မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဉ် အမေရိကန် ရပ်တန့်
****************************** ****
အမေရိကန်နိုင်ငံကို ခေါ်ယူနေတဲ့ မြန်မာဒုက္ခသည်တွေ သတ်မှတ်အရေအတွက် ပြည့်သွားပြီမို့ ဒီအစီအစဉ်ကို လာမဲ့ ၃ လအတွင်း ရပ်တန့်တော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး
ဒေးဗစ်ရော်ဘင်ဆင် က ပြောပါတယ်။
... မယ်လဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်စဉ်မှာ အခုလို ကြေညာခဲ့တာပါ။ ကုလသမဂ္ဂဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ လာမဲ့ ရက် ၁၂၀ အတွင်း
လျှောက်ထားနိုင်သေးတယ်လို့ သိရပါတယ်။ သံအမတ်ဟာ ကျန်ဒုက္ခသည်စခန်းတွေကိုလည်း လာမဲ့ ရက်ပိုင်းအတွင်း သွားရောက်ပြီး အမေရိကန်ဒုက္ခသည် ခေါ်ယူရေးအစီအစဉ် အဆုံးသတ်မဲ့အကြောင်း သွားရောက် ပြောဆိုမယ်လို့ ဆိုပါတယ်။
သံအမတ်ရဲ့ ကြေညာချက်မှာ မြန်မာပြည်တွင်းက နိုင်ငံေ၇းအပြောင်းအလဲ
တွေကိုထည့်သွင်း ပြောဆိုတာ မရှိပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လတ်တလော အပစ်ရပ်တဲ့ အခြေအနေတွေကြောင့် ဖြစ်မယ်လို့ ယူဆကြပါတယ်။ တကယ်လို့သာ ဒီလိုအပစ်ရပ်လို့ ဒုက္ခသည်တွေကို
ခေါ်ယူဖို့ မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်တာ ဖြစ်မယ်ဆိုရင် ဒါဟာ
လက်ရှိ အခြေအနေတွေအပေါ်မှာ အသေအချာ နားမလည်တာဘဲလို့ ဒုက္ခသည်ရေးရာကော်မတီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ နှစ်ရှည်လများ ဆောင်ရွက်ရအုန်းမှာ
့ဖြစ်တယ်လို့ ဒုက္ခသည်ကော်မတီက ပြောပါတယ်။
******************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။