Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 10, 2016

MMA လက်ဝှေ့သမားအောင်လအန်ဆန်နှင့်အင်တာဗျူး

''မြန်မာလက်ဝှေ့အရမ်းတော်မှ MMA မှာပိုကျွမ်းမယ်''
*******************************************
MMA လက်ဝှေ့သမားအောင်လအန်ဆန်နှင့်အင်တာဗျူး
***************************************
ဝဏ္ဏကို

ကချင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့အောင်လအန်ဆန်ဟာ၂ဝဝ၃ခုနှစ်က တည်းက အမေရိကန် နိုင်ငံမှာသွားရောက်အခြေချနေထိုင်ခဲ့သူဖြစ်ပါတယ်။ မူလကစိုက်ပျိုးရေးပညာကျောင်းတက်ဖို့သွားတာဖြစ် ပေမယ့်အထိုး အသတ်ဝါသနာပါတဲ့ အောင်လအန်ဆန် ဟာဘရာဇီးကိုယ်ခံပညာ တစ်ခုဖြစ်တဲ့ ဂျူဂျစ်ဆု၊ လက် ဝှေ့နဲ့မွေထိုင်းပညာရပ်တွေကိုလည်း ကျောင်းတက် ရင်းသင်ကြားကာ ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်မှုပြိုင် ပွဲဖြစ်တဲ့MMA(Mixed Martial) ပြိုင်ပွဲတွေမှာဝင် ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ MMA ပွဲပေါင်း၂၅ပွဲထိုးသတ်ခဲ့ပြီး ၁၆ပွဲနိုင်ကိုးပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Elkridge မှာနေထိုင်ပြီး ဂျူဂျစ်ဆုသင်တန်းဖွင့်လှစ် သင်ကြားပေးနေတဲ့ အောင်လအန်ဆန်ဟာ ဒီနှစ်မှာ တော့၁၂နှစ်ကျော်ခန့် ဝေးကွာနေတဲ့ အမိမြန်မာပြည် ဆီကို ပြန်လည် ရောက်ရှိ လာခဲ့ပါပြီ။ အကြောင်းက တော့ စင်ကာပူအခြေစိုက် One Championship ကုမ္ပဏီရဲ့စီစဉ်ပေးမှုနဲ့အတူ မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက်ကျင်းပမယ့် MMA ပြိုင်ပွဲမှာအောင် လအန်ဆန်ရဲ့ပွဲစဉ် တစ်ပွဲကိုလည်း ထည့်သွင်းယှဉ်ပြိုင် စေမှာဖြစ်လို့ပါ။ ဗြ ပြိုင်ပွဲကိုလာမယ့် မတ်၁၈ ရက်မှာကျင်းပသွားမှာဖြစ်ပြီး အောင်လအန်ဆန်နဲ့ ထိုးသတ် မယ့် ပြိုင်ဘက်ကိုတော့ရှာဖွေနေဆဲဖြစ်ပါ တယ်။
MMA ပြိုင်ပွဲတွေမှာမြန်မာစပါးအုံြးေ>ွမ (Burmese Python)လို့နာမည် ရထား တဲ့ အောင်လ အန်ဆန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ၆ရက်က ရန်ကုန် မြို့ကို ရောက်ရှိလာပြီး၇ရက်မှာ ပြိုင်ပွဲအကြိုသတင်း စာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာဗြနောက်ဆုံးပွဲအဖြစ် ၂ဝ၁၄ခုနှစ်ကအင်ဒိုနီးရှား နိုင်ငံ မှာပြုလုပ်ခဲ့တဲ့ပြိုင်ပွဲမှာအီဂျစ်က မိုဟာမက် ဆာလာမာကို တစ်မိနစ်အတွင်း အနိုင်ယူထားပါတယ်။ မြန်မာပြည်နဲ့၁၂နှစ်ကျော်ခန့် ဝေးကွာနေတဲ့အောင်လ အန်ဆန်ကမီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုမြန်မာစကားနဲ့ ပဲကြိုးစားဖြေ ပေးခဲ့ ပါတယ်။
မေး - ကိုယ့်နိုင်ငံမှာလာပြီးတော့ Burmese Python ချန်ပီယံရှစ်ပွဲ ထိုးသတ်ရမှာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။
ဖြေ - ကျွန်တော်အရမ်းဝမ်းသာတယ်။ ပျော် လည်းပျော်တယ်။ ဘယ်လိုပြောရမှန်း တောင်မသိ ပါဘူး။ ဒီကိုလာထိုးရတာအိပ်မက်တစ်ခု လိုပါပဲ။ ပွဲကလိုသေးတဲ့အတွက် ဒီကြားထဲမှာနေ့တိုင်းညတိုင်း လေ့ကျင့်ပြီး ကြိုးစားမယ်။ နေ့တိုင်းအနည်းဆုံး ခြောက်နာရီလောက်လက်ဝှေ့ကျင့်မယ်။ မွေထိုင်း လည်းကျင့်မယ်။ နပန်း၊ဂျူဂျစ်ဆုတို့လည်း ထပ်လေ့ ကျင့်သွားမယ်။ အစားအစာအများကြီးစားပြီးအားလုံး ကိုနေ့တိုင်းကြိုးစားသွားမယ်။
မေး - ပြိုင်ပွဲမတိုင်ခင်ဘယ်မှာလေ့ကျင့်သွားမလဲ။
ဖြေ - ကျွန်တော်ကမနက်ဖြန် (၈.၁.၂ဝ၁၆)ဆိုပြန်ပါမယ်။ ကျွန်တော့်အသင်း Crazy 88 က မန် နေဂျာကလည်း မေရီလန်းမှာပဲလေ့ကျင့်ဖို့ ပြောထား တယ်။ ကျွန်တော့်အသင်းမှာဂျူဂျစ်ဆုကမ္ဘာ့ချန်ပီ ယံတွေရှိသလိုဘောက်ဆင် သမားတွေ လည်းရှိတယ်။မွေထိုင်းသမားတွေလည်းရှိတဲ့ အတွက်သူတို့နဲ့ အ ကောင်းဆုံးလေ့ကျင့်မှာပါ။ ပြီးမှဒီကိုလာပြီးပြိုင်မှာ ပါ။
မေး - မြန်မာ့ရိုးရာလက်ဝှေ့အပေါ်ကိုရောဘယ်လိုမြင်လဲ။
ဖြေ - မြန်မာ့လက်ဝှေ့ကအရမ်းကောင်းတယ်။ မွေထိုင်းထက်လည်းပိုကြမ်း တယ်။ ကြမ်းလွန်းတဲ့ အတွက်အခြားနိုင်ငံတွေကတော့မကြည့်ချင်၊ မလုပ် ချင်ကြဘူး။ မြန်မာပြည်မှာလက်ဝှေ့ကိုဆက်အားပေး ပါ။ MMA မှာက သိုင်း ပေါင်းစုံနဲ့ယှဉ်ပြိုင်ရတာဆို တော့ လက်ဝှေ့မှာအရမ်းတော်မှ MMA မှာ ပိုကျွမ်း မှာပါ။ မြန်မာ့လက်ဝှေ့သမားတွေက အပေါ်ပိုင်းထိုး တာကောင်း ပါတယ်။ MMA ထိုးမယ်ဆိုရင် နပန်းတို့ ဂျူဂျစ်ဆုတို့ လုပ်တတ်မှရပါမယ်။ ကြိုးစားရင်တော့ ဘာမဆိုရပါတယ်။

