သင့်ကလေး အိမ်စာ ဘယ်လိုကူညီရမလဲ
++++++++++++++++++++
၁။ ကလေးများရဲ့ ဆရာဆရာမများနဲ့ အဆက်အသွယ်ရှိပါစေ။ မိမိကလေးရဲ့ အိမ်စာအရေအတွက်၊ အိမ်စာလုပ်တဲ့ အနေအထား ကို သိရှိထားပါ။
၂။ အချိန်ဇယား တစ်ခုဆွဲထားခိုင်းပါ။ အချိန်ဇယားထဲမှာ အိမ်စာလုပ်ရန် စရမဲ့အချိန်၊ ပြီးဆုံးရမဲ့ အချိန်သတ်မှတ်ခိုင်းပါ။ ကလေးများ အိပ်ယာဝင်ခါနီးအချိန်ကို မစီစဉ်ပါနဲ့၊ ကလေးတွေ အရမ်းမောပြီး အိပ်ချင်နေလို့ပါ။ စနေနေ့ ကို အပြည့်အ၀ အသုံးချပါ။ တနင်္ဂနွေ ညမှာ လောလောလောလော အိမ်စာလုပ်တာမျိုး ရှောင်ရှားနိုင်ပါစေ။
၃။ သင့်ကလေးကို အိမ်စာကို ( ၂ ) မျိုး ခွဲခြားထားခိုင်းပါ။ ကိုယ်တိုင် ပြီးနိုင်မဲ့ အိမ်စာနဲ့ အကူအညီလိုတဲ့ အိမ်စာ ဆိုပြီး ခွဲခြားခိုင်းထားပါ။ မိဘများအနေနဲ့ အကူအညီလိုတဲ့ အိမ်စာကိုသာ ကူညီပေးသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ကူညီရမဲ့ အိမ်စာကို လျှော့နည်းစေပြီး ကိုယ်တိုင်လုပ်အိမ်စာကို များစေခြင်းအားဖြင့် ယုံကြည်စိတ်ကို မွေးမြူပေးပါ။
၎။ ကလေးအိမ်စာ မပြီးဆုံးခင်မှာ တီဗွီ၊ ဗွီတီယို အပါအ၀င် ဘာမှ မကစားရဘူး ဆိုတဲ့ စည်းကမ်းကို သတ်မှတ်ထားပါ။
၅။ ကလေးကို အိမ်စာလုပ်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးပါ။ ဥပမာ၊ သီးသန့် အခန်းတစ်ခု၊ အလင်းရောင်လုံလောက်မူ၊ ငြိမ်သက်မူ စသည်တို့ ဖြစ်ပါတယ်။
၆။ ကလေးများ အိမ်စာပြီးရင် ချီးမွမ်းပေးပါ။ တိုးတက်လာတဲ့ အကြောင်းအရာကို တိတိကျကျ ဖေါ်ပြပြီး ချီးကျူး ဖို့ လိုအပ်ပါတယ်။ ဥပမာ ဒီကနေ့ သားဖွဲ့တဲ့ ၀ါကျတွေ မနေရထက် အများကြီးတိုးတက်တယ်။ သားဒီနေ့ ပိုစိတ်ဝင်စားတယ်။
ရ။ ကလေးက ကို်ယ်နိုင်တဲ့ အိမ်စာကို လုပ်နေတဲ့အချိန်မှာ သူ့အခန်းထဲကနေ ရှောင်ပေးလိုက်ပါ။ သူ့ဟာသူ လွတ်လွတ်လပ်လပ် စဉ်းစားပြီး လုပ်ပါစေ။ ဒီလိုလုပ်ခြင်းဟာ သူရဲ့ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ် မွေးထုတ်ပေးတဲ့ သဘောပါ။
၈။ ကလေးအိမ်စာပြီးသွားရင် သူ့ကို ချက်ချင်း အမှားအမှန် မစစ်ဆေးပေးပါနဲ့၊ သူကိုယ်တိုင် စစ်ဆေးခိုင်းပါ။ ပိုမှတ်မိပါလိမ့်မယ်။ ကိုယ့်အမှားကို ကိုယ်တာဝန်ယူခိုင်းတဲ့ သဘောဖြစ်တယ်။ ဆရာဆရာမများအတွက်လည်း ကလေးရဲ့ အခြေအနေကို ပိုမိုသိရှိစေမှာဖြစ်တယ်။
၉ ။ ကလေးများကို အတူတကွ အားပေးသင့်ပါတယ်။ နှစ်ယောက်သုံးယောက် လောက် အတူတကွ အိမ်စာလုပ်ရင် ပိုအကျိုးရှိတတ်ပါတယ်။
၁၀။ ကလေးများအိမ်စာလုပ်ချိန်ကြားမှာ ရေသောက်ဖို့၊ အိမ်သာတက်ဖို့ ၊ ခေတ္တနားဖို့ အချိန်ခွင့်ပြုသင့်ပါတယ်။
