#ဝါရင့်ဘန့်ဖတ် (Warren Buffett) ရဲ့ ပိုက်ဆံစကား
++++++++++++++++++++++++++ ++++++%
ချမ်းသာဖို့ အခြေခံအကျဆုံးလျှို့ဝှက်ချက်ကတော့ မချမ်းသာသေးခင်မှာ စိတ်ဆန္ဒလိုအပ်ချက်တွေကို ထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။***
ကမ္ဘာ့တတိယအချမ်းသာဆုံးသူဌေး ကြီး
ဝါရင့်ဘန့်ဖတ် (Warren Buffett) ဆိုရင် ပုဂ္ဂလိကဂျက်လေယာဉ်ကုမ္ပဏီ NetJets
ကို တည်ထောင်ထားပေမယ့် ခရီးသွားတဲ့အခါမှာတော့ အပိုငွေမကုန်အောင်လို့
ကိုယ်ပိုင်ကားလေးနဲ့ပဲ သွားပါတယ်။ အဲဒီတော့ ငွေကြေးကိစ္စနဲ့ပက်သက်ပြီးတော့လည်း ဝါရင့်ဘန့်ဖတ်ဆီကနေ ဘာတွေသင်ခန်းစာယူရမလဲဆိုတာကို တင်ဆက်လိုက်ပါတယ်။
၁။ စွန့်ဦးတီထွင်တစ်ယောက်လို တွေးခေါ်ပါ။
ဝါရင့်ဘန့်ဖတ်ဟာ ၁၃နှစ်ကတည်းက အခွန်ဆောင်လာတဲ့သူပါ။ ကလေးအရွယ်တုန်းမှာ ဘာတွေလုပ်ရသလဲဆိုရင် တစ်အိမ်ဆင်းတစ်အိမ်တက် သတင်းစာလိုက်ပို့တယ်၊ ဆိုဒါလိုက်ရောင်းတယ်၊ ပီကေလိုက်ရောင်းတယ်စသဖြင့်ေ ပါ့။ ရောင်းလို့ရတဲ့အမြတ်ငွေတွေကို စုဆောင်းပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားနေတယ်။ ၁၃နှစ်သားတုန်းက သူများတွေ ကိုယ်ထူကိုယ်ထအလုပ်လုပ်နေတု န်းမှာ ကျွန်တော်တို့တွေ မိဘဆီမှာ လက်ဖြန့်တောင်းနေတုန်းပဲရှိ ပါသေးတယ်။
၂။ ရှာနိုင်တာထက် လျှော့သုံးပါ။
ဝါရင့်ဘန့်ဖတ်ဆိုရင် အခုချိန်ထိ McDonald’s ကနေ ၂.၉၅ဒေါ်လာပဲကျန်ကျမယ့် မနက်စာကို စားနေဆဲပါ။ မလိုအပ်တာတွေကို ဝယ်ယူနေမယ်ဆိုရင် လိုအပ်တာတွေကို ထုတ်ရောင်းရမယ်ဆိုတဲ့ သူ့ရဲ့ဒဿနအတိုင်းပါပဲ။ ၁ထောင်တန်ထမင်းဆိုင်မှာစားေ နရာကနေ ဝင်ငွေလေးကောင်းလာတော့ မစားချင်တော့ဘူး၊ ၂ဝဝဝတန်ဆိုင်ကို ပြောင်းစားချင်လာတယ်ဆိုတဲ့လူတွေ အတုယူစရာပါ။
၃။ တစ်စတစ်စ တိုးပွားပါစေ။
စီးပွားရေးလုပ်တဲ့နေရာမှာဆိုရင်လည်း ချွေချွေတာတာစုဆောင်းပြီးတော့ ဆပွားတိုးတက်အောင် စွမ်းဆောင်သင့်ပါတယ်။ မသေချာတဲ့အလုပ်မျိုးကို မလုပ်ဘဲနဲ့ ကိုယ့်အတွက် အမြတ်သေချာတဲ့အလုပ်တွေကိုသာ သေချာလုပ်မယ်ဆို တစ်စတစ်စတိုးပွားလာမှာပါ။
၎။ အချိန်ရှိသလောက် လေ့လာပါ။
ဝါရင့်ဘန့်ဖတ်ဟာ အားလပ်ချိန်တိုင်းမှာ စာဖတ်တာတွေ၊ ရင်းနှီးမယ့်ကုမ္ပဏီတွေအကြော င်းလေ့လာတာတွေ
လုပ်လေ့ရှိပါတယ်။ တစ်နေ့ကို စာမျက်နှာ ၅ဝဝလောက် ဖတ်လေ့ရှိတယ်၊
အားလပ်ချိန်ရဲ့ ၈ဝရာခိုင်နှုန်းကို စာဖတ်လေ့ရှိတယ်။ သူ့ရဲ့လက်သုံးစကားက
“ပိုသိလေ ပိုရွေးချယ်နိုင်လေ”။ ကျွန်တော်တို့တွေမှာတော့ အချိန်ရတုန်း
မလေ့လာဘဲနဲ့ ငါသိငါတတ်ထင်နေတတ်ပါတယ်။
