Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 11, 2017

ကလေးအုပ်ထိန်းမှုပုံစံအမျိုးမျိုး

ကလေးအုပ်ထိန်းမှုပုံစံအမျိုးမျိုး 👨‍👩‍👧‍👦💁👶🏻👧🏻👦🏻

What's your Parenting Style?🤔

သင့်ကလေးကို ဘယ်လိုအုပ်ထိန်းမှုပုံစံမျိုးနဲ့ အုပ်ထိန်းနေပါသလဲ?

မိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်အုပ်ထိန်းတဲ့ အခါမှာ မိသားစုတစ်စုနဲ့တစ်စု အုပ်ထိန်းမှုပုံစံကွဲပြားခြားနားကြမှာပါ။ မိသားစု တစ်စုထဲမှာတောင် အဖေကတစ်မျိုး အမေကတစ်မျိုး တစ်နေ့နဲ့တစ်နေ့ အပြောင်းအလဲ ရှိနေနိုင်ပါတယ်။ Wifey လေ့လာထားသလောက်တော့ Parenting Style ၄ မျိုးရှိပါတယ်။ Authoritative, Permissive, Authoritarian နဲ့ Neglectful/ Uninvolved ဆိုပြီး ယေဘုယျသတ်မှတ်ထားပါတယ်။

ကဲ...ကိုယ့်ကလေးကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်မိနေပြီလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။

💎Authoritative Parenting (မှန်ကန်တိကျပြီး စည်းစနစ်ရှိတဲ့ အုပ်ထိန်းမှုပုံစံ)

ဒီအုပ်ထိန်းမှုစတိုင်လ်ကတော့ အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံး parenting Style လို့ပြောလို့ရပါတယ်။ မိဘတွေက သားသမီးတွေကို ကောင်းမွန်တဲ့ အမူအကျင့်တွေကို စည်းစနစ်ကျကျ သင်ကြားပေးတယ်။ သားသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတယ်။ သားသမီးတွေအတွက် ရည်မှန်းချက်၊ မျှော်လင့်ချက်ကြီးကြီးထားတဲ့ အလျောက် ဖြစ်မြောက်အောင်လည်း နောက်ကနေ Supporting ပေးတယ်။ ထောက်ပံ့အားပေးတယ်။ မိဘနဲ့ သားသမီးကြား အပြန်အလှန်နားလည် လေးစားမှုအပြည့်ပေးတယ်။ ကလေးကို choices ရွေးချယ်မှုပေးတယ်။ ပြဿနာ တစ်ခုခုရှိလာပြီဆိုရင်လည်း မိသားစု မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြတယ်။ ကလေးရဲ့ ခံစားချက်နဲ့ အခက်အခဲကို ဂရုစိုက်ပြီးနားထောင်ပေးတယ်။ ဆူပူအော်ငေါက်မနေဘဲ သင့်တင့်လျောက်ပတ်တဲ့ ဆိုဆုံးမမှုမျိုးနဲ့ အေးအေးဆေးဆေးအကြံဉာဏ်ပေးတယ်။ open communication ရှိတယ်ပေါ့။

ဒီ Parenting Style ကတော့ မလျော့လွန်းမတင်းလွန်း မျှတတဲ့ အကောင်းဆုံး အုပ်ထိန်းမှုပုံစံလို့ပြောလို့ရပါတယ်။ ကလေးအနေနဲ့ကလည်း မိဘကို ဘာမဆို ဖွင့်ပြောတိုင်ပင်တတ်လာတယ်။ အိမ်မှာနေရတာပျော်စရာကောင်းတယ်ဆိုပြီး ဖြစ်လာတဲ့အပြင် မိဘကကောင်းတဲ့အရာကို လမ်းညွန်အားပေးတဲ့အတွက် Confidence အပြည့်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတာကြောင့် Behavior (အမူအကျင့်) လည်းတိုးတက်ကောင်းမွန်လာပါမယ်။

သင်ဟာ Authoritative Parent လားဆိုတာဘယ်လိုသိနိုင်မလဲ?
👉🏼သင့်ကလေးရဲ့ တစ်နေ့တာဟာ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားရဲ့လား?
ဥပမာ- အိပ်ယာဝင်ချိန်မှန်ကန်ရဲ့လား၊ အိမ်မှာထားရှိတဲ့ မိသားစု စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေကို လိုက်နာရဲ့လား။

