Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, May 18, 2016

မကြော်ငြာဘဲ ဈေးကွက်ထိုးဖောက်မယ်

မကြော်ငြာဘဲ ဈေးကွက်ထိုးဖောက်မယ်
$$$$$$$$$$$$$$$$$$$$$$$$$$$$

လုပ်ငန်းတစ်ခု လုပ်တဲ့အခါ ကြော်ငြာဟာ မရှိမဖြစ်လောက် အရေးကြီးပါတယ်၊ ကြော်ငြာဟာ ကိုယ့်ရဲ့ လုပ်ငန်း၊ ကုန်ပစ္စည်းကို ကိုယ့်ရဲ့ customer တွေ သိစေဖို့ ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ … ။ ဒါပေမယ့် လုပ်ငန်းအသေးတွေ အတွက်တော့ ကြော်ငြာအတွက် အသုံးစရိတ်က မချောင်လှပါဘူး … ။ ဒါကြောင့် မကြေငြာဘဲ ဈေးကွက် ထိုးဖောက်တဲ့ နည်းတွေ အကြောင်းကို သိသလောက် ပြောချင်ပါတယ် ။
ဈေးကွက်ထဲကို မပို့ခင် ကိုယ့် Brand ရဲ့ Standard တစ်ခုကို အရင်စဉ်းစားပါ … နောက်တစ်ချက်က ကိုယ့် Brand ရဲ့ Market Area (or) Target ကို ဆုံးဖြတ်ထားဖို့ လိုပါတယ် … ။ ဆိုလိုတာက Brand ရဲ့ Standard က အရည်အသွေး ကောင်းမွန်မှုလား … ဈေးနှုန်းချိုသာမှုလား … နည်းပညာမြင့်မားမှုလား … သက်တောင့်သက်တာဖြစ်တာလား စသည်ဖြင့် တစ်ခုခုကို သတ်မှတ်ထားဖို့ လိုပါတယ် … အားလုံးပြည့်စုံအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပါ … ဒါပေမယ့် လက်တွေ့မှာ မလွယ်ကူ လှပါဘူး .. ဒါကြောင့် ကိုယ့်ရဲ့ Brand က ပေးတာဘာလဲ ဆိုတာ စားသုံးသူ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေဖို့ လိုပါတယ် … ။ Market Area ဟာ အဲဒီ Brand ရဲ့ Standard အပေါ်မှာ မူတည်ပြီး ကွာခြား သွားပါတယ် … ။ ဥပမာ - Colgate က ကောင်းမွန်တဲ့ အရည်အသွေးရှိလို့ သုံးကြတဲ့ သူတွေရှိသလို Laser ကို ဈေးသက်သက်သာသာ နဲ့ သုံးကြတဲ့သူတွေလည်း ရှိကြပါတယ် … ။

ဈေးကွက် ထိုးဖောက်တယ် ဆိုတာ ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းကို စားသုံးသူတွေဆီ ရောက်သွားဖို့ စားသုံးသူတွေ တကယ်အသုံးပြုလာဖို့ အတွက် ကြိုးစားကြတာပါ … ။ ဈေးကွက် ထိုးဖောက် ဖို့အတွက် အရေးကြီးတဲ့ အချက်တွေ များစွာထဲက အခြေခံအချက် ၂-ချက်ကို သတိထားရပါမယ် … အဲဒါတွေက Service နဲ့ Question (or) Complain ပါပဲ … ။ ပထမတစ်ချက် ဖြစ်တဲ့ Service က တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ် … ။ ဥပမာ - လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို ဝင်ထိုင်လိုက်တယ် ဆိုပါတော့ … လက်ရာကတော့ တော်တော်ကောင်းပါတယ် … တစ်ခါလာချဖို့အရေး အကြာကြီးပဲ ဆိုရင် စားသုံးသူတွေ အနေနဲ့ စိတ်တိုင်းမကျဖြစ်နိုင်ပါတယ် .. ဒါပေမယ့် အရည်အသွေးကို တကယ်ပဲ ကြိုက်တဲ့သူတွေကတော့ စိတ်ရှည်သည်းခံပြီး စားကြပါလိမ့်မယ် … ။ နောက်တစ်နေ့ နောက်တစ်ဆိုင်မှာ ဝင်ထိုင်ကြည့်တယ် ဆိုကြပါစို့ .. အရည်အသွေးက အကောင်းကြီးတော့ မဟုတ်ဘူး … ဈေးနှုန်းလေးက သက်သာတယ် … ဝန်ဆောင်မှုကိုတော့ ခုဆိုခု ရတယ်ဆိုရင် အရည်အသွေးကို မှ ကြိုက်နှစ်သစ်သူတွေက အားပေးဖို့ မသေချာပေမယ့် Service ကိုသဘောကျတဲ့ သူတွေက အားပေးကြမှာပါ …. ။

