Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 2, 2013

ဘယ်မှာလဲ...မင်းဘယ်မှာလဲ ကွယ့် ငမောက်ကြီး ရယ်.....

ရုပ် ဆိုး shared Yannaung Soe's photo.
‎.....................................သက္ကရာဇ် ၁၂၃၆ ခုမှာ ကင်းဝန်း မင်းကြီးဦဆောင်တဲ့ သံအဖွဲ့  ဥရောပ ကိုရောက်ခဲ့ တော့ မိုးကုတ်ကျောက်တွင်းတွေ မှာ အင်္ဂလိပ် အစိုးရကိ...

ကျောက်မျက်တူးဖော်ခွင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ တယ် ။ မြန်မာပြည်ပြပြန်ရောက်လို့ မင်းတုန်းမင်းကြီး ကသဘောမတူတဲ့ အခါ အခက်တွေ့ ကြရတယ် ၊။

မိုးကုတ်ကျောက်တွင်းကိုလည်း မရောင်းချင်.၊.စာချုပ်ကို တဖက်သတ် ဖျက်ရင်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားမှာစိုးတယ်..။ ဒီတော့ ကာ.... မင်းတုန်းမင်းကြီးရဲ့ 

မိဖုရားခေါင်ကြီး စင်္ကြာဒေ၀ီ အကြံညာဏ်နဲ့ ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် ဦးဆောင်ပြီး အဲဒီကိစ္စ ကိုဖြေရှင်းရပါတော့တယ် ။ ဦးဖိုးလှိုင်နဲ့ မျက်နှာဖြူ ကိုယ်စားလှယ် တို့

မျက်နှာချင်းဆိုင်တွ့ တဲအခါ မြန်မာ့နန်းစဉ် ရတနာတစ်ပါးဖြစ်တဲ့ ငမောက်ကြီးပထ္ထမြားကိုပြပြီး တန်ဖိုးဖြတ်ခိုင်းတယ် ။ မျက်နှာ ဖြူ ကိုယ်စားလှယ်ကြီးခမြာ ခေါင်းတခါခါ နဲ့

ဘယ်လိုမှ အဖိုးမဖြတ်နိုင်ခဲ့ ပါ ။ ဒီတော့ မှ ဦးဖိုးလှိုင် က ဒီ ငမောက်ကြီးပထ္ထမြား တစ်လုံ့းတောင်မှ တန်ဖိုးမဖြတ်နိုင်ရင် ဒီလို အဖိုးတန် ကျောက်မျက်တို့ 

ဘယ်လောက်များများ ထွက်လာနိုင်မှန်းမသိတဲ့ ကျုပ်တို့ မိုးကုတ်ရတနာ တွင်းတွေ ကိုတန်ဖိုးဖြတ် ၀ယ်ယူ ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်.......ဆိုပြီး ငမောက်ကြီး ပထ္ထမြား

အားကိုးနဲ့ ဦးကောင်း လက်လွတ်စပယ် ချုပ်ဆိုခဲ့ တဲ့ စာချုပ်ကို ဖျက်
နိုင်ခဲ့ တယ် ။ အခုကျတော် တင်ထားတဲ့ ပန်းချီ ပုံကြီးဟာ အဲဒီ အဖြစ်ရပ် ကို ပုံဖော်ထားတဲ့ အလွန်ကိုသက်ဝင်လှပြီးလက်ရာမြောက်လှ တဲ့ ပန်းချီ ကားတချပ်ဖြစ်ပါတယ် ။
..............................................................................ငမောက်ကြီး ပထ္ထမြား အကြောင်းကိုတော့ ရေးသားအမျိုးမျိုး နဲ့ ရေးသားပြောဆိုကြတာ ဖတ်ဖူးမှတ်ဖူးကြမှာ ပါ ။

ငမောက်ကြီး ပထ္ထမြား ကို မိုင်းလုံ သွားရာ လမ်းပေါ်ရှိ ကျောက် တလုံးဒေသ ကရွာသား တစ်ယောက်ကနေပြီးတူးဖော်ရရှိခဲ့ ခြင်းဖြစ်ပါတယ် ။ အရည်သွေးနဲ့ တန်ဖိုး

