Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 12, 2013

ဆေးပညာဝေါဟာရများ သမိုင်း

Doctor(ဒေါက်တာ)
ယနေ့ကာလမှာ Doctor ဟုဆိုလိုက်သည်နှင့် နားကျပ်ကိုလည်ပင်းမှာ ချိတ်ဆွဲလျက် ဆေးကုနေကြသည့်
ဆရာဝန်များကို မျက်စိထဲ မြင်ကြမည်ဖြစ်သည်။“အဲသည့် ဒေါက်တာက ဆေးကုတဲ့ဆရာဝန်မဟုတ်ဘူး”ဟုဆိုလိုက်
လျှင် ပညာရပ်တစ်ခုခုမှာ ပါရဂူဘွဲ့PhD အထိ အောင်မြင်ပေါက်မြောက်ထားသည့် ပညာရှင်ဟုနားလည်ကြသည်။
Doctorate ရထားသူဆိုရင်သက်ဆိုင်ရာဘာသာရပ်တွင် အမြင့်ဆုံးဘွဲ့ရထားသူဟု အဓိပာယ်ရသည်။ ဆရာဝန်
များကို ဒေါက်တာဟု ခေါ်ကြသော်လည်းဆရာဝန်တိုင်း ပါရဂူဘွဲ့ရထားကြသည် မဟုတ်ပေ။ MBBS ဟုဆိုလိုက်
သည်နှင့် ဆေးပညာဘွဲ့ MB နှင့် ခွဲစိတ်ကုပညာဘွဲ့ BSကို ရရှိထားသည့် (Bachelor of Medicine နှင့်
Bachelor of Surgery) ဆရာဝန်ဒေါက်တာများဟု သိရှိကြမည်ဖြစ်ပါသည်။အမှန်တော့ Doctor ဟူသည့်
အသုံးအနှုန်းမှာ ဥရောပသမိုင်းတွင် သီးခြားအဓိပာယ်ရှိခဲ့သည့် ဝေါဟာရတစ်ခုဖြစ်ပါသည်။
သမိုင်းကြောင်းအရ Doctor ဟူသည့် စကားလုံးသည် လက်တင်ဘာသာမှ ဆင်းသက်လာခဲ့ပြီး အတတ်
ပညာများကိုသင်ကြားပို့ချပေးသည့် ဆရာဟု အနက်ဖွင့်ရသည်။ဥရောပသမိုင်းတွင် အေဒီ ၆၀၀မှ ၁၅၀၀
အထိကို အလယ်ခေတ် Medieval age ဟု ခေါ်တွင်ပါသည်။အလယ်ခေတ်တွင် အစဉ်အလာကြီးမားခဲ့သည့်
ခရစ်ယာန်ဘုရားကျောင်း ပညာသင်ကြားရေးနေရာတွင် ပိုမိုအဆင့်မြင့်မားသော ပညာရပ်များကို ပို့ချပေးသည့်
တက္ကသိုလ်ကြီးများ စတင်ပေါ်ပေါက်လာခဲ့သည်။ဘာသာရေး(Theology )၊ဥပဒေနှင့် ဆေးပညာရပ်များတွင်
ပါရဂူမြောက်အဆင့်အထိ သင်ကြားပေးနိုင်သည့် တက္ကသိုလ်ကြီးများဖြစ်ပါသည်။
အင်္ဂလိပ်စာပေအရေးအသားတွင် ဆရာဟူသည့် အဓိပာယ်ဖြင့် Doctor စကားလုံးကို ၁၄ရာစုဝန်းကျင်
တွင် သုံးစွဲခဲ့သည်ကို တွေ့ရသည်။နောက်ပိုင်းကာလများတွင် “ပညာတတ်”ဟူသည့် သဘောမျိုးဖြင့် Doctor
ကို သုံးစွဲလာကြသည်။ပညာရပ် တစ်ခုခုတွင် တဖက်ကမ်းခတ်တတ်မြောက်ထားသူများဟူသည့် သဘောကို
ဆောင်သည်။၁၇၃၃ခုနှစ်တွင် အလက်ဇန္ဒားပုပ် ရေးသားခဲ့သည့် မေးခွန်းတစ်ခု သည်လိုရေးထားသည်။
