Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 11, 2017

"ထူးအိမ်သင်ရဲ့အမေ့အိမ်" မောင်သာချို

"ထူးအိမ်သင်ရဲ့အမေ့အိမ်"
မောင်သာချို
(တစ်)
သေခြင်းတရားသည် လူသားတိုင်းနှင့်မကင်းသလို အမေ့အိမ်ကနေ ခဏ သို့မဟုတ် ထာဝရ ခွဲခွါသွားပြီးနောက် အမေ့အိမ်ကိုပြန်လွမ်းမိသည့်အိမ်လွမ်းဝေဒနာသည်လည်းဘယ်သူနှင့်မှမကင်းနိုင်သည့်ဝေဒနာတစ်မျိုးဟုထင်မိပါသည်။အင်္ဂလိပ်ဘာသာစကား၌ Home Sick ဆိုသည့်စကားက နှလုံးသားကိုတော်တော်ထိခိုက်နာကျင်စေသော စကားဖြစ်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့အမေ့အိမ်ကို စွန့်ခွာဖူးကြပါသည်။ပညာ သို့မဟုတ် အချစ် သို့မဟုတ် ယုံကြည်ချက် သို့မဟုတ် ပိုက်ဆံ သို့မဟုတ် မိုက်မဲမှုတစ်ခုခုအတွက်။သို့သော် တစ်ချိန်ချိန်မှာအမေ့အိမ်က်ု ကျွန်တော်တို့တမ်းတတတ်မြဲ။ပူနွေးသည့်အရသာတစ်မျိုးကို အမေ့အိမ်ကသာကျွန်တော်တို့ရတတ်စမြဲ။