ကိုနားမလည်လေတော့ သုံးပိုင်းပိုင်းခဲ့ တယ် ။ ပထမပိုင်းက အခိုးခံရပြီး ဒုတိယပိုင်း ကတော့ နိုင်ငံခြားသား ကုန်သည်မှတဆင့် အန္ဒိယ နိုင်ငံ ကာလကတ္တား

ကိုရောက်သွားတယ် ။ငမောက်ကြီးပထ္ထမြား လို့ အမည်တွင်လာမယ့် တတိယအပိုင်းကတော့ ပလောင် အမျိုးသမီးလက်ထဲရောက်လာခဲ့ ပြီး အဲဒီမှ တဆင့် တန်ဖိုး

ကိုမသိလေတော့ ငပိ ၊ ဆန် ၊ဆီ စတာတွေ နဲ့ လဲလှယ် ကြရင်း နောက်ဆုံး ငမောက်ကြီး ဆိုသူထံ ရောက်လာရပါတော့ တယ် ။ အဖိုးအနဂ`္ဃ ထိုက်တန်လှ တဲ့ ပထ္ထမြားကြီး

ကို လက်ထဲ မထားဝံ့တော့ ဘဲ သက္ကရာဇ် ၁၀၂၃ ခုနှစ် မှာ ငါးထပ်ကြီး ဒယကာ မင်းတရားကြီး ပြည်မင်းတရားလက်ထက်မှာ ချင်းတွင်ရွာသား ငမောက်ကြီး က

ဆက်သလိုက်ပါတယ် ။ ပထ္ထမြားကြီး ကို လာရောက်ဆက်သသူ ငမောက်ကြီး ကို အစွဲ ပြုပြီး ငမောက်ကြီး ပထ္ထမြား ( ပထ္ထမြားငမောက် ) ရယ် လို့ အမည်ခေါ်တွင်စေခဲ့ ပါတယ်

။ ငမောက်ကြီး ကိုလည်း မြို့ စား ရွာ စား အဆောင်အယောင်တွေ နဲ့ ချီးမြှင့် မြှောက်စားခဲ့တယ် ။
..........................................................................ငမောက်ကြီး ပထ္ထမြား ရဲ့  အရွယ် အစားဟာ ကွမ်းသီးလုံး ခန့် ရှိပြီး စင်းလုံးချော ရတီ 90 ကျော်တယ် လို့ ဆိုပါတယ် ။

ငမောက်ကြီး ရဲ့  ကြန်အင် လက္ခဏာတွေ ကိုတော့ အမျိုးမျိုးချီးမွမ်းရေးကြတာ ယုတ္ထိရှိတာရော မရှိတာ ရော စုံနေတာပါဘဲ ။ အဲဒီ လို ပြည်တန်တဲ့ ပထ္ထမြား ကြီး ကို မြန်မာ

ဘုရင် အစဉ်ဆက်ဆက် တန်ဖိုးထား ထိမ်းသိမ်း လာခဲ့ ဟာ သီပေါမင်းပါတော်မူတဲ့ အထိဆိုပါတော့ ..။ အင်္ဂလိပ်တွေ ဟာ မြန်မာပြည် ကိုတိုက်ခိုက် သိမ်းပိုက်ပြီး သီပေါဘုရင်

နဲ့ မိဘုရား ကိုဖမ်းဆီးခေါ်ဆောင်သွားတော့မယ်ဆိုတာနဲ့ ဘုရင့် မင်းခန်းမင်းနားပစ္စည်းတွေ ၊ ငမောက်ကြီး အပါဝင် နန်းစဉ်ရတနာတွေ ကို စာရင်းပြုလုပ်ပြီး

သိမ်းယူပါတယ် ။ အဲဒီလို ပါရပိုက်နဲ့ စာရင်းပြုစုပြီး ကာနယ်စလေဒင်လက် ထဲ အပ်ရသူကတော့ သီပေါမင်း ရဲ့  ရွှေတိုက်ဝန် ပေါက်မြိုင်မြို့  စာ မင်းလှမဟာဇေယျနန္ဒသင်္ကြန်

ပါ ။ သူ့ ရဲ့  မှတ်တမ်းထဲမှယတော့ ..... ငမောက်ကြီး ပထ္ထမြား ဟာ တကယ်ရှိ ၊ လက်စွပ်အဖြစ်ပြုလုပ်ထား ၊ မိမိကိုယ်တိုင် ကာနယ်စလေဒင် ကို စာရင်းနဲ့ အသေ