“ပညာတတ် ဒေါက်တာတွေ သဘောမတူဘူးဆိုမှတော့ ဘယ်သူက ဆုံးဖြတ်နိုင်တော့မှာလဲ။” Who shall
decide,when Doctors disagree?”
၁၄ရာစု အင်္ဂလိပ်အသုံးအနှုန်းတွင် ဒေါက်တာ Doctor ကို ပါရဂူဘွဲ့ (doctorate )ရထားသည့်
ဆရာဝန်များကို ဖော်ညွှန်းရာတွင် သုံးနှုန်းခဲ့ကြသေးသည်။သို့ရာတွင် ရှေးခေတ်အခါက ဆရာဝန်အများစုမှာ
ဆေးတက္ကသိုလ်တစ်ခုခုမှ ဆရာဝန်ဘွဲ့ရရှိသူနည်းပါးပါသည်။ဆေးဝါးကုသရာတွင် သိပံနည်းကျခေတ်မီ
ဆေးံပညာကို သုံးစွဲသကဲ့သို့ နတ်ဘုရားကို ပူဇော်ပသပြီး ဆေးကုသခြင်းများလည်း ရှိသည်။၁၉ရာစုနှောင်း
ပိုင်းကာလများ ရောက်သည့် အခါတွင်မူ အထင်ကရဆေးတက္ကသိုလ်ကြီးများ အပြိုင်အဆိုင် ပေါ်ပေါက်လာ
ပြီး ဆေးပညာဘွဲ့ရခေတ်ပညာတတ် ဆရာဝန်မျိုးဆက်တစ်ရပ် ပေါ်ပေါက်လာသည်။ ထိုဆရာဝန်မျိုးဆက်
သစ်ကိုပင် ပရိသတ်များက Doctor ဟူလျက် ၀ိသဂြိုလ်ပြုသုံးနှုန်းခဲ့ကြရာမှ ဆေးကုသည့် ဆရာဝန်များကို
ဒေါက်တာဟုခေါ်သည့် အသုံးတွင်ကျယ်လာခဲ့လေသည်။
Doctor ကို ကြိယာပုဒ်အဖြစ် ၁၅၉၉တွင် စတင်သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ဘွဲ့တစ်ခုကို လက်ခံ
ရရှိခြင်းဟူသည့်သဘောကို ဆောင်သည်။ဆေးဝါးတစ်ခုခု ထိုးနှံ၊တိုက်ကျွေးခြင်းကိုလည်း Doctor ဟုသုံး
သည်။ ၂၀ရာစုရောက်သည့် အခါDoctor ကို တိရိစ္ဆာန်များအား သင်းသတ်သည့်နေရာတွင် ကြိယာပုဒ်အဖြစ်
အသုံးပြုလာကြသည်။ ၁၈ရာစုခန့်က Doctor ကို အရည်အသွေးမပြည့်မီသည့် အစားအသောက်များပြုလုပ်
ခြင်း ဟူသည့် အနက်ဖြင့် သုံးစွဲခဲ့ကြဖူးသည်။အစားအစာများကိုအဆိပ်ခတ်သည့် နေရာမှာလည်း Doctor
ကို ကြိယာအဖြစ်သုံးသည်။
Doctor မှ ဆင်းသက်လာသည့် နာမည်ကြီး အသုံးအနှုန်းတစ်ခုမှာ ယုံကြည်ချက်၊မူဝါဒ၊ဆိုဆုံးမ
ချက်များဟု အဓိပာယ်ရသည့် Doctrine ဟူသည့် ဝေါဟာရဖြစ်သည်။ Christian doctrine ဟုဆိုလိုက်
လျှင် ခရစ်ယာန်ဘာသာရေး အဆုံးအမ၊Obama doctrine ဟုဆိုလျှင် အမေရိကန်သမ္မတ အိုဘားမား၏
နိုင်ငံရေးအယူအဆဟု အဓိပာယ်ရလေသည်။

ဆေးပညာဝေါဟာရများ သမိုင်း( ဒေါက်တာ, Doctor)Health Digest အတွဲ ၈၊ အမှတ် ၃၅(ဇူလိုင်၊၂၀၁၁)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။