နှလုံးကျန်းမာရေးနှင့် ဗီတာမင်အီး
=================
သဘာဝ ဗီတာမင်အီး ဖြည့်စွက် အားဆေးဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ နှလုံးရောဂါကို ကာကွယ်ဖို့ သာမက ကင်ဆာရောဂါနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။
...
တစ်နေ့မှာ သဘာဝ ဗီတာမင်အီး ၄၀၀ အိုင်...ယူကို ၁၈ လကြာ သောက်သုံးရာ နှလုံးရောဂါ ထနိုင်ခြေကို ၇၇ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း လေ့လာမှု တစ်ခုအရ သိရပါတယ်။ ဗီတာမင်အီးဟာ အင်တီ အောက်ဆီးဒင့် အဖြစ် အလုပ် လုပ်ရုံသာမက ရောင်ရမ်းမှုကိုလည်း လျော့ကျ စေတာကြောင့် ခန္ဓာကိုယ် ကျန်းမာရေး အတွက် အကျိုးရှိပါတယ်။
နှလုံးရောဂါဟာ နှလုံးသွေးကြောတွေ ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ ရောင်ရမ်းမှုဆိုတာ ခန္ဓာကိုယ်ထဲကို ကူးစက်ပိုး ဝင်တဲ့အခါ ကိုယ်ခံစွမ်းအား စနစ်ရဲ့ တုံ့ပြန်တဲ့ ရလဒ် တစ်ခုပါပဲ။ ကူးစက်ပိုးတွေက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်ထဲကို စုပုံ ရောက်ရှိ လာရင် သွေးဖြူဆဲလ်တွေက တိုက်ခိုက်တာကြောင့် သွေးကြောတွေ ရောင်ရမ်းမှု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အစွမ်းထက် အင်တီအောက် ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးကို မှီဝဲပေးတာကြောင့် ဖရီးရယ်ဒီ ကယ်တွေ ကင်းဝေးကာ ရောင်ရမ်းမှု သက်သာသွားမှာ ဖြစ်ပါတယ်။
---
Ref; Health Articles
http://on.fb.me/10U7k3z

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။