အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish
clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီလို ရှိပါတယ်။
မွေးကတည်းက အထီးများသာ ဖြစ်တဲ့ Clownfish ဟာ ကိုယ့်မျိုးစိတ်မပျက် သုန်းဖို့အတွက် အမအဖြစ်သို့ ကိုယ်တိုင် ပြောင်းယူ ကြပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ၁၀ ကောင်မှာ တစ်ကောင်က အမအဖြစ်သို့ ပြောင်းလဲ စတေးပြီး ကျန် Clownfish များနဲ့ မိတ်လိုက်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်ပါတယ်။ သားဥများ မွေးဖွားပေး ပါတယ်။
...
အကယ်၍ ယင်း ငါးက သေပြီဆိုရင် သူ့အစား အခြား ခေါင်းဆောင်ငါး clownfish တစ်ကောင်က အမ အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ တန်ခိုးရှင် တော့မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ်တိုင် အမအဖြစ်သို့ပြောင်းနိုင်ပြီး ကိုယ်ဝန် ဆောင်နိုင်ပါတယ်။ clownfish ထဲမှာကိုမှ အမျိုး ၃၀ ထပ်ကွဲပြီး Nemo တို့လို ရွှေငါးမျိုး ထပ်ကွဲပါသေးတယ်။
၃ လက်မ ကျော်ကနေ ၇ လက်မ အထိ အရွယ်အစား ရှိတဲ့ ငါးမျိုး ဖြစ်ပြီး အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ရှိ သန္တာကျောက်တန်းများမှာ နေထိုင်တဲ့ ရွှေငါး တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
--
Ref:wiki
International news for myanmar
http://www.innewsmyanmar.com/ 2013/01/clownfish.html

http://www.innewsmyanmar.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။