Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 5, 2017

လူငယ်နဲ့အလေ့အကျင့်

#လူငယ်နဲ့အလေ့အကျင့်

လူတစ်ယောက်အောင်မြင်ကြီးပွားတိုးတက်ချင်တယ်ဆိုရင် အလေ့အကျင့်ကောင်းတွေရှိဖို့လိုပါတယ်။ အလေ့အကျင့်ကောင်းဆိုတာ ပြောရတာကတော့လွယ်ပါတယ်။ ပြုစုပျိုးထောင်ဖို့ကျတော့ ခက်ခဲနေတတ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ သယံဇာတတွေပေါများကြွယ်ဝရဲ့သားနဲ့ နိုင်ငံသားအများစုဆင်းရဲနွမ်းပါးချို့တဲ့နေရတာဟာ လူတွေမှာအလေ့အကျင့်ကောင်းတွေ နည်းပါးနေလို့ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ပတ်သက်ရင် အစိုးရတွေအုပ်ချုပ်မှုညံ့ဖျင်းလို့တို့၊ ပညာရေးစနစ်မကောင်းလို့တို့၊ လာဘ်ပေးလာဘ်ယူတို့၊ နောက်ဆုံးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအထိ အပြစ်တင်လို့ရတယ်ဗျာ။

ဒီလိုလည်း အပြစ်တင်နေကြပါတယ်။ ဒီလိုအပြစ်တင်နေမှုတွေဟာ မှန်ကန်ပါတယ်။ ငြင်းဆိုလို့မရပါဘူး။ ဒါပေမဲ့ ပြဿနာကလူတွေဟာ အဲဒီလိုကိစ္စအကြီးကြီးတွေကို အပြစ်တင်ရင်း ကိုယ်ကိုယ်တိုင်ပြုပြင်ပြုစုပျိုးထောင်ရမယ့်ကိစ္စတွေမှာကျတော့ လစ်ဟင်းနေတတ်တယ်။

ပညာရေးစနစ်ကောင်းဖို့ဆိုတာ အမျိုးသားပညာရေးဥပဒေတစ်ခုတည်းအပေါ်မှာ မမူတည်သလို ဆင်းရဲခြင်းမှလွတ်ကင်းဖို့ဆိုတာလည်း အစိုးရတစ်ရပ်တည်းက အားထုတ်ကြိုးပမ်းလုပ်ဆောင်လို့မရပါဘူး။ ဆင်းရဲမွဲတေမှုများပြားတာ၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတာ တွေဟာ အမေရိကန်ပိတ်ဆို့မှုနဲ့မဆိုင်သလို တရုတ်နိုင်ငံစီးပွားရေး အမြတ်ထုတ်မှုနဲ့လည်း မဆိုင်ပါဘူး။ နိုင်ငံသားတွေညံ့ရင်ခံရမှာပဲ။ နိုင်ငံသားဆိုတဲ့အထဲမှာ အစိုးရလည်းပါတယ်။ ပြည်သူလူထုလည်းပါပါတယ်။

မြန်မာနိုင်ငံဆင်းရဲခြင်းက လွတ်ကင်းချင်တယ်ဆိုရင် နိုင်ငံသားတစ်ဦးချင်းစီအပေါ်မှာ မူတည်ပါတယ်။ သူတို့ဘယ်လောက်အထိကောင်းမွန်တဲ့ အလေ့အကျင့်တွေကိုပြုစုပျိုးထောင်နိုင်သလဲ။

အဲဒီကောင်းမွန်တဲ့အလေ့အကျင့်တွေကို တစ်ပါးသူဆီဘယ်လောက်ကူးစက်ပြန့်ပွားစေသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။
ကြီးပွားတိုးတက်ချင်ရင် ဘယ်လိုအလေ့အကျင့်တွေပြုစုပျိုးထောင်သင့်သလဲ။ ဒီနေရာမှာလူငယ်တွေကို အဓိကထားဆွေးနွေးမယ်။ အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ အရိုးရှင်းဆုံးကတော့ ကျောင်းတက်မယ်။ အလုပ်လုပ်မယ်။ အဲဒီကနေ ပိုမိုကောင်းမွန်တဲ့ကျောင်းတွေကိုတက်ရောက်နိုင်အောင် ကြိုးစားမယ်။ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်အောင် ကြိုးပမ်းမယ်။ ဘဝမှာ ပညာရေးနဲ့အလုပ်အကိုင်ကို ဟန်ချက်ညီညီ ဆပွားတိုးတက်အောင် လုပ်ဆောင်နိုင်ရမယ်။

