ဘူတာရုံက ကောင်မလေး
-------------------------- ----
လွန်ခဲ့တဲ့တစ်လလောက်က ကျွန်တော်ဟာ ကျွန်တော့်ရဲ့ဇာတိမြို့ကို ရထားစီးပြီး အလည်တစ်ခေါက်ပြန်ခဲ့တယ်။ ရာသီဥတုက အရမ်းကိုပူနေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ လေအေးပေးစက်တွေ အခုမှ အသစ်စက်စက် တပ်ထားတဲ့ ရထားတွဲဆိုတော့ စီးရတာ အေးအေးဆေးဆေးနဲ့ အတော်သက်တောင့်သက်သာရှိပါတယ်။ ကျွန်တော်က မနက်အိပ်ရာထ နောက်ကျလို့ ရထားမမှီမှာ စိုးတာနဲ့ပဲ မနက်စာ ဘာမှ မစားခဲ့ရပါဘူး။ အဲဒါနဲ့ပဲ ရထားပေါ်မှာပါတဲ့
စားသောက်ဆိုင်ကနေ ကော်ဖီနဲ့ ပေါင်မုန့် မီးကင်ကို မှာပြီး
ကိုယ့်ထိုင်ခုံမှာ ပြန်လာထိုင်ကာ စားစရာတွေ ဆိုင်က လာပို့မယ့် အချိန်ကို
စောင့်နေလိုက်တယ်။ ဘူတာ လေး၊ ငါး၊ ဆယ်ခုလောက် လွန်လာတော့ စားသောက်ဆိုင်က
စားပွဲထိုးကောင်လေးတစ်ယောက် က ခရီးသည်တွေ မှာယူထားတဲ့ စားသောက်ဖွယ်ရာတွေကို စတင်ပြီး လိုက်ပို့ပေးပါတယ်။ အဲဒီစားပွဲထိုးလေးရဲ့နောက်မှာ
ဆံပင်စုပ်ဖွာဖွာနဲ့ အ၀တ်အစား ညစ်ညစ်နွမ်းနွမ်း ၀တ်ထားတဲ့ အသက် ၉ နှစ် ၁၀
နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ယောက် ကပ်ပါလာတယ်။ အဲဒီမိန်းကလေးဟာ သူ့လက်ကို
အရှေ့ကို ဆန့်တန်းပြီး ခရီးသည်တစ်ယောက်ပြီး တစ်ယောက်ဆီက အစားအစာတွေကို
လိုက်တောင်းနေပါတယ်။ ပါးစပ်ကတော့ ဘာသံမှ မပြုပါဘူး။ ဘာအသံမှမကြားရတော့
စားပွဲထိုးလေးက သူ့နောက်မှာ အဲဒီကောင်မလေး ပါလာတာကို အစကတော့ မသိရှာပါဘူး။
ခဏနေတော့ စားပွဲထိုးကောင်လေး သိသွားပါတယ်။ သူက အဲဒီကောင်မလေးကို
ဒေါသတကြီးနဲ့ ဆံပင်ကနေဖမ်းဆုပ်ကိုင်ပြီး ခရီးသည်တွေ စီးနင်းတဲ့အခန်းရဲ့
အပြင်ဘက်ကို တွန်းထုတ်ကာ တံခါးကို ဆောင့်ဆွဲပိတ်လိုက်တယ်။
ကျွန်တော်မှာထားတဲ့ အစားအသောက်တွေကို အေးအေးဆေးဆေး စားရပြီလို့တွေးပြီး ပထမတော့ တော်တော်လေး ၀မ်းသာသွားတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာ သိပ်တော့မကောင်းဘူး။ စားပွဲထိုးကောင်လေးရဲ့ ကြမ်းတမ်းတဲ့ အပြုအမူကြောင့်လား၊ ကောင်မလေးရဲ့ ကြောက်ရွံ့နေတဲ့ သနားစရာမျက်နှာလေးကြောင့်လားဆိုတာကတော့
မသိပါဘူး။ အဲဒါနဲ့ပဲ ကျွန်တော် တံခါးကို ဆွဲဖွင့်ပြီးအခန်းအပြင်ကို
ထွက်လာခဲ့တယ်။ ကောင်မလေးက အခန်းအပြင်မှာ မတ်တပ်ရပ်ပြီး ငိုနေတုန်းပဲ။
ကျွန်တော်က ဗိုက်ဆာလားလို့ သူ့ကိုမေးလိုက်တယ်။ သူက သူ့ဗိုက်ကို
လက်နဲ့ပုတ်ပြရင်း ခေါင်းကို အလျင်စလိုနဲ့ အဆက်မပြတ် ညိမ့်နေတယ်။ အစာမစားရတာ
ဘယ်နှစ်ရက်ရှိပြီလဲလို့ ကျွန်တော်က ဆက်မေးလိုက်တယ်။ သူက
