Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 23, 2013

ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

Żaw Żaw Ñaing shared Kyaw Zay Yar's photo.
ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

ဖန်ဆင်းရှင်ကို လက်မခံသော (Atheism) ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကမ္ဘာမြေကြီးနှင့် လူသားများဘယ်လို ဖြစ်ပေါ်လာရသလဲ ဆိုတဲ့ မေးခွန်းကို ဘာသာခြားတစ်ယောက်က မေးလာတဲ့အခါ ဖြေကြားနိုင်ဖို့ ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်....။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ အစ ကနဦးမှာ ရေ သို့ မဟုတ် လေ သို့ မဟုတ် မီး တစ်ခုခုနဲ့ ပျက်စီးခြင်း ဖြစ်ခဲ့ပါတယ်...ဒါဟာ ကမ္ဘာတစ်ခု ပျက်စီးစေတဲ့ ကပ်ဘေးတွေဖြစ်ပါတယ်...။ 

ဒီလို ကမ္ဘာပျက်ခါနီး အချိန်တိုင်း ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေဟာ ကောင်းမှုတွေ လုပ်ကြတဲ့အတွက်... ၃၁ ဘုံ မှာ ဗြဟ္မာ ဖြစ်ကြပါသတဲ့...၊ အကုသိုလ်လုပ်တဲ့သူတွေ ကတော့ ငရဲ ကျတာပေါ့...၊ 

ထို အာဘဿရဘုံမှာဖြစ်တဲ့ ဗြဟ္မာတွေဟာ ဈာန်စိတ်နဲ့ နေထိုင်ပြီး ပီတိ(၀မ်းမြောက်မှု) နဲ့ ရှင်သန်နိုင်သတဲ့ ...၊ ပြီးတော့ ကောင်းကင်မှာ နေနိုင်ပြီး ကိုယ်ပိုင်အရောင်နဲ့ တောက်ပနိုင်ကြပါတယ်လို့ ဆိုပါတယ်...။ 

ဒီလို ကမ္ဘာပျက်ပြီး နှစ်ပေါင်းများစွာကြာတော့ ကမ္ဘာကြီးဟာ ပြန်ပြီး တည်ပါတယ်...၊ အဲဒီအချိန်မှာ ကမ္ဘာကြီးရဲ့ မျက်နှာပြင်မှာ ရေပြင်အတိ ဖြစ်ပါသတဲ့ ....။ နေတွေ လတွေ မရှိသလို ကမ္ဘာကြီးဟာ အစကနဦးမှာ ကုန်းမြေလဲ မရှိပဲ မှောင်အတိနဲ့ ရေပြင်ကြီးဖြစ်နေခဲ့ပါတယ်...။

ဒီအခါမှာ စောစောကပြောခဲ့တဲ့ ဗြဟ္မာတွေဟာ အာဘဿရဘုံက စုတေပြီး လူ့ ဘုံကို ရောက်လာကြပါတယ်...၊ သူတို့ ဟာ ဒီကမ္ဘာကြီးရဲ့ ရေပြင်အထက် ကောင်းကင်ယံမှာပဲ ဥပစာရဈာန်နဲ့ နှစ်သိမ့်ခြင်း ပီတိ စားခြင်း(ကလေးတွေ ကစားနေတဲ့အခါ ထမင်းမေ့ဟင်းမေ့ ဖြစ်သလိုမျိုးပါ) ဖြင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေကြပါတယ်...၊ 

မြေဆီ ဖြစ်ပေါ်လာခြင်း
----------------------------
ဒီလိုနဲ့  ရေပြင်အတိရှိတဲ့ ကမ္ဘာကြီးမှာ အချိန်ကြာလာတော့ နွားနို့ ပူပူကို အအေးခံတဲ့အခါ မလိုင်တက်လာသလိုမျိုး မြေဆီ အမြှေးလေးဖြစ်လာပါတယ်...၊ ထိုမြေဆီဟာ အဆင်း အနံ့ အရသာနဲ့ ပြည့်စုံပါတယ်... ၊ ဒါပေမဲ့ စောစောက ကောင်းကင်မှာနေကြတဲ့ လူတွေဟာ မြေဆီရဲ့ အရသာကို မသိကြသေးပါဘူး....။ 

အဲဒီထဲမှာ တစ်ယောက်သော စူးစမ်းလိုသူတစ်ဦးက ဘယ်လို အရသာ ရှိမလဲဆိုပြီး သိချင်စိတ်နဲ့ မြေဆီကို ယူပြီး စားကြည့်လိုက်ပါတယ်... ၊ အဲလိုလဲ စားလိုက်ရော.... တပ်မက်ခြင်း တဏှာကြောင့် ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြယ်ကုန်ကြပါတယ်...။

