တိုက်ရဲ့ အစွန်းတစ်ဘက်မှာ
ညီမလေးတစ်ယောက်
အဝေးကြီးကို ငေးနေတယ်။
ကွန်ကရစ်သား ထုထည်ကြီးတွေနဲ့
တောက်ပပြောင်လက် အဆောက်ဦကြီးတွေဟာ
သူ့ကို မှီတွယ်မှု မပေးစွမ်းနိုင်ပြီ
လင်းနေတဲ့ အမှောင်ထဲမှာ
သူဟာ ပျောက်ဆုံးသွားတဲ့ အနာဂတ်ကိုဖွေရှာရင်း
ညီမလေးဟာ မီးခြစ်ဆံလေးနဲ့တူတယ်
တစ်ချို့ရဲ့ တခဏတာအလင်းအတွက်
ရှဲကနဲ တခြစ်ခတ်စာလေးအတွက်
သူ့ဘဝတစ်ခုလုံး လောင်ကျွမ်းပေးလိုက်ရတာ။
ပျော်ရွင်မှုဆိုတာ ဘာများလဲရှင်
လောကထဲမှာ ရှိများရှိပါ့မလားလို့
သံသယကြီးစွာ သူမေးတယ်။
နှနယ်တဲ့နှလုံးသားလေးဟာ
ကြမ်းတမ်းခက်သရော်လွန်းတဲ့ လောကကို
ရင်ဆိုင်ဖို့ အားအင်မပြည့်စုံရှာ
အဝေးကြီးကို ငေးရင်း ရှာရင်း
မျှော်လင့်ချက်ဆိုတာ လိုက်လေဝေးရင်း
ညီမလေးကိုနှစ်သိမ့်ဖို့ လက်တစ်ဘက်မှ
မရှိတော့အောင် ရှားပါးလွန်းတဲ့ဘဝ
ညီမလေးမျက်ရည်တွေအတွက်
မှီတွယ်ငိုကြွေးစရာ ပခုံးတစ်ဘက်မှ
မရှိတော့တဲ့ လောက။
နွေးထွေးမှု ငတ်တယ်
ယုံကြည်မှု ငတ်တယ်
ကိုယ်ချင်းစာစိတ်နဲ့ ညှာတာမှု ငတ်တယ်။
လူအဖြစ်နဲ့ အသက်ရှင်ရတာ မောတယ်။
မနက်ဖန်ခါဆိုတာ
သေခြင်းတရားထက်တောင်
ကြောက်စရာ ကောင်းသေးခဲ့
ည်ီမလေးအတွက် ....
အသက်ကိုပေးလိုက်ရတဲ့
အဆုံးစွန်နာကျင်မှုကို ရင်ဆိုင်ဝံ့ပေမယ့်
မနက်ဖန်တွေကို ရင်ဆိုင်ဖို့
ညီမလေးခမျာ ပိုခက်ခဲ။
မျက်လုံးတွေ
လက်ညှိုးတွေ
ဖိနှိပ်ခြင်းတွေ
ဥပေက္ခာတရားတွေ
အောက်နှုတ်ခမ်းကိုက်ထားတဲ့ဒါ ဏ်ရာထက်
ရင်ဘတ်ထဲက နာကျင်မှုဟာ
ပိုကဲတဲ့အခါ
သူရှိနေတာ တိုက်တစ်ဘက်စွန်းမဟုတ်ပဲ
လူ့အသိုင်းအဝိုင်းရိပ်မြုံရဲ့ အစွန်ဘက်ဖြစ်ကြောင်း
ညီမလေး သိသွားလိုက်တဲ့အခါ
လူ့ဘဝကို ညီမလေးခေါင်းခါခဲ့တော့ရဲ့။
အဝေးဆုံးနဲ့ အရှိုင်းဆုံးဆီ
ညီမလေး ခုန်ချလိုက်တယ်။
အမှောင်ဟာ ဝုန်းကနဲပြေးဝင်လာ
မြေကြီးကလာသူဟာ
မြေကြီးဆီပဲ ပြန်ခဲ့တယ်။
အမှောင်ထဲ ခုန်ချတဲ့ညီမလေးဟာ
ကိုယ်တိုင်အမှောင်ထုတစ်ခုအြ ဖစ်
ပျောက်ဆုံးသွားတော့တယ်။
Thorn Nay Soe သွန်းနေ စိုး