👉🏼ကလေးကို ကိုယ်က ဘယ်လိုပုံစံမျိုး ဖြစ်စေချင်တာလဲဆိုတာကို ကလေးကနားလည်သဘောပေါက်ရဲ့လား၊ ကိုယ်သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေကရော သူ့အတွက် သင့်တင့်မျှတမှုရှိရဲ့လား reasonable ဖြစ်ရဲ့လား။

👉🏼ကလေးနဲ့ သင့်ရဲ့ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံမှုမျိုးရှိရဲ့လား။
ဥပမာ- ကလေးရဲ့စိတ်ထဲမှာ ဖေဖေနဲ့မေမေကို အကြောက်အလန့်မရှိ ဘာမဆို ဖွင့်ပြောတိုင်ပင်လို့ရတယ်ဆိုတဲ့စိတ်မျိုးရှိလား။

👉🏼ဘာကြောင့် ဒီစည်းကမ်းတွေ ထားရလဲဆိုတာကို ကလေးနားလည်အောင် သင်ရှင်းပြပေးလား။

👉🏼သင်ကဒါလုပ်ရမယ်ဆိုပြီး စည်းကမ်းထုတ်ထားပေမယ့် ကလေးဘက်ကခံစားချက်က ဘယ်လိုရှိနေမလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးရဲ့လား။
ဥပမာ - ကလေးက စာအရမ်းတော်ပြီး ဂုဏ်ထူးတွေအများကြီးပါပေမယ့် သူဝါသနာပါတာက အနုပညာကျောင်းတတ်ချင်တယ်။ ဒါကို သင်က ဆေးကျောင်းတက်ခိုင်းချင်တယ်ဆိုရင် သူစိတ်မပါဘဲ တက်နေရမလား ဆိုပြီး သူ့ဘက်ကစဉ်းစားပေးဖူးလား။

ဒီအချက်တွေကို ကြည့်ပြီး သင်ဟာ Authoritative မိဘထဲမှာ ပါလားလို့ ချိန်ကြည့်လို့ရပါတယ်။

💎Permissive Parenting ( အလိုလိုက်အကြိုက်ဆောင်တဲ့ အုပ်ထိန်းမှုပုံစံ)

သူကတော့ ကလေးကို တစ်အားအလိုလိုက်လွန်းတဲ့ မိဘအမျိုးအစားပေါ့။ ကလေးမျက်နှာ တစ်ချက်အညိုမခံဘူး။ ဘာမဆို ဖြည့်ဆည်းပေးချင်တယ်။ ဘာကောင်းလဲဆိုတဲ့ သားသမီးအပေါ်ချစ်ခင်ကြင်နာမှုအပြည့်ပေးတာဖြစ်ပြီး မကောင်းတာကတော့ အလွန်အမင်း ပျော့ပြောင်းသွားလွန်းတာပါပဲ။ စည်းကမ်းတွေ သတ်မှတ်ထားရင် သတ်မှတ်ထားမယ် ချိုးဖောက်ရင်လည်း သားလေး စိတ်ဆိုးသွားမလားမသိဘူးဆိုပြီး ဘာအပြစ်မှ မပေးတဲ့ အခါကျတော့ ကလေးက မလုပ်ရဘူးနော်ဆိုတဲ့အရာကို လုပ်မိသွားလဲ မားသားကြီးက အေးဆေးပါ ဆိုတာမျိုးဖြစ်လာတယ်။ ဥပမာ - သားသားထမင်းမကုန်ရင် ဂိမ်းမဆော့ရဘူးနော် လို့ပြောထားပေမယ့် ကလေးကထမင်းကောင်းကောင်းမစားဘဲ အချိန်တန် ဂိမ်းဆော့ချင်လို့ ဂျီကျရင် ပေးဆော့လိုက်တာမျိုး၊ ည၉နာရီအရောက် အိမ်ပြန်လာရမယ်ပြောထားပေမယ့် ကလေးက ၁၂နာရီကျော်မှ ပြန်လာလည်း ဘာမှ မပြောတာမျိုး လုပ်ချင်တာလုပ်လို့ရနေတဲ့သဘောရှိပါတယ်။ ကလေးကို ချစ်ရာမရောက်နှစ်ရာရောက်သွားစေတဲ့အုပ်ထိန်းမှုမျိုးမို့လို့ အရမ်းအန္တရာယ်ရှိပါတယ်။

