Cloud Cuckoo Land shared Aye Chan Mon's photo.
ပိုးသတ်ဆေးဆပ်ပြာ အသုံးပြုသူများသို့
ကမ္ဘာကြီးပေါ်တွင် အမျိုးမျိုးသော ပိုးမွှားအသစ်များကြောင့် ရောဂါအသစ် အဆန်းအမျိုးမျိုးပေါ်ပေါက် လာပြီး ထိုရောဂါများက လူသားတို့၏ အ...သက် အန္တရာယ်ကို ခြိမ်းခြောက်လာသဖြင့် တစ်ကမ္ဘာလုံး အထိတ်တလန့် ဖြစ်လာရသည်။
ထိုရောဂါများက အသက်အန္တရာယ်ကို ထိခိုက်လာသောအခါ လူအများ၌ ကျန်းမာရေးဗဟုသုတ များပြားလာသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးပေးလာကြပြီး ရောဂါပိုးမွှားများ ကူးစက်မှုမရှိစေရန် ပိုးသတ်ဆေး ထည့်သွင်းထားသော အသုံးအ ဆောင်ပစ္စည်းများအား စိတ်ဝင်တစား သုံးစွဲမှု ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာကြောင်း သိရသည်။
ပိုးသတ်ဆေး ထည့်သွင်း ထားသောပစ္စည်းများထဲတွင် ဆပ် ပြာများအား အရေပြားရောဂါတစ် မျိုးမျိုး ဖြစ်ပွားနေသူများအတွက် အရေပြား ဆရာဝန်များက အသုံး ပြုရန်ညွှန်ကြားလေ့ရှိပြီး ယခုနောက်ပိုင်းတွင် ပိုးမွှားကူးစက်မှု မရှိစေရန် နေ့စဉ်ရေချိုးရန်၊ လက်ဆေးရန်အတွက် အသုံးပြုမှုများ များပြားလာပြီး လူထုအား ဆွဲဆောင်သည့် ကြော်ငြာ များလည်း များပြားလာကြောင်း သိရသည်။
““ပိုးသတ်ဆေး အာနိသင်ရှိပေမယ့် တခြားပစ္စည်းတွေနဲ့ ရောပြီး သုံးနိုင်တယ်။ အရေပြားမှာ ပြဿနာဖြစ်နေတဲ့ သူတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးခိုင်းလေ့ရှိတယ်””ဟု အရေပြားအထူး ကုပညာရှင် ဒေါက်တာဦးမြင့်ဦးက ပြောသည်။
အရေပြားမှာရှိသည့် ဘက်တီးရီးယားများ အမွေး ပေါက်ထဲရောက်ရာမှ မွေး ကျွတ်နာဟု ခေါ်သည့် အနာကြီးများ၊ ၀က်ခြံများ အများအပြား ပေါက်နေသည့် လူနာများ၊ လူတုပ်ကွေး ရောဂါကဲ့သို့ ကူးစက်နိုင်သည့် ရောဂါပိုးများအား မပြန့်ပွားစေရန် သုံးသည့် အခါများ၊ ဆီးချိုရောဂါ ရှင်များနှင့် အပူပိုင်းဒေသများတွင် နေထိုင်သူများ ဖြစ်ပွားလေ့ရှိသည့် အရေပြား ရောဂါတစ်မျိုး ကုသသည့် အချိန်များတွင် ပိုးသတ်ဆေး ပါဝင်သော ဆပ်ပြာများ အသုံးပြုလေ့ရှိပြီး ရောဂါပြန့်ပွားမှုကို ကာကွယ် နိုင်ကြောင်း သိရသည်။
ပိုးသတ်ဆေး ဆပ်ပြာများ တွင် ထည့်သွင်း အသုံးပြုလေ့ရှိ သည့် ပိုးသတ်ဆေး အမျိုးအစား လေးမျိုးခန့်ရှိပြီး၊ အဆိုပါ ပိုးသတ် ဆေးများမှာ အရေပြားရှိ ပိုးမွှား များအား သေစေနိုင်ရုံသာမက ပိုးသတ်ဆေးအမျိုးအစား တချို့ မှာ လူကိုပါ အန္တရာယ်ပေးစေနိုင် ကြောင်းသိရသည်။
““ဘယ်လိုသုံးရမယ်ဆိုတာ သေချာမသိရင်တော့ အန္တရာယ် ဖြစ်စေနိုင် ပါတယ်””ဟု အဆိုပါ ဆရာဝန်ကပြောသည်။
Hibicalens ပိုးသတ်ဆေးပါ ၀င်သော အသုံးအဆောင် ပစ္စည်းများမှာ အသုံးပြုပြီး ရေစိုနေသည့် အချိန်တွင် ပိုးသတ်နိုင်သည့် အာနိသင်ရှိပြီး ရေခြောက်သည့် အချိန်တွင် အာနိသင် လျော့ပါးသွားလေ့ ရှိသည်။ သို့သော် ထိုဆပ်ပြာအ မျိုးအစားသည် အရေပြားတွင် ပေါက်ပြဲအနာများ ရှိနေပါက အနာတွင် ရှိသောဆဲလ်များအား အဆိပ်အတောက် ဖြစ်စေနိုင်ခြင်း၊ ဆပ်ပြာ ထဲတွင် ပိုးသတ်ဆေး သုံးပုံတစ်ပုံခန့် ပါဝင်နေသဖြင့် မျက်နှာ၊ လည်ပင်းနှင့် ဦးနှောက်အရေ ပြားနေရာများအား အသုံးမပြု သင့်ကြောင်း သိရသည်။