ညီမလေးတစ်ယောက်
အဝေးကြီးကို ငေးနေတယ်။
ကွန်ကရစ်သား ထုထည်ကြီးတွေနဲ့
တောက်ပပြောင်လက် အဆောက်ဦကြီးတွေဟာ
သူ့ကို မှီတွယ်မှု မပေးစွမ်းနိုင်ပြီ
လင်းနေတဲ့ အမှောင်ထဲမှာ
သူဟာ ပျောက်ဆုံးသွားတဲ့ အနာဂတ်ကိုဖွေရှာရင်း
ညီမလေးဟာ မီးခြစ်ဆံလေးနဲ့တူတယ်
တစ်ချို့ရဲ့ တခဏတာအလင်းအတွက်
ရှဲကနဲ တခြစ်ခတ်စာလေးအတွက်
သူ့ဘဝတစ်ခုလုံး လောင်ကျွမ်းပေးလိုက်ရတာ။
ပျော်ရွင်မှုဆိုတာ ဘာများလဲရှင်
လောကထဲမှာ ရှိများရှိပါ့မလားလို့
သံသယကြီးစွာ သူမေးတယ်။
နှနယ်တဲ့နှလုံးသားလေးဟာ
ကြမ်းတမ်းခက်သရော်လွန်းတဲ့ လောကကို
ရင်ဆိုင်ဖို့ အားအင်မပြည့်စုံရှာ
အဝေးကြီးကို ငေးရင်း ရှာရင်း
မျှော်လင့်ချက်ဆိုတာ လိုက်လေဝေးရင်း
ညီမလေးကိုနှစ်သိမ့်ဖို့ လက်တစ်ဘက်မှ
မရှိတော့အောင် ရှားပါးလွန်းတဲ့ဘဝ
ညီမလေးမျက်ရည်တွေအတွက်
မှီတွယ်ငိုကြွေးစရာ ပခုံးတစ်ဘက်မှ
မရှိတော့တဲ့ လောက။
နွေးထွေးမှု ငတ်တယ်
ယုံကြည်မှု ငတ်တယ်
ကိုယ်ချင်းစာစိတ်နဲ့ ညှာတာမှု ငတ်တယ်။
လူအဖြစ်နဲ့ အသက်ရှင်ရတာ မောတယ်။
မနက်ဖန်ခါဆိုတာ
သေခြင်းတရားထက်တောင်
ကြောက်စရာ ကောင်းသေးခဲ့
ည်ီမလေးအတွက် ....
အသက်ကိုပေးလိုက်ရတဲ့
အဆုံးစွန်နာကျင်မှုကို ရင်ဆိုင်ဝံ့ပေမယ့်
မနက်ဖန်တွေကို ရင်ဆိုင်ဖို့
ညီမလေးခမျာ ပိုခက်ခဲ။
မျက်လုံးတွေ
လက်ညှိုးတွေ
ဖိနှိပ်ခြင်းတွေ
ဥပေက္ခာတရားတွေ
အောက်နှုတ်ခမ်းကိုက်ထားတဲ့ဒါ
ရင်ဘတ်ထဲက နာကျင်မှုဟာ
ပိုကဲတဲ့အခါ
သူရှိနေတာ တိုက်တစ်ဘက်စွန်းမဟုတ်ပဲ
လူ့အသိုင်းအဝိုင်းရိပ်မြုံရ
ညီမလေး သိသွားလိုက်တဲ့အခါ
လူ့ဘဝကို ညီမလေးခေါင်းခါခဲ့တော့ရဲ့။
အဝေးဆုံးနဲ့ အရှိုင်းဆုံးဆီ
ညီမလေး ခုန်ချလိုက်တယ်။
အမှောင်ဟာ ဝုန်းကနဲပြေးဝင်လာ
မြေကြီးကလာသူဟာ
မြေကြီးဆီပဲ ပြန်ခဲ့တယ်။
အမှောင်ထဲ ခုန်ချတဲ့ညီမလေးဟာ
ကိုယ္တိုင္အေမွာင္ထုတစ္ခုအျ
ပျောက်ဆုံးသွားတော့တယ်။
Thorn Nay Soe သွန်းနေ စိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။