တချို့က စစ်မရောက်ခင် မြားကုန်နေတတ်တယ်။ သူများအရည်အချင်းကို အထင်ကြီးပြီး ကိုယ့်အရည်အချင်းကို အထင်သးနေတတ်တယ်။ အရည်အချင်းဆိုတာ အလေ့အကျင့်နဲ့ အများကြီးသက်ဆိုင်တယ်။ ဂျပန်လူမျိုးတွေ ဘာကြောင့် တိုးတက်မှုလျင်မြန်သလဲ။ ကောင်းမွန်တဲ့အလေ့အကျင့်တွေ များပြားလို့ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ ဘာကြောင့် တိုးတက်မှုနှေးကွေးသလဲ။ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ နည်းပါးလို့ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေက အချိန်ကို အလွန်လေးစားပါတယ်။ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ စနစ်ကျပါတယ်။ သုတေသနအားကောင်းတယ်။ ရလဒ်ကိုသုံးသပ်တယ်။ ပြင်ဆင်ပြောင်းလဲတယ်။

မြန်မာလူမျိုးတွေ အချိန်ကိုလေးစားသလား မလေးစားသလား ဆိုတာကတော့ ဒါမြန်မာစံတော်ချိန်လေဆိုတဲ့ အများလက်သုံးစကားကိုသာ ကြည့်ကြပါ။ အချိန်ကိုအကျိုးရှိစွာ အသုံးချတဲ့နေရာမှာလည်း မြန်မာလူမျိုးတွေဟာ အားနည်းချက်ရှိပါတယ်။ အလုပ်လုပ်ရင် ပြီးစလွယ်လုပ်တတ်တယ်။ သုတေသနအားနည်းတယ်။ သုတေသနဆိုတာ ကျောင်းတွေ၊ အလုပ်တွေထဲမှာမှ မဟုတ်ဘူး။ လူတစ်ဦးချင်းလည်း ကိုယ်ကိုယ်တိုင်သုတေသန လုပ်လို့ရတယ်။ ဘာကြောင့် အောင်မြင်သလဲ မအောင်မြင်သလဲ သုံးသပ်တာ သုတေသနပါ။ ကောင်းတာကိုယူ မကောင်းတာကိုပယ်ပြီး အတုခိုး၊ ကိုယ်ပိုင်မှုပြုတာ သုတေသနပါ။ မြန်မာတွေက ဘာသိဘာသာနေကျင့်ရှိပါတယ်။

ရလဒ်ဆိုတာကို မသုံးသပ်၊ မဆင်ခြင်ဘူး။ တစ်နေရာတည်းမှာ အချိန်တွေသိပ်ကြာသွားတာ၊ တစ်ခုခုကိုမကျေနပ်ရင် စိတ်ထဲမှာတဝဲလည်လည်ဖြစ်ပြီး မပြီးနိုင်၊ မစီးနိုင်ဖြစ်တာ ဒါမျိုးတွေရှိတယ်။ ဝန်းကျင်ထဲက ရုန်းထွက်သွားဖို့မစဉ်းစားဘူး။ တောင့်ခံ၊ ပေခံနေတတ်တယ်။ ပြင်ဆင်ပြောင်းလဲဖို့ ခက်ခဲနေတတ်တယ်။
လူဆိုတာမွေးကတည်းက ဘယ်သူမှအရည်အချင်းရှိပြီး မွေးမလာဘူး။ ငယ်စဉ်ဘဝအလေ့အကျင့်တွေကနေ အရွယ်ရောက်တဲ့အခါ ကောင်းမွန်တဲ့အရည်အချင်းတွေရလာတယ်။ ဒီလိုငယ်စဉ်ဘဝကတည်းက အလေ့အကျင့်ကောင်းဖို့ဆိုတာ မိဘတွေနဲ့လည်းဆိုင်တယ်။ ဆရာသမားတွေနဲ့လည်းဆိုင်ပါတယ်။ ဝန်းကျင်တစ်ခုလုံးနဲ့လည်း ဆိုင်ပါတယ်။ ဆိုလိုချင်တာ ဂျပန်မှာဆို ကလေးတွေကို သန့်ရှင်းရေး အလေးထားတတ်အောင်၊ စီမံခန့်ခွဲတတ်အောင် ငယ်စဉ်ကတည်းက ကျောင်းတွေမှာပြုစုပျိုးထောင်တယ်။

