ငါ့ကိုသတိရတဲ့အခါ
🌠🌠🌠🌠🌠
ချစ်သူရေ..
နင် ငါ့ကိုသတိရတဲ့အခါ...
ငါ့ကဗျာလေးတွေကိုဖတ်ပါ
သူတို့တွေက ငါ နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာကို သက်သေခံပေးလိမ့်မယ်။
နင် ငါ့ကိုသတိရတဲ့အခါ...
ကြယ်လေးတွေကိုမော့ကြည့်ပါ
ငါတို့တွေတစ်နေရာစီဝေးနေလည်း တစ်မိုးအောက်တည်းမှာအတူရှိေ နတယ်ဆိုတဲ့အတွေးကနင့်ကိုနွေးထွေးသွားစေလိမ့်မယ်။
နင် ငါ့ကိုသတိရတဲ့အခါ...
ငှက်ကလေးတွေကို လွှတ်ပေးပါ
သူတို့က နင်နဲ့ငါအတူဆုံဆည်းဖို့အတွက်ဆုတောင်းလေးတွေပေးကြလိမ့်မ ယ်။
နင် ငါ့ကိုသတိရတဲ့အခါ..
သတ္တဝါတွေကို မေတ္တာပို့ပါ
အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတဲ့မေတ္တာတရားက နင့်ကိုရော ငါ့ကိုပါအေးချမ်း
စေလိမ့်မယ်။
နင် ငါ့ကိုသတိရတဲ့အခါ....
သစ်ပင်လေးတွေစိုက်ပါ
သူတို့လေးတွေရှင်သန်ကြီးထွားလာလေလေ ငါတို့ရဲ့သစ္စာတွေလည်း ပိုခိုင်မြဲလာလေလေ
လို့တွေးရင်း နင်တစ်စိမ့်စိမ့်ကြည်နှူးလာလိမ့်မယ်။
နင် ငါ့ကိုသတိရတဲ့အခါ...
နင့်ဘေးနားရှိနေတဲ့သူတွေကို ပိုဂရုစိုက်ပေးပါ
အနားမရှိတဲ့ချစ်သူကို အချိန်တိုင်းလွမ်းမောတမ်းတေ နတာထက် အနားရှိနေသူတွေကို
ငဲ့ကွက်တာကပိုအဓိပ္ပါယ်ရှိတာ ကို နင်လက်တွေ့ခံစားလာရလိမ့်မယ် ။
နင် ငါ့ကိုသတိရတဲ့အခါ...
လေးဖြူရဲ့"စာမျက်နှာ(၁၅)"ကိုခပ်တိုးတိုးလေးညည်းပါ
ငါ့ခန္ဓာကိုယ်ကဘယ်ဆီကိုပဲရော က်နေနေ၊ဘယ်သူတွေနဲ့ပဲရှိရှိ နေနေ၊ဘာတွေကိုပဲ လုပ်
နေနေ ငါ့စိတ်တွေကနင့်ဆီပဲရောက်နေ တယ်ဆိုတဲ့အသိက နင့်ပူပန်မှုတွေကို
သက်သာစေလိမ့်မယ်။
ပြီးတော့.....
နင် ငါ့ကိုသတိရတဲ့အခါ...
ပျော်ပျော်နေပါ
များများပြုံးပါ
ကံကြမ္မာကိုလည်းအပြစ်မတင်နဲ့
အဖန်တရာတေအောင်လည်း စိတ်မလေနဲ့..
အတိတ်ကံကြောင့် ငါတို့ခွဲခွာနေရပြီပဲ
ပစ္စုပ္ပန်ကိုအရောင်ထပ်မွဲအော င်မလုပ်ဘဲ
ငါ့တို့အနာဂတ်တွေမှာအတူလက်တွဲထားနိုင်အောင်ကြိုးစားကြမ ယ်။
အရေးကြီးဆုံးကတော့....
နင် ငါ့ကိုသတိရတဲ့အခါ ငါလည်းနင့်ကိုသတိရနေတယ်ဆိုတာကို ယုံကြည်ထားပေးပါ
ကွယ်။
မနောဖြူ
🌠🌠🌠🌠🌠
ချစ်သူရေ..
နင် ငါ့ကိုသတိရတဲ့အခါ...
ငါ့ကဗျာလေးတွေကိုဖတ်ပါ
သူတို့တွေက ငါ နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတ
နင် ငါ့ကိုသတိရတဲ့အခါ...
ကြယ်လေးတွေကိုမော့ကြည့်ပါ
ငါတို့တွေတစ်နေရာစီဝေးနေလည်
နင် ငါ့ကိုသတိရတဲ့အခါ...
ငှက်ကလေးတွေကို လွှတ်ပေးပါ
သူတို့က နင်နဲ့ငါအတူဆုံဆည်းဖို့အတွက
နင် ငါ့ကိုသတိရတဲ့အခါ..
သတ္တဝါတွေကို မေတ္တာပို့ပါ
အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတဲ့မေတ္တာတရားက
စေလိမ့်မယ်။
နင် ငါ့ကိုသတိရတဲ့အခါ....
သစ်ပင်လေးတွေစိုက်ပါ
သူတို့လေးတွေရှင်သန်ကြီးထွာ
လို့တွေးရင်း နင်တစ်စိမ့်စိမ့်ကြည်နှူးလာလ
နင် ငါ့ကိုသတိရတဲ့အခါ...
နင့်ဘေးနားရှိနေတဲ့သူတွေက်ု
အနားမရှိတဲ့ချစ်သူကို အချိန်တိုင်းလွမ်းမောတမ်းတေ
ငဲ့ကွက်တာကပိုအဓိပ္ပါယ်ရှိတာ
နင် ငါ့ကိုသတိရတဲ့အခါ...
လေးဖြူရဲ့"စာမျက်နှာ(၁၅)"ကိ
ငါ့ခန္ဓာကိုယ်ကဘယ်ဆီကိုပဲရော
နေနေ ငါ့စိတ်တွေကနင့်ဆီပဲရောက်နေ
သက်သာစေလိမ့်မယ်။
ပြီးတော့.....
နင် ငါ့ကိုသတိရတဲ့အခါ...
ပျော်ပျော်နေပါ
များများပြုံးပါ
ကံကြမ္မာကိုလည်းအပြစ်မတင်နဲ့
အဖန်တရာတေအောင်လည်း စိတ်မလေနဲ့..
အတိတ်ကံကြောင့် ငါတို့ခွဲခွာနေရပြီပဲ
ပစ္စုပ္ပန်ကိုအရောင်ထပ်မွဲအော
ငါ့တို့အနာဂတ်တွေမှာအတူလက်တ
အရေးကြီးဆုံးကတော့....
နင် ငါ့ကိုသတိရတဲ့အခါ ငါလည်းနင့်ကိုသတိရနေတယ်ဆိုတ
ကွယ်။
မနောဖြူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။