Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 10, 2017

မိုးရေ ထဲမှာ အန္တရာယ် ကင်းစွာ ကားမောင်းနိုင်ရန် သင် ဒီအချက်တွေကို သိထားသင့်ပါတယ် …!


မိုးရေ ထဲမှာ အန္တရာယ် ကင်းစွာ ကားမောင်းနိုင်ရန် သင် ဒီအချက်တွေကို သိထားသင့်ပါတယ် …!
ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်မှာ လူငယ်စုံတွဲတစ်တွဲ Toyota Mark II ကားကောင်းတစ်စီးကို သတ် မှတ်အမြန်နှုန်း Speed 100 km/hr ထက် ကျော်ပြီးမောင်းလာကြတယ်။ မိုးမှောင်ကျလာပြီ။ ရုတ်တရက် မိုး ရွာချတယ်။ သည်းကြီးမဲကြီးဘဲ။ ရေ တော်တော်ပါတယ်။ Toyota Mark II ကားလေးကတော့ အရှိန်မလျော့ ဘူး။ လမ်းကရှင်းပြီး ဖြူးနေတော့ စိတ်လွတ်ကိုယ်လွတ်မောင်းနေတာ။ ကီလို ၁၄၀ နားတောင်ရောက်ခါနီး ပြီ။ ရုတ်တရက် လမ်း ကချို့ကွေ့သွား တယ်။ လမ်းပေါ်မှာ ရေတင်နေတာ ကို သတိမထားဘဲ ဆက်မောင်းနေ တယ်။ အဖြစ်အပျက်က မြန်ဆန် လွန်းလှတယ်။ မျက်စိမှိတ် စက္ကန့်ပိုင်း လေးမှာပဲ Mark II ကားလေးဟာ ပြေး လမ်း ပေါ်ကချော်ထွက်သွားပြီး ဘယ် လိုမှထိန်းလို့မရလိုက်ပါဘူး။ ကားက နှစ်ပတ်လောက်ကျွမ်းပြန်ပြီး နောက် ဆုံး လမ်း ဘေးထိုးဆင်းသွားတယ်။
ကားပေါ်မှာပါလာတဲ့လူငယ်စုံတွဲ ဘာ မှသတိမရတော့ပါဘူး။ တစ်ကိုယ်လုံး လည်း သွေးချင်းချင်းနီနေတယ်။ ကား တစ်စီးလုံးလည်း ဘာမှရစရာမရှိပါ ဘူး။ ကား မီး မလောင်တာတော်သေး တယ်။ ဓာတ်ဆီကားဆိုရင်တော့ လူပါ မီး သဂြိုလ်ပြီးသားဖြစ်သွားပြီ။ ဒီဇယ်ဖြစ်လို့တော်ပါသေးရဲ့။

Hydroplane; Good Car Tires in Myanmar Car Market; Driving in Myanmar rain; Car Tire for Myanmar rain
ဒီဖြစ်ရပ်မျိုး အမြန်လမ်း ပေါ်မှာ အများဆုံးဖြစ်နေပါတယ်။ ဘာ့ကြောင့် ဖြစ်ရတာလဲ။ အဖြေက Hydroplane ဖြစ်လို့ ရေလွှာလျောစီးဖြစ်သွားတာ ပါဘဲ။ လမ်းပေါ်မှာရေတင်နေတာကို သတိမထားဘဲ ကားအရှိန်ပြင်းမောင်း ရင် ဒီလိုမျိုးဖြစ်တတ်ပါလားဆိုတဲ့ အ တွေ့အကြုံမျိုးMark II ပေါ်ကလူငယ် ၂ ဦး အသက်နဲ့လဲပြီး ရသွားပါတယ်။