မေး - မြန်မာ့လက်ဝှေ့နဲ့ MMA ဘယ်လိုကွာခြားမှုတွေရှိ တယ်လို့ထင်လဲ။
ဖြေ - မြန်မာ့လက်ဝှေ့မှာတော့ လဲသွားရင်ပြန် ထလို့ရတယ်။ MMA မှာတော့ အဲဒီလိုလုပ်လို့မရဘူး။ ဘရာဇီးအားကစားဖြစ်တဲ့ ဂျူဂျစ်ဆုတတ်မှ အဆင် ပြေမယ်။ ဂျူဂျစ်ဆုကကြမ်းပြင်ပေါ်မှာလက်ချိုး၊ ခြေချိုး ပြီးဖိုက်ရတဲ့ အားကစားပါ။ ဂျူဂျစ်ဆုမတတ်ရင်တော့ MMA ထိုးလို့အဆင်မပြေနိုင်ပါဘူး။
မေး - ရန်ကုန်ကိုမရောက်တာ ၁၂နှစ်လောက်ကြာပြီဆိုတော့ အခုပြန် ရောက် တော့ ဘာတွေပြောင်းလဲသွားတယ် ထင်လဲ။
ဖြေ - ပြောင်းလဲတယ်။ အများကြီးပြောင်းလဲ သွားပါတယ်။ ကားတွေလည်း များလာတယ်။ အရင်ကနိုင်ငံခြားသားတွေလည်း အခုလောက်မတွေ့ရဘူး။ ၃၅လမ်းတို့ဗိုလ်ချိုလမ်းတို့အဲဒီလိုလမ်းတွေကတော့ အတူတူပဲ။ မြန်မာလူမျိုး တွေကတော့အရမ်းရင်းနှီး ဖော်ရွေတယ်။ ဒါကမကွာခြားဘူး။
မေး- အမေရိကမှာဖွင့်နေတဲ့သင်တန်းမှာလူဦးရေဘယ် လောက်ရှိလဲ။
ဖြေ - ကျွန်တော်လေ့ကျင့်နေတဲ့ Crazy 88 က တော့လူ ၅ဝဝလောက် လေ့ကျင့် ပေးနေတယ်။ ကျွန် တော်ဖွင့်ထားတဲ့သင်တန်းမှာကတော့ ၁၂ဝ လောက် ရှိတယ်။ အသက်သုံးနှစ်အရွယ်ကလေးတွေကနေ အသက်၆ဝ အရွယ် လောက်အထိသင်ပေးပါတယ်။ ၂ဝဝ၈လောက်ကစပြီး ဖွင့်လှစ် သင်ကြား ပေးပါတယ်။ ကျွန်တော်လေ့ကျင့်နေတဲ့ Crazy 88 ကတော့ တကယ့် ပရော်ဖက်ရှင်နယ်ပါ။ အရမ်းအဆင့်မြင့်တယ်။ အရမ်း လည်းကြိုးစားကြတယ်ပြောရမယ်။
မေး - MMA ကိုဘယ်အချိန်တုန်းကစလေ့ကျင့်တာလဲ။
ဖြေ - ကျွန်တော့်အသက်၁၈၊ ၁၉လောက်ကစ လေ့ကျင့်ပြီးထိုးလာတယ်။ အခုကတော့ အသက်၃ဝ ရှိပြီ။ နောက်ထပ်အနည်းဆုံးနှစ်နှစ်သုံးနှစ် လောက် ဆက်ထိုးဦးမှာပါ။ ဒီနှစ်ထဲမှာ MMA ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့က ကျွန်တော့် ရည်မှန်းချက်ပါ။