လက်နှစ်ချောင်းထောင်ပြတယ်။ တစ်ချက်ထပ်စဉ်းစားလိုက်ပြီး
ချက်ချင်းပဲ လက်သုံးချောင်း ပြောင်းထောင်ပြတယ်။ ကျွန်တော်စားစရာ
ဝယ်ကျွေးရင် စားမလားလို့ မေးလိုက်တော့ သူက ၀မ်းသာအားရခေါင်းညိမ့်တယ်။
ကျွန်တော်သူ့လက်ကို ကိုင်ပြီး ရထားပေါ်မှာရှိတဲ့ စားသောက်ဆိုင်ဆီကို
ထွက်လာခဲ့တယ်။ ဆိုင်ကိုရောက်တော့ အဲဒီကောင်မလေးရဲ့ လက်တွေက ကြောက်လန့်ပြီး
တုန်လာတယ်။ သူ့မျက်လုံးထဲမှာလည်း ကြောက်ရွံ့မှုတွေ အပြည့်နဲ့ပေါ့။
စားသောက်ဆိုင်က ၀န်ထမ်းလေးက ကျွန်တော် အဲဒီကောင်မလေးကို စားသောက်ဆိုင်ထဲ
ခေါ်လာတာကိုတွေ့တော့ တော်တော်လေး မျက်နှာပျက်သွားတယ်။ စားသောက်နေတဲ့သူ
တစ်ချို့ကလည်း ကွက်ကြည့် ကွက်ကြည့်နဲ့ တီးတိုးတီးတိုး သဖန်းပိုး
လုပ်နေကြတယ်။ ကျွန်တော်အားလုံးကို မသိချင်ယောင်ဆောင်ပြီး ကောင်မလေးကို
ကောင်တာထဲမှာပြထားတဲ့ အစားအစာတွေထဲက စားချင်တာမှန်သမျှ ယူနိုင်တယ်လို့
ပြောလိုက်တယ်။ စားစရာတစ်ခုချင်းစီကို လက်ညှိုးထိုးပြီး ဒါစားချင်လားလို့
မေးလိုက်တိုင်း သူကခေါင်းအမြဲညိမ့်တယ်။ သူစားချင်တယ်ဆိုတိုင်း
ကျွန်တော်ကလည်း မှာပေးလိုက်တယ်။ နောက်ဆုံး တော်တော်များများ
မှာပြီးတော့မှပဲ ရပ်သွားတော့တယ်။ သူ့ဗိုက်သေးသေးလေးနဲ့ ဒီလောက်များတဲ့
စားစရာတွေ ဘယ်လိုစားမှာပါလိမ့်လို့ ကျွန်တော်တော်တော်အံသြမိတယ် ။
ပိုက်ဆံတောင် လောက်ပါ့မလားလို့ စိုးရိမ်မိလို့ ပိုက်ဆံအိတ်ထဲကိုတောင်
မသိမသာလေး ခိုးကြည့်ရသေးတယ်။ တော်သေးတာပေါ့။ ဒီနေ့မှ ကျွန်တော်
ပိုက်ဆံနည်းနည်းပိုထည့်လာမိ လို့သာပဲ။
မှာထားတဲ့ အစားအစာတွေက များလွန်လို့ ကောင်မလေးတစ်ယောက်တည်း သယ်ဖို့ခက်နေတယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန်ပဲ သူ့အင်္ကျိအောက်အနားစကို တစ်ဝက်ခေါက်တင်လိုက်ပြီး အိတ်ကြီးတစ်လုံးလို ဖြစ်သွားအောင် လုပ်လိုက်တယ်။ အဲဒီအိတ်ကြီးထဲကို စားစရာတွေ အလျင်စလိုနဲ့ စုပြုံထည့်ပြီး ကျွန်တော်ပိုက်ဆံရှင်းနေတာ မပြီးသေးခင်မှာတင် ရထားအောက်ကို အူမြူးစွာနဲ့ အလောတကြီး ပြေးဆင်းသွားပါလေရော။ ငွေသိမ်းကောင်တာက ၀န်ထမ်းလေးက ကျွန်တော်ကို အကြွေပြန်အမ်းရင်း တကယ်ကို ယုံလွယ်လွန်းတဲ့ အူကြောင်ကြောင် တစ်ယောက်လိုအကြည့်နဲ့ ကြည့်တယ်။ ပြီးတော့ ခုနကကောင်မလေးတော့ လံကြုတ်ဇာတ်လမ်းတွေနဲ့ ကျွန်တော်ကိုယုံအောင် အရူးလုပ်နိုင်ခဲ့လို့ အခုလောက်ဆို အူတက်မတက်ရယ်နေလောက်ပြီလို့ အပြစ်တင်တဲ့လေသံနဲ့ ပြောတယ်။