နေ လ တို့ ဖြစ်ပေါ်လာခြင်း 
-------------------------------
ထိုသို့ ကိုယ်ရောင်ကွယ်သွားတဲ့ အတွက် အရောင်ကို ထောက်ပံ့ပေးဖို့ နေ လ တို့ ဖြစ်ပေါ်လာပါတယ်... ၊ နေ လတို့ ဖြစ်ပေါ်တဲ့အခါ နက္ခတ်တာရာတို့ ဖြစ်ပေါ်လာပါတယ်...၊ ရာသီဥတု နှစ်လတို့ လည်း ဖြစ်လာပါတော့တယ်...၊ 

အဲဒီလို မြေဆီကို စားလိုက်တဲ့ လူသားတွေဟာတပ်မက်ခြင်း တဏှာပေါ်မူတည်ပြီး အဆင်း လှခြင်း ၊ မလှခြင်းတို့ ဖြစ်ပေါ်လာပါတယ်....၊ ထိုအခါ "အလှ မာန" ဆိုတာ ဖြစ်ပေါ်လာပါတယ်... ၊ အကျိုးဆက်အားဖြင့် မြေဆီပျောက်ပျက်ပြီး မြေလွှာဖြစ်လာပါတယ်...။ 

မြေလွှာဖြစ်ပေါ်လာခြင်း
-----------------------------

မြေလွှာဖြစ်ပေါ်လာတဲ့အခါ လူတွေဟာ အရသာရှိတဲ့ မြေလွှာကို စားသောက်ခြင်းဖြင့် အဆင်းဟာ ပိုမိုပြီး ကြမ်းတမ်းခြင်း၊ ကွာခြားမှုတွေ ဖြစ်ပေါ်လာပါသတဲ့ ....၊ ထိုအခါ ပိုပြီး အလှမာနကြီးမားခြင်းကြောင့် မြေလွှာလဲ ပျောက်သွားပြန်ပါတယ်...

နွယ်ချို ဖြစ်ပေါ်လာခြင်း 
------------------------------
မြေလွှာပျောက်သွားတဲ့ အခါ အရသာနဲ့ ပြည့်စုံတဲ့ နွယ်ချိုဖြစ်လာပါတယ်... ၊ အဲဒီ နွယ်ချိုကို စားသုံးတဲ့ လူသားတွေရဲ့ အဆင်းဟာ နဂိုထက်ပိုမို ကြမ်းတမ်းလာမှုကြောင့် အလှ ကွာခြားမှုကလဲ ပိုမိုလာခဲ့ပါတယ်....၊ ဒီအခါမှာ အလှမာနတရားကြောင့် နွယ်ချိုပျောက်ပြီး သလေးဆန်ဖြစ်လာပါတယ်... 

သလေးဆန် ဖြစ်ပေါ်လာခြင်း 
-------------------------------
သလေးဆန်ဟာ မီးနဲ့ ချက်စရာမလို ဖွဲမပါပဲ ဖြူစင်ပြီး ကောင်းမွန်သော အရသာ ရှိပါသတဲ့ ... ထို သလေးဆန်ကို စားခြင်းဖြင့် လူသားတွေရဲ့ အဆင်းဟာ ပိုမို ပြောင်းလဲလာတဲ့အတွက် ယောက်ျား မိန်းမ အင်္ဂါတွေ ဖြစ်ပေါ်လာပါတယ်... 

ယောက်ျား မိန်းမ ထင်ရှားလာခြင်း
--------------------------------
ထိုသို့ ယောက်ျားမိန်းမ ထင်ရှားလာတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိရာက ပြင်းစွာ တပ်မက်သော ရာဂ ကြောင့် ပူပန်သော ခံစားချက်ကို ခံစားမိပါတယ်...ဒါကြောင့် လူသားတွေဟာ မေထုံ မှီဝဲကြပါသတဲ့.... 

