ဝက်ကင်ကြိုက်သူများ
-----------------------
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ခုနှစ်ထောင်လောက်က ဖြစ်တယ်..။ လူတွေဟာ ချက်ပြုတ်စားသောက်ခြင်းဆိုတဲ့ အနုပညာဆန်တဲ့ အတတ်ကို စတင်ပြီး မတွေ့ခင်ကာလတစ်ခုရှိပါသတဲ့. .။
အဲဒီကာလမှာ လူသားတွေဟာ တိရစ္ဆာန်တွေဆီက အသားကို အစိမ်းလိုက်ပဲ
ကုတ်ဖဲ့ခြင်း၊ ကိုက်ဖဲ့ခြင်းတို့ပြုလုပ် စားသောက်လေ့ရှိကြတယ်..။
အဲဒီခေတ်ကာလက တရုတ်ပြည်ရဲ့ ရွာတစ်ရွာမှာ ပိုပိုလို့ အမည်ရှိတဲ့ မျောက်မူးလဲ
သူငယ်ကလေးတစ်ယောက်ရှိပါသတဲ့..။ ပိုပိုရဲ့အဖေဟာ ၀က်မွေးတဲ့အလုပ်ကို လုပ်ကိုင်တယ်..။
တစ်နေ့တော့ ပိုပိုရဲ့ အဖေဟာ အကြောင်းတစ်ခုကြောင့် နေ့ချင်းပြန် ခရီးတစ်ခု သွားစရာကိစ္စ ပေါ်လာခဲ့တယ်..။ အဲဒီလို အကြောင်းကိစ္စ ပေါ်လာတာကြောင့် သူက ပိုပိုကိုခေါ်ပြီး ဒီလိုမှာကြားတယ်..
"ဟေ့ကောင်မျောက်လောင်း..၊ ငါဟိုဘက်ရွာကို ကိစ္စရှိလို့ သွားရမယ်၊ မင်းအိမ်မှာစောင့်နေခဲ့၊ ရွာရိုးကိုးပေါက် ရှောက်ဆော့မနေနဲ့၊ ကိုယ့်အိမ်ကို သေသေချာချာစောင့်၊ အိမ်အောက်က ၀က်တွေရဲ့ စားခွက်ကိုလည်း သန့်ရှင်းရေးလုပ်ပြီး အစာတိုက်ထားလိုက်ကြားလား၊ ငါပြန်လာလို့ မင်းကို အိမ်မှာမတွေ့လို့ကတော့ ကြိမ်လုံးနဲ့ တင်ပါး အဆွေခင်ပွန်းဖွဲ့ရမယ်သာမှတ် ၊ ကြားလား"
"ဟုတ်..."
အဲဒီလိုနဲ့ ပိုပိုရဲ့ အဖေဟာ တစ်ဖက်ရွာကို ထွက်သွားခဲ့ပါသတဲ့..။ ပိုပိုဟာ အဖေမှာတဲ့အတိုင်းတော့ အိမ်မှာ စောင့်နေခဲ့တယ်..။ ဒါပေမယ့်လည်း အငြိမ်မနေတတ်တဲ့ သူ့သဘာဝအရ သူ့အဖေရဲ့ မီးခတ်ကျောက်ကိုယူပြီး မီးလှုံတမ်းကစားပါသတဲ့..။ သိပ်မကြာခင်မှာပဲ သူတို့သားအဖ စံမြန်းရာ တဲပုပ်စံနန်းတော်ကြီးဟာ ပိုပိုမီးလှုံရာ မီးပုံကြီးအဖြစ် ပြောင်းလဲရောက်ရှိသွားပါသတဲ့ ..။
ပိုပိုဟာ အင်မတန်မှ ၀မ်းနည်းသွားခဲ့တယ်...။ သူဝမ်းနည်းရခြင်းအကြောင်းကေ တာ့ အိမ်မီးလောင်လို့မဟုတ်ဘဲ.. သူသိပ်ချစ်တဲ့၊ သူနဲ့အတူတူ ကစားလေ့ရှိတဲ့ ၀က်ကလေး "ရှောင်ကျူး" မီးထဲပါသွားလို့ပဲဖြစ်ပါသတဲ့ .။ ရှောင်ကျူးနဲ့အတူ သူ့အဖေမွေးမြူထားတဲ့ ၀က်တွေအကုန်လုံးဟာလည်း မီးလောင်ပြီး သေဆုံးသွားကြပါသတဲ့..။
ပိုပိုဟာ မီးလောင်ပြင်ထဲမှာ ၀က်ကလေး ရှောင်ကျူးရဲ့ မီးကျွမ်းနေတဲ့ ၀က်ကင် ရုပ်ကြွင်းကို တွေ့ပါသတဲ့..။ ပိုပိုဟာ.. ၀က်ကလေးကိုကြည့်ပြီး