Ref: WeChat
++++++++++++++++++++
၁။ ကလေးများရဲ့ ဆရာဆရာမများနဲ့ အဆက်အသွယ်ရှိပါစေ။ မိမိကလေးရဲ့ အိမ်စာအရေအတွက်၊ အိမ်စာလုပ်တဲ့ အနေအထား ကို သိရှိထားပါ။
၂။ အချိန်ဇယား တစ်ခုဆွဲထားခိုင်းပါ။ အချိန်ဇယားထဲမှာ အိမ်စာလုပ်ရန် စရမဲ့အချိန်၊ ပြီးဆုံးရမဲ့ အချိန်သတ်မှတ်ခိုင်းပါ။ ကလေးများ အိပ်ယာဝင်ခါနီးအချိန်ကို မစီစဉ်ပါနဲ့၊ ကလေးတွေ အရမ်းမောပြီး အိပ်ချင်နေလို့ပါ။ စနေနေ့ ကို အပြည့်အ၀ အသုံးချပါ။ တနင်္ဂနွေ ညမှာ လောလောလောလော အိမ်စာလုပ်တာမျိုး ရှောင်ရှားနိုင်ပါစေ။
၃။ သင့်ကလေးကို အိမ်စာကို ( ၂ ) မျိုး ခွဲခြားထားခိုင်းပါ။ ကိုယ်တိုင် ပြီးနိုင်မဲ့ အိမ်စာနဲ့ အကူအညီလိုတဲ့ အိမ်စာ ဆိုပြီး ခွဲခြားခိုင်းထားပါ။ မိဘများအနေနဲ့ အကူအညီလိုတဲ့ အိမ်စာကိုသာ ကူညီပေးသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ကူညီရမဲ့ အိမ်စာကို လျှော့နည်းစေပြီး ကိုယ်တိုင်လုပ်အိမ်စာကို
၎။ ကလေးအိမ်စာ မပြီးဆုံးခင်မှာ တီဗွီ၊ ဗွီတီယို အပါအ၀င် ဘာမှ မကစားရဘူး ဆိုတဲ့ စည်းကမ်းကို သတ်မှတ်ထားပါ။
၅။ ကလေးကို အိမ်စာလုပ်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးပါ။ ဥပမာ၊ သီးသန့် အခန်းတစ်ခု၊ အလင်းရောင်လုံလောက်မူ၊ ငြိမ်သက်မူ စသည်တို့ ဖြစ်ပါတယ်။
၆။ ကလေးများ အိမ်စာပြီးရင် ချီးမွမ်းပေးပါ။ တိုးတက်လာတဲ့ အကြောင်းအရာကို တိတိကျကျ ဖေါ်ပြပြီး ချီးကျူး ဖို့ လိုအပ်ပါတယ်။ ဥပမာ ဒီကနေ့ သားဖွဲ့တဲ့ ၀ါကျတွေ မနေရထက် အများကြီးတိုးတက်တယ်။ သားဒီနေ့ ပိုစိတ်ဝင်စားတယ်။
ရ။ ကလေးက ကို်ယ်နိုင်တဲ့ အိမ်စာကို လုပ်နေတဲ့အချိန်မှာ သူ့အခန်းထဲကနေ ရှောင်ပေးလိုက်ပါ။ သူ့ဟာသူ လွတ်လွတ်လပ်လပ် စဉ်းစားပြီး လုပ်ပါစေ။ ဒီလိုလုပ်ခြင်းဟာ သူရဲ့ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ် မွေးထုတ်ပေးတဲ့ သဘောပါ။
၈။ ကလေးအိမ်စာပြီးသွားရင် သူ့ကို ချက်ချင်း အမှားအမှန် မစစ်ဆေးပေးပါနဲ့၊ သူကိုယ်တိုင် စစ်ဆေးခိုင်းပါ။ ပိုမှတ်မိပါလိမ့်မယ်။ ကိုယ့်အမှားကို ကိုယ်တာဝန်ယူခိုင်းတဲ့ သဘောဖြစ်တယ်။ ဆရာဆရာမများအတွက်လည်း ကလေးရဲ့ အခြေအနေကို ပိုမိုသိရှိစေမှာဖြစ်တယ်။
၉ ။ ကလေးများကို အတူတကွ အားပေးသင့်ပါတယ်။ နှစ်ယောက်သုံးယောက် လောက် အတူတကွ အိမ်စာလုပ်ရင် ပိုအကျိုးရှိတတ်ပါတယ်။
၁၀။ ကလေးများအိမ်စာလုပ်ချိန်ကြ
Ref: WeChat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။