Seaman
Nayminthu on
Saturday, October 13, 2012 at 8:39pm ·
ဘဝရေစီးကြောင်းမှာ
ဝေ့ဝိုက်မျောပါရင်း ကျောက်ဆူးတစ်ခုနဲ့ ချိတ်ဆက်ရစ်တွယ်မိရာက ကမ်းကပ်သောင်တင်ကာ
ဝပ်ကျင်းသစ်လေးတစ်ခု ထပ်မံရရှိသွားသော လူငယ်လေးတစ်ဦး အကြောင်း……
ဒီနေ့….အဆောင်ထပ်ပြောင်းရတယ်.. ကျွန်တော်တို့အဖွဲ့က လူ ၁၀
ယောက်လောက်ရှိပါတယ်...
မနက်ပိုင်း ရုံးမသွားတော့ပဲ ဖယ်ရီကားပေါ်
သေတ္တာတွေကို အဓိကထားတင်ပါကြပြီး ပြောင်းရွေ့ရမယ်. (နှစ်ထပ်ဆောင်)
အဆောင်(၄)ရဲ.ပထမအထပ်ကို သေတ္တာတွေ တင်ကြရတာပေါ့…..
အသက်ကြီးတဲ့ လူတွေလည်း မချောင်လှပါဘူး။
ရာသီပြင်းတော့ ချွေးတွေလည်းတော်တော်ထွက်နေကြ တယ်။ လေးတဲ့သေတ္တာတွေကို ကျနော်တို့
အငယ်လေးယောက်က အဓိကထားသယ်ဆောင်ပေးရ ပါတယ်... ပစ္စည်းပစ္စယတွေက သိပ်မနည်းလှပါ။
ဘာမှမဟုတ်တဲ့ ကျနော်လို ဥတစ်လုံးဖျာတစ်ချပ် ကောင်မှာတောင်
သေတ္တလေးလုံးရှိနေပါတယ်..
အထူးသဖြင့် ကျနော်ရဲ့စာအုပ်သေတ္တာကြီးက
အလေးဆုံးပါ...
ခုလို နေရာတွေဟိုဒီပြောင်းရတိုင်း
ကိုယ့်အိမ်ကိုယ်ယာကိုယ်မိသားစုလေးနဲ့ အခြေအတည်တစ်ကျ နေချင်တဲ့စိတ်ကလေး
ပေါ်လာမိပါတယ်... ဒါကလည်း ဟိုဒီခဏခဏ ကားနဲ့ ရထားနဲ့ သဘောင်္နဲ့ ကုန်းတစ်တန် ရေတစ်တန်..
ခရီးအဝေးကြီးတွေပြောင်းရွေ.ရတိုင်း နေရာတစ်ခုမှာအတည်တစ်ကျ သတ်သတ်မှတ်မှတ်
ကျောက်ချရပ်နားချင်တဲ့ စိတ်ကူးလေးထထပေါ်လာတတ်တာပါ...
ခဏနေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြန်ရော..။
ဝန်ထမ်းဘ၀မို့ ကမ်းနားသစ်ပင်လိုပါပဲ... အမိန်အရ ပြောင်းရရွေ့ရတာပဲလေ...ခုတော့
နေသားကျနေပါပြီ..အဲဒီ ကမ်းနားသစ်ပင် ခြေသလုံးအိမ်တိုင် ဘ၀လေးကို..။
ဒီလိုပဲလေ ဘ၀ဆိုတာ မလိုချင်တဲ့ ဘ၀တွေလည်း
ရနေတတ်တာကိုး....။ အဲလို ပြောင်းရရွေ့ရတာတွေကို စိတ်ကုန်လို့ ဘယ်တော့မှ
ပြောင်းရွေ့ချင်တဲ့မြို့ကို ဘော်လန်ဒီယာ Volunteer တင်လျာက်လေ့ မရှိပါဘူး။
မလွှဲသာလို့ ပြောင်းဆိုမှ အထုပ်ဆွဲထပြောင်းတတ်ပါတယ်...