Hydroplane ဆိုတာဘာလဲ။ ကားလမ်းပေါ်မှာ မိုးများများရွာချရင် ရေတင်နေတယ်။ ကားမောင်းလာတဲ့ Speed ကများဆိုရင် ရှေ့ဘီးတာယာ ၂ လုံးဟာ ရေထုကိုစပြီးစွဲရတယ်။ တာယာရေစွဲအားမကောင်းတဲ့အခါမှာ ရေထုကလည်းများတယ်။ ကား Speed ကလည်း ကီလို ၁၀ဝ နှုန်း ကျော်နေမယ်ဆိုရင်တော့ ကားတာယာဘီးနဲ့ လမ်းမျက်နှာပြင် လုံးဝမထိ တော့ဘဲ ရေလွှာလျောစီးသလိုဖြစ် သွားတယ်။ တာယာဘီး နဲ့ လမ်းမျက် နှာပြင်ကြားမှာ ရေလွှာထုကကြားခံ နေတာကြောင့် ဘီးကုတ်အား (Traction) လုံးဝမရှိတော့ပါဘူး။ ဒီအခြေအနေမျိုးမှာ ဘရိတ်ဖမ်းလို့မရ။ စတီ ယာရင်ချိုးကွေ့လို့လဲမရတော့ပါဘူး။ ကားတစ်စီးလုံး ထိန်းချုပ်မရတော့ဘဲ ဘေးမှာရှိတဲ့အရာတွေကို ဝင်တိုက်မိ ပြီး ကြီးမားပြင်းထန်တဲ့ ယာဉ်တိုက်မှု ဖြစ်သွားရပါတယ်။

Hydroplane; Driving in Myanmar rain; Car Tire for Myanmar rain
Hydroplane ဖြစ်ဖို့ အခြေခံအချက် ၃ ချက်ရှိပါတယ်။ ကားရဲ့အ မြန်နှုန်း (speed), တာယာပန်းသား ထုနဲ့ လမ်းပေါ်မှာတင်နေတဲ့ ရေလွှာ ထုတွေပါဘဲ။ Hydroplane ဖြစ်ဖို့ ကား ရဲ့အမြန်နှုန်းဟာ တစ်နာရီ ၅၅ မိုင်ကနေ မိုင် ၆၀ အတွင်းရှိရမယ်။ ကီလိုမီတာနဲ့ဆိုရင် ၈၅ ကီလိုကနေ ကီလို ၁၀ဝ တာယာပန်းသားထုက လည်းပါးနေမယ်။ ရေခွဲအားမကောင်း ဘူး။ လမ်းပေါ်မှာ ရေကလည်းများ မယ်ဆိုရင်တော့ အရှိန်ပြင်းမောင်းလာ တဲ့ကားတစ်စီးမှာ ရေတင်နေတဲ့လမ်း ပေါ်ရောက်တာနဲ့ ရေထုကပင့်တင် လိုက်တဲ့ပင့်အားကြောင့် ရှေ့တာယာ ဘီးတွေ လွှတ်သွားပါတယ်။ တာယာ နဲ့ လမ်းမျက်နှာပြင်ကြားမှာ ရေလွှာ ထုက ကြားဝင်လိုက်တာကြောင့် ဘီးကုတ်အား Traction လုံးဝမရှိတော့ဘဲ ဗခခငိနညအ ဖြစ်ရတာပါဘဲ။
Hydroplane ကို Aquaplane လို့ခေါ်ပါတယ်။ ရေလွှာလျောစီးသလို မျိုးဖြစ်မသွားအောင် မိုးကြီးတဲ့အချိန် မှာ ကားရဲ့အမြန်နှုန်း (Speed) ဟာ ကီလို ၅၀ လောက်ဘဲရှိသင့်ပါတယ်။ ဒါမှလည်း ကားကိုထိန်းလို့ရလိမ့်မယ်။
အမြန်လမ်းပေါ်မှာ မိုးရာသီအန္တ ရာယ်တွေရှိပါသေးတယ်။ မိုးအလွန် များရင် တောင်ကန်ုတွေကဆင်းလာ တဲ့ရေတွေ အမြန်လမ်းပေါ်ရောက်ပါ တယ်။ တောင်ကျရေနဲ့အတူ တောင် မြေနီစေးတွေ၊ ကျောက်စရစ်ခဲတွေ၊ သဲတွေက လမ်းပေါ်မှာရောက်နေတတ်ပါတယ်။ မြေနီရွှံ့စေးတွေတင်နေ တဲ့လမ်းပေါ်မှာ ကားကလည်းအရှိန် ပြင်းတယ်ဆိုရင်တော့ ဒုက္ခလှလှကြီး ကိုတွေ့နိုင်ပါတယ်။ နောက်ပြီး ကျွဲ၊ နွား တိရစ္ဆာန်တွေ လမ်းဖြတ်ကူးတဲ့ အန္တရာယ်ပါ။ မိုးရွားနေရင် ကားဘ ရိတ်ဖမ်းလို့ ချက်ချင်းမရပ်ပါဘူး။
