ပက်ထရစ်ရှားနာရာယန် - တွန်းလှည်းလေးနဲ့ ဈေးရောင်းစခဲ့ပြီး မီလျံနာဖြစ်သွားတဲ့ အိန္ဒိယအမျိုးသမီး။
သူမဟာ တက္ကသိုလ်တက်နေရင်း သူမထက် အသက်ကြီးပြီး ဘာသာလဲကွဲတဲ့ လူတယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ လက်ထပ်ပြီး မကြာခင်မှာပဲ ယောက်ျားဟာ အရက်သောက်ပြီး သူမကို ရိုက်နှက်နှိပ်စက်လာတယ်။ သူဟာ အလုပ်လဲ မလုပ်လို့ အိမ်မှာ ဝင်ငွေမရှိဘူး။ သူမတို့ကို မိဘက အိမ်မှာ ခေါ်ထားပြီး ကျွေးထားလို့ နေစရာ၊ စားစရာရနေပေမဲ့ လက်ထဲမှာ သုံးစရာ ပိုက်ဆံမရှိဘူး။ ကလေး ၂ ယောက်ကလဲ ကျောင်းနေချိန်ရောက်ပြီမို့
သူမဟာ စီးပွားရေးတခု စလုပ်တယ်။ ပထမ အိမ်ကနေ စားစရာလေးတွေလုပ်ပြီး အမေက
ရုံးမှာ ရောင်းပေးတယ်။ နောက်တော့ စားစရာလေးတွေကို
လက်တွန်းလှည်းလေးတစီးပေါ်တင် ပြီး မသန်မစွမ်းကောင်လေး ၂ ယောက်နဲ့ လှည့်လည်ရောင်းရင်းကနေ နောက်ဆုံးမှာ အိန္ဒိယနိုင်ငံက အကြီးဆုံးစားသောက်ဆိုင်ကုမ္ပ ဏီရဲ့ ပိုင်ရှင်တယောက် ဖြစ်လာသလို အရမ်းချမ်းသာသွားတယ်။ ၂၀၁၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးစီးပွားထူးချွန် ဆုကို
ရခဲ့ပါတယ်။ သူမနာမည်က ပက်ထရစ်ရှားနာရာယန် (Patricia Narayan) ပါ။
သူမရဲ့ဘဝကို အရှုံးမပေးပဲ ဘယ်သူ့အကူအညီမှ မပါပဲ တကိုယ်တည်း
အောင်မြင်မှုရတဲ့အထိ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ ရတယ်ဆိုတာ သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။
နာရာယန်ရဲ့ အဖြစ်အပျက်ဟာ အိန္ဒိယဘော်လီဝုဒ်ရုပ်ရှင်ကား ကြည့်ရသလိုပါပဲ။ ဝမ်းနဲစရာ၊ ဝမ်းသာစရာ၊ သနားစရာ၊ အံ့သြစရာတွေနဲ့ ပြည့်နေပါတယ်။
========================== ==========
နောက်ဆုံးတော့ နာရာယန်ဟာ ဒီအတိုင်း ထိုင်နေပြီး ဖြစ်လာမဲ့ဒုက္ခကို တွေးပူနေမဲ့အစား အလုပ်တခု လုပ်ချင်လာတယ်။ ဒါပေမဲ့ သူမ ဘာအလုပ် လုပ်ရမှန်း မသိဘူး။ မိဘတွေကလဲ ဝန်ထမ်းတွေဆိုတော့ ဘာစီးပွားရေးအသိအမြင်မှလဲ မရှိဘူး။ လုပ်ငန်းတခု စလုပ်ဖို့ ငွေအပိုလဲ တပြားမှမရှိဘူး။ တခါမှလဲ အလုပ်မလုပ်ဖူးတဲ့အတွက် သူမ အလုပ်စလုပ်ရမှာ ကြောက်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့ နာရာယန်ဟာ နောင်ကြုံတွေ့ရမဲ့ဒုက္ခက ပိုကြီးမားမှာမို့ တခုခုကို စလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလို ဆုံးဖြတ်ချက်ချလိုက်ခြင်းဟာ သူမရဲ့ ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေလိမ့်မယ်ဆို တာကို အဲဒီအချိန်က သူမ မသိခဲ့ပါဘူး။