ဝန်ထမ်းလေးရဲ့စကားကြောင့် ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးတော့ စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ အဲဒီကောင်မလေးက ကျွန်တော့်ကို တကယ်ပဲ လိမ်ညာခဲ့တာလား။ ကျွန်တော့်ထိုင်ခုံဆီ ပြန်ရောက်လာတဲ့အထိ အဲဒီအတွေးတွေကို ဖျောက်လို့မရနိုင်ဘူး။ ကျွန်တော် ငယ်ငယ်လေးထဲက အကျင့်တစ်ခု ရှိတယ်။ ကိစ္စတစ်ခုကို မတင်မကျဖြစ်နေရင် ဘယ်လိုမှ နေလို့မရဘူး။ သေသေချာချာ သိရမှာ ကျေနပ်တတ်တယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း သေသေချာချာ သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကျွန်တော် ရထားပေါ်က ဆင်းလိုက်ပြီး ကောင်မလေး ပြေးသွားတဲ့ဘက်ကို လျှောက်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာလဲ ကောင်မလေးကို ကျီးကန်းတောင်မှောက် လိုက်ရှာကြည့်တာပေါ့။ လျှောက်ရင်း လျှောက်ရင်းနဲ့ တွဲဟောင်းတစ်စီးနားရောက်လာေ တာ့
အထဲကနေ ကလေးတွေရဲ့ ပျော်ရွှင်စွာ ရီမောနေသံတွေ ကြားလိုက်ရတယ်။
ကျွန်တော်ရှာနေတဲ့ ကောင်မလေးများ ရှိနေမလားဆိုပြီး တွဲထဲကို
ချောင်းကြည့်လိုက်တာပေါ့။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော်ခဏ ကြက်သေသေသွားတယ်။ ကျွန်တော်လိုက်ရှာနေတဲ့ ကောင်မလေးဟာ သူ့နဲ့ ရွယ်တူလောက်ရှိပြီး တကယ့်ကို စုတ်စုတ်ပြတ်ပြတ်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်နဲ့အတူ ၀ိုင်းထိုင်နေတယ်။ အလယ်မှာတော့ ကျွန်တော်ဝယ်ပေးလိုက်တဲ့ မုန့်တွေကို ပုံထားတယ်။ ပြီးတော့ ကောင်မလေးက မုန့်တွေကို တစ်ခုချင်းဆီယူပြီး ကောင်လေးနှစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးနေတယ်။ ကောင်လေးနှစ်ယောက်က လက်ထဲရောက်လာတဲ့ မုန့်တွေကို စမ်းကြည့်ပြီး ၀မ်းသာအားရစားနေတယ်။ သြော် လက်စသတ်တော့ ကောင်လေးနှစ်ယောက်က မျက်စိကန်းနေတာကိုး။ ကျွန်တော့်ရင်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခု ခံစားလိုက်ရတာကြောင့် ဆို့တက်လာတယ်။ ကျွန်တော် ကြည့်နေတာကို ကောင်မလေးက ရုတ်တရက် သတိထားမိသွားပြီး အံသြပြီး ငြိမ်သက်သွားတယ်။ ကောင်မလေး ရုတ်တရက် ငြိမ်သွားတော့ ကောင်လေးနှစ်ယောက်လည်း လူစိမ်းတစ်ယောက်ယောက် ရှိနေပြီဆိုတာ သဘောပေါက်သွားပြီး သူတို့လည်း လိုက်ငြိမ်သွားတာပေါ့။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွှံ့ထိတ်လန့်မှုတွေကို
အတိုင်းသားတွေ့နေရတယ်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြုံးရင်း
သူတို့အနားကိုသွားပြီး ၀င်ထိုင်လိုက်တယ်။ ကျွန်တော့်ကို မကြောက်ဖို့၊
မုန့်တွေကို ဆက်စားဖို့ တိုးတိုးညင်ညင်သာသာနဲ့ ပြောလိုက်တယ်။ သူတို့လည်း