"မသေပါနဲ့ ရှောင်ကျူး..ဘူယောင်စှီ..ဘူ ယောင်စှီ. အဟင့်..အဟင့်" လို့ငိုကြွေးရင်း.. ရှောင်ကျူးကို ကိုင်တွယ်ပွေ့ဖက်ဖို့ ကြိုးစားလိုက်ပါသတဲ့...။
ဒါပေမယ့်လည်း.. ရှောင်ကျူးရဲ့ အခေါက်ဟာ အရင်တုန်းကလို.. မာကျောမနေတော့ ပဲ ပိုပိုရဲ့ လက်ဟာ.. အခေါက်ထဲကို နစ်မြုပ်ဝင်သွားခဲ့တယ်။ မီးလောင်ထားတဲ့အရှိန်ကြောင့် လည်း.. ပိုပိုရဲ့လက်ဟာ ပူလောင်လွန်းတဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်..။
"အံမယ်လေး.. ပူလိုက်တာဗျ"
လို့ အော်ဟစ်ရင်း.. ပိုပိုဟာ. အပူလောင်နေတဲ့သူ့လက်ကို.. ပါးစပ်ထဲကို ထည့်လိုက်မိတယ်..။ အဲဒီအချိန်မှာပဲ သူ့တစ်သက်တာမှာ မခံစားဘူးတဲ့ "၀က်ကင်" ရဲ့ အရသာကို သူပထမဦးဆုံးခံစားလိုက်ရတယ် ..။ ၀က်ကင်ရဲ့ ထူးခြားကောင်းမွန်တဲ့အရသာအြ ပင်.. မွှေးကြိုင်တဲ့အနံ့ကိုပါ သူခံစားလိုက်ရတယ်..။
"တယ်ကောင်းပါလားဟ.." လို့ ပိုပိုဟာ တစ်ယောက်တည်းပြောမိတယ်..။
ဒီတစ်ကြိမ်မှာတော့ သူဟာ ၀က်ကင်ကို လက်နဲ့တို့ရုံတင်မဟုတ်တော့ဘဲ့ တစ်ဖဲ့ဖဲ့လိုက် ပါးစပ်ထဲထည့်လိုက်နဲ့.. သူ့ရဲ့လက်ဟာ ၀က်ကင်နဲ့ ပါးစပ်ကြားမှာ လူလာခေါက်ပြန် ဖြစ်လာခဲ့ပါသတဲ့..။
"ကောင်လိုက်တဲ့ အရသာ၊ အခေါက်ကလေးတွေကလည်း တစိတ်တပိုင်း ကျွတ်လို့၊ အဆီလေးတွေကလည်း ဆိမ့်လို့..၊ မွေးလိုက်တာလည်းလွန်ရော..၊ ဂွတ်..ဂွတ်"
သူဟာ နေရာမှာတင် ထိုင်ပြီး ၀က်ကင်ကို အားပါးတရ စားသောက်နေပါသတဲ့..ပိုပိုဟာ အဲဒီလို ၀က်ကင်ကို အားရပါးရစားနေတုန်းမှာ.. သူ့ကျောပေါ်ကို သူ့အဖေရဲ့ ပြင်းထန်တဲ့ ကြိမ်လုံးချက်ကျရောက်လာခဲ့တ ယ်..။
"ဖျောင်း"
"အောင်မငှီး..၀က်ကင်..၀က်ကင်"
"ငါသေချာမှာထားပါရက်နဲ့.. အိမ်ကိုတောင်မီးလောင်အောင်လုပ်တဲ့ကောင်.. ဒီနေ့မင်းသေပြီသာမှတ်ပေတော့ "
လို့ သူအဖေက မြည်တွန်တောက်တီးရင်း ပိုပိုကို ထပ်ပြီးရိုက်ဖို့ ကြိုးစားပြန်တယ်..။ အဲဒီအခါ ပိုပိုက
"ခဏလေးနေပါဦး အဖေ..။ ဒါလေးကို အရင်ဆုံးစားကြည့်လိုက်ပါ။ ပြီးတော့မှ အဖေ့စိတ်ကြိုက် ကျွန်တော့်ကို ရိုက်ပါတော့" လို့ ပြောပြီး ၀က်ကင်တစ်ဖဲ့ကို သူ့အဖေကိုပေးလိုက်တယ်..။
