Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 13, 2017

မိတ်ဆွေတို့ဖတ်ကြည့်ကြပါ


Khant Naing

ကျနော်က စစ်သားတွေ စစ်သားမိန်းမတွေ စစ်သားမိသားစုတွေ Group ဖွဲ့ထားတဲ့ "တပ်မတော်နှင့်စစ်သတင်းများ" group page မှာ စစ်တပ်နဲ့ဆိုင်တဲ့စာတွေဝင်ရေးတယ်ဗျာ ကျနော့်ကို ဆဲလိုက်ကြတာလဲမိုးမွှန်ပေါ့ အမှန်တွေပါဆိုပြီးထောက်ခံတဲ့စစ်သားလဲရှိပါတယ်ရှားတာပေါ့ ဒါပေမဲ့ထူးထူးခြားခြားအဲ့ဒီ group ထဲမှာ ကျနော်ရေးတင်တဲ့ post တစ်ခုမှာ သန်းဝေဆိုတဲ့စစ်သားတစ်ယောက်က အောက်ပါအတိုင်းcommentအရှည်ကြီးမန့်ပြီးရင်ဖွင့်ပါတယ် မိတ်ဆွေတို့ဖတ်ကြည့်ကြပါ
*************************

"မှန်၏။ စစ်သားဘဝ နွားလောက်မလှ။ မလှသော်လည်း စုတ်ပြတ်ဆဲ။ ရဲဘော်တစ်ယောက် ရတဲ့တဲ့လစာ ၁ သိန်းကျော်မှာ ဦးပိုင်ထည့်ခိုင်း ဘဏ်စုခိုင်း ဟိုဟာဖြတ် ဒီဟာဖြတ်နဲ့ ကျန်တဲ့ လစာ၎သောင်း ၅သောင်းနဲ့ ဆန်ကြမ်းနဲ့ ငါးပိရည်က သူတို့အတွက် နတ်သုဒ္ဓါပါပဲ။
ဖက်ထိပ်ခိုင်းချက်ကတော့ စစ်သည်များ နားရက်မရှိ။စစ်သည်မိန်းမများ တစ်ပတ် ၃ ရက်။ လစာ ရိက္ခာ မရပါဘဲနဲ့ စစ်သားလင်တော်မိလို့ နေစရာလိုင်းခန်း ယူလို့ တပ်ထဲနေမိတာနှင့် လုပ်လိုက်ရသည့် ဖက်ထိပ်။ တက်လိုက်ရသည့် စစ်သင်တန်း။ စစ်သင်တန်းကလည်း ကိုယ်ပိုင်နံပါတ်ရသည့် စစ်သားတောင် ၄လသာ တက်ရသည် ။ မိန်းမများခမျာ တပ်ထဲစစ်သင်တန်းဖွင့်သမျှ တစ်ခါမက နှစ်ခါမက သုံးခါမက ကြိမ်ဖန်များစွာ တက်၍ အချိန်များစွာ ပေးဆပ်ရသေးသည်။ ပေါက်ပြား ဓား ကိုယ့်ငွေနဲ့ ကိုယ်ဝယ်။ တစ်ပတ် ၃ရက် လုပ်ရသည့် ဖက်ထိပ်က မိန်းမများအတွက် ဘာမှမရတဲ့ အခမဲ့လုပ်အား။ စစ်သားယူမိကာမှ မိသားစုပါ ပေးဆပ်ရပေမယ့် အရာရှိယူထားသည့် ကတော်များက ထီးကလေးဆောင်း၍ လက်ပိုက် ကြည့်နေသမျှ ငါတို့ဘဝ ကျွန်ဖြစ်နေပါလားလို့ မရေမရာ အတွေးနယ်ချဲ့မိ။ မြန်မာ့စစ်တပ်က တပ်မတော်နေ့မှာ ပြတဲ့ စစ်ရေးပြသာ ကြည့်ကောင်းတာပါ။ တကယ်အောက်ခြေ အတွင်းထဲမှာ ခြစားနေတဲ့ သစ်ပုပ် သစ်ဆွေးကြီး ဖြစ်နေတာ ကြာပေါ့။ အရာရှိများ တပ်တစ်တပ် ကိုပြောင်းလာခါစ သေတ္တာ ၃ လုံးထက် ပိုမပါသူတွေ။ တပ်ပြောင်းသွားတော့ တိုက်တွေ ကားတွေ ဖြစ်ပြီး ကြီးပွားသွားကြတော့ ဒီအရာရှိတွေ ရာထူးမယူဘဲ။ ရာထူးမရလို့။ ပါးဖောင်းအောင်စား (နိုင်ငံတော်ငွေတွေ။ ခွင့်မဲ့လစာတွေ။ ဆံသစရိတ်။ခဝါစရိတ်။ စစ်သည်များရပိုင်ခွင့်ငွေ။ ငှားရမ်းခတွေ။ လုပ်သားခတွေ။ လူစားတဲ့အစာတွေ။ စက်သုံးတဲ့ အရည်တွေ။) နားပြားအောင်အိပ် ပြီး ဘာမှမလုပ်ရဘဲ ထီပေါက်သလို ချမ်းသာသွား ပေမယ့် စစ်သည်များ အဆင့်တိုးသဖြင့် တပ်ပြောင်း ချိန်တွင် ရှိသည့်ပစ္စည်းများ မပြောင်းနိုင်၍ ရောင်းစား ခဲ့ရတာကို ရင်ထဲမချိပေ။ အဓိကအဆိုးရွားဆုံး လူအခွင့်အရေးဆုံးရှုံးမှု တစ်ရပ်ကတော့ သတ်မှတ် စစ်မှုထမ်းသက် ပြည့်သော်လည်း တပ်ကထွက်ချင် သဖြင့် ထွက်ခွင့်တင်သော်လည်း ထွက်ခွင့်များ ပိတ်ထားပါသည်။ အရာရှိဆိုးများက ပြောသေးတယ်။ တပ်ကထွက်ချင်ရင် အသေထွက်သာ ခွင့်ပြုတယ်ဆိုပဲ။ ဒါကြောင့်လဲ မြန်မာ့စစ်တပ် တပ်ပြေးများလာတာ ၁၂ လ တစ်ဖြတ်မှာ လူ ၆၀၀၀ ကျော်လောက် စစ်ပြေးဖြစ် တယ်။ ဒါတောင် မကြေငြာဘဲ ထိန်ချန်ထားတဲ့ တပ်ပြေးတွေ ကျန်သေး၏။ စစ်တပ် ပြောလိုက်ရင် စောက်ကြီး စောက်ကျယ်။ ဘာတဲ့ Standard Army ဆိုပဲ။ ရှေ့တန်းထွက်တာ မြင်ရတာ ကား ၅စီးတောင် လူမပြည့်ဘူး။ ငယ်ငယ်က မြင်ဖူးတာ တပ်ရင်း ၁ရင်း ကားအစီး ၂၅ ကျော်တယ်။ လူအပြည့်။ ဒီလိုတွေ။ ဒါတွေကြောင့် ဘယ်သူမှ တပ်ထဲမဝင်တာ အဆန်းမဟုတ်ပေ။ ယနေ့ခေတ် သည် လွပ်လပ်ရေးကြိုးပမ်းမှုကာလ BIA BDA ခေတ်ကလို မျိုးချစ်စိတ် အရင်းခံပြီး ဘာအကျိုးမျှ မကြည့်သော အရာရှိများ မရှိတော့ပေ။ ကိုယ်ကျိုးစီးပွားတစ်ခုသာ ရှေ့တန်းတင်သူတွေ များလာတာကြောင့် မြန်မာစစ်တပ်သည် မျိုးချစ် တပ်မတော်မဟုတ်ခဲ့သည်မှာ ကြာခဲ့လေပြီ။"
Hlwan WaiLwin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။