ကလေးတွေ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင် ကျောင်းတွေမှာ အာဟာရ ကောင်းစွာကျွေးမွေးတယ်။ ဂျပန်တင်မဟုတ်ဘူး။ အခြားအာရှနိုင်ငံတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေရှိတယ်။

မြန်မာနိုင်ငံမှာလည်းရှိပါတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်းတော့ မတူနိုင်ဘူးပေါ့။ သို့သော်ပြောချင်တာ နိုင်ငံခြားမှာ ကလေးသူငယ်တွေကို ကောင်းစွာပြုစုပျိုးထောင်နိုင်တယ်။ ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က များစွာအကုန်အကျခံတယ်။ ဒီမှာကတော့ နိုင်ငံတော်အနေနဲ့ ဒီလောက်ပံ့ပိုးကူညီဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒီကြားထဲ ကျောင်းပြင်ပမှာ ဝန်းကျင်ကိုယ်၌က စည်းကမ်းမဲ့တယ်။ ဒီက ကလေးသူငယ်အများစုဟာ ငယ်စဉ်ကတည်းက သူတို့ဝန်းကျင်မှာ စည်းကမ်းမဲ့အမှိုက်ပစ်သူတွေ၊ ကွမ်းတံတွေးထွေးသူတွေ၊ စည်းကမ်းမဲ့ကားမောင်းသူတွေ၊ စည်းကမ်းမဲ့လမ်းကူးသူတွေရဲ့ပြုမူလှုပ်ရှားပုံတွေနဲ့ ယဉ်ပါးနေရတော့ ငယ်ရွယ်စဉ်မှာ သူတို့အတွက်အလေ့အကျင့်ကောင်း ဆိုတာ ဘာဆိုတာတောင် သိမြင်နိုင်ဖို့မလွယ်လှဘူး။
ငယ်ရွယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ခြင်းမခံခဲ့ရဘူး ဆိုရင်တောင် အရွယ်ရောက်သိမြင်တတ်လာတဲ့အခါ အလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်နိုင်ရမယ်။

အရွယ်ရောက်ပြီဆိုတာ အသက် ၁၈ နှစ်အထက်ဆိုပါစို့။ ကျောင်းပြီးကာစ လည်းဖြစ်ချင်ဖြစ်မယ်။ ကျောင်းတက်ဆဲလည်း ဖြစ်ချင်ဖြစ်မယ်။ ကျောင်းပြီးတာကြာလှပြီလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီအရွယ်မှာလိုချင်တာ၊ ဖြစ်ချင်တာတွေများနေပြီ။ ဘဝရှေ့ရေးအတွက် စဉ်းစားနေပြီ။ အောင်မြင်ကြီးပွားတိုးတက်ချင်နေပြီ။ ဒီအတွက် အလေ့အကျင့်ကောင်းတွေပြုစုပျိုးထောင်ဖို့ဆိုတာ လိုအပ်လာတယ်။

ပျင်းနေရင် မပျင်းအောင်လေ့ကျင့်ရမယ်။ အားနေရင် မအားအောင်လေ့ကျင့်ရမယ်။ နားနေရင် မနားအောင်လေ့ကျင့်ရမယ်။ တချို့အလုပ်နည်းနည်းလုပ်တာနဲ့ မလုပ်ချင်တော့ဘူး။ ဒါလေးလုပ်လို့ ဘာဖြစ်လာမှာလဲလို့ တွေးတဲ့သူတွေရှိတယ်။ အဲဒီလိုတွေးလိုက်တဲ့အတွက် ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အလေးထားချင်စိတ်တွေ လျော့ပါးသွားတယ်။ အလုပ်အပေါ်မှာ စေသနာမပါတော့ဘူး။ တကယ်တော့ ဘဝဆိုတာ ဒါလေးနဲ့ပဲစရတာမျိုးဖြစ်တယ်