ငယ်ငယ်တုန်းက နားကိုက်ခံရတဲ့ပုံပြင်လိုပေါ့။ သူ့သားက သူများပစ္စည်းတွေယူယူလာလည်း မဆုံးမဘဲ အေးအေးသားလေးလုပ် ကိုယ်တိုင်လည်းဝမ်းသာအားရသုံးနေတော့ ကလေးကအကျင့်ပါသွားပြီး ကြီးလာတော့ ဘုရင်ကနေတောင် ဝရမ်းထုတ်ရတဲ့ သူခိုးအကြီးစားကြီးဖြစ်သွားရော။ ဖမ်းမိသွားတော့ သူအသတ်ခံရခါနီးမှာ အမေကိုတိုးတိုးလေးပြောစရာရှိတယ်ဆိုလို့ ငါ့သားလေး သူဝှက်ထားတဲ့ပစ္စည်းတွေရှိတဲ့နေရာပြောပြချင်လို့ထင်တယ်ဆိုပြီး နားနားကပ်ပြီးလည်းနားထောင်ရော ချက်ခြင်း အမေရဲ့နားရွက်ကို ကိုက်ဖြတ်ပြစ်တော့ အမယ်လေး ဘယ်လိုလုပ်လိုက်တာလဲ သားလေးရယ်ဆိုတော့ ငယ်ငယ်က သူ့ကို မဆုံးမခဲ့လို့ အခုသူအသတ်ခံရတော့မယ်ဆိုပြီးပြောသတဲ့။ ဒီလို နားရွက်ကိုက်ခံရမယ့်အဖြစ်မျိုး မဖြစ်အောင် ငယ်စဉ်ကတည်းက မကောင်းမြစ်တား ကောင်းရာညွန်လတ်ဆိုသလို ကောင်းစွာသင်ကြားပေးရပါမယ်။

Permissive Parenting Style နဲ့ အုပ်ချုပ်တဲ့ မိဘရဲ့ လက်အောက်မှာ ကြီးလာတဲ့ ကလေးမျိုးကျတော့ အရာရာကို ပေါ့ပေါ့လေးပဲ သဘောထားပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စား ဆိုတာမျိုး၊ မိဘကိုလည်းမသိတတ်မငဲ့ညှာ သူလိုချင်တာကို တချိန်လုံးဖြည့်ဆည်းပေးဖို့ မရမကတောင်းဆိုတတ်တာမျိုး၊ စည်းကမ်းချိုးဖောက်ဖို့လည်းဝန်မလေး၊ လူအများနဲ့ ဆက်ဆံရေးညံ့ဖျင်းပြီး ကိုယ့်အတွက်ပဲကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့သူမျိုးတွေ ဖြစ်သွားတတ်ကြပါတယ်။

သင်ဟာ Permissive Parent လားဆိုတာဘယ်လိုသိနိုင်မလဲ?

👉🏼ကလေးအပေါ်ဘာစည်းမျဉ်းစည်းကမ်းမှ မထားတဲ့သူလား၊ Rules တွေ limits တွေတော့ သတ်မှတ်ထားပါရဲ့ ကလေးစိတ်ကောက်ဂျီကျလိုက်တာနဲ့ အလွယ်တကူ လိုက်လျောတတ်ပါသလား။

👉🏼ကလေးနဲ့ ပဋ္ဌိပက္ခ အဆင်မပြေဖြစ်မှာကို ရှောင်တတ်သလား။

👉🏼ဒါလေးလုပ်ရင် ဘာပေးမယ်ဆိုပြီး မက်လုံးပေးခိုင်းမှ ကလေးကလုပ်သလား။

👉🏼သင့်ကိုယ်သင် ကလေးရဲ့ မိဘဆိုတာထက် သူငယ်ချင်းဖြစ်ချင်နေတဲ့စိတ်မျိုးရှိနေလား။

အကယ်၍ ဒီပုံစံမျိုးနဲ့ အုပ်ထိန်းမိနေပြီဆိုရင်တော့ ကလေးနဲ့ သင့်ရဲ့ကြားမှာ boundaries တွေ rules တွေ အမြန်ဆုံးစထားသင့်ပြီး အုပ်ထိန်းမှုပုံစံကို ပြင်ဆင်သင့်ပါတယ်။

💎Authoritarian Parenting ( အရမ်းတင်းကျပ်လွန်းတဲ့ အုပ်ထိန်းမှုပုံစံ)