ဒီလို မေထုံမှီဝဲတဲ့ လူတွေကို တခြား လူတွေက မောင်းထုတ်ကြပါတယ်... ။ ထိုအခါမှာ သီးခြားနေကြသော အိမ်ထောင်စုတွေ ဖြစ်လာပါတယ်... ။ အိမ်ထောင်စုဖြစ်ပေါ်လာခြင်းနဲ့အတူတူ လူသားတွေဟာ လောဘကြောင့် အရင်တုန်းက မနက်တစ်ခါ...ညတစ်ခါ ခူးစားနေတဲ့ သလေးဆန်ကို တစ်ခါတည်း နှစ်နပ်စာ၊ တချို့ က နှစ်ရက်စာ သိမ်းဆည်းလာကြပါတယ်...၊ 

တချို့ က ရှစ်ရက်  ကိုးရက်စာ ခူးယူကြပါတယ်...ဒီအခါမှာ နဂိုတုန်းက ဖွဲမရှိတဲ့ ဆန်ဟာ ပြန်ပေါက်ဖို့ အလျင်မမီတော့ပဲနဲ့  ဖွဲ အခွံတွေ နဲ့ ရိုးပြတ်တွေ အတိနဲ့ ဖုံးအုပ်လာပါတော့တယ်... ။ ဒီအချိန်မှာ လူတွေဟာ ကိုယ့်ရဲ့ စုဆောင်းထားတဲ့ ဝေစုကို မစားသုံးတော့ပဲ သူတစ်ပါးရဲ့ ဝေစုကို ခိုးယူဖို့ ကြံစည်လာပါတော့တယ်...၊ ဒီလို ခိုးလို့ ဖမ်းမိတဲ့ လူကို လူတွေက ရိုက်နှက်ကြပါတယ်...။ 

ကြာလာတော့  လိမ်လည်မှု ခိုးမှုတွေ များလာတဲ့အတွက်.... လူတွေဟာ မတရားမှုကို ကြည့်ရှု ဆုံးဖြတ်စီရင်ပေးဖို့ ၊တရားသဖြင့် သလေးဆန်ကို ခွဲဝေပေးဖို့ ပညာအရှိဆုံး၊ ရုပ်အလှဆုံး ၊စိတ်ဓာတ်ကောင်းမွန်ဆုံး လူတစ်ယောက်ကို ခန့်ထားကြပါတယ်... 

သူ့ ကိုတော့ " မဟာ သမ္မတမင်း " လို့ ခေါ်ပါတယ်...။ မြန်မာလို  "အများက ညီညွတ်စွာ တင်မြှောက်သော ကြီးမြတ်သည့် သူ "လို့ အဓိပ္ပာယ်ရပါတယ်...၊ ဒီလိုနဲ့ ခတ္တိယ လို့ ခေါ်တဲ့ အုပ်ချုပ်တဲ့ လူတန်းစားပေါ်လာပါတယ်... 

ဒီလိုနဲ့ တချို့က တရားအားထုတ်၊ တချို့ က အလုပ်စီးပွားလုပ်ပြီး ရှာဖွေကြခြင်းဖြင့် လူစုတွေ အမျိုးမျိုး ကွဲပြားသွားကြပါတော့တယ်.... 

တကယ်တော့ ကမ္ဘာကြီးရဲ့ အစဦးမှာ လူတန်းစား ကွဲပြားမှုဆိုတာ မရှိပါဘူး....ဒီလို တဖြည်းဖြည်းနဲ့ လူစုတွေ ကွာခြားသွားခြင်းဟာ လူတွေရဲ့ ကောင်းတဲ့  လုပ်ရပ် (ကုသိုလ်) နဲ့ မကောင်းတဲ့ လုပ်ရပ် (အကုသိုလ်) ကွဲပြားလာခြင်းကြောင့် ဖြစ်ပါတယ်...... ။ 

အားလုံးကို ခြုံကြည့်ရင် ... ဗုဒ္ဓအလိုအရ လူကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းက တဏှာ ပဲ ဖြစ်ပါတော့တယ်.....

ကျမ်းကိုး ။ ။ ၁။ ဒေါက်တာနန္ဒမာလဘိဝံသ၏ ကမ္ဘာဦးက လူသားများ တရားတော်  
 ၂ ။ ဒီဃနိကာယ်ဝင် သုတ္တန် ပိဋကတ် ၊ ပါထိက၀ဂ်ပါဠိတော် အဂ္ဂညသုတ်  မြန်မာပြန် ၂၀၁၁ ခုနှစ် ၊ စာ ၇၁ မှ ၈၂ ထိ

ကျေနပ်နိုင်ကြပါစေ....

ဇေယျာ 23/Jan/2013 Wednesday 10:00 pm
ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

ဖန်ဆင်းရှင်ကို လက်မခံသော (Atheism) ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကမ္ဘာမြေကြီးနှင့် လူသားများဘယ်လို ဖြစ်ပေါ်လာရ...သလဲ ဆိုတဲ့ မေးခွန်းကို ဘာသာခြားတစ်ယောက်က မေးလာတဲ့အခါ ဖြေကြားနိုင်ဖို့ ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်....။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။