ဥပမာ FB page ကပဲ အကုန်အကျနည်းနည်းနဲ့ online marketing လုပ်မယ် ဆိုကြပါစို့ … Service ကို ဦးစားပေးလုပ်ဖို့လိုပါတယ် … အွန်လိုင်းက ဘယ်လို service ပေးမလဲ … ဖုန်းဆိုင် တစ်ဆိုင် ဆိုကြပါစို့ … ဖုန်းအမျိုးအစား မော်ဒယ် ဈေးနှုန်းလောက် တင်ရုံနဲ့ အဆင်မပြေပါဘူး … ဖြစ်နိုင်လျှင် ဖုန်းတစ်လုံးခြင်းစီရဲ့ Specification တွေ အားနည်းချက် အားသာချက်တွေ … review တွေ ၊ application အကြောင်းတွေ စသည်ဖြင့် စုံစုံလင်လင် တင်ပေးဖို့ လိုသလို ဖုန်းနဲ့ ပါတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ အားလုံးကို စုံစုံလင် တင်ပေးဖို့ လိုပါတယ် … ဒါမှ customer တွေက ကိုယ့်ရဲ့ဆိုင်ကို service ကို ကောင်းကောင်း သဘောပေါက်ပါလိမ့်မယ်။
ဒုတိယတစ်ချက်ဖြစ်တဲ့ Question (or) Complain ကလည်း ဈေးကွက်ထိုးဖောက်ဖို့ အတွက် အရေးကြီးတဲ့ အချက်တစ်ခုပါ … ဆိုင်တစ်ဆိုင်မှာ ကိုယ်ကပစ္စည်းဝယ်တဲ့ အခါ Question (or) Complain လုပ်ရတဲ့ ဆိုင်နဲ့ မရတဲ့ဆိုင် ဘယ်ဆိုင်ကို ပိုကြိုက်လဲ စဉ်းစားကြည့်ပါ … ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဝန်ထမ်းအများစုဟာ Question (or) Complain ကို အရစ်တက်တယ်လို့ မြင်နေကြတဲ့သူက များပါတယ် … ဝယ်မှာလည်း မဟုတ်ဘဲ လျှောက်ရစ်နေတယ် … အချိန်ကုန်တယ်လို့ ထင်တတ်ကြပါတယ် … တစ်ချို့ချို့ သင်တန်းစုံစမ်းတဲ့ သူတွေဆိုရင် စစ်စစ်ပေါက်ပေါက် မေးခွန်းတွေ မေးတတ်ကြပါတယ် …. တက်မယ်/ မတက်ဘူးကို ဆုံးဖြတ်မှာက သူ့သဘောထားပါ … သူကိုစိတ်ကျေနပ်အောင် ဖြေရှင်းပေးရမှာက ကိုယ့်ရဲ့ အလုပ်ပါ … ။ Online Marketing တစ်ခုဖြစ်တဲ့ FB page ဆိုရင်လည်း user တွေ မေးသမျှကို စိတ်ရှည် လက်ရှည် လိုက်ရှင်းပေးနိုင်ဖို့လိုပါတယ် …. ။

ဒါကြောင့် ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ လုပ်ငန်း၊ Brand တစ်ခုကို ဈေးကွက်ထိုးဖောက်တဲ့အခါ Quality, Service, Question (or) Complain ဆိုတဲ့ ၃-ချက်ကို ထိထိရောက်ရောက်လုပ်နိုင်အောင် ကြိုးစားကြည့်ပါ … ကြော်ငြာစရာမလိုဘဲ customer တွေက တဆင့်စကားနဲ့ သတင်းပါးကြမှာ သေချာပါတယ် … ဒီနေရာမှာ Quality နဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်ပါသေးတယ် … FB Page မှာ Like လုပ်ထားတဲ့သူတွေ အားလုံးဆီကို ကိုယ်တင်တဲ့ Post တွေမရောက်ပါဘူး … ပုံမှန်အားဖြင့် ၂၅ % ၃၅ % လောက်ပဲ ရှိမယ်ထင်ပါတယ် … Sponsor တင်တဲ့ post တွေ page တွေလောက်ပဲ Post Reach များကြတာပါ …. ကျွန်တော့် page ကို like လုပ်ထားတဲ့သူက ၃၆၀၀ ကျော်ပဲ ရှိပါတယ် … ဒါပေမယ့် Post Reach က ၉၆၀၀ ကျော်အထိ တက်တဲ့ post တွေရှိပါတယ် … ဘာကိုပြောချင်လဲ ဆိုတော့ ကိုယ့်ကုန်ပစ္စည်းရဲ့ quality အပေါ်မှာ မူတည်ပါတယ် … ။
အခုပြောခဲ့တဲ့ အချက်တွေက ကြော်ငြာစရိတ် သိပ်မသုံးနိုင်တဲ့/ သိပ်မသုံးချင်တဲ့ Small Business တွေအတွက်ပါ … Mega Business တွေအတွက်တော့ ဖော်ပြပါ အချက်တွေအပြင် ကြော်ငြာစရိတ်ကို အတိုင်းအတာတစ်ခု အထိ သုံးဖို့ လိုပါတယ် … ။ ကုန်ပစ္စည်း လုပ်ငန်းတစ်ကို ကြော်ငြာတဲ့ အခါ ဘယ်လို ကြော်ငြာကြမလဲ ဆိုတာကိုလည်း အလျင်းသင့်ရင် ရေးပါဦးမယ် … ။


“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ …”

အောင်ကိုဦး (UMK)
Be the Best !

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။