လက်တွေ့သမား မဖြစ်ပါစေနဲ့
--------------------
လက်တွေ့သမား ဆိုပြီး လက်မထောင်လေ့ ရှိတဲ့ လူငယ်အချို့နဲ့ လူကြီး တော်တော်များများကို ကျွန်တော် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့ အလုပ်တွေဟာ တစ်ခုမှ လက်တွေ့ ဆန်တယ် မရှိဖူးဘူး။ သို့သော်လဲ သူတို့ လက်မတွေ ထောင်တတ်ကြတယ်။
ကျွန်တော် အပါအ၀င်ပါပဲ။ ကျွန်တော်ဟာ လက်တွေ့သမားလို့ လက်မထောင်ချင်သူ ဖြစ်တယ်။
ကမ္ဘာပေါ်မှာ အောင်မြင်တဲ့လူတွေဟာ လက်တွေ့သမားတွေ မဟုတ်ဘူး။ အကောင်းဆုံး အိပ်မက်ပိုင်ရှင်တွေသာ ဖြစ်တယ်ဆိုတာ ကျွန်တော် မေ့နေခဲ့ဖူးတယ်။
ကမ္ဘာအနှံ့က ကျော်ကြားခဲ့တဲ့ ပညာရှင်တွေလည်း လက်တွေ့ကျကျသာ လူအများနည်းတူ နေထိုင်ခဲ့မယ်ဆိုရင် နည်းပညာတွေ တိုးတက်လာဖို့ မရှိဘူး။ နေထိုင်မှုတွေ မြင့်တက်လာဖို့ မရှိဘူး။ ဒါတွေကိုလည်း ကျွန်တော် မေ့နေခဲ့ဖူးတယ်။
ပုတ်ခတ်တဲ့ အလေ့အထတွေ လက်တွေ့ဆန်နေတဲ့ နိုင်ငံမှာ အများအတွက် လှုပ်ရှားနေသူတွေ... အမုန်းစကား မပြန့်ပွားဖို့ ပညာပေးနေသူတွေ အားလုံးဟာ... ပြောရမယ်ဆိုရင် သူတို့ ရူးသွပ်တဲ့ စိတ်ကူးတွေကို လက်တွေ့ကနေ ဆန့်ကျင်လို့ စိတ်ကူးယဉ် ဆန်ဆန် အကောင်အထည် ဖော်နေကြတာပဲ မဟုတ်လား။
တကယ်တော့ ဘယ်လက်တွေ့သမားမှ ဒါမျိုးအလုပ်တွေ မလုပ်တတ်ကြဘူး။
လက်တွေ့သမားဆိုတာ လူအများခေါင်းညှိမ့်ရင် သူတို့လိုက်ညှိမ့်မယ်။
လူအများ ပြေးတဲ့ဘက်ဆို သူတို့ လိုက်ပြေးမယ်။
ဒီလို လူတိုင်း ဒူးထောက်ချိန် လိုက်မထောက်လို့ မမှန်ဘူးလို့ ၀ိုင်းပြောမယ် ဆိုရင်တောင် တိတ်တိတ်လေး လှည့်ထွက်လို့ ကိုယ့်စိတ်ကူးတည့်ရာ လုပ်တတ်တဲ့ ကျွန်တော်တို့ဟာ...
လက်မ ဘယ်လောက်ထောင်ချင် ထောင်ချင်... လက်တွေ့သမားတော့ ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ စိတ်ကူးသမားတွေ စစ်စစ်ဖြစ်ပါတယ်။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။