သူမက အမေ့ဆီက ရူပီငွေ ၂၀၀ ချေးလိုက်တယ်။ ပြီးတော့ လိုတာလေးတွေကို ဈေးမှာ သွားဝယ်လိုက်ပြီး အိမ်မှာ သစ်သီးဖျော်ရည်၊ ယိုစုံ၊ သနပ်စုံတွေ စလုပ်တယ်။ အမေက အဲဒါလေးတွေကို ရုံးယူသွားပြီး သူငယ်ချင်းဝန်ထမ်းတွေကို ရောင်းပေးတယ်။ အမေ့ကို ပေးလိုက်တာတွေဟာ တရက်ထဲနဲ့ ကုန်သွားလို့ နာရာယန်တယောက် အတော်ပျော်သွားသလို အားလဲတက်သွားတယ်။ ပထမဆုံး ဈေးရောင်းလို့ ရတဲ့ပိုက်ဆံတွေကို အကြိမ်ကြိမ်အခါခါ ရေတွက်ရင်း ပျော်နေမိတယ်။ ပိုက်ဆံကို အကုန်သုံးမပစ်ပဲ ဖျော်ရည်၊ ယိုနဲ့သနပ်စုံတွေ ထပ်လုပ်ဖို့ ပစ္စည်းတွေ ထပ်ဝယ်တယ်။ ရင်းနှီးမြုပ်နှံမှု ထပ်လုပ်တာပါ။
သူမက အဲဒီလို အိမ်ကနေ စားစရာလေးတွေ လုပ်ပေး၊ အမေက ရုံးမှာ ရောင်းပေးနဲ့ အမြတ်ငွေလေးရရင်း အဆင်ပြေနေတုံးမှာ သူမအတွက် အခွင့်အလမ်းတခု ပေါ်လာတယ်။ မဟာအခွင့်အလမ်းလို့တောင် ပြောလို့ ရပါတယ်။ သူမအဖေရဲ့ သူငယ်ချင်းတယောက်ဟာ မသန်မစွမ်းကလေးတွေကို စာသင်ပေးတဲ့ အစိုးရထောက်ပံ့တဲ့ ကျောင်းတကျောင်းက အုပ်ချုပ်ရေးမှူးပါ။ သူ့ကျောင်းက မသန်မစွမ်းလူငယ်တွေထဲက အနည်းဆုံး ၂ယောက်ကို အချိန်ပိုင်း အလုပ်ပေးနိုင်သူဆိုရင် ဈေးရောင်းတဲ့လက်တွန်းလှည်း ဖြစ်ဖြစ်၊ သတင်းစာ၊ မုံ့ပဲသရေစာ၊ ကွမ်းယာရောင်းတဲ့ဆိုင်ဘန်းေ လးဖြစ်ဖြစ်
အလကားပေးတယ်။ သူမကို ယူမလားလို့ ကမ်းလှမ်းလာလို့ နာရာယန်က
လက်တွန်းလှည်းတစီး ယူလိုက်တယ်။ မသန်မစွမ်းကောင်လေး ၂ ယောက်ကိုလဲ
နေ့စားခပေးပြီး အကူခေါ်ထားလိုက်တယ်။
သူမဟာ မသန်မစွမ်းလူငယ်လေးတွေကို ဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်ကို ဘယ်လိုဖျော်ရတယ်ဆိုတာရယ်၊ ဈေးဝယ်သူကို ဘယ်လို ဆက်ဆံရမယ်ဆိုတာတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးတယ်။ ဒီလိုနဲ့ သူမဟာ လူငယ်လေးတွေနဲ့ စားစရာလှည်းလေးကို တွန်းပြီး တလမ်းဝင် တလမ်းထွက် ဈေးရောင်းတယ်။ အဲဒီလို ဈေးလှည့်ရောင်းနေရင်းနဲ့ သူမ တခုသတိပြုမိလာတယ်။ သူမနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မရီးနားကမ်းခြေ (Marina Beach)မှာ ညနေပိုင်းဆိုရင် လာရောက်အပန်းဖြေသူတွေ အတော်များတယ်ဆိုတာပါ။ မရီးနားကမ်းခြေက အန်နားကွင်းပြင် (Anna Square) မှာ သူမရဲ့တွန်းလှည်းလေးနဲ့ ဈေးသွားရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ခြင်း ရောင်းလို့မရသေးပါဘူး။ စည်ပင်သာယာရဲ့ ခွင့်ပြုချက်ရအောင် စိတ်ရှည်ရှည်နဲ့ တနှစ်လောက် စောင့်ရတယ်။
