သိန်း မြင့် added 2 new photos.
မတ်ခ်ဇူကာဘတ်(Mark Zuckerberg)
ယနေ့လူတိုင်းနီးပါး Facebook သုံးနေကြပါပြီ။လူငယ်တွေသာမက လူကြီးများလဲ သုံးနေကြတယ်။ကမ္ဘာမှာ လူကြိုက်များဆုံး Social Network (လူမှုရေါ်ကွန်ယက်ကြီး) တစ်ခုဖြစ်နေပါပြီ။
ဒါပေမဲ့ Facebook ဘယ်လိုပေါ်လာသလဲဆိုတာတော့လူတော်တော်များများ သိကြမယ်မထင်လို့ ရေးပြလိုက်ပါပြီ။
Facebook ကိုတီထွင်ခဲ့သူကတော့ Mark Zuckerberg ဆိုတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်သာဖြစ်ပါပြီ။သူ့ကို ၁၉၈၄ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်က White Plains မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။
၁၂ နှစ်အရွယ် အလယ်တန်းကျောင်းသားလေး ဘဝကတည်းက ကွန်ပျူတာ ပရိုဂရမ်တွေ ရေးတတ်နေပါပြီ။အစမှာတော့ သူ့အဖေက အခြေခံပရိုဂ၇မ်နည်းလေးတွေ သင်ပေးတယ်။နောက်တော့ Software Developer တစ်ယောက်ငှားပြီး သူ့ကို သင်ခိုင်းတယ်။သူဟာ ပရိုဂရမ်ရေးတာတွေ ကျွမ်းလာလို့ ကျောင်းက သူငယ်ချင်းတွေ ကစားဖို့ ကွန်ပျူတာဂိမ်းဆော့ဖ်ဝဲတွေ ရေးပေးလေ့ရှိတယ်။
၂၀၀၃ ခုနှစ် အသက်နှစ်ဆယ် အရွယ် နာမည်ကြီး ဟားဗတ်တက္ကသိုလ်မှာ ဒုတိယနှစ်တက်တုန်း မတ်ခ်ဟာ Website တစ်ခုတည်ထောင်ပြီး ကွန်ပျူတာပေါ်တင်လိုက်တယ်။Website နာမည်က Facemash ပါ။ဟားဗတ်တက္ကသိုလ်ကျောင်းသားတွေ သုံးဖို့ရည်ရွယ်ခဲ့တာပါ။အဲ့ဒီ Website ထဲဝင်ကြည့်သူဟာတစ်ချိန်မှာ ကျောင်းသူနှစ်ယောက်ရဲ့ ဓါတ်ပုံနှစ်ပုံကို ယှဉ်တွဲကြည့်နိုင်ပြီး ဘယ်ကျောင်းသူက ဆွဲဆောင်မှုကောင်းတယ်။ Sexy ဖြစ်တယ်ဆိုတာကို အမှတ်ပေးလို့ရတယ်။
နောက်ဆုံးမှာ ဘယ်ကျောင်းသူဟာ အလှဆုံးဆွဲဆောင်သူဖြစ်တယ်ဆိုတာကိုကျောင်းသားတွေ အမှတ်ပေါင်းပေါ်မူတည်ပြီး ဆုံးဖြတ်တဲ့ ကွန်ပျူတာဂိမ်းတစ်မျိုးပါ။သူ့ Website ဟာ ကျောင်းသားတွေကြား အရမ်းရေပန်းစားသွားခဲ့တယ်။
ဂိမ်းကစားတဲ့ တစ်ပတ်အကြာမှာ တက္ကသိုလ် အာဏာပိုင်တွေကမတ်ခ်ကို ခေါ်တွေ့ပြီး ချက်ခြင်းပိတ်ပစ်ဖို့ပြောတယ်။မပိတ်ရင် သူ့ကို ကျောင်းထုတ်ပစ်မယ်လို့လဲ သတိပေးတယ်။
ကျောင်းအာဏာပိုင်တွေစွဲချက်တင်တဲ့ပစ်မှုက သူ့ Website မှာ တင်ထားတဲ့ ကျောင်းသူတွေရဲ့ ဓါတ်ပုံတွေဟာ တက္ကသိုလ်ရဲ့ ကွန်ယက်ကို Hack လုပ်ပြီး ခိုးယူထားလို့တဲ့။ကျောင်းသူတွေကလည်း သူတို့ဓါတ်ပုံတွေကို ခွင့်ပြုချက် မယူဘဲ သုံးတယ်လို့ အာဏာပိုင်တွေကို တိုင်ထားတာကိုး။နောက်ဆုံးတော့ မတ်ခ်ဟာ တက္ကသိုလ်ခန်းမကြီးထဲမှာ တက္ကသိုလ်တွေနဲ့ ကျောင်းသူကျောင်းသားတွေကို ဝန်ချတောင်းပန်လို့ တက္ကသိုလ်အာဏာပိုင်တွေက အပြစ်မယူဘဲ ခွင့်လွှတ်ပေးလိုက်ကြပါတယ်။
