Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 7, 2016

“ပင်လုံစာချုပ်မှပေးသော သမိုင်းသင်ခန်းစာ”

“ပင်လုံစာချုပ်မှပေးသော သမိုင်းသင်ခန်းစာ”
------ ------ ------ ------ ------
ဧပြီ ၂၇ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (UJMC) အဖွဲ့ဝင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို နှစ်လအတွင်း စတင်မည်ဟု ပြောကြားခဲ့သည်။ အမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမနေအိမ်အကျယ်ချုပ် ချထားခံရသည့် ကာလများကတည်းက ဒုတိယပင်လုံညီလာခံပြုလုပ်ရန်လိုအပ်ကြောင်း ပြောထားခဲ့သည်။ ၂၀၁၀ နိုဝင်ဘာ နေအိမ် အကျယ်ချုပ်မှပြန်လွတ်လာစဉ်ကလည်း ''အမျိုးသားရင်ကြားစေ့ရေးအတွက် ၂၁ ရာစုနဲ့ကိုက်ညီတဲ့ ဒုတိယပင်လုံညီလာခံ ကျင်းပဖို့ လိုအပ်တယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ ယခု ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးကြိုးပမ်းမှု၌ အရေးပါသောအချက် ၃ ချက်ကို အောက်ပါအတိုင်း တွေ့ရသည်။

၁ - ကိုယ်စားပြုမှု၊
၂ - (အင်အားစု အားလုံး၏) အားပေးထောက်ခံမှုနှင့် ပူးပေါင်းပါဝင်မှု၊
၃-ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ဖြစ်သည်။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလွတ် လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ကျင်းပခဲ့သော ပင်လုံညီလာခံ တွင် ဗမာ၊ ချင်း၊ ကချင်နှင့် ရှမ်းဟူသော တိုင်းရင်းသားအုပ်စုလေးခုသာ ပါဝင်ခဲ့သည်။ ထိုနည်းတူ ယမန်နှစ်က လက်မှတ် ရေးထိုးခဲ့သော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) သဘောတူစာချုပ်မှာလည်း အဖွဲ့ရှစ်ဖွဲ့ပါဝင်သည်ဟုဆိုသော်လည်း လူမျိုးစုအားဖြင့် ဗမာ၊ ချင်း၊ ကချင်၊ ရှမ်း လေးမျိုးသာ ဖြစ်သည်။ ကရင်ဘက်မှ ကေအင်န်ယူ၊ ဒီကေဘီအေနှင့် ကရင်ငြိမ်း ချမ်းရေးကောင်စီ (KCP) ဟူ၍ သုံးဖွဲ့ပါဝင်သည်။ ထို့ကြောင့် ပင်လုံညီလာခံကျင်းပမည်ဆိုပါက NCA တွင် မပါဝင်သော သို့မဟုတ် ပါဝင်ခွင့်မရသော လက်နက်ကိုင် အင်အားစု ၂၀ ကျော်စလုံးမှ ကိုယ်စားလှယ်များတက်ရောက်ခွင့်ရရန် လိုအပ်သည်။ ထို့ပြင် အနည်းဆုံးညီလာခံ၏ ကနဦးကာလ၌ မည်သည့်တိုင်းရင်းသား အဖွဲ့ကိုမှ အခွင့်ထူးမပေးဘဲ ကိုယ်စားလှယ်များ အကြား တန်းတူညီမျှကိုယ်စားပြုမှုကို အာမခံပေးရန် လိုအပ်သည်။

ဒုတိယအနေဖြင့် (အင်အားစု အားလုံး၏) အားပေးထောက်ခံမှုနှင့် ပူးပေါင်းပါဝင်မှုဟုဆိုရာတွင် တပ်မတော်၊ တိုင်းရင်းသားပါတီများ၊ အခြားနိုင်ငံရေး ပါတီများနှင့် အတိုက်အခံအင်အားစုများ၏ ထောက်ခံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဆိုလိုသည်။ ၁၉၄၇ ပင်လုံညီလာခံတွင် တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှ အကျိုး ခံစားခွင့်ကို ဗိုလ်ချုပ်အောင်ဆန်းက အာမခံခဲ့သည်။ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများအတွက် တန်းတူအခွင့်အရေးကို ဗြိတိသျှအစိုးရကပင် သံသယရှိခဲ့သည်။ ထိုသံသယများကိုဖယ်ရှားရန် ဗိုလ်ချုပ်အောင်ဆန်းက ဗမာတကျပ်ရလျှင် တိုင်းရင်းသားများလည်းတကျပ် ရစေရမည်ဟု ပြောခဲ့သည်။

တတိယအချက်အနေဖြင့် ညီလာခံ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (သို့)ဖက်ဒရယ်မူအရ တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးကို အာမခံသည့် ခြေ/ဥအသစ်ရေးဆွဲရေးကို အဓိကထား ဆွေးနွေးသင့်သည်။ ၁၉၄၇ ပင်လုံစာချုပ် ၏ အဓိကမူမှာ ပြည်နယ်နှင့် တောင်တန်းဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ကို မမေ့သင့်ပေ။ ၁၀ နှစ်ကြာပြီးနောက် ပြည်မမှ ခွဲထွက်လိုပါက ခွဲထွက်ခွင့်ကိုပင် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာမခံချက်ပေးခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ပြည်နယ်နှင့် တောင်တန်းနေ ပြည်သူများ၏ မျှော်လင့်ချက်များ ပျက်စီးသွားခဲ့ရသည်။ နောက်ပိုင်း မြန်မာ့ တပ်မတော်က ပြည်နယ်နှင့်တောင်တန်း ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆန့် ကျင်တားမြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းပေးခဲ့သော တပ်မတော်က ပြည်နယ်နှင့် တောင်တန်း ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြည်ထောင်စုပြိုကွဲခြင်းဟု မှတ်ယူသည်။ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည့်အစား ၁၉၆၂ တွင် တိုင်းပြည်၏ အာဏာကိုပင် သိမ်းယူခဲ့သည်။

ယခုမူ ၂၁ ရာစုပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကျင်းပမည်ဟုဆိုသောအခါ မူလပင်လုံ ညီလာခံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဆိုသော မျှော်လင့်ချက်များ မြင့်တက်နေသည်။ တချိန်တည်းမှာပင် အရေးကြီးသော နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ မအောင်မြင်နိုင်ဆိုသောသတိပေးချက်များလည်း ထွက်ပေါ်လာသည်။ မည်သို့ပင်ဆိုစေ ရာစုနှစ်ဝက်နီးပါး မျှော်လင့်ချက်မဲ့နေသော အခြေအနေမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းရေး မျှော်လင့်ချက် ရောင်ခြည်များထွက်ပေါ်လာခြင်းအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အားပေးကူညီ သင့်လှသည်။

အော်စကာ
(Ref;Learning from the history of the Panglong conference : Bangkok Post)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။