နည်းနည်းစိတ်သက်သာရာ ရသွားတဲ့ပုံပါပဲ။ မုန့်တွေကို အားရပါးရဆက်စားကြတယ်။
သူတို့ အဲဒီလို အားရပါးရစားတာတွေ့ရတော့ ကျွန်တော့်စိတ်ထဲမှာ
ကြည်နူးလိုက်တာဗျာ။ သူတို့နဲ့ ပိုပြီးခင်မင်ရင်းနှီးစေဖို့  ကျွန်တော်သူတို့ကို မုန့်တွေခွံကျွေးလိုက်တယ်။
ကောင်မလေးရဲ့ အလှည့်ကိုရောက်တော့ ပါးစပ်ကိုလည်း ဟလိုက်ရော ကျွန်တော်အရမ်းကို ထိန့်လန့်သွားတယ်။ ကောင်မလေးလျှာရဲ့ သုံးပုံနှစ်ပုံလောက်က တုံးတိတိနဲ့ ပြတ်နေပါရောလား။ ကောင်မလေးက ခြေဟန်လက်ဟန်နဲ့ သူ့လျှာ အဖြတ်ခံရတာ ဖြစ်ကြောင်းပြောပြတယ်။ သြော်.. ဖြစ်မှဖြစ်ရလေလို့ ၀မ်းနည်းစွာ ရေရွတ်ရုံကလွဲပြီး ကျွန်တော်ဘာမှ ထပ်မပြောနိုင်တော့ဘူး။ လက်စသတ်တော့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ မသမာသူတွေက ဒီကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းဖို့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းအောင် လုပ်လိုက်ကြတာကိုး။ အကြင်နာတရား၊ ကိုယ်ချင်းစာတရား ခေါင်းပါးလိုက်ကြတာ။
ကျွန်တော်ဟာ ဘ၀ရဲ့ အနိမ့်အမြင့်အတက်အကျတွေကြော င့်
ရင့်ကျက်တည်ငြိမ်သူ တစ်ယောက်ဖြစ်နေပါပြီ။ ကိုယ့်ကိုယ်ကိုလည်း
စိတ်ဓါတ်တည်ငြိမ်သူ တစ်ယောက် အဖြစ် အမြဲတမ်းခံယူထားသူပါ။ ဒါပေမဲ့
ဒီတစ်ခါတော့ ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာတာကိုတော့
ကျွန်တော်မတားဆီးနိုင်ခဲ့ပါ ဘူး။
ကျွန်တော်မျက်ရည်တွေ ကျတာကို ကလေးတွေကိုတော့ မမြင်စေချင်ဘူး။ ဒါကြောင့်
ကျွန်တော် အမြန်ထရပ်လိုက်တယ်။ ပြီးတော့ သူတို့ခေါင်းလေးတွေကို ပုတ်ပြီး
တာ့တာလို့ နှုတ်ဆက်လိုက်တယ်။ ကျွန်တော်လေးလံတဲ့ ခြေလှမ်းတွေနဲ့
တစ်လှမ်းချင်း ထွက်လာခဲ့တယ်။ သူတို့လေးတွေရဲ့ မုန့်တွေကို ဝေစားရင်း
ရယ်ရွှယ်မြူးတူးနေတဲ့ အသံတွေက အနောက်မှာ တဖြည်းဖြည်း ဝေးရင်း ကျန်ခဲ့တာပေါ့။
ကျွန်တော့်ရထားတွဲဆီ ပြန်ရောက်တဲ့အထိ ရင်ထဲမှာဆို့နင့်နေတုန်းပဲ။ တပြိုင်တည်းမှာပဲ သူတို့လေးတွေကို ရယ်မောပျော်ရွှင်အောင် ခဏလေးလောက်ပဲဖြစ်ဖြစ် လုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်း
ကြည်နူးမိတယ်။ သူတို့လေးတွေ ရှေ့လျှောက်ဘ၀ကို ဘယ်လိုဖြတ်သန်းကြမလဲလို့
တွေးပြီးတော့လည်း ရင်မောမိတယ်။ ဘူတာတွေ တစ်ခုပြီးတစ်ခု
ဆက်လက်ထွက်ခွာလာပေမဲ့ ကျွန်တော့်ရဲ့ အတွေးတွေကတော့ သူတို့လေးတွေဆီမှာပဲ
ကျန်ရစ်ခဲ့တယ်။ သူတို့လေးတွေ အခုချိန်ဆို ဘာလုပ်နေမလဲလို့လည်း တွေးနေမိတယ်။