မိုးရာသီမှာ အရေးအကြီးဆုံးအ ချက်က ကား တာယာ ပါ။ ရေခွဲအား ကောင်းတဲ့ Rain Groove တာယာ သုံးဖို့လိုပါတယ်။ တာယာထုတ်လုပ် သူတွေဟာ သုံးစွဲရမည့်နေရာကိုလိုက် ပြီး တာယာဒီဇိုင်းပုံစံအမျိုးမျိုးကို ခွဲ ခြားပြီး ထုတ်လုပ်ပါတယ်။ တာယာ သုံးစွဲသူက ရာသီဥတု အခြေအနေ၊ လမ်းအခြေအနေ၊ မိမိကားအခြေအ နေနဲ့ကိုက်ညီတဲ့တာယာအမျိုးအစား ကို ရွေးချယ်ဖို့လိုပါတယ်။ ရွှံ့တွေ၊ နွံ တွေ၊ ဆီးနှင်းတွေထူလွန်းတဲ့လမ်းမှာ သုံးဖို့ Mud & Snow Tire, လမ်း ကြမ်းတောလမ်းခရီးမှာသုံးဖို့ (Of-road Tire)၊ အဆင့်မြင့်စွမ်းဆောင် နိုင်ရည်ရှိတဲ့ (High performance Tire)၊ ဆောင်းရာသီမှာသုံးတဲ့ (Winter Tire)၊ မိုးရာသီမှာသုံးတဲ့ Rain Groove Tire ဆိုပြီး အမျိုးမျိုးရှိပါ တယ်။

Hydroplane; Driving in Myanmar rain; Car Tire for Myanmar rain
မိုးရာသီမှာတော့ လမ်းပေါ်ကရေ တွေ ခွဲထုတ်ဖယ်ရှားနိုင်တဲ့ Rain Groove Tire ကိုသုံးရပါတယ်။ လမ်း ပေါ်မှာတင်နေတဲ့ ရေလွှာထု ဟာ တာ ယာဘီးကုတ်အား (Traction) ကို လျော့နည်းစေပါတယ်။ လမ်းပေါ်မှာ တင်နေတဲ့ရေထုကို တာယာဘီးနင်း တဲ့အခါ တာယာမျက်နှာပြင်နဲ့ လမ်း မျက်နှာပြင်ကြားကရေတွေ ဘေးကို အမြန်ဆုံးခွဲထွက်သွားနိုင်ဖို့ ရေခွဲ မြောင်းတွေလိုပါတယ်။ ဒီလိုမျိုး သီး သန့်ဒီဇိုင်းကို Rain Groove တာယာ မှာတွေ့နိုင်ပါတယ်။
Rain Groove တာယာကြောင့် ကားဘီးအောက်မှာရောက်နေတဲ့ရေ တွေကို တာယာပန်းသားတွေက ဖယ်ရှားနိုင်ပါတယ်။ ရေကိုခွဲထုတ်ပေးနိုင် တဲ့အတွက် လမ်းမျက်နှာပြင်နဲ့ တာ ယာပန်းသားထိတွေ့မှုအားကောင်းပြီး ဘီးကုတ်အားကိုရစေပါတယ်။ ပန်းသားကုန်နေတဲ့တာယာ၊ ဂတုံးဖြစ်နေ တာယာတွေက မိုးတွင်း မှာ တာယာ စလစ်ဖြစ်နိုင်ပါတယ်။ ရေတင်နေတဲ့ လမ်းပေါ်မှာ ပိုပြီးအန္တရာယ်များပါ တယ်။ ပန်းသားပါးနေတဲ့တာယာကို တောင် အမြန်လမ်းမျိုးမှာ မသုံးသင့်ပါဘူး။
တာယာဘီးပန်းသားနဲ့ လမ်း မျက်နှာပြင်ကုပ်အားကို တာယာဘီး ကုပ်အား (Traction) လို့ခေါ်ပါတယ်။ တာယာဘီးတွေဟာ တစ်လုံးနဲ့တစ်လုံး ဘီးကုပ်အားမတူညီကြပါဘူး။ မြေမျက်နှာပြင်အနေအထား၊ လမ်း အခြေအနေ၊ ရာသီဥတုပတ်ဝန်းကျင် အခြေအနေ၊ တာယာပန်းသားဒီဇိုင်း၊ တာယာဘီးလေပေါင်ဖိအားစတဲ့ အချက်တွေအပေါ်မှာမူတည်ပြီး ဘီးကုပ်အားဟာ အမျိုးမျိုးရှိနိုင်ပါတယ်။ တာယာပြုလုပ်ရာမှာအသုံးပြုထားတဲ့ ရာဘာကွန်ပေါင်းသားအရည်အသွေးနဲ့ တာယာပန်းသားဒီဇိုင်းတွေကလည်း ဘီးကုပ်အားကို အမျိုးမျိုးခြားနားစေ ပါတယ်။ မိုးတွင်းသုံးတာယာတွေက Net Traction တာယာဖြစ်ပါတယ်။ ရေခွဲအားကောင်းတဲ့ Rain Groove မြောင်းအစင်းတွေပါတယ်။ လမ်းပေါ် ကရေလွှာထုကို ခွဲထုတ်နိုင်တယ်။