ချာ နန်းစဉ်ရတနာ များ အပ်ခဲ့ ရာမှာ ငမောက်ကြီး ပထ္ထမြား ပါဝင်တာ အသေချာမှတ်မိ ၊ အဲဒါတွေ ကို ကာနယ်စလေဒင် ကင်းတာဝန်ကျ စစ်ဗိုလ် တဦးထံလွဲပြောင်းပေးအပ်

။ မိမိကိုယ်တိုင် ငမောက်ကြိးပထ္ထမြား အပါဝင် နန်းစဉ်ရတနာတွေ ပုရပိုက်မှာ အမျိုးအမည်နဲ့ အရွယ်စား အတိကျစာရင်းမှတ်သားပြု ။အဲဒီလိုပြုစုထားတဲ့ ပုရပိုက်ကို 29

နိုဝင်ဘာ 1885 (ပါတော်မူတဲ့နေ့ ) မှာ စလေဒင် ရဲ့  စကားပြန်ဖြစ်သူ နီကိုးလပ်စ် ထံ မိမိကိုယ်တိုင်ပေးအပ်........ စသဖြစ်ဖော်ပြခဲ့ပါတယ် ။အဲဒီလို သေသေချာချာ

မှတ်သားစာရင်းပြုပြီး သူတို့ လက်ထဲ ကို အပ်ခဲ့တာတောင်မှ စလေဒင်နဲ့ အပေါင်းပါတို့ ဟာ အဆင်ခြေအမျိုးမျိုးပေးပြီး ငမောက်ကြီးပထ္ထမြားမှာ

သိမ်းယူခဲ့တဲ့ပစ္စည်းတွေထမှာမပါရှိခဲ့ကြောင်းနောက်ပိုင်း မှာ ငြင်းဆန်ခဲ့ ပါတယ် ။ အိန္ဒယ နိုင်ငံမှာ နယ်နှင်ဒါဏ် ပေးခြင်းခံရတဲ့ သီပေါဘုရင်နဲ့ မိသားစု မှာ အင်္ဂလိပ်

အစိုးရက ပေးတဲ့ လစာနဲ့ မလောက်မငှ ဖြစ်လာတဲ့ အခါမှာ စထ္ထုထ သမီးတော် ကနေစပြီးတော့ ငမောက်ကြီး အပါဝင် နန်းစဉ် ရာတနာတွေ ကိုတောင်းဆိုလာခဲ့တာ

မြေးတော် တော်ဘုရားလေး (စာရေးဆရာ ဦအောင်ဇေ ) လက်ထက်ရောက်တဲ့ အချိန်ထိပါဘဲ ။
...........................................................အဲဒီတုန်းက နိုင်ငံရေး အရာရှိချုပ် အဖြစ်နဲ့ ရောက်ရှိနေခဲ့တဲ့ စလေဒင်ဟာ မန္တလေး နန်းတော် သိမ်းယူစဉ်က

ငမောက်ကြီးပထ္ထမြားကြီး မပါရှိကြောင်းကို သူ့ ရဲ့  စီရင်ခံစာမှာ မလှိပ်တပတ် ရေးသားတင်ပြခဲ့ ပါတယ် ။ စီရင် ခံစာရဲ့  အစမှာ......... နိုဝင်ဘာ 28 ရက် (ပါတော်မမူခင်

တရက်) မှာ နန်းတွင်းသူနန်းတွင်းသားများကို အထိမ်းအကွပ်မရှိ နန်းတွင်းကို ၀င်ထွက်ခွင့်ပြုထားခဲတာ ကျတော်အကြီးအကျယ်မှားသွားခဲ့ပါတယ်ဆိုနဲ့ အစပြုပြီး

ငမောက်ကြီး ပထ္ထမြားကို အဲဒီ ရုန်းရင်ဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ ၀င်ထွက်နေတဲ့ သူတွေ မွှေနှောက်ယူဆောင်သွားလေဟန် ပလီပလာ ရေးသားပြီး နောက်ဆုံး ကျွန်တော့

ကိုယုံကြည်ပါ ..ဆိုပြီး အိုမလုံအုံပွင့်ရေးသားထားခဲ့တယ်လို့ ဆိုပါတယ် ။ သီပေါမင်း အိန္ဒိယ နိုင်ငံရောက်ပြီးနောက်ပိုင်းမှာ ......ကာနယ်စလေဒင် ကို ဦးတည်ပြီးတော့ .....

