“အိမ်လွမ်းငှက်တကောင်ရဲ့ ရင်ခွင်တမ်းခြင်း”
========================
မေမေ….
...
တမ်းတလို့ နေမိပါတယ်
ရင်ခွင်နွေးနွေးလေးထဲမှာ တမှေးလောက်အိပ်စက်ခွင့်
သား……. အရမ်းပဲလိုချငိမိပါတယ် မေမေ…
မေမေ…..
လောကဓံနဲ့ လူတွေကြား
နေစရာသားအတွက်ရှားပါတယ်
ငြိုငြင်ခြင်းကင်းမဲ့  ကြင်နာခြင်းများစွာနဲ့ 
မေမေ့ အေးရိပ်နဲ့ အိမ်ကလေးထဲ
အမြန်ပြေးပြီးတော့သာ ခိုလှုံလိုက်ချင်တယ်…
မေမေ…..
တချိန်ကအာခံခဲ့တဲ့သား ခုများတော့ 
မေမေ့ စကားနာကြားချင်နေပါပြီ
ကိုယ့် အတွက်ကိုမကြည့် သားအတွက်ဆိုတာပဲသိတဲ့ မေမေ
ငယ်စဉ်ကတည်းက မကောင်းမှုပြင် ကောင်းမှုလေးတွေသင်လို့ 
လိုအင်ဟူသမျှ ပြီးပြည့် စုံစေခဲ့ တဲ့ မေမေ
ခုများတော့ တကယ်လိုအပ်လို့ နေပါတယ် မေမေရယ်….
မေမေ….
ကျေးဇူးတရားအလွန်ကြီးမားလို့ 
သည်ကျေးဇူးတွေ မမေ့ဘူးဆိုတာ သိရလေအောင်
သား…ပြန်လာချင်ပြီမေမေ
ဒါပေမယ့်…..
အတောင်ရှိလျှက် ဆန့် ထုတ်ရခက်နေတဲ့ အဖြစ်ပါမေမေရယ်
ဇရာကထုထောင်းလို့ ပါးရေတွေတွန့် 
အိုမင်းခြင်းဒုက္ခတွေခံစားနေရမဲ့ အဖြစ်
ဒီအချိန် မေမေ့ အနားခစားနေခွင့် မရှိတဲ့ သားအဖြစ်က
ဆို့ နင့် လို့ နေပါတယ်မေမေရယ်….
တစ်နေ့ များတော့ …..
မေမေ့ အပါး တစ်ဖ၀ါးမှမခွါပါပဲ မေမေ့ ကျေးဇူးတွေဆပ်ဖို့ 
သား ပြန်လာခဲ့ ပါမယ်မေမေ…. ။
------------------------------ -------------
http:// aungkyawsoemm.wordpress.com/

------------------------------
http://

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။