အခြား ပိုးသတ်ဆေး တစ်မျိုးမှာ အရေပြားတွင် ပိုးသတ်နိုင်သည့် အာနိသင် ခြောက်နာရီ အထိ ခံပြီး လည်ပင်းအောက် အရေ ပြားများတွင်သာ အသုံး ပြုသင့်ကြောင်း သိရသည်။
““မျက်နှာကိုသုံးလို့ မျက်လုံးထဲဝင်ရင် မျက်ကြည်လွှာကို လောင်စေပြီး အမြင်မှုန်သွားကာ မျက်စိ ကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေး ဆပ်ပြာ သုံးတဲ့သူ တ်ာတော် များများကလည်း ဘယ်လို သုံးရမလဲဆိုတာ မသိကြဘူး””ဟု ဒေါက်တာမြင့်ဦးက ပြောသည်။
ကိုယ်ခန္ဓာ အရေပြားပေါ်တွင် အန္တရာယ် ဖြစ်စေနိုင်သော ပိုးမွှားများ ရှိသကဲ့သို့ လူသားတို့အတွက် လိုအပ်သော ရှိသင့်သည့် ကောင်းကျိုး ပေးသည့် ပိုးမွှားများလည်း ရှိသည်။
““ပိုးသတ်ဆေးပါတဲ့ ပစ္စည်းတွေကို သုံးတဲ့အခါ လူက အရမ်းကို ပိုးမွှား ကင်းစင်ပြီး သန့်သွားတယ်။ ဒါပေမဲ့ လူခန္ဓာကိုယ်မှာ ရောဂါပိုးတွေကို ခုခံနိုင်ဖို့ သက်ဆိုင်ရာ ရောဂါပိုးတွေ အတွက် အန္တရာယ် မဖြစ်လောက်တဲ့ ရှိသင့်တဲ့ အတိုင်းအတာ ပိုးမွှားတွေတော့ ရှိရပါမယ်။ ပိုးသတ်ဆေးပါဝင်တဲ့ ပစ္စည်းတွေကြောင့် ပိုးမွှားအားလုံး သေဆုံးသွားရင်တော့ Immune System တွေ ကျဆင်းလာပြီး ရောဂါပိုး ဖြစ်ပွားလွယ်တာတော့ သတိပြုရပါမယ်””ဟု ဒေါက်တာ မြင့်ဦးကပြောသည်။
နိုင်ငံတကာတွင်လည်း ထိုပိုးသတ်ဆေး ဆပ်ပြာနှင့် ပတ်သက်၍ အတိအကျ လေ့လာစစ်ဆေးထားခြင်း မရှိသေးဘဲ ယခုနှစ်တွင် အမေရိကန် FDA မှ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် လေ့လာချက်များအရ ပိုးသတ်ဆေးပါ ၀င်သော ပစ္စည်းများ အသုံးပြုကြသည့် သူများတွင် လူခန္ဓာကိုယ် အတွင်း ဟော်မုန်း ဓာတ်ကို တစ်နည်းအားဖြင့် ထိခိုက်စေကြောင်း နိုင်ငံတကာ စစ်တမ်း များတွင် ဖော်ပြထားသည်။
ပိုးသေရန် အတွက် စိုးရိမ်လွန်၍ ပိုးသတ်ဆေးပါသော ဆပ်ပြာများ အသုံးပြုကြ သော်လည်း ထိုဆပ်ပြာများမှာ ရိုးရိုးဆပ်ပြာများနှင့် အကျိုး ရှိပုံချင်း တူညီကြောင်း အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။
ပိုးသတ်ဆေးပါဝင်သော ပစ္စည်းများအား ငယ်ရွယ်လွန်းသော ကလေးများတွင် သုံးစွဲပါက ဓာတ်မတည့်မှုဒဏ်ကို ပိုမိုခံစားရပြီး ရောဂါခုခံနိုင်မှု ပိုမိုနည်းပါးကြောင်း သိရသည်။
ထိုပိုးသတ်ဆေး ပါဝင်သော ပစ္စည်းများအား အသုံးပြုသင့်သည့် အခြေ အနေကို မေးမြန်းရာ ““ဘယ်ပစ္စည်းပဲ ဖြစ်ဖြစ် တန်ဆေး လွန်ဘေး အနေနဲ့ သုံးတာ ပိုသင့်တော်ပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ ပိုးသတ်ဆေးပါတဲ့ ပစ္စည်းတွေကိုတော့ ဆင်ခြင် သုံးသင့်ပါတယ်”” ဟု အဆိုပါ ဆရာဝန်က ဆက်လက် ပြောသည်။
ဝတ်ရည်အောင်
အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်
https://www.facebook.com/

အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။