ကျုပ်တို့ ကို ဖမ်းဆီးခေါ်ဆောင်လာစဉ်က ပင်လယ်ရေလမ်းခရီးမှာ ပိုမိုလုံခြုံ စိတ် ချရအောင် ခင်ဗျားကိုယ်တိုင် သိမ်းဆည်းပေးထားတဲ့ စိန်တွေနဲ့ ရတနာပစ္စည်းတွေကို

ပြန်ရချင်ပါတယ် ......ဆိုတဲ့ သဘောနဲ့ အရေးဆိုခဲ့ပေမယ့် ....အဲဒီပစ္စည်းတွေ ရှာလို့ မတွေ့ ဘူးဖြစ်နေတယ်...ဆိုပြီး အရှက်ကင်းမဲ့ စွာဗြောင်လိမ်ခဲ့ ပါတယ် ။ စောကပြောခဲ့

သလို တော်ဝင်မိသားစု ၀င်များဟာ အင်္ဂလိပ် အစိုးရထံ ငမောက်ကြီးပထ္ထမြားနဲ့ တကွ မြောက်များလှစွာသော ရတနာ တို့ ကို အကြိမ်ကြမ် တောင်းဆိုခဲ့ ပေမယ့် လည်း ဘူး

ဆိုရင် ဖရုံ မသီးဘူးဆိုသလိုမျိုး ဘူး ခံခဲ့ပါတယ် ။ ဒါပေမယ့် နိုင်ငံရေး အရာရှိ H . anshawe လက်မှတ်ရေးထိုးထားတဲ့ '' သီပေါမင်းနဲ့ သူ့  မိဖုရား တို့ က ကာနယ်စလေဒင်

ထံပေးအပ်ခဲ့ရတဲ့ ရတနာပစ္စည်းစာရင်း " မှာ..... 1 Rubby Ring know by the name of Naga - mauk ..( နားဂမောက် အမည်ရှိ တဲ့ ပထ္ထမြားလက်စွပ် တစ်ကွင်း )

ဆိုပြီးပါရှိပါတယ်တဲ့ ။ တကယ်တော့ နန်းစဉ်ရတနာတွေ ထဲ မှာ နဂါးမောက် ပထ္ထမြား ဆိုတာ မပါရှိဘူးလို့ ဆိုပါတယ် ။ ငမောက် ကို အင်္ဂလိပ်လို Ngamauk လို့ စာလုံးပေါင်း

ရမှာ ဖြစ်ပေမယ့် N နဲ့ G အကြား.. A တလုံးထပ် တိုး ပြီး "နဂါးမောက် " နာမည်နဲ့ မျက်လှည့်ပြ လက်စဖျောက်ခဲ့ လေ သလားရယ်လို့ မြန်မာပညာရှင်တွေ ကယူဆ

ထားကြပါတယ် ။
.............................................................. တော်ပါပေတယ် ကိုနိုင်ငံကြီးသား တို့ ရယ်......သူများပစ္စည်း ကိုဖြောင်တဲ့နေရာမှာ...။ အဲဒီလို လက်စ လက်နှ ဖျောက်တာတော်

လွန်းလို့ လည်း အခုဆိုရင် ကျတော် တို့ နိုင်ငံ ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ နန်းစဉ် ရတနာတစ်ပါးလည်းဖြစ် ၊ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းလည်း ဖြစ်တဲ့ ပထ္ထမြား ငမောက် ဟာ

ခြေရာလည်းပျောက် ရေလည်း နောက်ခဲ့ ရပြီကော.........။ ကျတော် ကတော့ ....ဘယ်မှာလဲ.....မင်းဘယ်မှာ လဲ ကွယ်...ဆိုတဲ့ ကိုမင်းနောင် သီချင်းထဲ ကလို

ဘယ်မှာလဲ...မင်းဘယ်မှာလဲ ကွယ့် ငမောက်ကြီး ရယ်.....လို့ သာ ကမ္ဘာကြီး တုန်သွားအောင် အော်ဟစ် လိုက်ချင်ပါတော့ တယ်ခင်ဗျာ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။