Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 14, 2017

လစာကောင်းတဲ့ Wall Street အလုပ်ကနေ ထွက်ပြီး Amazon ကို ထူထောင်ဖြစ်ဖို့ သူဌေးကြီး Jeff Bezos ကို ဘယ်အချက်တွေ က နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တာလဲ?

လစာကောင်းတဲ့ Wall Street အလုပ်ကနေ ထွက်ပြီး Amazon
ကို ထူထောင်ဖြစ်ဖို့ သူဌေးကြီး Jeff Bezos ကို ဘယ်အချက်တွေ
က နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တာလဲ?

CNBC

ရှေ့မှာ အောင်မြင်မလား၊ ကျဆုံးမလား ကြိုခန့်မှန်းလို့မရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ဖို့အတွက် လက်ရှိရထားတဲ့ လစာကောင်းပြီး သက်တောင့်သက်သာရှိလှတဲ့ အလုပ်ကို စွန့်လွှတ်တာမျိုးက လူတော်တော်များများအတွက်တော့ ကြောက်ရွံ့စရာ ကိစ္စတစ်ခု ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း Amazon တည်ထောင်သူ Jeff Bezos အတွက်ကတော့ အဲဒီလိုရွေးချယ်မှုမျိုးကိုမှ စွန့်စားရွေးချယ်ခဲ့ခြင်းကြောင့်လည်း နောက်ဆုံးမှာ သူ့ကို ဘီလျံနာသူဌေးကြီးတစ်ဦး ဖြစ်လာစေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

Los Angles က summit Series မှာ Bezos က သြူု့ဖတ်သန်းခဲ့တဲ့ ကာလတွေက တွေ့ကြုံခဲ့တာတွေရော၊ သူ့ရဲ့အောင်မြင်မှုမှာ ဘယ်အကြောင်းအရာတွေ အဓိက လွှမ်းမိုးနေလဲဆိုတာကို ပြောပြသွားပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက Bezos ဟာ Wall Street မှာ software engineer တစ်ဦးအနေနဲ့ အလုပ်လုပ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ Bezos က သူ့အနေနဲ့ အင်တာနက်စာအုပ်စတိုးတစ်ခုကို စလုပ်ချင်တယ်ဆိုပြီး သူ့ boss ကို ပြောခဲ့တယ်လို့ TechCrunch ရဲ့ အဆိုအရ သိရပါတယ်။ Bezos ရဲ့ ဆန္ဒနဲ့ပတ်သက်လို့ ဒါဟာ အိုင်ဒီယာကောင်းတစ်ခု ဖြစ်တယ်ဆိုပြီး သူ့ boss က ပြောခဲ့ပေမယ့် " ဒါက အလုပ်ကောင်းကောင်းမရှိတဲ့သူမျိုးအတွက်ကတော့ ပိုကောင်းတဲ့အိုင်ဒီယာဖြစ်မှာပေါ့" လို့ သူ့ကို ပြန်သတိပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို သူ boss ရဲ့အကြံပေးချက်ကို ရက်အနည်းငယ်လောက် Bezos ပြန်စဉ်းစားခဲ့ပြီး စိတ်ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင် ချဖို့ လုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ Bezos ဟာ သူ့ အသက် ၈၀ အထိ နေထိုင်သွားရမယ့် ရှေ့ကာလတစ်လျှောက် ဘ၀ကို အစီအစဉ်ရေးဆွဲပြီး နေသွားတာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို သဘောပေါက်နားလည်သွားခဲ့တယ်လို့ သိရပါတယ်။

အဲနည်းနဲ့ပဲ သူဟာ သူ့မှာရှိနေတဲ့ နောင်တတွေကို ပြေလျော့ပျောက်ကွယ်စေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အနေနဲ့ Amazon ကို စလုပ်ဖို့ လက်ရှိအလုပ်ကနေ ထွက်သင့်ပြီလို့ သူ သိသွားခဲ့ပါတယ်။

" တကယ်လို့ အဲဒီအချိန်တုန်းက ကျွန်တော် မအောင်မြင်ခဲ့ဘူးဆိုရင်လည်း ဘာပဲဖြစ်ဖြစ် ကျွန်တော့်အသက် ၈၀ ကျရင် အဲဒီတုန်းက ဒီလိုကြိုးစားခဲ့ပါလားဆိုပြီး ကျွန်တော် ဂုဏ်ယူနေရမှာပေါ့" လို့ Bezos က ပြောပါတယ်။

အဲဒီနောက် ၁၉၉၄ ခုနှစ် Amazon ကို စထောင်တော့ ကုမ္ပဏီဟာ စာအုပ်တွေကိုပဲ ရောင်းခဲ့တာဖြစ်ပါတယ်။ တကယ်လို့ အဲဒီအတိုင်းပဲ ဆက်သွားခဲ့မယ်ဆိုရင် Bezos အနေနဲ့ သူ့ရဲ့ ၁၉၈၇ ထုတ် Chevy Blazer ကားနဲ့ ပစ္စည်းအထုပ်အပိုးတွေ လိုက်ပို့နေရပါလိမ့်မယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ ဂီတနဲ့ ဗီဒီယိုလိုင်းဘက်ကိုပါ တိုးချဲ့ကမ်းလှမ်းပြီး နောက်ဆုံးမှာ customers တွေ ဒီ online retailer ဆီကနေ ဘာတွေဝယ်ချင်သေးသလဲလို့ Bezos က မေးမြန်းခဲ့ပါတော့တယ်။

ဒီကနေ့အချိန်မှာတော့ Amazon အနေနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ အိမ်ထောင်သုံးကုန်တွေ၊ အိမ်ထောင်ပရိဘောဂတွေအထိ အားလုံး ရောင်းချနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက Bezos အနေနဲ့ သူမှာ ရထားတဲ့ သက်တောင့်သက်သာ ရှိတဲ့အလုပ်ကနေထွက်ဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် ဒီနေ့လို အခြေအနေဖြစ်လာစရာအကြောင်းရှိမှာမဟုတ်ပါဘူး။

" ခင်ဗျားအနေနဲ့ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိတဲ့ ဘ၀ကို ရွေးမလား၊ ဒါမှမဟုတ် လူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး စွန့်စားရမယ့် ဘ၀ကို ရွေးမလား၊ အဲနှစ်ခုထဲက တစ်ခုကို ရွေးနိုင်ပါတယ်၊ အဲ ဒါပေမယ့် ခင်ဗျား အသက် ၈၀ ကျရင်တော့ ဒုတိယ တစ်ခုကို ရွေးချယ်တာကပဲ ခင်ဗျား ဂုဏ်ယူနေရပါလိမ့်မယ်" လို့ Bezos က ပြောသွားပါတယ်။

Jeff Bezos says this exercise convinced him to quit his Wall Street job and launch Amazon

From-Collin HtEt

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။