ကျွန်တော်ရဲ့ပင်ကိုယ်စိတ်က နေရာအသစ်ထက်
နေသားကျနေတဲ့ နေရာဟောင်းလေးတွေမှာပဲ သံယောဇဉ် တွယ်နေတတ်လေ..။
ကျနော်တို့ ပထမအဆောင်ပေါ်မှာ
သန့်ရှင်းရေးအရင်လုပ်ကြပါတယ်....တံမျက်စည်းလှဲ ဖုန်တွေခါထုတ် ပင့်ကူမျှင်တွေရှင်း
အမှိုက်တွေ အောက်ထပ်ဆင်းပစ်နဲ့ပေါ့။ ပထမအဆင့်ပြီးမှ ကိုယ်နေမယ့် နေရာလေးတွေ
ရွေးကြပါတယ်...
ကျနော် နည်းနည်းလောဘကြီးသွားတာကိုတော့
ဝန်ခံရပါမယ်... နှစ်ထပ်ဆောင်ရဲ့ ခေါင်းရင်းပြတင်းပေါက် ထဲကို အမျိုးအမည်မသိ
သစ်ကိုင်းလေးကတစ်ဖျတ်ဖျတ် ဆော့ကစားနေတာကို တွေ့လိုက်ပါတယ်... ကျနော်
သစ်ရွက်ကလေးတွေကို ကိုင်ကြည့်တော့...အရမ်းကိုနူးညံ့လွန်းလှတာကို ခံစားမိပါတယ်...
ဘာပင်မှန်း မသိပါဘူး။ အသီးလေးတွေလည်းရှိတယ်...
လေတိုက်တဲ့အခါ အသီးလေးတွေနဲ့ အရွက်ကလေးတွေဟာ ... .
တဖျတ်ဖျတ်နဲ့ ကျနော့်ကို ယပ်ခပ်ပေး နေသလိုပါပဲ ။ ကျနော့် ဆရာသမားတွေကို
ဘာမှခွင့်မတောင်း မိတော့ပါဘူး။ အမေနဲ့အဖေ့ ပုံတူပန်းချီကား လေးကို
အဲဒီပြတင်းပေါက်ဘေးက သံချွန်မှာချိတ်ထားလိုက် မိပါတယ်...ကျနော်နေမယ့် နေရာလေးပေါ့..
ဘွတ်ကင်ချိတ်ထားလိုက်တာလေ...မပိုင်ဘူးလား...ကျနော့် အကြံက.. ကောင်းတော့
မကောင်းပါဘူး။
အဲလို လောဘကြီးတာလေ....သစ်ပင်လေးနဲ့
ဝေးသွားမှာလည်းစိုးတာလည်းပါတယ်။
တခြားလူတွေကလည်း မီးချောင်းနဲ့နီးတဲ့နေရာ
မျက်နှာကျက်မှာ တပ်ထားတဲ့ ပန်ကာနဲ့နီးမယ့်နေရာ မိမိစိတ်ကြိုက် ရွေးချယ်နေကြပါပြီ။
တော်ပါသေးရဲ့.. ကျနော့်သစ်ပင်လေးကို စိတ်မ၀င်စားကြလို့…
ကျနော်အိပ်ယာခင်းမယ့် နေရာပတ်ဝန်ကျင်းကို
ရေပတ်တိုက်ပြီး ညအိပ်ဖို့အတွက် အိပ်ယာခင်းတွေ ပြင်ဆင်ထားလိုက်ပါတယ်...အဲဒါပြီးတော့
နေ့လယ် ၁၁ နာရီးထိုးနေပါပြီ .. ခန္ဒာကိုယ်က ညစ်ပေနေလို့
ရေချိုးဖြစ်ပါတယ်...ရေချိုးပြီးတော့ ကျနော်တို့ အဆောင်အနီးက ဈေးထဲမှာ
သူငယ်ချင်းနဲ့အတူ နေ့လည်စာ ထွက်စားဖြစ်ပါတယ်။ ညနေရုံးမတက်ဖြစ်တော့ပါဘူး.....
ထမင်းစားပြီး အချို....
ထိုင်နေကျလက်ဖက်ရည်ဆိုင်မှာ တည်းလိုက်ပါတယ်.. ၀ယ်လာတဲ့ ဘောလုံးဂျာနယ်ကို ဖတ်တယ်။
မိုက်တယ်၊။ ဒီနှစ် ပရီးမီယားလိ...မန်စီးတီးရသွားလို့ အရမ်းကျေနပ်နေတယ်..။
မန်းစီး တီးပရိသတ်တော့မဟုတ်ပါဘူး။ သူတို့က
တစ်ရာသီလုံး ချန်ပီယံခြေစွမ်းနဲ့ ထိုက်တန်ပါတယ်... နောက်ပြီး ဒုတိယနေရာက
မန်ယူအသင်းကိုလည်း အိမ်ကွင်း အဝေးကွင်းနှစ်ကျော့လုံး နိင်ထားလို့ ပိုပြီးတော့
ချန်ပီယံဖြစ်စေချင်တာပါ...
QPR နဲ့ ပွဲမှာ မန်စီးတီးအသင်းသားတွေ
ရုန်းကန်သွားပုံကလည်း တော်တော်ကို ရသမြောက်လွန်းပါတယ်...
ထားပါတော့ဒါတွေ.....ကျနော့်ဝပ်ကျင်းလေးတွေထ
ံပြန်သွားကြရအောင်နော။
ကျနော်ငယ်ငယ်ကနေ ၁၀ တန်း အောင်တဲ့အထိ
ကျနော်တို့ရွာက အမေ့အိမ်လေးမှာ ညီလေးတွေနဲ့
ဘုရားခန်းမှာ အတူအိပ်စက်
ခဲ့ကြရတာပါ...ကလေးဘ၀ဆိုတော့ ကိုယ့်အိပ်ရာကို ချစ်ရကောင်းမှန်း မသိခဲ့ပါဘူး။
ညရောက်လို့ အိပ်ကြရတယ်.....ဒီလောက်ပဲတွေးတတ်ခဲ့တာလေ....
၁၀ တန်းအောင်ပြီး အိမ်ပြေးလုပ်ရင်း လူဘ၀ထဲကို
စတင်ဝင်ရောက်မှ.. ကျနော့်ဝပ်ကျင်းလေးတွေဟာ ငယ်ငယ်ကဘ၀လို အတည်တကျ
ရှိမနေနိုင်တော့ပါဘူး...
ပထမ.... အလွန်အေးခဲတဲ့ မိုးကုတ်မြေရဲ့
ဝပ်ကျင်းလေးတစ်ခုမှာ ကာလကြာကြာ ၀င်ပြီးအိပ်စက်ခဲ့ဖူးပါတယ်... ကျနော့်အိပ်ရာလေးက
ဓာတ်ဆီ ဒီဇယ် အင်ဂျင်ဝိုင် ပီပါတွေဝိုင်းရံထားတဲ့ နေရာကျဉ်းကျဉ်းလေးရဲ့ ကုတင်
သေးသေးလေးပေါ်မှာ ဂွမ်းကပ်စောင်ထူထူတွေနဲ့ ခြုံကွေးခဲ့ရတာပါ...ခုတွေးလိုက်ရင်
ခုတောင် ဒီဇယ်နံ့ တွေ.. ပြန်ရနေသလိုပါပဲ...
အဲဒီကနေ မဟာရန်ကုန်မြို့ရဲ့ လူဦးရေထူထူ
လိုင်းခန်းတွေထဲမှာလည်းနေခဲ့ဖူးပါတယ်... ကျနော့် အိပ်ရာလေးထဲမှာ ဘယ်တော့မှ
လေကောင်းလေသန့် မရခဲ့ပါဘူး။ တစ်ဖက်ခန်းရဲ့ ညှော်နံ့တွေ၊ တစ်ဖက်ခန်းရဲ့
ရန်ဖြစ်သံတွေ၊ ကျနော့်အခန်းလေးထဲက ခိုငြီးသံတွေ မိုးရွာတဲ့ညတွေမှာ
မိုးရေစက်တွေကျနေလို့ ကောင်းကောင်း အိမ်မပျော်ခဲ့ပါဘူး။
အဲလို အိမ်မပျော်တဲ့ညတိုင်း ငါဘာလို့ ဒီလို
သူစိမ်းတရံတွေနေတဲ့ ၀ပ်ကျင်းလေးထဲမှာ တစ်ယောက်တည်း ရှိနေရတာလဲလို့လည်း တွေးမိပါတယ်။
အဲလို တွေမိတိုင်းလည်း အိမ်ကိုလွမ်းမိတတ်ပါတယ်.. ခုချိန်ဆို ညီလေးတွေ
အိပ်နေရောပေါ့… အမေတို့ကော ငါ့ကိုသတိရနေကြလားမသိဘူး စသဖြင့် တွေးရင်း နိစ္စဓူဝတွေကို
သမိုင်းပေးတာဝန်အရ လူတစ်ယောက်က လျောက်လှမ်းနေရတာပဲလေ ....