How to Check Tire; Tire Wear; Hydroplane; Driving in Myanmar rain; Car Tire for Myanmar rain
ကားတစ်စီး ရဲ့ ဘရိတ် ဖမ်းနိုင်တဲ့ အကွာအဝေး (Braking Distance) ဟာ တာယာဘီးကုပ်ကားအပေါ်မှာ မူတည်ပါတယ်။ ရေစိုနေတဲ့လမ်းပေါ် မှာ ရရှိတဲ့ Wet Traction ထက် ခြောက်သွေ့နေတဲ့လမ်းပေါ်မှာဖြစ်ပေါ် တဲ့ Dry Traction က ပိုပြီးအား ကောင်းပါတယ်။ ကားတစ်စီးရဲ့အရှိန် မြင့်တင်နိုင်တဲ့စွမ်းအားဟာ ဘီးကုပ် အားပေါ်မှာမူတည်ပါတယ်။ ဒါကြောင့် ကားတစ်စီးရဲ့ Braking Distance နဲ့ အရှိန်မြင့်တင်နိုင်စွမ်း (Acceleration) တို့ကို တိုင်းတာနိုင်ဖို့၊ (Dry Traction Test) ဘီးကုပ် အား စမ်းသပ် ခြင်းလုပ်ရပါတယ်။
မိုးရာသီမှာ တာယာအန္တရာယ် ကင်းဝေးဖို့ ပုံမှန်ထိန်းသိမ်းမှုတွေ လုပ် ပေးရပါတယ်။ တာယာပန်းသားတွေ ကောင်းရမယ်။ ရှေ့တာယာဘီး တစ် စုံဟာ ပန်းဒီဇိုင်းတူ၊ အမျိုးအစားတူ၊ ပန်းသားထုအတူတူညီတဲ့ တာယာဖြစ် ဖို့လိုပါတယ်။ တာယာဘေးပါးသား တွေ ကွဲအက်တာ၊ နှုတ်ခမ်းလိုင်နာ တွေမကောင်းတာမျိုးရှိခဲ့ရင် ချက်ချင်း အသစ်လဲပေးပါ။ တာယာကိုပန်းသား ကုန်ပြီး၊ ဂတုံးပြောင်ဖြစ်အောင် လုံးဝ မသုံးရပါဘူး။ ပန်းသားထု 1/4 inch လောက်ဘဲကျန်ရင်တောင် မိုးရာသီ မှာ မသုံးသင့်ပါဘူး။ ရေစိုနေတဲ့အခြေ အနေဖြစ်တဲ့အတွက် ဘီးကုပ်အား၊ ရေခွဲအားကောင်းဖို့လိုပါတယ်။ ပန်း ကုန်နေတဲ့တာယာကို ပန်းထိုးပြီးသုံး တာလဲမကောင်းပါဘူး။
တာယာဘီးတွေ လေပေါင်မှန် ဖို့လိုပါတယ်။ သတ်မှတ်လေပေါင်အတိုင်းထိုးပါ။ တာယာတစ်လုံးမှာ အများဆုံးထမ်းနိုင်တဲ့ဝန်အားရှိပါတယ်။ Over Load မထမ်းခိုင်းပါနဲ့။ သက် တမ်းလွန် Date Out တဲ့တာယာမသုံး ပါနဲ့။ တာယာဝယ်ရင် ထုတ်လုပ်တဲ့ နေ့ကိုကြည့်ပါ။ တာယာဘီးတွေ အလိုင်းမန့် မှန်အောင်ချိန်ပါ။ ခရီးမိုင် ၅၀ဝ၀ လောက်မောင်းပြီးတိုင်း တာ ယာဘီးတွေကို ရှေ့၊ နောက်၊ ဘယ်၊ ညာ လှည့်ပြီးပြောင်းပါ။ အမြန်လမ်း မှာ တာယာကွဲထွက်ပွင့်ထွက်လို့ သေဆုံရတဲ့ယာဉ်တိုက်မှုတွေ၊ အ တော်များနေပါပြီ။ ခရီးဝေးထွက်တော့ မယ်ဆိုရင် တာယာတွေကိုစစ်ဆေးပြီး မှသွားပါ။
Young woman checking pressure and inflating car tires.