ပိုပိုရဲ့အဖေဟာ ၀က်ကင် တစ်ဖဲ့ကို စားသောက်ပြီးတဲ့အချိန်မှာတော့..ပိုပို့ကို ဆက်ရိုက်ဖို့မေ့သွားပြီး သားအဖနှစ်ယောက်ဟာ.. သေဆုံးသွားတဲ့ သူတို့ရဲ့ ၀က်တွေကိုပါ ရှာဖွေ စားသောက်ကြပါသတဲ့..။
"တယ်ကောင်းတာပဲကွ.. နောက်တစ်ခါ ၀က်မွေးပြီးတာနဲ့ အိမ်မီးရှို့ပြီး ၀က်ကင်လုပ်ကြတာပေါ့ မင်းဒီတစ်ခါတော့ တော်သွားပြန်ပြီငါ့သား.." လို့ သူ့အဖေက ပြောခဲ့တယ်..။
အဲဒီအချိန်ကစပြီး ပိုပိုတို့သားအဖရဲ့ နေအိမ်ဟာ မကြာခဏပဲ မီးလောင်ခဲ့ပါသတဲ့.. ၀က်တွေများလာလိုက်..၊ အိမ်ကို မီးရှို့လိုက်၊ ၀က်ကင်စားလိုက်နဲ့ သူတို့ဟာ ၀က်ကင်စားချင်တဲ့ ဆန္ဒကို သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းကြပါသတဲ့..။
ဒါပေမယ့်လည်း ပိုပိုတို့နေထိုင်တဲ့ရွာက ရွာသားတွေဟာ သူတို့သားအဖကို အမြင်ကပ်လာကြတယ်..။ သူတို့သားအဖရဲ့ အိမ်ဟာ ဘာကြောင့် ခဏခဏ မီးလောင်နေရတာလဲဆိုတာကိုလဲ စဉ်းစားလို့မရ ဖြစ်နေကြတယ်..။ သူတို့အိမ်မီးလောင်လိုက်.. ရွာသားတွေဟာ ရေပုံးကိုယ်စီနဲ့ မီးသတ်ဖို့ရောက်လာလိုက်နဲ့ အလုပ်တောင် ဖြောင့်အောင် မလုပ်နိုင်ဖြစ်လာကြတယ်..။ ထူးဆန်းတာက ဒီသားအဖဟာ သူတို့အိမ်ကို ၀ိုင်းပြီးမီးငြိမ်းတာကိုတောင်
လက်မခံဘဲ ရွာသားတွေကို မောင်းထုတ်နေတာပဲ။ ဒါကြောင့် ရွာသားတွေဟာ ညဖက်အောင်
စိတ်ချလက်ချ မအိပ်နိုင်ဘဲ.. ဟိုသားအဖအိမ် မီးလောင်ပြီး ငါတို့ရွာပါ
မီးစွဲရင်တော့ ဒုက္ခပါပဲ ဆိုတဲ့ အတွေးနဲ့ ကောင်းကောင်းမွန်မွန်
မအိပ်စက်နိုင်အောင် ဖြစ်လာကြပြန်တယ်..။
နောက်တစ်နေ့မှာပဲ ပိုပိုတို့သားအဖရဲ့အိမ်ဟာ ထပ်ပြီး မီးလောင်ပြန်တယ်..။ ဒီတစ်ခါမှာတော့ ရွာသားတွေဟာ ဆက်ပြီး သည်းမခံနိုင်ကြတော့ဘဲ နယ်စားကြီးကို သွားရောက်တိုင်တန်းကြတော့တယ်..။
"မှန်လှပါ နယ်စားမင်း.. ပိုပိုတို့သားအဖဟာ စိတ်မနှံ့သူတွေဖြစ်ကြပါတယ်. .။
သူတို့က သူတို့အိမ်ကိုသူတို့ ခဏခဏပြန်ပြီး မီးရှို့ကြပါတယ်..။
ကျွန်တော်မျိုးတို့ မီးဝိုင်းငြိမ်းတာကိုလည်း လက်မခံကြပါဘူး..။ အဲဒါကြောင့်
ကျွန်တော်မျိုးတို့ရွာသားတွေလည်း ကောင်းကောင်းမနေရတော့ဘဲ အချိန်ပြည့်မီးဘေးအန္တရယ်စိုးရိမ်လာရပါတယ်၊ ဒီသားအဖကို အရေးယူပေးပါ.နယ်စားမင်း"
အဲဒီလိုနဲ့ နယ်စားမင်းဟာ.. ပိုပိုတို့သားအဖကို သူ့စံအိမ်ကို ဆင့်ခေါ်ခဲ့တယ်..။ ပြီးတော့ ဒီလိုမေးမြန်းခဲ့တယ်..
