စင်္ကာပူရဲ့ အတိုအစ များ
🚧
🚧
🚧
🌴
🌴စင်္ကာပူမှာ
ညဘက် သန်းခေါင်အချိန်အခါ ဆယ့်နှစ်နာရီ ဝန်းကျင်တွင် သေဆုံးပြီး
သရဲ များကို တစ်နေရာမှတစ်နေရာ သယ်ပို့ပေးတဲ့ night rider လို့
နံမည်တပ်ထားတဲ့ bus ကားများ ညစဉ် အချိန်မှန်
ပြေးဆွဲပေးထားပါတယ်။Bus ရဲ့ရှေ့မှာ Night Rider လို့ ရေးထားတဲ့
ဆိုင်းဘုတ်လေးထောင်ထား ပြီး သတ်မှတ်ထားရာ နေရာများမှာ အတင်အချလုပ်ပေးပါတယ်။
🌴
🌴 စားသောက်ဆိုင်များတွင် အစားအသောက်များဝယ်စားသောအခါ စားနေတုန်းနဲ့ စားပြီးသောအခါ အသုံးပြုတဲ့ တူ တံ ကို ထမင်းခွက်သော်လည်းကော င်း ဟင်းခွက်ထဲတွင် မစိုက်ထားပါနဲ့။ တူကို ထိုသို့စိုက်ထားခြင်းသည်
ယခုစားသော အစားအသောက်သည် အလွန်အင်မတန်မှ ညစ်ပတ် ပြီး
အရသာမရှိကြောင်း သင်္ကေတ ကိုပြတဲ့အတွက် ထိုအစားအသောက်ကို
ရောင်းလိုက်သော ဆိုင်မှ ဒေါသထွက်ကာ ရန်ပြုတတ်ပါသည်။
🌴
🌴
seventh month ဟုခေါ်သော တစ္ဆေကြီးများအတွက် ပြုလုပ်သော စတိတ်ရှိုး
များကို ကျင်းပတဲ့အခါ ရှေ့ဆုံးရှိ ထိုင်ခုံတစ်တန်းကို
အလွတ်ထားကျပါတယ် ။သွားရောက်မထိုင်ပါနဲ့ အဲ့ဒါ သရဲများအတွက်ထားထားတာပါ
။ မသိလို့ဝင်ထိုင်မိရင်လည်း တရုတ်သရဲခေါ် သော ဆရာ မှ အော်ငေါက်ပြီး ရိုက်ပုပ်တတ်ပါသည်။
🌴
🌴
မလေးလူမျိုးတွေအများစုဟာ ညဘက်မှာ မင်္ဂလာ ဆောင်ကျပါတယ်
ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့အယူအဆဟာ လူတွေရဲ့
အချစ်စိတ်အမြင့်ဆုံးအချိ န်ဟာ ညဘက်ဖြစ်ပြီး မင်္ဂလာ ဆောင်ပြီးတာနဲ့ သတို့သားနဲ့ သတို့သမီး တန်းအိပ်ယာဝင် ချစ်ရည်လူးနိုင်ရန်ဖြစ် ပါတယ်။
🌴
🌴စင်္ကာပူရှိ Aljunied အပိုင်မြို့နယ်ရပ်ကွက်များသည် တစ်ချိန်က လီကွန်ယုခေါင်းဆောင်ေ သာ
PAP ကို အတိုက်အခံ ယှဉ်ပြိုင်သော worker party ပေါ်ထွက်ရာ
နေရာဖြစ်သောကြောင့် PAP အနိုင်ရသောအခါ အဆောက်အဦးလူနေအိမ်
HDBများကို အထပ်အမြင့် ဆယ့်နှစ်ထပ် မကျော်ရလို့
အမိန့်ထုတ်ခဲ့ဖူးပါတယ်။
🌴
🌴
စင်္ကာပူဟာ လမ်းဘေး လမ်းလယ် နေရာများတွင် မန်းကျည်းပင် အုံးပင်
ကြက်မောက်ပင် သရက်ပင် ပန်းပင်များ စိုက်ထားတတ်သလို
အသီးသီးလာသောအခါမှာလည်း မခူးဆွတ်ကျပေ။ သွားရောက်ခူးစားလျှင်တော့ဒဏ်ငွေက ငါးထောင်ပါ။
🌴
🌴စင်္ကာပူ လေဆိပ် ချန်ဂီ Terminal 1 ကနေ 3 ထိ ၂၀၁၆ ဒီဇင်ဘာ မှတ်တမ်းအရ တပ်ဆင်ထားသော CCTV အလုံးရေ ခြောက်သောင်းလေးထောင်နှစ်ရာ့ ရှစ်ဆယ်(၆၄၂၈၀)ရှိပါတယ်။
🌴
🌴စင်္ကာပူရှိ အဝေးပြေးကားလမ်းမတချို့ကို အရေးပေါ်လေယာဉ်ဆင်းနိုင်အောင်လို့ လမ်းများကို လေဆိပ်မှ လေယာဉ် ပြေးလမ်းကြောင်း များတွင်ခင်းထားသော လမ်းအမျိုးအစားတိုင်းခင်းထားပါသည်။
🌴
🌴စင်္ကာပူရှိ
MRT ဘူတာရုံများအထဲတွင် botanic garden MRT နှင့် woodleigh MRT
နှစ်ခုတွင် အမျိုးအမည်မသိသော ရုပ်ပုံများ CCTV camera များတွင် မကြာခန