(နှစ်)
ဂရိဒဿနပညာရှင်ကြီး အရစ္စတိုတယ်၏ကမ္ဘာကျော်စကားတစ်ခွန်းရှိပါသည်။
East or West
Home is the best.
အရှေ့ကမ္ဘာပဲဖြစ်ဖြစ် အနောက်ကမ္ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်သာအကောင်းဆုံး။
အော်...အမေရှိရာအိမ်။
အမေ့အိမ်ကိုလွမ်းသည့်ဝေဒနာကလူတိုင်း၏ရင်မှာ သန္ဓေတည်တတ်မြဲဖြစ်ပါသည်။တရုတ်စာရေးဆရာကြီးလူရွှန်း၏ အိမ်အပြန်စာတမ်းကို ကျွန်တော်ဖတ်ဖူးပါသည်။စာရေးဆရာကြီးသိန်းဖေမြင့်၏ဘုတလင်ရှိအမေ့အိမ်သို့အပြန်အလွမ်းမော်ကွန်းဖြစ်သည့် အညာပြန်စာအုပ်လေးကိုလည်း ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးပါသည်။ဆရာမြသန်းတင့်ကတော့ မြိုင်ရှိအမေ့အိမ်သို့အပြန် အလွမ်းကို တမာနုချိန်စစ်တမ်းထဲမှာ သွန်ချထားခဲ့ဖူးပါသည်။'ဖာတစ်တန် အထုပ်တစ်ဖက်ထမ်းပါလို့ အညာပြန်ရုတ်တရက်မလှမ်းနိုင်ဘု နှုတ်ဆက်စမ်းချင်လို့လာခဲ့တယ်'ဟူသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏မဟာလေးချိုးကြီးကိုဖတ်လိုက်ရသည့်အခါတွင်ကား အညာသားတစ်ယောက်၏အိမ်လွမ်းဝေဒနာက ကျွန်တော့်ဆီကိုကူးစက်လာပါသည်။
ကမ္ဘာကျော်ခံတပ်ကြီးတွေထက် ပိုမိုစိတ်ချလုံခြုံသော အမေရှိရာအိမ်ကလေးဆီသို့ကျွန်တော်သွားချင်လိုက်တာ။
(သုံး)
အမေ့အိမ်ကိုလွမ်းသည့်ဝေဒနာကိုဖွဲ့သည့်တေးကဗျာတို့ ကျွန်တော်တို့လောကမှာအများအပြားရှိပါသည်။ခေတ်ဟောင်း ခေတ်သစ် သံစဉ်အမျိုးမျိုး။သို့သော် ကျွန်တော်တို့ခေတ်၏ Hit အဖြစ်ဆုံးသီချင်းတစ်ပုဒ်ကား အဆိုတော်ထူးအိမ်သင်၏အမေ့အိမ်သီချင်းပဲဖြစ်ပါသည်။
အမေ့အိမ်
လောကရဲ့လမ်းများအပေါ်လျှောက်သွားရင်းနဲ့မောပန်းနွမ်းနယ်
နှလုံးသားကလွမ်းဆွတ်လို့ တမ်းတမိခဲ့အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ဝေးခဲ့သူမို့
တစ်ခါတစ်လေ ပြန်လည်တွေး
ရင်မှာ ပိုကြေကွဲ။
ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့ နေ့ရက်များတိုက်ခိုက်ကြလို့ အားနည်းနေပြီဆို
တင်းထားတဲ့စိတ်ဓာတ်များ ပြိုလဲသွားမလားစိုးရိမ်လို့..
ရင်မှာ ဒဏ်ရာများနဲ့ နာကျင်နေပြီပဲ။
အိမ်ပြန်ချင်တယ်...ဟူး
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ်...ဟူး
အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ ည များစွာထဲ...အို
ရထားဥသြသံလေးများကြားရင် အိပ်ပြန်ချင်တဲ့စိတ်က တားမရဘူး။
မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမျှောရင်းနဲ့ပဲ
မပြီးသေးတဲ့ ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့...
မြင်ယောင်ကာ အိပ်မက်
ကျွန်တော် အလိုလို ငိုချင်တယ်။
အိမ်ပြန်ချင်တယ်...ဟူး
အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ်...ဟူး
အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ ညများစွာထဲ...အို
ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်က တားမရဘူး။
အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်ကျတော့
ကျွန်တော်က ဟိုး...အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ။
(အိမ်ပြန်ချင်တယ်...ဟူး
. . . . . . .တားမရဘူး)
လူများစုနှင့်အကျွမ်းတဝင်ရှိပြီးသားဖြစ်သော အမေ့အိမ်သီချင်းပဲဖြစ်ပါသည်။အမေ့အိမ်တံစက်မြိတ်ကိုလွန်သည်နှင့် လောက က ခက်ထန်ပါသည်။နေ့များ ရက်များက ရက်ရက်စက်စက်တိုက်ခိုက်ကြစမြဲ။မြို့ပြလူမှုဆက်ဆံရေးက ရှုပ်ပွငြိစွန်းမွန်းကျပ်စေတတ်မြဲ။နဖူးပြင်ကို လက်ဝါးလေးနဲ့လာစမ်းဖို့စိတ်ကူးမရှိသည့် လောကမီးလျှံတညီးညီးထဲမှာ စိတ်ဓာတ်တို့ပြိုလဲမသွားအောင် အားတင်းထားရမြဲ။မကြာမကြာ အမေ့အိမ်ကိုပြန်ပြေးနားခိုဖို့ အတွေးဝင်မိသောသားတစ်ယောက်၏အိမ်လွမ်းဝေဒနာကို ဖွဲ့ထားသောသီချင်းပဲဖြစ်ပါသည်။
ကမ္ဘာတည်သမျှ အမေ့အိမ်ကလေးတို့ရှိကြမြဲ။
ယင်းနှင့်အတူ အမေ့အိမ်ကိုကျောခိုင်းထားခဲ့ရ နောက်တော့ တ,သ ကြေကွဲရသည့်အဖြစ်တို့ကလည်း ရှိကြမြဲ။
သြော်...ကျွန်တော့်မှာကတော့ အမေသာမက ပြန်စရာ အမေ့အိမ်ပါ မရှိပါလေတော့။
မောင်သာချို
(ကြိုးကြာငှက်များနှင့်ဗုံသံများ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။