ဒီလိုနဲ့ ကျွန်တော်ဆင်းရမဲ့ ဘူတာကို ရောက်လာပါလေရော။ ရထားပေါ်ကဆင်းပြီး စင်္ကြန်ပလတ်ဖောင်း ပေါ်မှာ ကျွန်တော် တစ်ယောက်တည်း တွေတွေကြီး ရပ်ပြီး ကျွန်တော် ကြုံတွေ့ခဲ့ရတာတွေကို ကျွန်တော်ပြန်ပြီး တွေးနေမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ကျွန်တော်ပေးခဲ့တာထက်ကို ပိုပြီးပြန်ရခဲ့တာပါ။
ပေးကမ်းဝေမျှခြင်းဟာ ပိုပြီး ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ကြောင်း ကောင်မလေးကကျွန်တော့်ကို သင်ပြပေးခဲ့တယ်။
သူတစ်ပါးကို ပေးကမ်းဝေမျှဖို့အတွက် ဆင်းရဲချမ်းသာခြင်းဆိုတဲ့ ရုပ်ဝတ္ထုထက် စိတ်ထားမွန်မြတ်မှုက ပိုမိုအရေးကြီးကြောင်း သင်ပြပေးခဲ့တယ်။
ဟန်ဆောင် အလိမ်အညာတွေ ပြည့်နေတဲ့ လောကကြီးထဲမှာ ရိုးသားဖြူစင်တဲ့ အရိုးခံသက်သက်တွေလည်း ရှိသေးကြောင်း ကျွန်တော့်ကို သင်ပြပေးခဲ့တယ်။
လောကကြီးထဲမှာ ကျွန်တော်တို့ အကူအညီကို လိုအပ်နေတဲ့ သူတွေ အများကြီးရှိသေးကြောင်း သင်ပြပေးခဲ့တယ်။
အခုအချိန်မှာ သူတို့ကို ကျွန်တော် အပြည့်အ၀ မကူညီနိုင်သေးပေမဲ့ တစ်ချိန်ချိန်ကျရင်တော့ သူတို့လေးတွေရဲ့ ဘ၀ကို လွတ်မြောက်အောင် ကယ်တင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
အဲဒီနေ့က ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အဲဒီကောင်မလေးသင်ကြားပေးလို က်တဲ့ သင်ခန်းစာတွေကို ကျွန်တော်ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။
ဒေါက်တာဟိန်းထွဋ်
Ref: What I learned from a little girl at a train station by gmathewvellore
--------------------------
လွန်ခဲ့တဲ့တစ်လလောက်က ကျွန်တော်ဟာ ကျွန်တော့်ရဲ့ဇာတိမြို့ကို ရထားစီးပြီး အလည်တစ်ခေါက်ပြန်ခဲ့တယ်။ ရာသီဥတုက အရမ်းကိုပူနေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ လေအေးပေးစက်တွေ အခုမှ အသစ်စက်စက် တပ်ထားတဲ့ ရထားတွဲဆိုတော့ စီးရတာ အေးအေးဆေးဆေးနဲ့ အတော်သက်တောင့်သက်သာရှိပါတယ
ကျွန်တော်မှာထားတဲ့ အစားအသောက်တွေကို အေးအေးဆေးဆေး စားရပြီလို့တွေးပြီး ပထမတော့ တော်တော်လေး ၀မ်းသာသွားတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာ သိပ်တော့မကောင်းဘူး။ စားပွဲထိုးကောင်လေးရဲ့ ကြမ်းတမ်းတဲ့ အပြုအမူကြောင့်လား၊ ကောင်မလေးရဲ့ ကြောက်ရွံ့နေတဲ့ သနားစရာမျက်နှာလေးကြောင့်လာ