တာယာပန်းသား ဘယ် လောက်ဘဲထူနေပါစေ သက်တမ်း လွန်နေတဲ့တာယာကို ထက်ဝက်ဈေး နဲ့ရခဲ့ရင်တောင် လုံးဝမသုံးပါနဲ့ သင့် အသက်က တာယာတန်ဖိုးထက် အလွန်မြင့်ပါတယ်။ တာယာနဲ့ပတ်သက် လာရင် လက်မတွန့်ပါနဲ့။ မှားနေတဲ့ အကျင့်တွေ တော်လှန်ပစ်ပါ။ တာယာ တစ်လုံးရဲ့အသက်က ၆ နှစ်ပါ။ နှစ် လွန်တိုက်ဆွေးတာယာက သင့်ကို ဒုက္ခပေးပါလိမ့်မယ်။
ဒါတွေကို ဂရုစိုက်ပါ

– မိုး သည်းသည်းမဲမဲရွာတဲ့အ ချိန်မှာ လမ်းပေါ်မှာ ရေတင်နေတာ ကြောင့် Hydroplane မဖြစ်အောင် ကားကို အရှိန်ပြင်းမမောင်းပါနဲ့။ ကီ လိုမီတာ ၅၀ လောက်ဘဲမောင်းပါ။
– Rain Groove မြောင်းတွေ များများပါပြီး ရေခွဲအားကောင်းတဲ့ မိုးရာသီ သုံးတာယာကိုသုံးပါ။
– လမ်းအချိုးအကွေ့တွေမှာ ကီလို ၄၀ လောက်နဲ့ဘဲကွေ့ပါ။ အ ရှိန်ပြင်းနဲ့ကွေ့ရင် ဗဟိုခွာအားကြောင့် လမ်းဘေးကိုချော်ထွက်သွားနိုင်ပါ တယ်။
– မိုးရွာနေတဲ့အချိန်မှာ ရုတ်တ ရက် Death Stop ဘရိတ်မဖမ်းပါနဲ့။ ကားဘီးတွေ စလစ်ဖြစ်သွားနိုင်တယ်။
– လမ်းပေါ်မှာ ရေကြီးနေရင် ရေတွေဖုံးနေတာကြောင့် လမ်းအခြေ အနေကို မသိနိုင်ပါဘူး။ သတိထား ပြီးဖြည်းဖြည်းမောင်းပါ။
– အမြန်လမ်းမှာ မိုး များရင် တောင်ကျရေ နဲ့အတူ ရွှံ့တွေ၊ သဲတွေ၊ ကျောက်စရစ်ခဲတွေ မျောပါလာတတ် ပါတယ်။ သတိထားပါ။
– ရေစိုနေတဲ့ လမ်း မှာ ဘီးကုပ် အား (Traction) ကျဆင်းနေတာ ကြောင့် ရှေ့ကကားနဲ့ ခပ်ခွာခွာလိုက် ပါ။ ဘရိတ် နင်းတိုင်း၊ ချက်ချင်းမရပ် ပါဘူး။ ရှေ့ကားကိုနမ်းမိမယ်။
– ကားဘီးအားလုံး လေပေါင် ဖိအား အမြဲစစ်ဆေးပါ။
– ABS ဘရိတ် စနစ်မပါတဲ့ကား အမြန်လမ်းမှာအရမ်းမမောင်းပါနဲ့။
– ဝိုင်ဘာရေသုတ်တံတွေ၊ ဘရိတ် တွေကောင်းနေအောင် ဂရုစိုက် ပါ။
– Spare Tire ကို အသင့်အ နေအထားဖြစ်အောင် စစ်ဆေးပါ။
Credit: ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)
 http://www.lwinpyin.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။