"မောင်မင်းတို့ဟာ ကိုယ့်အိမ်ကိုယ် ဘာလို့ မီးခဏခဏတို့နေရတာလဲဆိုတာကို အမြန်လျှောက်တင်ကြစမ်းဟဲ့"
အဲဒီအခါမှာတော့ ပိုပိုတို့ သားအဖဟာ.. အသင့်ယူလာတဲ့ ၀က်ကင်ကို နယ်စားမင်းကို ဆက်သလိုက်တယ်..ပြီးတော့
"အဲဒါကြောင့်ပါဖရာ့"
လို့ လျှောက်တင်လိုက်တယ်..။ နယ်စားမင်းဟာ ပိုပိုတို့သားအဖ ရဲ့ဝက်ကင်ကို မြည်းကြည့်ခဲ့တယ်
"ဘဲရီးဂွတ်..ကောင်းလှချည်လားဟ.."
နယ်စားမင်းဟာ ..၀က်ကင်ကို.. အင်မတန်မှ သဘောကျနှစ်ခြိုက်စွဲလမ်း သွားပြန်တယ်..။
"မင်းတို့ဒီဝက် ကို ဘယ်လိုလုပ်သလဲဆိုတာကို ငါ့စားဖိုမှူးတွေကို သေချာသင်ပြပေးသွားကြ၊ မင်းတို့ပြန်နိုင်ပြီ" လို့ ပြောခဲ့ပါသတဲ့..။
အဲဒီအချိန်ကစပြီး နယ်စားမင်းရဲ့ စံအိမ်တော်ဟာ မကြာခဏ မီးလောင်ခဲ့တယ်..။ နယ်စားမင်းရဲ့ စံအိမ်တော်မီးလောင်တိုင်းလည်း
မြို့သူမြို့သားတွေဟာ.. အခွန်ကောက်ပြီး အသစ်ပြန်လည် တည်ဆောက်ပေးကြရတယ်..။
အဲဒီလိုပဲ မြို့သားတွေက အသစ်ဆောက်ပေးလိုက်.. မီးပြန်လောင်လိုက်၊
အသစ်ဆောက်ပေးလိုက်၊ မီးပြန်လောင်လိုက်နဲ့ ၀က်ကင်ရဲ့ ဒုက္ခကို ခံရပြန်တယ်..။
သည်းမခံနိုင်တဲ့အဆုံးမှာတော့  မြို့သူမြို့သားတွေဟာ ဘုရင့်နန်းတော်ကိုသွားရောက် ပြီး..
နယ်စားရဲ့ အိမ်မီးရှို့တဲ့အကျင့်ကို တိုင်ကြားကြတယ်..။ ဘုရင်ကြီးဟာလည်း
နယ်စားကို ဆင့်ခေါ်ပြန်တယ်..။ နယ်စားဟာလည်း.. ဘုရင်ကြီးကို
ဝက်ကင်ဆက်သပြန်တယ်..။
အဲဒီလိုနဲ့ပဲ နောက်တစ်နေ့မှာ ဘုရင့်နန်းတော်ကြီးမီးလောင် ပြန်တယ်..။
ဘုရင့်နန်းတော်ဟာ တစ်လအတွင်း ဆယ်ကြိမ်လောက်ထိ မီးလောင်နေတဲ့အတွက်
တိုင်းသူပြည်သားတွေဟာ စိတ်မချမ်းမသာ ဖြစ်လာကြပြန်တယ်..။ နန်းတော်ကြီးကို
ဘုရင့်အမိန့်နဲ့ မကြာခဏ ပြန်ဆောက်ပေးနေရတဲ့ ဒုက္ခကိုလည်း
ခံစားလာကြရပြန်တယ်..။ နန်းတွင်းသူ၊ နန်းတွင်းသားတွေဟာလည်း.. ကျီးလန့်စာစား
ဖြစ်လာကြတယ်..။ ဘယ်နေ့မှာ မီးလောင်ပြီး မာလကီးယား ဖြစ်ရမလည်း ဆိုပြီးလည်း
စိုးရိမ်လာကြပြန်တယ်..။
နောက်ပိုင်းမှာတော့ ဘုရင်တင်မက.. တချို့နန်းတွင်းသူ နန်းတွင်းသားတွေ၊ အမတ်တွေတောင်မှ ကိုယ့်အိမ်ကို မီးနဲ့ရှို့ပြီး ၀က်ကင်စားကြတာဟာ ဓလေ့တစ်ခုအသွင်ဖြစ်လာကြပြန် တယ်..။
"ကိုယ့်အိမ်ကိုယ်ပြန်ပြီး မီးမရှို့ဘူးသူဟာ ခေတ်မမှီသူ၊ ခေတ်နောက်ကျသူ၊ တုံးအသူတွေ" အဖြစ် သတ်မှတ်လာကြတော့တယ်..။ ဘုရင်တင်မက.. မြို့ရွာအနှံ့အပြားမှာပါ.. အိမ်မီးရှို့သူတွေပေါများလြာ ကတယ်..။