၁၉၈၂ ခုနှစ် ဇွန်လ၂၁ ရက်မှာ နာရာယန် စောင့်မျှော်နေတဲ့ စည်ပင်က ဈေးရောင်းခွင့်ပြုတဲ့စာရပြီ။
အဲဒီနေ့ က ညနက်အထိ နောက်ရက်မှာ ရောင်းဖို့ လက်ဖက်ရည်၊ ကော်ဖီ၊
အသားကတ်တလိတ်၊ စမူဆာ၊ ယိုစုံ၊ ဂျလေဘီ၊ သီးစုံသနပ်စတဲ့ စားစရာမျိုးစုံကို
ပြုလုပ်ပြင်ဆင်တယ်။ အဲဒီအချိန်က တွန်းလှည်းနဲ့ ရောင်းတာတွေက လက်ဖက်ရည်၊
ကွမ်းယာ၊ ဆေးလိပ်စတာတွေပါပဲ။ သူမ ရောင်းမဲ့ပစ္စည်းတွေဟာ စားစရာတွေမို့
သူတို့နဲ့မတူတာကြောင့် အများကြီးရောင်းရမှာပဲဆိုတဲ့  စိတ်ကူးနဲ့ ညနက်မှ အိပ်ယာဝင်တာတောင် တော်တော်နဲ့ အိပ်မပျော်ဘူး။
နောက်နေ့ ညနေကျတော့ သူမဟာ ရောင်းစရာတွန်းလှည်းကို မသန်မစွမ်း ကလေး ၂ ယောက်နဲ့ တွန်းရင်း မရီးနားကမ်းခြေက အန်နားကွင်းပြင်ကို ထွက်လာခဲ့တယ်။ ပစ္စည်းစုံပါလို့ တွန်းလှည်းက လေးလွန်းတာနဲ့ လန်ချားသမားတွေက ကူပြီးတွန်းပေးကြရတယ်။ ညမိုးချုပ်လို့ ဆိုင်သိမ်းတော့ သူမ ဘယ်လောက်ဖိုး ရောင်းရတယ် ထင်ပါသလဲ။ ကော်ဖီတခွက်ဖိုး ၅၀ ပိုက်စ (အိန္ဒိယပိုက်ဆံ ပြား၅၀) ထဲပါ။ သူမ မျှော်လင့်ခဲ့တာနဲ့ တခြားစီပါပဲ။ သူမ အိမ်ပြန်ရောက်တော့ ဝမ်းနဲလွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ အမေကတော့ သူမကို “စိတ်မပျက်ပါနဲ့အေ။ အနဲဆုံး ကော်ဖီတခွက်တော့ ရောင်းရတယ်မဟုတ်လား။ မနက်ဖြန်ဆို အများကြီး ရောင်းရမှာပေါ့”လို့ အားပေးရှာပါတယ်။ နာရာယန်ရဲ့ ပထမဆုံးအကြိမ် ကျရှုံးသွားခြင်းပါ။ သူမ အတော်လေး စိတ်ပျက်သွားပေမဲ့ နောက်မဆုတ်ဘူး။ ဆက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
နောက်နေ့ကျတော့ အံ့သြစရာပါ။ ရူပီငွေ ၆၀၀ နဲ့ ၇၀၀ ကြား ရောင်းလိုက်ရတယ်။ နောက်ရက်တွေမှာ ပိုတောင်ရောင်းကောင်းလာသေးတ ယ်။
ဒါကြောင့် ရောင်းနေကျစားစရာတွေအပြင် အိုက်စကရင်း၊ အာလူးကျော်၊
သစ်သီးဖျော်ရည်တွေပါ ထပ်တိုးလိုက်တယ်။ ဈေးရောင်းကောင်းလာလေ သူမကိုယ်သူမ
ယုံကြည်မှုတွေ ပိုတိုးလာလေပါ။ စားစရာတွေ၊ အပူအအေး ဖျော်ရည်တွေ လုပ်တာ၊
တွန်းလှည်းပေါ် ပြင်ဆင်တာ၊ ရောင်းတာတွေအားလုံးကို သူမကိုယ်တိုင်
ကြီးကြပ်တယ်။ သူများနဲ့ လွဲမထားဘူး။
