သီ ဟ အောင် added 7 new photos — with Thiha Aung and Sai Kham Lin Oo.
ဖြစ်ရလေ " အဘ " ရယ် …
ကိုယ်တိုင်ကြုံတွေ့ပြီး ရုတ်တရတ် အံ့သြလို့ တင်လိုက်တာပါ …
ရန်ကုန်မှာ ကျွန်တော် ခေတ္တနေနေတဲ့ နေရာ
မနက်အစောကြီး လက်ဘက်ရည်သောက်မလို့ ..
တပည့်တစ်ယောက် လက်ဘက်ရည်ဖျော်ပေးနေတုန်း မျက်နှာပြုံးပြုံး အဘကြီး တစ်ယောက် ..
ကျွန်တော့်ဆီ ဝင်လာပြီး မြန်မာ့အလင်း သတင်းစာတစ်စောင် လာပေးတယ်။
သတင်းစာလည်း တစ်ခါမှမယူတော့ ..
အဘ သတင်းစာ လာရောင်းတာလား ဆိုတော့ မဟုတ်ဘူးတဲ့ …
ပျော်လွန်းလို့ အလကား လိုက်ဝေနေတာတဲ့ …
အသက်က အနည်းဆုံး ၅၀ ကျော် ၆၀ လောက် ရှိမယ်။ လူကလည်း နည်းနည်း မသန်တဲ့ ပုံ။ အဝတ်အစားကလည်း ခပ်နွမ်းနွမ်း။ ဒီနေ့ထုတ်သတင်းစာ (လက်ထဲမှာ နှစ်စောင် သုံးစောင် လောက်ကျန်ဦးမယ်) လိုက်ဝေနေတာ သတင်းစာဖိုးအနေနဲ့ တွက်ပြီး အံ့သြသွားတာ။
ရော့ သားတဲ့ … ဖတ်ကြည့်စမ်း ..
အဘပျော်လွန်းလို့တဲ့..
မြန်မာ ညက နိုင်တာလေ လက်ဝှေ့လေ လက်ဝှေ့.. ဟိုကောင်ကြီး ကပ္ပလီကို နိုင်သွားတာလေ…
တွေ့လား ဒီမှာ သတင်းစာမှာ ပါလာပြီ …
မနက်ထဲက အဘဖတ်ပြီး ပျော်လွန်းလို့ သူများတွေသိအောင် လိုက်ပြောနေတာ … သတင်းစာလည်း အလကား လိုက်ဝေပေးနေတာ … ရော့ ရော့ အဟေး ဟေး … တဲ့..
ကိုယ်လည်း ရုတ်တရတ်ကြောင်ပြီး ယူထားလိုက်မိသေးတယ်။
နောက်မှ သတိရပြီး တပည့်တွေကို လှမ်းမေးလိုက်တယ်။
တပည့် ဒီအဘကြီးက ဒီမှာ လာနေကျလား…
သတင်းစာ လာလာ ပေးဖူးလို့လား ဆိုတော့ … တစ်ခါမှ မပေးဖူးဘူး ဆရာတဲ့ …
သူတို့လည်း သိတောင် မသိဘူးတဲ့။
အဲ့ဒီ့တော့မှ ကျွန်တော်လည်း သတိဝင်လို့ အဘနောက်ကို ပြေးထွက်ပြီး ..
အဘ ကို လှမ်းခေါ်လိုက်တယ်။
အဘ ခဏလာပါဦး …
အဘ သတင်းစာလိုက်ဝေနေတာလားဆိုတော့ … အလကား ပေးလာတာ ၁၅ စောင်လောက်ရှိပြီတဲ့ .. သူနဲ့ စကားပြောမှ စကားမပီသဘဲ ..
အနည်းငယ် လေဖြန်းသလို ဖြစ်နေတာ သတိထားမိတယ်။
မြန်မာက ကပ္ပလီကောင်ကြီးကို နိုင်သွားတာ ပျော်လွန်းလို့တဲ့ …
ဒါနဲ့ ကျွန်တော်လည်း လက်ထဲ ဆေးလိပ်ဝယ်ခိုင်းဖို့ ကိုင်လာတဲ့ ၅၀၀ တန် နှစ်ရွက်လေးကို
"ရော့ … အဘရေ လက်ဘက်ရည်ဖိုး ယူသွားနော်… အဘ လက်ဘက်ရည် သောက်လို့ ရတာပေါ့လို့ ပြောပေးတော့ ..