ပိုက်ဆံရှိသူတွေက.. "အိမ်ဆောက်၊ ၀က်မွေး၊ မီးရှို့" ဆိုတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို တည်ထောင်လုပ်ကိုင်လာကြတယ်.. .။ တိုင်းပြည်တ၀ှမ်းလုံးမှာ မီးမလောင်တဲ့နေ့ရယ်လို့ မရှိတော့ဘဲ. နေ့တိုင်းဟာ မီးလောင်တဲ့နေ့တွေဖြစ်လာကြတ ယ်..။ တစ်ရပ်ကွက်လုံး ၀က်မွေးပြီး၊ တစ်ပြိုင်တည်း စုပေါင်းမီးရှို့တဲ့.. လှုပ်ရှားမှုတွေ၊ အထိမ်းအမှတ်တွေ ဖြစ်လာကြတယ်..
။နောက်ဆုံးမှာတော့ တိုင်းပြည်ရှေ့ရေးကို မျှော်မြင်ပြီး ဆင်ခြင်ဥာဏ်နဲ့ ပြည့်စုံတဲ့ ဘုရင့်အတိုင်ပင်ခံအမတ်ကြီးဟာ
အိမ်ကို မီးရှို့စရာမလိုဘဲ ၀က်ကင်လုပ်တဲ့နည်းကို တီထွင်ခဲ့တယ်...။
ဘုရင်ကြီးဟာလည်း.. အမတ်ကြီးရဲ့ဝက်ကင်ကို သဘောကျနှစ်ခြိုက်တော်မူတဲ့အ ပြင်.. နန်းတော်မီးရှို့စရာ မလိုတော့တဲ့အတွက်လည်း.. နှစ်ထောင်းအားရ ဖြစ်တော်မူပြန်တယ်..။
ဒါကြောင့် ဘုရင်ကြီးဟာ "၀က်ကင်လုပ်ဖို့အိမ် မီးရှို့စရာမလိုဘူး" ဆိုတဲ့ အသိပညာပေး အစီအစဉ်တွေ၊ ပြဇာတ်တွေကပြပြီး တိုင်းသူပြည်သားတွေကို ပညာပေးခဲ့တယ်..။ ၀က်ကင်ပြုလုပ်နည်းကိုလည်း သင်တန်းပေးခြင်း၊ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့တယ်..။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့ ယနေ့စားနေတဲ့ ၀က်သား ဘာဘီကျူး ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုတယ်...
ဒီပုံပြင်လေးကတော့ ချားစ်လမ့်ပ် Charles Lamb (1775-1834) ဆိုတဲ့စာရေးဆရာတစ်ဦးရေးခဲ့ တဲ့ အက်ဆေးတစ်ပုဒ်ထဲက ပုံပြင်လေးကို သင့်တော်သလို ပြန်လည်ရေးသားတင်ပြတာပဲဖြစ် တယ်..။ ခါတိုင်းအပုဒ်တွေလို သင်ခန်းစာတွေ ရှည်ရှည်ဝေးဝေး မရေးတော့ဘဲ.. ပျော်ရွှင်၊ ရယ်မော၊ စိတ်အပန်းဖြေဖို့ရည်ရွယ်ချက်နဲ့ ရေးသားခြင်းဖြစ်ပါတယ်။ စာရှုသူများအနေနဲ့ သင်ခန်းစာထည့်ချင်တယ်ဆိုရင် လည်း Cmt မှာ ကိုယ့်စိတ်ကြိုက် ရေးသား ထည့်သွင်းနိုင်ပါကြောင်း-
ပျော်ရွှင်ကြပါစေ
မေတ္တာဖြင့်
(ဖြိုးသုတ)
reference : http://www.bartleby.com/ 380/prose/491.html
-----------------------
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ခုနှစ်ထောင်လောက်က ဖြစ်တယ်..။ လူတွေဟာ ချက်ပြုတ်စားသောက်ခြင်းဆိုတ
တစ်နေ့တော့ ပိုပိုရဲ့ အဖေဟာ အကြောင်းတစ်ခုကြောင့် နေ့ချင်းပြန် ခရီးတစ်ခု သွားစရာကိစ္စ ပေါ်လာခဲ့တယ်..။ အဲဒီလို အကြောင်းကိစ္စ ပေါ်လာတာကြောင့် သူက ပိုပိုကိုခေါ်ပြီး ဒီလိုမှာကြားတယ်..