၅။ ပေါချောင်ကောင်း ရှာတတ်ပါစေ။
ဝါရင့်ဘန့်ဖတ်ဆိုရင် ဈေးကွက်မှာ အောက်ကြေးနှိုက်ပြီး ကုမ္ပဏီတွေကို ဝယ်ယူရင်းကနေ တဖြည်းဖြည်းချမ်းသာလာတာလေ။ သတ်မှတ်တန်ကြေးထက် ပိုနည်းတဲ့အရာတွေကို စုဆောင်းတတ်တာကလည်း ချမ်းသာဖို့ နည်းလမ်းပါပဲ။ အဲဒီတော့ ကျွန်တော်တို့တွေ အဝတ်အစားဝယ်မယ်ဆိုရင်လည်း တစ်ထည် ၅ဝဝဝတန်ဆိုင်ကို ပြေးသင့်ပါတယ်။
၆။ ရေရှည်အတွက် လုပ်ကိုင်ပါ။
ဝါရင့်ဘန့်ဖတ်ဟာ ၁၉၆ဝကတည်းက America Express မှာ ဝယ်ထားတဲ့ရှယ်ယာတွေကို အခုချိန်ထိ ဘယ်သူ့ကိုမှ မရောင်းချသေးပါဘူး။ ပုံမှန်အမြတ်အစွန်းထွက်နေတဲ့ အရာတွေကို
လက်မလွှတ်တတ်တဲ့သဘောပါ။ အဲဒီတော့ ကျွန်တော်တို့တွေလည်း အမြီးရ အမြီးစား
ခေါင်းရ ခေါင်းစားအကျင့်တွေ ပယ်ဖျောက်ပြီးတော့ ရှေရှည်အတွက်ပဲ
စဉ်းစားကြပါစို့လား။
၇။ မသေချာရင် မလုပ်နဲ့။
စီးပွားရေးလုပ်မယ်ဆိုရင် တစ်လဝင်ငွေ ဘယ်လောက်၊ တစ်နှစ်ဝင်ငွေ ဘယ်လောက်ဆိုပြီး သေချာမသတ်မှတ်နိုင်သေးတဲ့အလုပ်မျိုးကို မလုပ်ပါလေနဲ့။ အမြတ်ငွေသေချာသတ်မှတ်နိုင်မ ယ့်အလုပ်မျိုးကို ရွေးချယ်နိုင်မှသာ အောင်မြင်မယ်လို့ ဆိုပါတယ်။
၈။ လမ်းရိုးအတိုင်း မလိုက်လေနဲ့။
“သူများလုပ်သလို လုပ်ရင် ၊ သူများ ရသလိုပဲရမှာပဲ။ အဲဒီတော့ သူများလောဘကြီးနေတဲ့အချိန်မှာ ဘာမှမလုပ်နဲ့၊ သူများမလုပ်သေးတဲ့အချိန်မှာ
တီထွင်ကြံဆံတတ်ပါစေ” ဆိုပြီး ဝါရင့်ဘန့်ဖတ်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို
သင်ကြားလေ့ရှိပါတယ်။ ဒီစကားကလည်း ကျွန်တော်တို့မြန်မာမှာ “ဦးရင် ဦး ၊
မဦးရင် ထူး” ဆိုတဲ့ စကားနဲ့ ကိုက်ညီမယ်ထင်ပါတယ်။
၉။ Safety First ပါပဲ။
“ကျွန်တော့်မှာ စည်းကမ်းချက် နှစ်ခုပဲ ရှိပါတယ်။ စည်းကမ်းချက် (၁) ရှယ်ယာငွေတွေကို လုံးဝမဆုံးရှုံးပါစေနဲ့။ (၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ ငါးစာနောက်လိုက်ပြီးတော့ ငါးမျှားချိတ် မမြင်တာမျိုး မဖြစ်ပါစေနဲ့၊ အမြတ်သေချာတဲ့အလုပ်ကို ရေရှည်လုပ်ပါ။ အဲဒီနည်းနဲ့ ကျွန်တော်ချမ်းသာလာတာ” လို့ ဝါရင့်ဘန့်ဖတ်က ဆိုပါတယ်။
ကဲ . . ဒါတွေကတော့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပက်သက်ပြီးတော့ စတော့ဈေးကွက်မှာကဝေလို့တော င် တင်စားခံရတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ လမ်းညွှန်ချက်တွေပဲဖြစ်ပါတယ် ။ စာဖတ်သူတွေအတွက် အကျိုးရှိမယ်ထင်လို့ တင်လိုက်တာပါ။
#ပေတူး
ရာမညမြေ
++++++++++++++++++++++++++
