KhingKhing Su and May Mon Kyaw shared Royal Hero Media's photo.
လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေ
============================== ======
လ္ဘက်စိမ်းတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးသည် အရေပြား...ကင်ဆာ ၂ မျိုးကို ကုသရာတွင် အသုံးဝင်သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြား သည်။ ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ၌ လ္ဘက်စိမ်း အဆီအနှစ်ကို အသုံးပြု ကြည့်သောအခါ ကင်ဆာအကျိတ်များ ၃ ပုံ ၂ ပုံ လျော့ကျသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။ Strathclyde တက္ကသိုလ်နှင့် Glasgow တက္ကသိုလ်တို့မှ အဆိုပါ သုတေသန လုပ်ငန်းကို လုပ်ကိုင်ကြသူ သိပ္ပံ ပညာရှင်များက EGCg ဟုခေါ်သော လ္ဘက်စိမ်း အဆီအနှစ်သည် အခြားဆဲလ် သို့မဟုတ် တစ်သျှူးများအပေါ်တွင် ဘေးထွက်ဆိုးကျိုး သက်ရောက်မှု မရှိသည်ကို စူးစမ်းရှာဖွေ တွေ့ရှိခဲ့ ကြသည်။
သိပ္ပံ ပညာရှင်များက EGCg နှင့် ကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ပိတ်ဆို့တတ်သော ပရိုတိန်းတစ်မျိုးတို့ကို ဖန်တီး၍ ကင်ဆာကျိတ်များတွင် အသုံးပြုကြည့်ကြသည်။ ထိုအခါ ယင်းသို့ သုတေသနပြု စမ်းသပ်မှုသည် အရေပြားကင်ဆာဆဲလ် ၂ မျိုးတွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ စမ်းသပ်မှု၌ အဆိုပါ အရေပြားကင်ဆာ ၂ မျိုး စလုံးတွင် ကင်ဆာကျိတ်များ၏ ၄၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်နိုင်သည်ကို တွေ့ရှိခဲ့ရပြီး ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းတွင် ကင်ဆာကျိတ် လျော့ကျ သွားသည်ကို တွေ့ရှိခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းမှာမူ ကင်ဆာကျိတ် ကြီးထွား လာခြင်း မရှိတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။
---
Ref: health-article
http://on.fb.me/10U7k3z
==============================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။