ပေါ်တယ်လို့ လုံခြုံရေး ကင်မရာစောင့်ကြည့်သူများက ပြောကျပါသလို
သင်္ချိုင်းအဟောင်းကိုဖျက်ပြီး ဆောက်ထားကျလို့ သရဲခြောက်တယ်လို့ နံမည်ထွက်ဖူးပါတယ်။
🌴
🌴
စင်္ကာပူတွင်ပြေးဆွဲနေသော ရထားလမ်းများ၊ တံတားများ ကားလမ်းများ ပြေးဆွဲသော
လမ်းကြောင်းများကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ကြိုတင်ပုံ
ဆွဲထားတယ်လို့ ဆိုပါတယ်။
🌴
🌴စင်္ကာပူမှာ လမ်းခရီးအတွက် တနိုင်ငံလုံးကို ဘယ်မောင်းအဖြစ်ထားရှိပြီး အမြန်ဆုံးမောင်းနိုင်နေရာမှ အဝေးပြေးလမ်းမဖြစ်ပြီး မြန်နှုံးမှာ 90km/hr ဖြစ်ပါတယ်။
🌴
🌴စင်္ကာပူတွင်
ရှိသော ကားပါကင်ထားရာနေရာများအား 40%ကို multi storey ၊ 20% ကို မြေအောက် ၊
60% ကို မြေပြင်ပေါ်တွင်ထားရှိပြီး ပြေးဆွဲနေသော ရထားလမ်းများ၏
ခြောက်ဆယ်ရာခိုင်နှုံးကို မြေအောက်တွင် ထားရှိပါသည်။
🌴
🌴စင်္ကာပူတွင်တောင်းစားနေသော သူတောင်းစားများသည် အနည်းဆုံးအနုပညာတစ်ခုခုတတ်ေ မြာက်ရမည်ဖြစ်ပြီး
မတတ်ပါက သင်ကြားပေးပြီး ထိုတတ်မြောက်သော အနုပညာဖြင့် သတ်မှတ်ထားသော
နေရာတွင်သာ တောင်းစားရန် certificate နဲ့ ပါမစ်ထုတ်ပေးထားကျပါသည်။ခွက်အလွတ်ချပြီး တောင်းစားလို့မရပါ ထိုသို့တောင်းစားပါက အနည်းဆုံး ကြိမ်ဒဏ်တော့ အရိုက်ခံရတတ်ပြီး ထောင်ပါချတတ်ပါသည်။
🌴
🌴
စင်္ကာပူဟာ ပြစ်ဒဏ်ပြုလုပ်သူတွေကို အသေစား အသေလျော် သဘောမျိုးပေးတတ်တဲ့အတွက်
သူတပါးအသက်ကို သတ်ပြီးရင်တော့ ကိုယ့်အသက်ပြန်ပေးရတဲ့ဥပဒေ တွေ ရှိတဲ့အတွက်
ပြည်သူတွေကို အာဏာရှင်ဆန်ဆန်အုပ်ချုပ်တယ် လို့ နံမည်ကြီးပါတယ်။
🌴
🌴စင်္ကာပူ
မှာ ရထားစီးကားစီးပါက အဝတ်အစား ပေကျံညစ်ပတ်နေလို့မရပါ သွားခဲ့လျှင်တော့
စင်္ကာပူနိုင်ငံသားများရဲ့ နှာခေါင်းရှုံ့ မျက်နှာမဲ့ခြင်းကိုခံရမှာဖြ စ်ပြီး ထိုညစ်ပတ်ပေကျံလာတဲ့သူရဲ့ အဝေးကို ခပ်ခွာခွာရွေ့သွားတတ်ပါတယ်။
🌴
🌴စင်္ကာပူ
ဟာ စည်းကမ်းကြီးသလို ဆေးလိပ် အရက် ဈေးနှုံးများကို စံချိန်မြှင့်
ဈေးနှုံးနဲ့ ရောင်းချစေပြီး ထိုအတွက် အခွန်အခကို အများကြီးယူထားပါတယ်။
ဆေးလိပ်ကို အသက် ၁၈ နှစ်ပြည့်မှ ဝယ်ယူသောက်သုံးခွင့်ရှိပြီး ဆေးလိပ်ရောင်းသူမှာ မသင်္ကာပါက IC ဟုခေါ်သော မှတ်ပုံတင်ကို တောင်းကြည့်တတ်ပါတယ်။
🌴
🌴စင်္ကာပူ ကျောင်းသူကျောင်းသားများ ကောလိပ်တက်ခမှာ တစ်နှစ်စာလုံးမှ အပြီးအစီး ဒေါ်လာတစ်ထောင်ဝန်းကျင်ရှိသော်လည်း ဆေးလိပ်သောက်တဲ့ကျောင်းသားကို
ဒဏ်ငွေ ဒေါ်လာနှစ်သောင်း အပြင် ကျောင်းကို နှစ်နစ်မှ သုံးနှစ်အထိ နားစေတဲ့
ဒဏ်ပေးတတ်သလို တစ်ခါတစ်ရံ ကျောင်းအပြီးအပိုင် ထုတ်ပြစ်တတ်ပါသည်။
ဆက်ရန်-------
စင်္ကာပူ ( ရွှေ )
ဆက်ရန်-------
စင်္ကာပူ ( ရွှေ )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။