ချမ်းသာဖို့ အခြေခံအကျဆုံးလျှို့ဝှက်ချက
ကမ္ဘာ့တတိယအချမ်းသာဆုံးသူဌေး
၁။ စွန့်ဦးတီထွင်တစ်ယောက်လို တွေးခေါ်ပါ။
ဝါရင့်ဘန့်ဖတ်ဟာ ၁၃နှစ်ကတည်းက အခွန်ဆောင်လာတဲ့သူပါ။ ကလေးအရွယ်တုန်းမှာ ဘာတွေလုပ်ရသလဲဆိုရင် တစ်အိမ်ဆင်းတစ်အိမ်တက် သတင်းစာလိုက်ပို့တယ်၊ ဆိုဒါလိုက်ရောင်းတယ်၊ ပီကေလိုက်ရောင်းတယ်စသဖြင့်ေ
၂။ ရှာနိုင်တာထက် လျှော့သုံးပါ။
ဝါရင့်ဘန့်ဖတ်ဆိုရင် အခုချိန်ထိ McDonald’s ကနေ ၂.၉၅ဒေါ်လာပဲကျန်ကျမယ့် မနက်စာကို စားနေဆဲပါ။ မလိုအပ်တာတွေကို ဝယ်ယူနေမယ်ဆိုရင် လိုအပ်တာတွေကို ထုတ်ရောင်းရမယ်ဆိုတဲ့ သူ့ရဲ့ဒဿနအတိုင်းပါပဲ။ ၁ထောင်တန်ထမင်းဆိုင်မှာစားေ
၃။ တစ်စတစ်စ တိုးပွားပါစေ။
စီးပွားရေးလုပ်တဲ့နေရာမှာဆု
၎။ အချိန်ရှိသလောက် လေ့လာပါ။
ဝါရင့်ဘန့်ဖတ်ဟာ အားလပ်ချိန်တိုင်းမှာ စာဖတ်တာတွေ၊ ရင်းနှီးမယ့်ကုမ္ပဏီတွေအကြော
၅။ ပေါချောင်ကောင်း ရှာတတ်ပါစေ။
ဝါရင့်ဘန့်ဖတ်ဆိုရင် ဈေးကွက်မှာ အောက်ကြေးနှိုက်ပြီး ကုမ္ပဏီတွေကို ဝယ်ယူရင်းကနေ တဖြည်းဖြည်းချမ်းသာလာတာလေ။ သတ်မှတ်တန်ကြေးထက် ပိုနည်းတဲ့အရာတွေကို စုဆောင်းတတ်တာကလည်း ချမ်းသာဖို့ နည်းလမ်းပါပဲ။ အဲဒီတော့ ကျွန်တော်တို့တွေ အဝတ်အစားဝယ်မယ်ဆိုရင်လည်း တစ်ထည် ၅ဝဝဝတန်ဆိုင်ကို ပြေးသင့်ပါတယ်။
၆။ ရေရှည်အတွက် လုပ်ကိုင်ပါ။
ဝါရင့်ဘန့်ဖတ်ဟာ ၁၉၆ဝကတည်းက America Express မှာ ဝယ်ထားတဲ့ရှယ်ယာတွေကို အခုချိန်ထိ ဘယ်သူ့ကိုမှ မရောင်းချသေးပါဘူး။ ပုံမှန်အမြတ်အစွန်းထွက်နေတဲ
၇။ မသေချာရင် မလုပ်နဲ့။
စီးပွားရေးလုပ်မယ်ဆိုရင် တစ်လဝင်ငွေ ဘယ်လောက်၊ တစ်နှစ်ဝင်ငွေ ဘယ်လောက်ဆိုပြီး သေချာမသတ်မှတ်နိုင်သေးတဲ့အလ
၈။ လမ်းရိုးအတိုင်း မလိုက်လေနဲ့။
“သူများလုပ်သလို လုပ်ရင် ၊ သူများ ရသလိုပဲရမှာပဲ။ အဲဒီတော့ သူများလောဘကြီးနေတဲ့အချိန်မ
၉။ Safety First ပါပဲ။
“ကျွန်တော့်မှာ စည်းကမ်းချက် နှစ်ခုပဲ ရှိပါတယ်။ စည်းကမ်းချက် (၁) ရှယ်ယာငွေတွေကို လုံးဝမဆုံးရှုံးပါစေနဲ့။ (၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ ငါးစာနောက်လိုက်ပြီးတော့ ငါးမျှားချိတ် မမြင်တာမျိုး မဖြစ်ပါစေနဲ့၊ အမြတ်သေချာတဲ့အလုပ်ကို ရေရှည်လုပ်ပါ။ အဲဒီနည်းနဲ့ ကျွန်တော်ချမ်းသာလာတာ” လို့ ဝါရင့်ဘန့်ဖတ်က ဆိုပါတယ်။
ကဲ . . ဒါတွေကတော့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပက်သက်ပြီးတော့ စတော့ဈေးကွက်မှာကဝေလို့တော
#ပေတူး
ရာမညမြေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။