"ဟေ့ကောင်မျောက်လောင်း..၊ ငါဟိုဘက်ရွာကို ကိစ္စရှိလို့ သွားရမယ်၊ မင်းအိမ်မှာစောင့်နေခဲ့၊ ရွာရိုးကိုးပေါက် ရှောက်ဆော့မနေနဲ့၊ ကိုယ့်အိမ်ကို သေသေချာချာစောင့်၊ အိမ်အောက်က ၀က်တွေရဲ့ စားခွက်ကိုလည်း သန့်ရှင်းရေးလုပ်ပြီး အစာတိုက်ထားလိုက်ကြားလား၊ ငါပြန်လာလို့ မင်းကို အိမ်မှာမတွေ့လို့ကတော့ ကြိမ်လုံးနဲ့ တင်ပါး အဆွေခင်ပွန်းဖွဲ့ရမယ်သာမှတ်
"ဟုတ်..."
အဲဒီလိုနဲ့ ပိုပိုရဲ့ အဖေဟာ တစ်ဖက်ရွာကို ထွက်သွားခဲ့ပါသတဲ့..။ ပိုပိုဟာ အဖေမှာတဲ့အတိုင်းတော့ အိမ်မှာ စောင့်နေခဲ့တယ်..။ ဒါပေမယ့်လည်း အငြိမ်မနေတတ်တဲ့ သူ့သဘာဝအရ သူ့အဖေရဲ့ မီးခတ်ကျောက်ကိုယူပြီး မီးလှုံတမ်းကစားပါသတဲ့..။ သိပ်မကြာခင်မှာပဲ သူတို့သားအဖ စံမြန်းရာ တဲပုပ်စံနန်းတော်ကြီးဟာ ပိုပိုမီးလှုံရာ မီးပုံကြီးအဖြစ် ပြောင်းလဲရောက်ရှိသွားပါသတဲ
ပိုပိုဟာ အင်မတန်မှ ၀မ်းနည်းသွားခဲ့တယ်...။ သူဝမ်းနည်းရခြင်းအကြောင်းကေ
ပိုပိုဟာ မီးလောင်ပြင်ထဲမှာ ၀က်ကလေး ရှောင်ကျူးရဲ့ မီးကျွမ်းနေတဲ့ ၀က်ကင် ရုပ်ကြွင်းကို တွေ့ပါသတဲ့..။ ပိုပိုဟာ.. ၀က်ကလေးကိုကြည့်ပြီး
"မသေပါနဲ့ ရှောင်ကျူး..ဘူယောင်စှီ..ဘူ
ဒါပေမယ့်လည်း.. ရှောင်ကျူးရဲ့ အခေါက်ဟာ အရင်တုန်းကလို.. မာကျောမနေတော့ ပဲ ပိုပိုရဲ့ လက်ဟာ.. အခေါက်ထဲကို နစ်မြုပ်ဝင်သွားခဲ့တယ်။ မီးလောင်ထားတဲ့အရှိန်ကြောင်
"အံမယ်လေး.. ပူလိုက်တာဗျ"
လို့ အော်ဟစ်ရင်း.. ပိုပိုဟာ. အပူလောင်နေတဲ့သူ့လက်ကို.. ပါးစပ်ထဲကို ထည့်လိုက်မိတယ်..။ အဲဒီအချိန်မှာပဲ သူ့တစ်သက်တာမှာ မခံစားဘူးတဲ့ "၀က်ကင်" ရဲ့ အရသာကို သူပထမဦးဆုံးခံစားလိုက်ရတယ်
"တယ်ကောင်းပါလားဟ.." လို့ ပိုပိုဟာ တစ်ယောက်တည်းပြောမိတယ်..။
ဒီတစ်ကြိမ်မှာတော့ သူဟာ ၀က်ကင်ကို လက်နဲ့တို့ရုံတင်မဟုတ်တော့ဘ
"ကောင်လိုက်တဲ့ အရသာ၊ အခေါက်ကလေးတွေကလည်း တစိတ်တပိုင်း ကျွတ်လို့၊ အဆီလေးတွေကလည်း ဆိမ့်လို့..၊ မွေးလိုက်တာလည်းလွန်ရော..၊ ဂွတ်..ဂွတ်"