ဒီလိုနဲ့ နာရာယန် ဈေးရောင်းနေတာ ၁၉၈၄ ခုနှစ်ကနေ ၂၀၀၃ ခုနစ်အထိပါ။ ၁၉ နှစ်ကြာလာခဲ့ပြီ။ အရင်ကတော့ အပန်းဖြေသူများတဲ့ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိပဲ ရောင်းတယ်။ နောက်ပိုင်းကျတော့ မနက်စောစော လမ်းလျှောက်သူတွေ ဗိုက်ဆာတတ်တဲ့အချိန်ဖြစ်တဲ့
မနက် ၅ နာရီကနေ ၉ နာရီထိ အချိန်တိုးရောင်းတယ်။ အရောင်းရဆုံးနေ့မှာ ရူပီငွေ
၂ သောင်းခွဲလောက်ရတယ်။ အရောင်းရဆုံးနေ့တွေကတော့ ကမ်းခြေမှာ
လူတွေလှည့်လည်တန်းစီဆန္ဒပြကြ တဲ့ နေ့တွေပါပဲ။
နာရာယန်တယောက် စိတ်အားထက်သန်စွာနဲ့ ဈေးရောင်းနေတာကို အတော်ကြာကြာ စောင့်ကြည့်နေသူတယောက် ရှိတယ်။ အမှန်က စောင့်ကြည့်နေတယ်ဆိုတာထက် ပိုပါတယ်။ သူမရဲ့ဆိုင်မှာ အစားအသောက် ဝယ်စားဖူးတယ်။ အအေးနဲ့ကော်ဖီ ဝယ်သောက်ဖူးတယ်။ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေမို့ သူသဘောကျနေတယ်။ သူက အဲဒီမြို့နယ်က ဆင်းရဲသားပပျောက်ရေးအဖွဲ့ရဲ့ 
ဥက္ကဋ္ဌပါ။ သူက သူမကို အဖွဲ့ရုံးက ဝန်ထမ်းစားသောက်ခန်းမမှာ အစားအသောက်
လာရောင်းပေးမလား။ ချက်စရာ မီးဖိုခန်းနဲ့ အိုးခွက်တွေကို အခမဲ့လဲ
သုံးခွင့်ပေးမယ်တဲ့။ သူမလဲ ဝမ်းသာအားရနဲ့ လက်ခံလိုက်တယ်။ နောက် ၃
ရက်အကြာမှာ စားစရာတွေ စရောင်းတယ်။ စရောင်းတဲ့နေ့ ကစပြီး သူမရဲ့ အစားအစာ၊
အပူအအေးစုံကို ဝန်ထမ်းတွေ အရသာတွေ့ပြီး အတော်လေး ရောင်းကောင်းနေတယ်။
သူမဟာ နေ့တိုင်း မနက် ၅ နာရီမှာ အိပ်ယာထတယ်။ ညကလုပ်ထားတဲ့ မုံ့မျိုးစုံနဲ ကော်ဖီ၊ လက်ဖက်ရည်တွေကို ကမ်းခြေမှာ သွားရောင်းတယ်။ မနက် ၉ နာရီမှာ ကမ်းခြေက ပြန်လာပြီး ဝန်ထမ်းစားသောက်ခန်းမက မီးဖိုချောင်မှာ ချက်ပြုတ်တယ်။ ပြီးရင် ဝန်ထမ်းတွေကို အစားအသောက်တွေ ညနေ ၃ နာရီထိ ရောင်းတယ်။ ညနေ ၅ နာရီကနေ ည၁၁ နာရီထိ ကမ်းခြေမှာ ဈေးသွားရောင်းပြန်တယ်။ သူမ အခုလို မနက် ၅ နာရီကနေ ည ၁၁ နာရီထိ အလုပ်တွေကို ဆက်တိုက်လုပ်နိုင်တာ ခိုင်းစရာ အကူဝန်ထမ်းတွေ ငှားထားလို့ပါ။ အခု သူမဟာ လစဉ် ပုံမှန်ဝင်ငွေ ရူပီငွေ ၂ သောင်းလောက် ရနေပြီ။ အိန္ဒိယမိန်းမတယောက်က ဒ်ီလောက်ဝင်ငွေရအောင် ရှာနိုင်တာ အံ့သြစရာပါပဲ။
သူမ အောင်မြင်နေတဲ့သတင်းကြောင့် Bank of Madurai ဘဏ်က သူတို့ရဲ့ဝန်ထမ်းစားသောက်ခန်းမကြီးမှာ
စားသောက်ဆိုင်ဖွင့်ဖို့ ကမ်းလှမ်းလာတယ်။ နေ့စဉ် ဝန်ထမ်းအယောက် ၃၀၀ အတွက်
ချက်ပြုတ်ရောင်းပေးဖို့ပါ။ အဲဒီအလုပ်ရတာနဲ့ ဆင်းရဲသားပပျောက်ရေးရုံးက
