USB ပေါက်ထိုး၍ အေးစေမည့် ရေခဲသေတ္တာ
USB ပေါက်ထိုးလို့ အသုံးပြုတဲ့ ရေနွေးအိုးတွေ၊ ပန်ကာတွေ နဲ့ အခြားသော ပစ္စည်း အမျိုးမျိုးကို တော်တော်များများ သိရှိပြီး ဖြစ်ပါတယ်။
ဒီတစ်ခါမြင့်ရတဲ့ ပစ္စည်းလေးကတော့ တကယ့် အဆန်းလေး ပါ။ ရေခဲသေတ္တာ ငယ်လေး ဖြစ်ပြီး အတွင်းမှာ coke,Pepsi တို့လို သံဗူး အချိုရည် တစ်ဗူး ထည့်လို့ဆန့်ပါတယ်။ ပူအောင်လည်း စွမ်းဆောင်ပေးနိုင် ပါတယ်။ မိမိ PC, laptop ကို အသုံးပြုနေတုန်း USB ပလက်ပေါက် ထိုးထား ရုံပါပဲ။ သူ့အလိုအလျောက် အားဖြည့်ပြီး အအေးစက်က အလုပ်လုပ်နေ မှာ ဖြစ်ပါတယ်။
...
အေးအောင်တင်မကဘူး။ ပူအောင်လည်းလုပ်လို့ရပါတယ်။ ကော်ဖီတို့ ဘာတို့ကို နွေးစေဖို့ အတွက်လည်း ယင်း Fridge သေးသေးလေးကို အသုံးပြု နိုင်ပါတယ်။ ဆွစ်ဇာလန်က လုပ်တဲ့ Gadget ဆန်းလေး တစ်ခု ဖြစ်ပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။