ဘာလို့ ဘ၀ကို ခုလိုရပ်တည်နေရတာလဲဆိုတာ
ကျနော်တောင်တစ်ခါတစ်လေ မတွေးဖြစ်ခဲ့ပါဘူး။ အဲဒီ.. မျက်နှာကျက်က ခိုပေါက်တွေ
အမှိုက်တွေ ခဏခဏ ပြုတ်ကျတဲ့ ၀ပ်ကျင်းလေး...
ပြီးတော့ မျက်နှာကျက်က ထပ်ခိုးစင်ပေါ်မှာ ခိုတွေလို
တက်တက်ကွေးရတဲ့ ၀ပ်ကျင်းလေးတစ်ခုမှာလည်း
ကျနော် ညစဉ် အိပ်စက်ခဲ့ဖူးပါတယ်... အိမ်မက်
မက်ချိန်တောင်မရ ...။ လွမ်းချိန်မရတဲ့ ၀ိတ်တာဘ၀လေ..။ ဆိုင်ရှင်အဘွားကြီးက
မနက်ဆို...ကျနော့်ကို မီးခိုးမှိုင်းတိုက်ပြီး နှိုးတတ်ပါတယ်...
နောက်ပြီး ခုလိုပူပြင်းတဲ့ ရာသီတွေရောက်တိုင်း
အဲဒီ ထပ်ခိုးပေါ်က ၀ပ်ကျင်းလေးဟာ.. ညအိပ်မရအောင်ကို ပူပြင်းပြီး
အသက်ရှူကျပ်ရပါတယ်...ဘယ်တတ်နိင်မှာလဲ ..ကျနော့်မှာ အိပ်ဖို့
ကိုယ်ပိုင်ဝပ်ကျင်းမှမရှိတာကို။ နောက်တစ်ခါ မှတ်မှတ်ရရ ၀ပ်ကျင်းလေးက အရက်ဖာတွေကို
အောက်ကခံပြီး အိပ်ခဲ့ရတာကိုပါ။ ကျနော် ကျောတစ်ခါလှုပ်လိုက်တိုင်း
ဖာထဲကအရက်ပုလင်းခွံတွေက တဂျက်ဂျက်နဲ့ ထမြည်နေတတ်ပါတယ်... ကျနော်ရှောင်လင်ကျောင်းမှာ
ကွန်ဖူးကျင့်နေသလား မှတ်ရပါတယ်... ကျနော်ကလည်း အိပ်ရေးတော်တော်
ငြိမ်ပါတယ်...ဖာတွေပေါ်က တစ်ခါမှ လိမ့်မကျခဲ့ပါဘူး။ နောက်ပြီး ကျနော့်ကြောင့်
အောက်မှာ အိပ်ပျော်နေတဲ့ သူငယ်ချင်းတွေ တစ်ခါမှ လန့်မနှိုးခဲ့ပါဘူး... တစ်ခါတစ်လေ
သူတို့ကြောင့် ကျနော်အိပ်ပျက်သွားတဲ့ ညတွေပဲ ရှိနေခဲ့တာပါ...။
ကျနော်အကြိုက်ဆုံး အိပ်ရာလေးက..ရန်ကုန်
ကမ်းနားလမ်းက လူပျိုဆောင်ကလေးမှာပါ... ခုလိုပဲ ခေါင်းရင်းပြတင်းပေါက်ကလေးနဲ့
နီးပါတယ်...မနက် ၈ နာရီ ခွဲလောက်ဆိုရင်... ခေါင်းရင်း ပြတင်းပေါက်မှန်ကို ဖြတ်ပြီး
မနက်ခင်း အလင်းရောင်လေးတွေ ခြင်ထောင်ထဲက ကျနော်မျက်နှာပေါ် အတည့်ကို လိုက်တင်ထိုး
ပေးတတ်ပါတယ်...