ဝန်ထမ်းစားသောက်ဆိုင်ကို ရပ်လိုက်တယ်။ ဘဏ်က ဝန်ထမ်းတွေက ပိုများလို့
အဲဒီမှာ အာရုံစိုက်လုပ်ကိုင်ချင်လို့ ပါ။
သူမက “ပြဿနာတွေကြားက အခွင့်အလမ်းဆိုတာ ပေါ်လာတတ်စမြဲပါ”လို့
အမြဲပြောလေ့ရှိတယ်။ သူမရဲ့စကား မှန်ကန်ကြောင်း သက်သေပြမဲ့ အဖြစ်အပျက်တခု
မကြာခင်မှာပဲ ဖြစ်လာခဲ့ပါတယ်။ အဖြစ်က ဒီလိုပါ။
========================== ===========
ရှေ့လ ဇွန်လဆန်းမှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူများရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချ င်သူတွေ၊ လုပ်နေသူတွေအတွက် ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၇-၀၅-၂၀၁၆
သူမဟာ တက္ကသိုလ်တက်နေရင်း သူမထက် အသက်ကြီးပြီး ဘာသာလဲကွဲတဲ့ လူတယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ လက်ထပ်ပြီး မကြာခင်မှာပဲ ယောက်ျားဟာ အရက်သောက်ပြီး သူမကို ရိုက်နှက်နှိပ်စက်လာတယ်။ သူဟာ အလုပ်လဲ မလုပ်လို့ အိမ်မှာ ဝင်ငွေမရှိဘူး။ သူမတို့ကို မိဘက အိမ်မှာ ခေါ်ထားပြီး ကျွေးထားလို့ နေစရာ၊ စားစရာရနေပေမဲ့ လက်ထဲမှာ သုံးစရာ ပိုက်ဆံမရှိဘူး။ ကလေး ၂ ယောက်ကလဲ ကျောင်းနေချိန်ရောက်ပြီမို့
နာရာယန်ရဲ့ အဖြစ်အပျက်ဟာ အိန္ဒိယဘော်လီဝုဒ်ရုပ်ရှင်က
==========================
နောက်ဆုံးတော့ နာရာယန်ဟာ ဒီအတိုင်း ထိုင်နေပြီး ဖြစ်လာမဲ့ဒုက္ခကို တွေးပူနေမဲ့အစား အလုပ်တခု လုပ်ချင်လာတယ်။ ဒါပေမဲ့ သူမ ဘာအလုပ် လုပ်ရမှန်း မသိဘူး။ မိဘတွေကလဲ ဝန်ထမ်းတွေဆိုတော့ ဘာစီးပွားရေးအသိအမြင်မှလဲ မရှိဘူး။ လုပ်ငန်းတခု စလုပ်ဖို့ ငွေအပိုလဲ တပြားမှမရှိဘူး။ တခါမှလဲ အလုပ်မလုပ်ဖူးတဲ့အတွက် သူမ အလုပ်စလုပ်ရမှာ ကြောက်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့ နာရာယန်ဟာ နောင်ကြုံတွေ့ရမဲ့ဒုက္ခက ပိုကြီးမားမှာမို့ တခုခုကို စလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလို ဆုံးဖြတ်ချက်ချလိုက်ခြင်းဟာ
သူမက အမေ့ဆီက ရူပီငွေ ၂၀၀ ချေးလိုက်တယ်။ ပြီးတော့ လိုတာလေးတွေကို ဈေးမှာ သွားဝယ်လိုက်ပြီး အိမ်မှာ သစ်သီးဖျော်ရည်၊ ယိုစုံ၊ သနပ်စုံတွေ စလုပ်တယ်။ အမေက အဲဒါလေးတွေကို ရုံးယူသွားပြီး သူငယ်ချင်းဝန်ထမ်းတွေကို ရောင်းပေးတယ်။ အမေ့ကို ပေးလိုက်တာတွေဟာ တရက်ထဲနဲ့ ကုန်သွားလို့ နာရာယန်တယောက် အတော်ပျော်သွားသလို အားလဲတက်သွားတယ်။ ပထမဆုံး ဈေးရောင်းလို့ ရတဲ့ပိုက်ဆံတွေကို အကြိမ်ကြိမ်အခါခါ ရေတွက်ရင်း ပျော်နေမိတယ်။ ပိုက်ဆံကို အကုန်သုံးမပစ်ပဲ ဖျော်ရည်၊ ယိုနဲ့သနပ်စုံတွေ ထပ်လုပ်ဖို့ ပစ္စည်းတွေ ထပ်ဝယ်တယ်။ ရင်းနှီးမြုပ်နှံမှု ထပ်လုပ်တာပါ။
