Aye Chan Mon
ဘဝ ဆိုတာ မာယာများတယ် ဖေဖေ
ဒါပေမယ့် သမီး ခံနိုင်ရည် ရှိအောင် ကြိုးစားနေတယ်
ဘဝ ဆိုတာ ကြမ်းတမ်းတယ် မေမေ
ဒါပေမယ့် သမီး နားလည်နိုင်အောင် ကြိုးစားနေတယ်
ဘဝ ဆိုတာ ကျားကွက် တခု လို ဘဲ
ဘယ်အချိန် ဘာ ဖြစ်မယ် ဆိုတာ မသိပင်မယ့်
အားလုံးကို ကြံ့ကြံ့ခိုင်နိင်အောင်တော့ သမီး ကြိုးစားနေတယ်

ဘာလို့ လည်း
သမီး လူ့ ဘဝထဲကို မရောက်ခင်
မေမေဗိုက်ထဲ ၉လ ရှိတုန်းက ကြမ်းတမ်းတဲ့ ဘဝကို ကျော်ဖြတ်ပြီး သမီးကို မေမေ ရအောင် မွေးခဲ့တယ်
သမီး လူ့ ဘဝ ရောက်ပြီး ၂၆နှစ် ပြည့်တဲ့အထိအောင် မာယာများတဲ့လောကကြီး အလယ်မှာ မျက်နှာမငယ်ရအောင် ဖေဖေ ကာကွယ်ပေးခဲ့တယ်
ဘယ်လောက်ဘဲ ကြမ်းတမ်းတဲ့ ဘဝ ဖြစ်ဖြစ် မိဘတွေ သားသမီးအတွက် လုပ်ပေးခဲ့တာထက်စာရင် အခုချိန်ထိ ဘဝသင်ခန်းစာ က မလုံလောက်သေးတာတော့ အမှန်ဘဲ ~~~
( ဇင် နှင်း )
11.4.2013 Thursday
Re-Post By ACM 13-4-2013
အေးချမ်းမွန် Credit & Copy From >အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ <<Thank

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။