သိပ်မကြာခင်မှာပဲ မတ်ခ်တစ်ယောက် ကျောင်းဆက်မတက်ဘဲ ထွက်လိုက်ပါတယ်။အကြောင်းကတော့ သူစိတ်ဝင်စားတဲ့ ကွန်ပျူတာပညာကိုပဲဇောက်ချလုပ်ဖို့ပါ။သူ့ Facemash ကို Facebook လို့နာမည်ပြောင်းလိုက်တယ်။၆ ပတ်လောက်အကြာမှာ သူ့ထက်အတန်းကြီးတဲ့ ကျောင်းသားသုံးယောက်ကမတ်ခ်ဟာ သူတို့ရဲ့ စိတ်ကူးအကြံဥာဏ်တွေကို ခိုးယူပြီး Facebook မှာ သုံးထားတယ်လို့ တရားရုံမှာ တရားစွဲပါတယ်။နောက်ဆုံးတော့ မတ်ခ်က ဒေါ်လာတစ်သန်းခွဲတန်တဲ့ Facebook ကရှယ်ယာတွေပေးလိုက်လို့ အမှုကြေအေးသွားပါတယ်။
Facebook ကို တစ်မ္ဘာလုံးက လူတွေ တွင်တွင်ကျယ်ကျယ်သုံးလာလို့ Facebook ရှယ်ယာတန်ဖိုးတွေ ကြောက်ခမန်းလိလိထိုးတက်သွားတယ်။ Facebook ပိုင်ရှင် မတ်ခ်ဟာ ၂၀၀၈ ခုနှစ် အသက် ၂၃ နှစ်အရွယ်မှာပဲ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာသူဌေးအဖြစ် ကမ္ဘာကျော် Forces မဂ္ဂဇင်းကြီးက သတ်မှတ်ခဲ့ပါတယ်။၂၀၁၀ ခုနှစ်တုံးကလဲ ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အတော်ဆုံးလူ (Man Of The Year) အဖြစ် မတိခ်ရဲ့ဓါတ်ပုံကို မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရပါတယ်။
အခုအသက် ၃၀ အရွယ်သာ ရှိသေးတဲ့ မတ်ခ်ရဲ့ ပိုင်ဆိုင်မှု စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံဖြစ်ပါတယ်။
ယနေ့ Facebook ကိုသုံးနေကြသူ စုစုပေါင်း ၁.၃ ဘီလီယံဦးရေ ရှိနေပါတယ်။မတ်ခ်ဟာ သူ့ Facebook စတင်တီထွင်တုံးက ဒီလောက်ထိအောင်မြင်မယ်လို့ မထင်ခဲ့မိဘူးလို့ပြောပါတယ်။ဒီလောက်ထိ ချမ်းသာလာမယ်လို့လဲ အိပ်မက်တောင် မမက်ခဲ့ပါဘူးတဲ့။
တကယ်တော့ ဝါသနာရယ် စိတ်ကူးစိတ်သန်းကောင်းတာရယ် နေ့မအိပ် ညမအိပ် ကြိုးစားလုပ်ကိုင်ခဲ့တာတွေ ပေါင်းစုလိုက်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာ သူဌေးဖြစ်သွားတဲ့ မတ်ခ်ကို လူငယ်တွေအားကျအတုခိုးနိုင်ကြပါစေ။
ယခုဖော်ပြသော အကြောင်းအရာမှာ ဆရာဗန်းမော်သိန်းဖေ ၏ သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ ကူးယူဖော်ပြလိုက်ပါသည်။
#NCA
#NCA
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။