မှာထားတဲ့ အစားအစာတွေက များလွန်လို့ ကောင်မလေးတစ်ယောက်တည်း သယ်ဖို့ခက်နေတယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန်ပဲ သူ့အင်္ကျိအောက်အနားစကို တစ်ဝက်ခေါက်တင်လိုက်ပြီး အိတ်ကြီးတစ်လုံးလို ဖြစ်သွားအောင် လုပ်လိုက်တယ်။ အဲဒီအိတ်ကြီးထဲကို စားစရာတွေ အလျင်စလိုနဲ့ စုပြုံထည့်ပြီး ကျွန်တော်ပိုက်ဆံရှင်းနေတာ မပြီးသေးခင်မှာတင် ရထားအောက်ကို အူမြူးစွာနဲ့ အလောတကြီး ပြေးဆင်းသွားပါလေရော။ ငွေသိမ်းကောင်တာက ၀န်ထမ်းလေးက ကျွန်တော်ကို အကြွေပြန်အမ်းရင်း တကယ်ကို ယုံလွယ်လွန်းတဲ့ အူကြောင်ကြောင် တစ်ယောက်လိုအကြည့်နဲ့ ကြည့်တယ်။ ပြီးတော့ ခုနကကောင်မလေးတော့ လံကြုတ်ဇာတ်လမ်းတွေနဲ့ ကျွန်တော်ကိုယုံအောင် အရူးလုပ်နိုင်ခဲ့လို့ အခုလောက်ဆို အူတက်မတက်ရယ်နေလောက်ပြီလို့
ဝန်ထမ်းလေးရဲ့စကားကြောင့် ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးတော့ စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ အဲဒီကောင်မလေးက ကျွန်တော့်ကို တကယ်ပဲ လိမ်ညာခဲ့တာလား။ ကျွန်တော့်ထိုင်ခုံဆီ ပြန်ရောက်လာတဲ့အထိ အဲဒီအတွေးတွေကို ဖျောက်လို့မရနိုင်ဘူး။ ကျွန်တော် ငယ်ငယ်လေးထဲက အကျင့်တစ်ခု ရှိတယ်။ ကိစ္စတစ်ခုကို မတင်မကျဖြစ်နေရင် ဘယ်လိုမှ နေလို့မရဘူး။ သေသေချာချာ သိရမှာ ကျေနပ်တတ်တယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း သေသေချာချာ သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကျွန်တော် ရထားပေါ်က ဆင်းလိုက်ပြီး ကောင်မလေး ပြေးသွားတဲ့ဘက်ကို လျှောက်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာလဲ ကောင်မလေးကို ကျီးကန်းတောင်မှောက် လိုက်ရှာကြည့်တာပေါ့။ လျှောက်ရင်း လျှောက်ရင်းနဲ့ တွဲဟောင်းတစ်စီးနားရောက်လာေ
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော်ခဏ ကြက်သေသေသွားတယ်။ ကျွန်တော်လိုက်ရှာနေတဲ့ ကောင်မလေးဟာ သူ့နဲ့ ရွယ်တူလောက်ရှိပြီး တကယ့်ကို စုတ်စုတ်ပြတ်ပြတ်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်နဲ့အတူ ၀ိုင်းထိုင်နေတယ်။ အလယ်မှာတော့ ကျွန်တော်ဝယ်ပေးလိုက်တဲ့ မုန့်တွေကို ပုံထားတယ်။ ပြီးတော့ ကောင်မလေးက မုန့်တွေကို တစ်ခုချင်းဆီယူပြီး ကောင်လေးနှစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးနေတယ်။ ကောင်လေးနှစ်ယောက်က လက်ထဲရောက်လာတဲ့ မုန့်တွေကို စမ်းကြည့်ပြီး ၀မ်းသာအားရစားနေတယ်။ သြော် လက်စသတ်တော့ ကောင်လေးနှစ်ယောက်က မျက်စိကန်းနေတာကိုး။ ကျွန်တော့်ရင်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခု ခံစားလိုက်ရတာကြောင့် ဆို့တက်လာတယ်။ ကျွန်တော် ကြည့်နေတာကို ကောင်မလေးက ရုတ်တရက် သတိထားမိသွားပြီး အံသြပြီး ငြိမ်သက်သွားတယ်။ ကောင်မလေး ရုတ်တရက် ငြိမ်သွားတော့ ကောင်လေးနှစ်ယောက်လည်း လူစိမ်းတစ်ယောက်ယောက် ရှိနေပြီဆိုတာ သဘောပေါက်သွားပြီး သူတို့လည်း လိုက်ငြိမ်သွားတာပေါ့။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွှံ့ထိတ်လန့်မှုတွေကို