ကိုယ်က သူဌေးသူကြွယ် သားသမီး၊ မင်းမျိုးမင်းနွယ်သားသမီးဆိုရင်တော့ ဟုတ်တာပေါ့။ သာမန်လူတန်းစားက ပေါက်ဖွားလာပြီး ကောင်းမွန်တဲ့အလေ့အကျင့်လည်း မပျိုးထောင်၊ ကြိုးစားအားထုတ်မှုလည်းမရှိဘဲ စိတ်ကူးယဉ်ပြီး ချမ်းသာကြွယ်ဝချင်လို့ကတော့ အပျင်းနဲ့အဖျင်းအဆင့်က တက်မှာမဟုတ်ပါဘူး။
အလေ့အကျင့်ဆိုတာ ပေးဆပ်ရတာမျိုးဖြစ်တယ်။ အိပ်ချိန်လျှော့ရတယ်။ စားချိန်လျှော့ရတယ်။ ဦးနှောက်ကိုအလုပ်ပေးရတယ်။ တချို့စာဖတ်ရတာပျင်းတဲ့ သူတွေတောင်ရှိတယ်။ စာအုပ်ဖတ်ရင် နည်းနည်းကောက်လှန်၊ ပြီးအောင်ဆက်မဖတ်ဘဲ စာအုပ်တစ်အုပ်ကိုလချီ၊ နှစ်ပေါက်ဖတ်နေတတ်သူတွေ အများကြီးရှိပါတယ်။ သူတို့မေးလိုက်ရင် စာဖတ်တယ်ပဲပြောတယ်။ စာအုပ်စင်မှာဆိုလည်း စာအုပ်တွေကအပြည့်။ စာအုပ်တွေကို လူအထင်ကြီးအောင်သာ ထားရှိတာဖြစ်တယ်။ တချို့စိတ်ရှုပ်နေရင် ဒီအတိုင်းပဲနေတယ်။ ကြာတော့ လူက အဲဒီရှုပ်တဲ့စိတ်နဲ့အလေ့အကျင့်ဖြစ်ပြီးတွေတွေဝေဝေဖြစ်လာတယ်။ စိတ်ကျတာမျိုးလိုဖြစ်လာတယ်။ စိတ်ရှုပ်နေရင် အိမ်တွင်းသန့်ရှင်းရေးလုပ်ကြည့်ပါလား။ ဝန်းကျင်သန့်ရှင်းတာနဲ့အမျှ လူလည်းလန်းဆန်းလာတယ်။ လူစိတ်နဲ့ဝန်းကျင်ဆိုတာ ဆက်စပ်နေတယ်။ အဲဒီလိုစိတ်ရှုပ်လို့ သန့်ရှင်းရေးလုပ်ဖြစ်ရင်းနဲ့ သန့်ရှင်းရေးလုပ်ကျင့်စွဲမြဲသွားပြီဆိုရင် အဲဒါအကျင့်ကောင်းပဲပေါ့။
တစ်ခုခုကို မကျေမနပ် တဝဲဝဲလည်လည်ဖြစ်နေသလား။ စိတ်ကအဲဒီအထဲပဲ ပြန်ပြန်ရောက်နေသလား။ အဲဒါဆိုရင်မကောင်းဘူး။ ကိုယ့်ကိုယ်ကိုပဲလောင်စေတယ်