သူကတော့ Permissive နဲ့ပြောင်းပြန် တစ်အားတင်းကျပ်လွန်းတဲ့ မိဘမျိုးပါ။ ကလေးကို ဖိအားပေးလိုက်နာခိုင်းတတ်ပြီး အပြစ်ပေးလည်းကြမ်းပါတယ်။ ဘာ့ကြောင့်ရိုက်ရလဲဆိုတာကိုလည်းသေချာ မရှင်းပြဘူး။ ဘာမှညှိနှိုင်းရှင်းပြလို့လဲ မရဘူး။ မိဘက ဒါဆိုဒါပဲ။ အတွန့်မတက်နဲ့ ဘာမှမရှည်နဲ့ ဆိုတာမျိုး ငါမိဘဆိုပြီး အာဏာပါဝါသုံးတဲ့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်တက်တဲ့သူမျိုးပါ။ သားသမီးကို ချစ်ပေမယ့်လည်း ချစ်တဲ့ အရိပ်အယောင်ပြလိုက်ရင် ရောင့်တက်သွားမလားဆိုပြီး စိုးရိမ်ပြီး အတင်းမာထားတဲ့သူမျိုးလည်းတူတူပါပဲ။ တစ်ချို့မိဘတွေကျတော့ သူတို့ ငယ်ငယ်က မဖြစ်ခဲ့ရတဲ့ဟာတွေကို ကလေးအပေါ် အိပ်မက်ကြီးမက်ပြီး ဖြစ်အောင် အတင်းအကျပ်ဖိအားပေးလုပ်စေတဲ့နောက် ကလေးကဝါသနာမပါလို့ မလိုက်နိုင်တဲ့အခါ သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။

ဒီလိုမိဘအုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာတဲ့ ကလေးကျတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု အားနည်းလာမယ်။ သိပ်အကောင်းပြောမခံရတော့ depression ဝင်မယ်။ ရှက်တတ်ကြောက်တတ်မယ်။ မပြောရဲမဆိုရဲနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲရှိနိုင်မယ်။အမှန်အတိုင်းပြောလိုက်ရင် မိဘက ဆူမှာစိုးလို့ဆိုပြီး လိမ်တတ်ညာတတ်လာမယ်။ ဒါမှမဟုတ် မိဘကွယ်ရာမှာ လုပ်ချင်ရာလုပ်မယ်ဆိုပြီး တစ်အားကျပ်လွန်းတော့ လွတ်ထွက်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ တစ်ချို့ဆို အိမ်မှာနေရတာ မပျော်ဘူးဆိုပြီး အိမ်ထောင်စောကျသွားတတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

Wifey အသိထဲကတစ်ယောက်ဆိုရင် ငယ်ငယ်တုန်းက ဟိုအရင်ခေတ်က လွတ်လပ်ရေးအောင်ပွဲတို့ဘာတို့ဆိုရင် လမ်းထဲမှာ ညလုံးပေါက် ရုပ်ရှင်ပြတာတို့ ပျော်ပွဲရွှင်ပွဲ ပွဲဈေးလုပ်တာတို့ရှိပါတယ်။ အမေကိုခွင့်တောင်းပြီး အမေကခွင့်ပြုလို့သူငယ်ချင်းတွေနဲ့ ချိန်းထားပေမယ့်လည်း တကယ်တမ်း သွားခါနီးကျ အဖေလုပ်သူက နင်စာကျက်ပြီးပလားဆိုပြီးမေးတော့ တစ်ပုဒ်ကျန်သေးတယ်အဖေဆိုတော့ အဲ့တစ်ပုဒ်ကို အခုကျက်ပြီး ငါ့ဆီလာဆိုစမ်း၊ ရမှ သွားရမယ်ဆိုပြီးလုပ်ရော။ သွားဖို့လည်းပြင်ဆင်ပြီး သူငယ်ချင်းတွေကလည်း အောက်ကနေသူ့နာမည်ကိုလှမ်းခေါ်နေ၊ လမ်းထဲက ပျော်ပွဲရွင်ပွဲသံတွေကလည်းစွဲဆောင် ဆူညံဆိုတော့ ဒီစာကို ဘယ်လိုစိတ်ပါပြီးကျက်လို့ရတော့မှာလဲ။ တစ်နှစ်မှာမှ ဒီတစ်ရက်လေး အားရပါးရပျော်ရတော့မယ်ဆိုပြီး စိတ်ကူးရင်ထားကာမှ မသွားရတော့ ဝမ်းနည်းပြီးမျက်ရည်ပေါက်ပေါက်ကျ၊ စာမရဘဲ ငိုလို့ အပျော်အပါးပဲမက်ချင်တယ်ဆိုပြီး တိုင်မှာကြိုးတုပ် ရိုက်ခံရတဲ့အခါကျတော့ ကလေးမှာ စိတ်ဒဏ်ရာရစေပါတယ်။ မကြာပါဘူး သူ ၁၆၊ ၁၇လောက်မှာပဲအိမ်ထောင်အစောကြီးကျသွားပါတယ်။ ကံကောင်းချင်တော့ ယူလိုက်တဲ့သူက အလုပ်နဲ့အကိုင်နဲ့ တင့်တောင်းတင့်တယ် ထားနိုင်တဲ့သူမျိုးမို့လို့ တော်ပါသေးရဲ့ဆိုပြီး စိတ်အေးရပါတယ်။