ကောင်မလေးရဲ့ အလှည့်ကိုရောက်တော့ ပါးစပ်ကိုလည်း ဟလိုက်ရော ကျွန်တော်အရမ်းကို ထိန့်လန့်သွားတယ်။ ကောင်မလေးလျှာရဲ့ သုံးပုံနှစ်ပုံလောက်က တုံးတိတိနဲ့ ပြတ်နေပါရောလား။ ကောင်မလေးက ခြေဟန်လက်ဟန်နဲ့ သူ့လျှာ အဖြတ်ခံရတာ ဖြစ်ကြောင်းပြောပြတယ်။ သြော်.. ဖြစ်မှဖြစ်ရလေလို့ ၀မ်းနည်းစွာ ရေရွတ်ရုံကလွဲပြီး ကျွန်တော်ဘာမှ ထပ်မပြောနိုင်တော့ဘူး။ လက်စသတ်တော့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ မသမာသူတွေက ဒီကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းဖိ
ကျွန်တော်ဟာ ဘ၀ရဲ့ အနိမ့်အမြင့်အတက်အကျတွေကြော
ကျွန်တော့်ရထားတွဲဆီ ပြန်ရောက်တဲ့အထိ ရင်ထဲမှာဆို့နင့်နေတုန်းပဲ။
ဒီလိုနဲ့ ကျွန်တော်ဆင်းရမဲ့ ဘူတာကို ရောက်လာပါလေရော။ ရထားပေါ်ကဆင်းပြီး စင်္ကြန်ပလတ်ဖောင်း ပေါ်မှာ ကျွန်တော် တစ်ယောက်တည်း တွေတွေကြီး ရပ်ပြီး ကျွန်တော် ကြုံတွေ့ခဲ့ရတာတွေကို ကျွန်တော်ပြန်ပြီး တွေးနေမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ကျွန်တော်ပေးခဲ့တာထက်ကို ပိုပြီးပြန်ရခဲ့တာပါ။
ပေးကမ်းဝေမျှခြင်းဟာ ပိုပြီး ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ကြောင်း ကောင်မလေးကကျွန်တော့်ကို သင်ပြပေးခဲ့တယ်။
သူတစ်ပါးကို ပေးကမ်းဝေမျှဖို့အတွက် ဆင်းရဲချမ်းသာခြင်းဆိုတဲ့ ရုပ်ဝတ္ထုထက် စိတ်ထားမွန်မြတ်မှုက ပိုမိုအရေးကြီးကြောင်း သင်ပြပေးခဲ့တယ်။
ဟန်ဆောင် အလိမ်အညာတွေ ပြည့်နေတဲ့ လောကကြီးထဲမှာ ရိုးသားဖြူစင်တဲ့ အရိုးခံသက်သက်တွေလည်း ရှိသေးကြောင်း ကျွန်တော့်ကို သင်ပြပေးခဲ့တယ်။
လောကကြီးထဲမှာ ကျွန်တော်တို့ အကူအညီကို လိုအပ်နေတဲ့ သူတွေ အများကြီးရှိသေးကြောင်း သင်ပြပေးခဲ့တယ်။
အခုအချိန်မှာ သူတို့ကို ကျွန်တော် အပြည့်အ၀ မကူညီနိုင်သေးပေမဲ့ တစ်ချိန်ချိန်ကျရင်တော့ သူတို့လေးတွေရဲ့ ဘ၀ကို လွတ်မြောက်အောင် ကယ်တင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
အဲဒီနေ့က ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အဲဒီကောင်မလေးသင်ကြားပေးလို
ဒေါက်တာဟိန်းထွဋ်
Ref: What I learned from a little girl at a train station by gmathewvellore
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။