အဲဒီမကောင်းတဲ့အကျင့်ကို ဘယ်လိုလျော့ပါးအောင်လုပ်မလဲ။ တစ်ခုခုကိုလျော့ပါးစေဖို့ဆိုတာ တစ်ခါတလေဝန်းကျင်အသစ်လိုတယ်။ ဝန်းကျင်အဟောင်းက ဖယ်ခွာနိုင်ဖို့လိုတယ်။ ယေဘုယျပြောတာပါ။ တစ်နေရာကနေ နောက်တစ်နေရာကိုသွားဖို့ဆိုတာ ဘယ်လွယ်မလဲ။ ဖယ်ခွာနိုင်ဖို့ ကြိုးစား၊ မဟုတ်ရင်လည်း ကိုယ်ကိုးကွယ်ရာဘာသာတရားတွေနဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်အောင် ပြုစုပျိုးထောင်ပေါ့။ တရားထိုင်မယ်ဗျာ။ လူတစ်ယောက်နဲ့ ပြဿနာ ဖြစ်လာရင်တောင် သူ့ကျေးဇူးကိုအောက်မေ့မယ်ဗျာ။ ကျေးဇူးဆိုတာ ရှာကြံတင်ရင် ရတယ်နော်။ ဒီတော့ ဘာဖြစ်လဲ။ တစ်ဖက်က ကိုယ့်အပေါ်မကျေမလည် သဲသဲမဲမဲဖြစ်နေမယ်ဆိုရင်တောင် ကိုယ်မလောင်ဘူး။ သူပဲလောင်တာပေါ့။

အလေ့အကျင့်ဆိုတာအမျိုးမျိုး ပြုစုပျိုးထောင်လို့ရတယ်ဗျာ။ ပညာရေး၊ ကြီးပွားရေးအတွက်တင်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်၊ ဆွဲဆောင်မှုရှိအောင်ပြုစုပျိုးထောင်တာလည်း အလေ့အကျင့်ပဲ။ မိန်းကလေးက ယောက်ျားလေးအတွက် ဆွဲဆောင်မှုရှိစေရမှာ ဖြစ်သလို၊ ယောက်ျားလေးတွေကလည်း မိန်းကလေးတွေအတွက် ဆွဲဆောင်မှုရှိစေရမယ်။ အသားအရေစိုပြည်ရမယ်။ အနံ့အသက်ကင်းရမယ်။ ရေများများသောက်၊ အာဟာရဖြစ်မယ့် အစားအစာများများစား၊ အသီးအရွက်များများစား၊ အပူ အစပ် အငန် လျှော့၊ ဒါတွေအားလုံး အလေ့အကျင့်လုပ်ရမယ်။
အလေ့အကျင့်နဲ့ပတ်သက်လို့ ဆွေးနွေးချင်တာကတော့ ဒီလောက်ပါပဲ။ ဘာလုပ်လုပ် လက်တွေ့ကျဖို့ပဲလိုတယ်ဗျာ။ စာစကားတွေသိပ်ပြောမနေနဲ့။ ဖြစ်နိုင်ရင် ဒီနေ့ကစ။ ကိုယ်နိုင်သလောက်လုပ်။ မိသားစုထဲမှာတစ်ယောက်က ကြိုးကြိုးစားစားလုပ်ရင် အဲဒီကြိုးစားမှုက တစ်မိသားစုလုံးဆီသက်ရောက်သွားတတ်တယ်။ မိသားစုထဲမှာတစ်ယောက်က မှိုင်မှိုင်တွေတွေနေရင် အဲဒီမှိုင်တွေငေးငိုင်မှုက တစ်မိသားစုလုံးဆီသက်ရောက်တယ်။ မိသားစုထဲမှာ တစ်ယောက်က အိမ်သန့်ရှင်းရေးနိုင်သလောက် ဝိုင်းဝန်းလုပ်တတ်ကြတယ်။ ဆိုချင်တာက အလေ့အကျင့်ဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ်ကူးစက်တတ်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အထူးသဖြင့် လူငယ်တွေအများစုအကြားမှာကောင်းမွန်တဲ့အလေ့အကျင့်တွေ သိမြင်ပွားများဖြစ်ထွန်းလာပြီဆိုရင် အဲဒါမြန်မာတို့အစစ်အမှန် ကြီးပွားတိုးတက်ဖို့ အစကနဦးပဲဖြစ်ပါလိမ့်မယ်။

၂၀၁၆၊ ၁၉ရက် အောက်တိုဘာလထုတ် မြန်မာ့အလင်းသတင်းစာမှ ဆောင်းပါးရှင် အောင်အောင်(IR) ရေးသားထားသော ဆောင်းပါးကိုဖတ်ရှုဆွေးနွေးပါသည်။

CD-Content Translation Department

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။