သင်ဟာ Authoritarian Parent လားဆိုတာဘယ်လိုသိနိုင်မလဲ?

👉🏼ကလေးအပေါ် စည်းကမ်း တစ်အားတင်းကျပ်ပြီး ဒါကို ဘာအကြောင်းကြာင့်ဖြစ်ဖြစ် မဖြစ်မနေလိုက်နာရမယ် no excuse ( ဘာအကြောင်းပြချက်မှလာမပေးနဲ့) ဆိုပြီးလုပ်ဖူးလား။

👉🏼ဘာကြောင့်ဒီလိုလုပ်ရတာလည်းဆိုတာ မရှင်းပြဘဲနဲ့ ငါပြောတာသာလုပ်ဆိုပြီး အာဏာရှင်ဆန်တဲ့သူလား။

👉🏼ပြောတဲ့အတိုင်း မလုပ်လို့ဆိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမတဲ့သူလား။

👉🏼ကလေးအပေါ်ချိုသာနွေးထွေးမှုမရှိဘူးလား။

ကလေးတစ်ယောက် ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လူ့ဘောင်လောကမှာ အောင်အောင်မြင်မြင် ကြီးပြင်းဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေထားတာ၊ ကျင့်ဝတ်တွေသင်ပေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် အလွန်အမင်းဖြစ်နေပြီဆိုရင်တော့
မလျော့မတင်း စောင်းကြိုးဥပမာထားပြီးတော့ မိဘနဲ့သားသမီးဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းရှိအောင် တဖြည်းဖြည်းညှိနှိုင်းယူရပါလိမ့်မယ်။

💎Neglectfu/Uninvolved Parenting (ဥပေက္ခာပြုထားတဲ့အုပ်ထိန်းမှုပုံစံ)

တခြားအလုပ်တွေနဲ့ပဲရှုတ်နေပြီး သားသမီးကို ဂရုစိုက်မှုမပေးနိုင်တဲ့ မိဘမျိုးပါ။ ဒီပုံစံမိဘမျိုးကျတော့ ကျောင်းကောင်းကောင်းမှာထားထားတာပဲ၊ ကျောင်းကသင်ပေးလိမ့်မှာပေါ့၊ သူ့ဘာသူတတ်သွားလိမ့်မယ်ဆိုပြီး အထင်မှားနေတတ်ကြပါတယ်။ ကလေးရဲ့ အခြေခံလိုအပ်ချက်တွေဘာတစ်ခုမှမစဉ်းစားတတ်ဘူး။ ကလေးရဲ့ ဖွံ့ဖြိုးပြောင်းလဲမှုလည်းမသိဘူး။ ကလေးမွေးနေ့ဘယ်နေ့၊ ဘယ်နှတန်းရောက်နေပြီ၊ အတန်းပိုင်ဆရာမဘယ်သူ၊ ဘယ်သူငယ်ချင်းနဲ့ပေါင်းနေလဲဆိုတာကိုလည်းစိတ်မဝင်စားတတ်ကြပါဘူး။ ကလေးဘာလုပ်နေလဲဆိုတာကိုလည်း မစွက်ဖက်မသိရှိကြပါဘူး။ များသောအားဖြင့် အလုပ်လုပ်ဖို့၊ ငွေရှာဖို့၊ bill တွေပေးနိုင်ဖို့ စသဖြင့် စိတ်ဖိစီးမှုတွေနဲ့ busy ဖြစ်နေပြီး ကလေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