သူမက အဲဒီလို အိမ်ကနေ စားစရာလေးတွေ လုပ်ပေး၊ အမေက ရုံးမှာ ရောင်းပေးနဲ့ အမြတ်ငွေလေးရရင်း အဆင်ပြေနေတုံးမှာ သူမအတွက် အခွင့်အလမ်းတခု ပေါ်လာတယ်။ မဟာအခွင့်အလမ်းလို့တောင် ပြောလို့ ရပါတယ်။ သူမအဖေရဲ့ သူငယ်ချင်းတယောက်ဟာ မသန်မစွမ်းကလေးတွေကို စာသင်ပေးတဲ့ အစိုးရထောက်ပံ့တဲ့ ကျောင်းတကျောင်းက အုပ်ချုပ်ရေးမှူးပါ။ သူ့ကျောင်းက မသန်မစွမ်းလူငယ်တွေထဲက အနည်းဆုံး ၂ယောက်ကို အချိန်ပိုင်း အလုပ်ပေးနိုင်သူဆိုရင် ဈေးရောင်းတဲ့လက်တွန်းလှည်း
သူမဟာ မသန်မစွမ်းလူငယ်လေးတွေကို ဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်ကို ဘယ်လိုဖျော်ရတယ်ဆိုတာရယ်၊ ဈေးဝယ်သူကို ဘယ်လို ဆက်ဆံရမယ်ဆိုတာတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးတယ်။ ဒီလိုနဲ့ သူမဟာ လူငယ်လေးတွေနဲ့ စားစရာလှည်းလေးကို တွန်းပြီး တလမ်းဝင် တလမ်းထွက် ဈေးရောင်းတယ်။ အဲဒီလို ဈေးလှည့်ရောင်းနေရင်းနဲ့ သူမ တခုသတိပြုမိလာတယ်။ သူမနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မရီးနားကမ်းခြေ (Marina Beach)မှာ ညနေပိုင်းဆိုရင် လာရောက်အပန်းဖြေသူတွေ အတော်များတယ်ဆိုတာပါ။ မရီးနားကမ်းခြေက အန်နားကွင်းပြင် (Anna Square) မှာ သူမရဲ့တွန်းလှည်းလေးနဲ့ ဈေးသွားရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ခြင်း ရောင်းလို့မရသေးပါဘူး။ စည်ပင်သာယာရဲ့ ခွင့်ပြုချက်ရအောင် စိတ်ရှည်ရှည်နဲ့ တနှစ်လောက် စောင့်ရတယ်။
၁၉၈၂ ခုနှစ် ဇွန်လ၂၁ ရက်မှာ နာရာယန် စောင့်မျှော်နေတဲ့ စည်ပင်က ဈေးရောင်းခွင့်ပြုတဲ့စာရပြ
နောက်နေ့ ညနေကျတော့ သူမဟာ ရောင်းစရာတွန်းလှည်းကို မသန်မစွမ်း ကလေး ၂ ယောက်နဲ့ တွန်းရင်း မရီးနားကမ်းခြေက အန်နားကွင်းပြင်ကို ထွက်လာခဲ့တယ်။ ပစ္စည်းစုံပါလို့ တွန်းလှည်းက လေးလွန်းတာနဲ့ လန်ချားသမားတွေက ကူပြီးတွန်းပေးကြရတယ်။ ညမိုးချုပ်လို့ ဆိုင်သိမ်းတော့ သူမ ဘယ်လောက်ဖိုး ရောင်းရတယ် ထင်ပါသလဲ။ ကော်ဖီတခွက်ဖိုး ၅၀ ပိုက်စ (အိန္ဒိယပိုက်ဆံ ပြား၅၀) ထဲပါ။ သူမ မျှော်လင့်ခဲ့တာနဲ့ တခြားစီပါပဲ။ သူမ အိမ်ပြန်ရောက်တော့ ဝမ်းနဲလွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ အမေကတော့ သူမကို “စိတ်မပျက်ပါနဲ့အေ။ အနဲဆုံး ကော်ဖီတခွက်တော့ ရောင်းရတယ်မဟုတ်လား။ မနက်ဖြန်ဆို အများကြီး ရောင်းရမှာပေါ့”လို့ အားပေးရှာပါတယ်။ နာရာယန်ရဲ့ ပထမဆုံးအကြိမ် ကျရှုံးသွားခြင်းပါ။ သူမ အတော်လေး စိတ်ပျက်သွားပေမဲ့ နောက်မဆုတ်ဘူး။ ဆက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
နောက်နေ့ကျတော့ အံ့သြစရာပါ။ ရူပီငွေ ၆၀၀ နဲ့ ၇၀၀ ကြား ရောင်းလိုက်ရတယ်။ နောက်ရက်တွေမှာ ပိုတောင်ရောင်းကောင်းလာသေးတ
ဒီလိုနဲ့ နာရာယန် ဈေးရောင်းနေတာ ၁၉၈၄ ခုနှစ်ကနေ ၂၀၀၃ ခုနစ်အထိပါ။ ၁၉ နှစ်ကြာလာခဲ့ပြီ။ အရင်ကတော့ အပန်းဖြေသူများတဲ့ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိပဲ ရောင်းတယ်။ နောက်ပိုင်းကျတော့ မနက်စောစော လမ်းလျှောက်သူတွေ ဗိုက်ဆာတတ်တဲ့အချိန်ဖြစ်တဲ့
နာရာယန်တယောက် စိတ်အားထက်သန်စွာနဲ့ ဈေးရောင်းနေတာကို အတော်ကြာကြာ စောင့်ကြည့်နေသူတယောက် ရှိတယ်။ အမှန်က စောင့်ကြည့်နေတယ်ဆိုတာထက် ပိုပါတယ်။ သူမရဲ့ဆိုင်မှာ အစားအသောက် ဝယ်စားဖူးတယ်။ အအေးနဲ့ကော်ဖီ ဝယ်သောက်ဖူးတယ်။ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေမို့ သူသဘောကျနေတယ်။ သူက အဲဒီမြို့နယ်က ဆင်းရဲသားပပျောက်ရေးအဖွဲ့ရဲ
သူမဟာ နေ့တိုင်း မနက် ၅ နာရီမှာ အိပ်ယာထတယ်။ ညကလုပ်ထားတဲ့ မုံ့မျိုးစုံနဲ ကော်ဖီ၊ လက်ဖက်ရည်တွေကို ကမ်းခြေမှာ သွားရောင်းတယ်။ မနက် ၉ နာရီမှာ ကမ်းခြေက ပြန်လာပြီး ဝန်ထမ်းစားသောက်ခန်းမက မီးဖိုချောင်မှာ ချက်ပြုတ်တယ်။ ပြီးရင် ဝန်ထမ်းတွေကို အစားအသောက်တွေ ညနေ ၃ နာရီထိ ရောင်းတယ်။ ညနေ ၅ နာရီကနေ ည၁၁ နာရီထိ ကမ်းခြေမှာ ဈေးသွားရောင်းပြန်တယ်။ သူမ အခုလို မနက် ၅ နာရီကနေ ည ၁၁ နာရီထိ အလုပ်တွေကို ဆက်တိုက်လုပ်နိုင်တာ ခိုင်းစရာ အကူဝန်ထမ်းတွေ ငှားထားလို့ပါ။ အခု သူမဟာ လစဉ် ပုံမှန်ဝင်ငွေ ရူပီငွေ ၂ သောင်းလောက် ရနေပြီ။ အိန္ဒိယမိန်းမတယောက်က ဒ်ီလောက်ဝင်ငွေရအောင် ရှာနိုင်တာ အံ့သြစရာပါပဲ။
သူမ အောင်မြင်နေတဲ့သတင်းကြောင့်
==========================
ရှေ့လ ဇွန်လဆန်းမှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူများရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချ
ဗန်းမော်သိန်းဖေ
၁၇-၀၅-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။