အာဆီယံနိုင်ငံတွေက လူတွေက မြန်မာဆိုရင် သနပ်ခါးနဲ့ဆိုပြီး တွဲမှတ်ကြတယ်
11 JANUARY 2013
"ခုနမဇာကြီး ပြောနေသလိုပေါ့။ ဘယ်လောက် ပင်ပန်းပင်ပန်း အမြဲလန်းဆန်း တက်ကြွနေတာ မပန်တို့အဖွဲ့ပါပဲ။ ကားမောင်း လာပြိုင်ကြတဲ့ အဖွဲ့သားတွေ Meeting စကားပြောကြရင် စိတ်ဝင်စား ခံရဆုံးက မပန်တို့မြန်မာအဖွဲ့နဲ့ ကမ္ဘောဒီးယား အဖွဲ့ပါပဲ။ ကားမောင်းပြိုင်တဲ့ အဖွဲ့တိုင်းကတော့ တက်ကြွတာပါပဲ။ ဒါပေမယ့် မပန်တို့အဖွဲ့က အနုပညာရှင် တွေဆိုတော့ ပင်ပန်းနေလည်း တက်ကြွကြွ ဖြစ်အောင်နေတယ်။ ပင်ပန်းမှုတွေ ပျောက်အောင်လို့ပါ။
တစ်ယောက်နဲ့ တစ်ယောက် နောက်ဟယ်၊ပြောင်ဟယ်နဲ့ ပျော်စရာကြီးပါပဲ။ ခရီးက ခရီးရှည် လည်းဖြစ်တယ်။ လမ်းခရီးကြမ်းတွေလည်း ဖြတ်သန်းရတယ် ဆိုပေမယ့် အားလုံးက ညီညီ ညွတ်ညွတ်နဲ့ဖြတ်သန်းကြတော့ ပျော်စရာကောင်း ခဲ့ပါတယ်။ ဒီကားမောင်းပြိုင်ပွဲ ခရီးစဉ်အတွက် ရုပ်ရှင် အစည်းအရုံးက ခေါ်ပြောပါတယ်။ လိုက်မလားပေါ့ ဘာကြောင့်လဲ ဆိုတော့ လေဒီဒရိုင်ဘာတွေ ပါစေချင် တယ်ဆိုပြီး ခေါ်ပြောပါတယ်။ ပထမတော့ အေးမြတ်သူ လိုက်မယ်လို့ကြားတယ်။ နောက်တော့ သူမအားတာနဲ့ မပန်တို့ မဇာကြီးတို့လိုက် ဖြစ်သွားတာ ပါ။ ခရီးစဉ်တစ်လျှောက် နိုင်ငံတိုင်း...၊ နိုင်ငံတိုင်းက နယ်တွေ၊ မြို့တွေ၊ ရွာတွေကိုဖြတ်တဲ့ အခါမှာ ဒေသခံတွေက ထွက်ကြိုကြပါတယ်။ မြန်မာမြန်မာ ဆိုပြီး မပန်တို့ကို အားပေးပါတယ်။ တစ်ခုအမှတ်တရ ဖြစ်စရာ ကောင်းတာက အတော်များများက မြန်မာ . .မြန်မာလို့ ခေါ်ပြီး အားပေးတယ်။ ပြီးရင် သနပ်ခါး လိမ်းပြပါလို့ အဓိပ္ပာယ်နဲ့ပြောကြတယ်။ သူတို့က မြန်မာဆို တာနဲ့ သနပ်ခါးလေးတွေနဲ့ ယှဉ်တွဲမှတ် ထားတာကိုး။ ဒီတော့ မပန်တို့မှာ သူတို့ကို သနပ်ခါးပါး ကွက်ကြားလေးတွေ ကွက်ပြပေးရပါတယ်။ သနပ်ခါး ပါးကွက်တွေနဲ့ မပန်တို့ မဇာကြီးတို့ကိုကြည့်ပြီး မြန်မာသနပ်ခါး တွေနဲ့လှတယ်ဆိုပြီး အမူအရာတွေလုပ် ပြကြပါတယ်။ အဲဒီအဖြစ်က တကယ့်ကို အမှတ်တရ ပါပဲ" လို့ ဆုပန်ထွာက သူမရဲ့ ကားမောင်းပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ် အပျက်တွေကို ယခုလို ပြောပြလာခဲ့ခြင်း ပဲဖြစ်ပါတယ်။
ZPPM
အေးချမ်းမွန်မှ မန္တလေးအာရုဏ်ဦး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်

အေးချမ်းမွန်မှ မန္တလေးအာရုဏ်ဦး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။