ဒီလို အုပ်ထိန်းမှုပုံစံထဲမှာ ကြီးပျင်းလာတဲ့ ကလေးကျတော့ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ ရုန်းကန်နေရပြီး အားငယ်နေတတ်ပါတယ်။ မိဘရဲ့ ဂရုစိုက်မှု attention ကိုလည်းမရတဲ့ အတွက် ကျောင်းစာမှာ အားနည်းတတ်ကြပါတယ်။ behavior problem တွေဖြစ်တတ်ပြီး ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့စိတ်၊ အလိုမကျနေတဲ့ စိတ်မျိုးဖြစ်တတ်ပါတယ်။ အကောင်းမမြင်တတ်တော့ပါဘူး။ မိဘရဲ့ attention ဂရုစိုက်မှုကိုလိုချင်လို့ ဆိုးသွမ်းပြတတ်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။

သင်ဟာ Neglectful Parent လားဆိုတာဘယ်လိုသိနိုင်မလဲ?

👉🏼ကလေးကျောင်းမှာဒီနေ့ဘာတွေလုပ်ရလဲ၊ အိမ်စာတွေပါလား မေးတတ်ရဲ့လား။

👉🏼ကလေးက အခုဘယ်နေရာမှာ ဘာလုပ်နေမလဲ ဘယ်သူတွေနဲ့အတူရှိနေမလဲဆိုတာ စိတ်ဝင်စားရဲ့လား

👉🏼ကလေးနဲ့ နေတဲ့အချိန် နည်းလွန်းနေသလား

အခုဆိုရင် Parenting Style လေးတွေကို လေ့လာမိပြီလို့ထင်ပါတယ်။ ဒါတွေက wifey လည်း စိတ်ဝင်စားလို့ လွန်ခဲ့တဲ့နှစ်က child psychology (ကလေးစိတ်ပညာ) ဘာသာရပ်ကို ယူပြီး လေ့လာထားခဲ့တာတွေပါ။
Wifey ပြောချင်တာက မိဘတွေဟာ တစ်ခါတစ်ရံ အာဏာရှင်ဆန်ချင်ဆန်နေပေမယ့် တစ်ခါတစ်ရံမှာ ပျော့ပြောင်းတာတွေလည်းရှိမှာပါ။ ကလေးရဲ့ အခြေအနေပေါ်မူတည်ပြီး လိုတိုးပိုလျော့နဲ့ မှန်ကန်တိကျတဲ့ အုပ်ထိန်းမှုမျိုးနဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေကို ပြုစုပျိုးထောင်တတ်ဖို့က မိဘတိုင်းအတွက်အရေးကြီးပါတယ်။ အဲ့ဒီလို ဂရုစိုက်ပြုစု ပျိုးထောင်တဲ့အခါမှာလည်း အဖေကတစ်မျိုး အမေကတစ်မျိုးဆိုရင်လည်း အဆင်မပြေပါဘူး။ ဖေဖေရော မေမေရောအတိုင်အဖောက်ညီညီ အကောင်းဆုံး ပဲ့ကိုင်သွန်သင်ဆုံးမမှသာ ကလေးအတွက် အကျိုးများပါမယ်။

မိဘဆိုတာ သားသမီးအတွက် Good Example (အကောင်းဆုံးဥပမာ) ဖြစ်ဖို့ အရေးကြီးပါတယ်။ သူတို့ကို တကယ်လိမ္မာစေချင်တယ်ဆိုရင် လူကြီးတွေကစံပြနေပြမှရပါမယ်။ ပါးစပ်ကနေ ဆုံးမနေလို့မရပါဘူး။ လူငယ်တွေဟာ နားကကြားရတာထက် မျက်စိက မြင်ရတာကို ပိုပြီးတော့ယုံပါတယ်။ မိမိကလေးက သာမာန်မဟုတ်ဘူး ဆိုဆုံးမဖို့ ခက်ခဲနေတယ်လို့ထင်ရင် တတ်ကျွမ်းတဲ့ ကလေးစိတ်ပညာဆရာဝန် therapist တွေနဲ့တိုင်ပင်ဆွေနွေးသင့်ပါတယ်။

နုနယ်သေးတဲ့ သားငယ်သမီးငယ်လေးတွေ ဖော့ဖယောင်းလို ပျော့ပြောင်းနေသေးတဲ့ အချိန်မှာ အလှဆုံး ဖြစ်အောင် ပြုပြင်ပြောင်းလဲ ပြုစုပျိုးထောင်နိုင်ပြီး လိမ္မာရေးခြားရှိတဲ့ သားကောင်း သမီးရတနာလေးတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

ချစ်ခြင်းများစွာဖြင့်

Burmese Wifey

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။