အဲ့ဒီ အလင်းရောင်လေးက နော်မျက်နှာပေါ်ကျတိုင်း
ကျနော်အိပ်ရာက နိုးတတ်ပါတယ်... မနက်ခင်း အလင်းရောင်လေးရဲ့ စူးရှတဲ့ အနမ်းဟာ
ကျနော်ရဲ့သဘာဝတရားကြီးက လက်ဆောင်ပေးတဲ့
နှိုးစက် ကလေးပေါ့…
အဲဒီအလင်းရောင်လေးကျလာတိုင်း ကျနော်
ခြင်ထောင်ထဲမှာထထိုင်ဖြစ်တယ်....နောက် ပြတင်းပေါက်ဆီမှ စာကလေးအော်သံနဲ့
လေးညှင်းလေးတွေ ထပ်ပြီးဝင်လာတတ်တယ်။ ခြင်ထောင်ထဲမှာခဏထိုင်ပြီး...
ကျနော်မျက်နှာသစ်၊ ရေးချိုး ၊ ကင်တင်းမှာမနက်စာစား၊ ရုံးသွား...ကွက်တိပါပဲ။
ကျနော့် အတွးမှာမှတ်မိသမျှ ၀ပ်ကျင်းလေးတွေက
ဒီလောက်ပါပဲ။ ဒီထက်မကသော မေ့လျော့နေခဲ့တဲ့ ကျနော်ရဲ့ဝပ်ကျင်းလေးတွေများစွာ
အတိတ်မှာရှိနေခဲ့ဖူးမှာပါ။
ယခု ပစ္စုပ္ပန် ရောက်ရှိနေတဲ့ ၀ပ်ကျင်းလေးက....
မိုက်ပါတယ်။ ခေါင်းရင်းမှာ လေ၀င်လေထွက်ကောင်းတဲ့ ပြတင်းတံခါးပေါက်လေးရှိတယ်...
ပြတင်းတံခါးပေါက်လေးတည့်တည့်မှာ ရပ်ပြီး ကျနော့်ကို အေးမြခြင်းတွေ ပေးမယ့်.. ကျနော်
အချစ်ဆုံးသူငယ်ချင်း အမည်မသိသစ်ပင်လေးတစ်ပင်လည်း ရှိနေတယ်လေ..။
အတိတ်မှာလည်း ဒီလိုလှပကျေနပ်ဖွယ်ကောင်းတဲ့
ဝပ်ကျင်းလေးမှတဆင့် ဘယ်လို အသိုက်အမြုံ ၀ပ်ကျင်းလေးထံကို ဘယ်နှစ်ကြိမ်မြောက် ဆက်၍
ဆက်၍ ပြောင်းရွေ့ခဲ့ရဘူးပြီးလဲ... မမှတ်မိတော့ ပါဘူး..
ကျနော့် ဘ၀က ဒီလိုပါပဲ ..... အသေအချာပြဌာန်းထားတဲ့
တိကျသေချာတဲ့ မာတိကာရှိမနေဘူးလေ... အဲဒီအတွက် နောင်တလည်းမရမိပါဘူး။
ကျနော်မှ...ဘာမှမလုပ်တတ်တာ... ခုရပ်တည်နေတဲ့ ကျနော် ပိုင်ဆိုင်ထားတဲ့ ဘ၀လေးက
ကျနော်တတ်နိင်သမျှ အကောင်းဆုံး ဖန်တီးရပ်တည်းထားတဲ့ ဘ၀လေးမို. ကျနော့်ကိုယ်ကျနော်
ကျေနပ်လက်ခံပါတယ်။
ဘာဖြစ်ဖြစ်ပေါ့…. ကျနော် ညအိပ်ခဲ့ဘူးတဲ့
ကျနော်နေထိုင်ခဲဖူးတဲ့ အတိတ်မြေက ၀ပ်ကျင်းလေးတွေကော... ယခု
ပစ္စုပ္ပန်ဝပ်ကျင်းလေးတွေကော... နောင်ပြောင်းရွေရမယ့် ၀ပ်ကျင်းလေးတွေကိုပါ ကျနော်
အမြဲသတိတရ ချစ်ခင်နေမိမယ် ထင်ပါတယ်။ ။
ကေဒါ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။