ တွေ့ဖူးကြမယ်ထင်ပါတယ်။
အရွက်နဲ့အရိုးကိုစားကြည့်ရင် ချဉ်စုပ်စုပ်အရသာရှိပါတယ်။
ဒီအပင်ရဲ့အရွက်က များသောအားဖြင့် ရိုးတံတစ်ခုရဲ့ထိပ်မှာ ၃ရွက်ဆိုင်တဲ့ အပင်တွေပိုများပြီး ပုံထဲကအတိုင်း ရွက်လွှာ ၄ရွက်ဆိုင်တဲ့အပင်မျိုးကို တွေ့ရခဲပါသတဲ့။ တကယ်လို့ တွေ့ခဲ့ရင် ကံကောင်းခြင်းတွေဖြစ်လာနိုင်တယ် လို့ ဆိုရိုးရှိကြတယ်။ ဒါကြောင့် ဒီလိုအရွက်ကို ကံကောင်းခြင်းအရွက်လို့လည်း ခေါ်ကြတယ်။
ဒီအရွက်က အိုင်ယာလန်နိုင်ငံရဲ့ နိုင်ငံတော်ပန်းဖြစ်တယ်။
အရင်တုန်းက ဒီပန်းနဲ့ အိုင်းရစ်သူတော်စင် Saint Patrickကို ပူဇော်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ နိုင်ငံတော်ပန်းအဖြစ် သတ်မှတ်ခဲ့ကြတယ်။ နှစ်စဉ်နှစ်တိုင်း မတ်ခ်ျလ ၁၇... ရက်နေ့မှာ Saint Patrick's Dayကို ကျင်းပကြတယ်။ အဲဒီပွဲမှာ လူတွေက ဒီအရွက်ပုံပါတဲ့ အစိမ်းရောင်အသုံးအဆောင်တွေကိုဝတ်ပြီး လှည့်လည်ကြပါတယ်။
အရွက်နဲ့အရိုးကိုစားကြည့်ရင် ချဉ်စုပ်စုပ်အရသာရှိပါတယ်။
ဒီအပင်ရဲ့အရွက်က များသောအားဖြင့် ရိုးတံတစ်ခုရဲ့ထိပ်မှာ ၃ရွက်ဆိုင်တဲ့ အပင်တွေပိုများပြီး ပုံထဲကအတိုင်း ရွက်လွှာ ၄ရွက်ဆိုင်တဲ့အပင်မျိုးကို တွေ့ရခဲပါသတဲ့။ တကယ်လို့ တွေ့ခဲ့ရင် ကံကောင်းခြင်းတွေဖြစ်လာနိုင်တယ်
ဒီအရွက်က အိုင်ယာလန်နိုင်ငံရဲ့ နိုင်ငံတော်ပန်းဖြစ်တယ်။
အရင်တုန်းက ဒီပန်းနဲ့ အိုင်းရစ်သူတော်စင် Saint Patrickကို ပူဇော်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ နိုင်ငံတော်ပန်းအဖြစ် သတ်မှတ်ခဲ့ကြတယ်။ နှစ်စဉ်နှစ်တိုင်း မတ်ခ်ျလ ၁၇... ရက်နေ့မှာ Saint Patrick's Dayကို ကျင်းပကြတယ်။ အဲဒီပွဲမှာ လူတွေက ဒီအရွက်ပုံပါတဲ့ အစိမ်းရောင်အသုံးအဆောင်တွေကိုဝတ
ဒီအရွက်ရဲ့ ရာဇဝင်ပုံပြင်အမျိုးမျိုးရှိတဲ့ အထဲမှာ ဂျပန်တွေရဲ့အဆိုက အရွက်တစ်ရွက်တိုင်းမှာ ကိုယ်စားပြုတစ်ခုစီ ပါတယ်လို့ဆိုတယ်။ ရွက်လွှာသုံးရွက်မှာ....
ပထမအရွက်က အချစ် (Love)
ဒုတိယအရွက်က မျှော်လင့်ချက် (Hope)
တတိယအရွက်က ယုံကြည်မှု(Faith)နဲ့
အပိုပါလာတဲ့ စတုတ္ထမြောက်အရွက်က လာဘ်(ကံ)ကောင်းခြင်း(Luck)ကို ကိုယ်စားပြုပါသတဲ့။ ဒါကြောင့် အစုလိုက်ပေါက်နေတဲ့အပင်မှာ အရွက်၎ရွက်ပါတဲ့အပင်ကိုတွေ့ရင် ကံကောင်းတယ်လို့ဆိုကြပါတယ်။ တရုတ်တွေက ဒီအပင်ကို ကံကောင်းတဲ့အပင်လို့ ခေါ်ကြတယ်။
*** ဒီအရွက်ကို အရမ်းကြိုက်ပါတယ်.. ဒီအရွက်ကို "ကျွန်မဖတ်ဖို့"ဆိုတဲ့ စာအုပ်မျက်နှာဖုံးမှာ သုံးခဲ့ဖူးတယ်။ ဖတ်ဖူးတာကို ဗဟုသုတအဖြစ် ပြန်မျှဝေပါတယ်... အားလုံး အရာရာမှာ ကံကောင်းကြပါစေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။