မယူဘူးတဲ့ … ပျော်လို့ အလကားပေးတာတဲ့ … ဖတ်ကြည့်ဦး သားရေ ဆိုပြီး သတင်းစာနောက်ကျောဘက်က ..
အောင်လအန်ဆန်း ပုံကိုသာ ပြနေတာ …
ဒါနဲ့ ကျွန်တော်လည်း မဟုတ်ဘူး အဘ …
ဒါ အဘကို သက်သက် လက်ဘက်ရည်ဖိုး ..
လှူ တာဟုပြောပြီး အတင်းပေးမှ ယူရှာတယ်။
ဒါနဲ့ တရွေ့ရွေ့ထွက်သွားတဲ့ အဘကို ကြည့်နေလိုက်တာ ခပ်ဝေးဝေးရောက်မှ ..
လမ်းဘေးမှာ သတင်းစာ တစ်ထပ်တင်ထားတဲ့ စက်ဘီးကို ယူပြီး နင်းထွက်သွားတာ တွေ့လိုက်ရတယ် …
သြော် … အဘက သတင်းစာပို့သမားကြီးကိုး … နေပူထဲ ပင်ပင်ပန်းပန်း အသက်နဲ့မမျှ စက်ဘီးနင်း သတင်းစာ လိုက်ပို့တဲ့ အဘကိုး …
သတင်းစာ ရောင်းပြီး ရမယ့် သူ့ထမင်းအိုးဖိုးလေးကိုတောင် ..
မျိုးချစ်စိတ် တစ်ခုတည်းနဲ့ ရက်ရက်ရောရော အလကားလိုက်ဝေပေးတဲ့ အဘကို ..
ပိုတောင် လေးစားမိလိုက်တယ်။
ဒါနဲ့ သူစက်ဘီးနင်းတဲ့ အဝေးက ပုံလေးကို ဆွဲပြီး ဓာတ်ပုံ ထပ်ရိုက်လိုက်မိတယ်။
မျိုးချစ်စိတ် မျိုးချစ်စိတ် …
ပထမတော့ Post မတင်တော့ဘူးလေ …
Like တောင်းစားတဲ့ Post လို့ အထင်ခံရရင် အဲ့ဒီအဘ သိက္ခာကျနေမယ်လို့ တွေးမိလိုက်သေး … နောက်မှ ဒါဟာ ဒီအဘရဲ့ အမျိုးအရမ်းချစ်တဲ့ မျိုးချစ်စိတ်ကို ဖော်ကျူးတာပဲ …
ငါ့ဟာငါ ဂုဏ်ပြုတယ်ကွာ ဆိုပြီး ..
ရေးတင်လိုက်တာပါ …
ဒီအဘရဲ့ မျိုးချစ်စိတ်က လေးစားဖို့ကောင်းတယ်… သူ့ပုံစံ ကြည့်ရတာ အောင်လအန်ဆန်း နာမည်တောင် သိမယ့်ပုံ မပေါ်ဘူး…
မြန်မာနဲ့ ကပ္ပလီကောင် ထိုးတဲ့ ပွဲလို့ပဲ သိလောက်ပြီး မြန်မာနိုင်သွားလို့ အရမ်းဂုဏ်ယူနေတဲ့ ပုံပါပဲ …
ရန်ကုန်က လူတွေတော့ ဒီသတင်းစာ လိုက်ပို့နေတဲ့ အဘကို သိချင်သိပါလိမ့်မယ် …
ကျွန်တော်နဲ့ ဆုံတာက ရွှေအင်ကြင်းအိမ်ယာ အလွန် သုဝဏ္ဏတံတားထိပ်မှာပါ …
ဒီဘကြီးက ဒီပတ်ဝန်းကျင်မှာ အမြဲတမ်း သတင်းစာ လိုက်ပို့တဲ့သူ ဖြစ်ဖို့ များပါတယ်။
လေးစားမိပါတယ် မျိုးချစ်စိတ်ကြီးတဲ့ အဘရေ …
Crd; Zin Moe
#လုပ်ပွဲဆိုတဲ့_မျိုးဖျက်တို့_ရှက်တတ်ကြပါစေ...
#သီဟအောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။