သူဟာ နေရာမှာတင် ထိုင်ပြီး ၀က်ကင်ကို အားပါးတရ စားသောက်နေပါသတဲ့..ပိုပိုဟာ
"ဖျောင်း"
"အောင်မငှီး..၀က်ကင်..၀က်ကင
"ငါသေချာမှာထားပါရက်နဲ့.. အိမ်ကိုတောင်မီးလောင်အောင်လ
လို့ သူအဖေက မြည်တွန်တောက်တီးရင်း ပိုပိုကို ထပ်ပြီးရိုက်ဖို့ ကြိုးစားပြန်တယ်..။ အဲဒီအခါ ပိုပိုက
"ခဏလေးနေပါဦး အဖေ..။ ဒါလေးကို အရင်ဆုံးစားကြည့်လိုက်ပါ။ ပြီးတော့မှ အဖေ့စိတ်ကြိုက် ကျွန်တော့်ကို ရိုက်ပါတော့" လို့ ပြောပြီး ၀က်ကင်တစ်ဖဲ့ကို သူ့အဖေကိုပေးလိုက်တယ်..။
ပိုပိုရဲ့အဖေဟာ ၀က်ကင် တစ်ဖဲ့ကို စားသောက်ပြီးတဲ့အချိန်မှာတေ
"တယ်ကောင်းတာပဲကွ.. နောက်တစ်ခါ ၀က်မွေးပြီးတာနဲ့ အိမ်မီးရှို့ပြီး ၀က်ကင်လုပ်ကြတာပေါ့ မင်းဒီတစ်ခါတော့ တော်သွားပြန်ပြီငါ့သား.." လို့ သူ့အဖေက ပြောခဲ့တယ်..။
အဲဒီအချိန်ကစပြီး ပိုပိုတို့သားအဖရဲ့ နေအိမ်ဟာ မကြာခဏပဲ မီးလောင်ခဲ့ပါသတဲ့.. ၀က်တွေများလာလိုက်..၊ အိမ်ကို မီးရှို့လိုက်၊ ၀က်ကင်စားလိုက်နဲ့ သူတို့ဟာ ၀က်ကင်စားချင်တဲ့ ဆန္ဒကို သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းကြပါသတဲ့..။
ဒါပေမယ့်လည်း ပိုပိုတို့နေထိုင်တဲ့ရွာက ရွာသားတွေဟာ သူတို့သားအဖကို အမြင်ကပ်လာကြတယ်..။ သူတို့သားအဖရဲ့ အိမ်ဟာ ဘာကြောင့် ခဏခဏ မီးလောင်နေရတာလဲဆိုတာကိုလဲ စဉ်းစားလို့မရ ဖြစ်နေကြတယ်..။ သူတို့အိမ်မီးလောင်လိုက်.. ရွာသားတွေဟာ ရေပုံးကိုယ်စီနဲ့ မီးသတ်ဖို့ရောက်လာလိုက်နဲ့ အလုပ်တောင် ဖြောင့်အောင် မလုပ်နိုင်ဖြစ်လာကြတယ်..။ ထူးဆန်းတာက ဒီသားအဖဟာ သူတို့အိမ်ကို ၀ိုင်းပြီးမီးငြိမ်းတာကိုတေ
နောက်တစ်နေ့မှာပဲ ပိုပိုတို့သားအဖရဲ့အိမ်ဟာ ထပ်ပြီး မီးလောင်ပြန်တယ်..။ ဒီတစ်ခါမှာတော့ ရွာသားတွေဟာ ဆက်ပြီး သည်းမခံနိုင်ကြတော့ဘဲ နယ်စားကြီးကို သွားရောက်တိုင်တန်းကြတော့တယ
"မှန်လှပါ နယ်စားမင်း.. ပိုပိုတို့သားအဖဟာ စိတ်မနှံ့သူတွေဖြစ်ကြပါတယ်.
အဲဒီလိုနဲ့ နယ်စားမင်းဟာ.. ပိုပိုတို့သားအဖကို သူ့စံအိမ်ကို ဆင့်ခေါ်ခဲ့တယ်..။ ပြီးတော့ ဒီလိုမေးမြန်းခဲ့တယ်..
"မောင်မင်းတို့ဟာ ကိုယ့်အိမ်ကိုယ် ဘာလို့ မီးခဏခဏတို့နေရတာလဲဆိုတာကို
အဲဒီအခါမှာတော့ ပိုပိုတို့ သားအဖဟာ.. အသင့်ယူလာတဲ့ ၀က်ကင်ကို နယ်စားမင်းကို ဆက်သလိုက်တယ်..ပြီးတော့
"အဲဒါကြောင့်ပါဖရာ့"
လို့ လျှောက်တင်လိုက်တယ်..။ နယ်စားမင်းဟာ ပိုပိုတို့သားအဖ ရဲ့ဝက်ကင်ကို မြည်းကြည့်ခဲ့တယ်
"ဘဲရီးဂွတ်..ကောင်းလှချည်လာ
နယ်စားမင်းဟာ ..၀က်ကင်ကို.. အင်မတန်မှ သဘောကျနှစ်ခြိုက်စွဲလမ်း သွားပြန်တယ်..။
"မင်းတို့ဒီဝက် ကို ဘယ်လိုလုပ်သလဲဆိုတာကို ငါ့စားဖိုမှူးတွေကို သေချာသင်ပြပေးသွားကြ၊ မင်းတို့ပြန်နိုင်ပြီ" လို့ ပြောခဲ့ပါသတဲ့..။
အဲဒီအချိန်ကစပြီး နယ်စားမင်းရဲ့ စံအိမ်တော်ဟာ မကြာခဏ မီးလောင်ခဲ့တယ်..။ နယ်စားမင်းရဲ့ စံအိမ်တော်မီးလောင်တိုင်းလည
သည်းမခံနိုင်တဲ့အဆုံးမှာတော
အဲဒီလိုနဲ့ပဲ နောက်တစ်နေ့မှာ ဘုရင့်နန်းတော်ကြီးမီးလောင်
နောက်ပိုင်းမှာတော့ ဘုရင်တင်မက.. တချို့နန်းတွင်းသူ နန်းတွင်းသားတွေ၊ အမတ်တွေတောင်မှ ကိုယ့်အိမ်ကို မီးနဲ့ရှို့ပြီး ၀က်ကင်စားကြတာဟာ ဓလေ့တစ်ခုအသွင်ဖြစ်လာကြပြန်
"ကိုယ့်အိမ်ကိုယ်ပြန်ပြီး မီးမရှို့ဘူးသူဟာ ခေတ်မမှီသူ၊ ခေတ်နောက်ကျသူ၊ တုံးအသူတွေ" အဖြစ် သတ်မှတ်လာကြတော့တယ်..။ ဘုရင်တင်မက.. မြို့ရွာအနှံ့အပြားမှာပါ.. အိမ်မီးရှို့သူတွေပေါများလြာ
ပိုက်ဆံရှိသူတွေက.. "အိမ်ဆောက်၊ ၀က်မွေး၊ မီးရှို့" ဆိုတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို တည်ထောင်လုပ်ကိုင်လာကြတယ်..
။နောက်ဆုံးမှာတော့ တိုင်းပြည်ရှေ့ရေးကို မျှော်မြင်ပြီး ဆင်ခြင်ဥာဏ်နဲ့ ပြည့်စုံတဲ့ ဘုရင့်အတိုင်ပင်ခံအမတ်ကြီးဟ
ဒါကြောင့် ဘုရင်ကြီးဟာ "၀က်ကင်လုပ်ဖို့အိမ် မီးရှို့စရာမလိုဘူး" ဆိုတဲ့ အသိပညာပေး အစီအစဉ်တွေ၊ ပြဇာတ်တွေကပြပြီး တိုင်းသူပြည်သားတွေကို ပညာပေးခဲ့တယ်..။ ၀က်ကင်ပြုလုပ်နည်းကိုလည်း သင်တန်းပေးခြင်း၊ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့တယ်..။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့ ယနေ့စားနေတဲ့ ၀က်သား ဘာဘီကျူး ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုတယ်...
ဒီပုံပြင်လေးကတော့ ချားစ်လမ့်ပ် Charles Lamb (1775-1834) ဆိုတဲ့စာရေးဆရာတစ်ဦးရေးခဲ့
ပျော်ရွှင်ကြပါစေ
မေတ္တာဖြင့်
(ဖြိုးသုတ)
reference : http://www.bartleby.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။