မေး - အနာဂတ်မှာမြန်မာနိုင်ငံ ပြန်လာပြီးကိုယ်ခံပညာသင် တန်းတွေဖွင့် ဖို့ရှိလား။
ဖြေ - ရှိပါတယ်။ ရန်ကုန်မှာလား၊မြစ်ကြီးနားမှာ လား မသေချာသေးဘူး။ မနေ့ကလည်း ရန်ကုန်က သင်တန်းတွေမှာ နည်းနည်းသင်ပေးသေးတယ်။ Crazy 88 ရဲ့နည်းစနစ်တွေနည်းနည်းသင်ပေးတယ်။ ဒီကြား ထဲမှာလည်း အွန်လိုင်းကနေဗီဒီယိုအ ခွေပြပြီးတော့ သင်ပေးသွားဦးမှာပါ။
မေး - MMA မှာဝင်ထိုးမယ့် မြန်မာကစားသမားတွေကို ရောလေ့ကျင့် သင်ကြား ပေးဖို့ရှိလား။
ဖြေ - ရှိပါတယ်။ ပြိုင်ပွဲမတိုင်ခင်လိုအပ်တဲ့အကူ အညီပေးသွားမှာပါ။
မေး - စိုက်ပျိုးရေးကျောင်းတက်ရင်းကနေ MMA ကို ဝင်ထိုး ဖြစ်တဲ့ပုံလေး ပြောပြပေးပါ။
ဖြေ - ကျွန်တော်ကငယ်ငယ်ကတည်းကထိုးဖို့ တိုက်ဖို့ဝါသနာပါတယ်။ ကျွန်တော်ငယ်ငယ်က ပိုက် ဆံစုပြီးတော့လက်ဝှေ့အိတ်ဝယ်တယ်။ ဝယ်ပြီးအစ် ကိုနဲ့ထိုးကြတယ်။ အဲဒီလိုမျိုးအမြဲတမ်းဝါသနာပါ တယ်။ ဒါပေမဲ့ အဖေအမေကအားမပေးဘူးလေ။မြန်မာပြည်မှာ၊ ရန်ကုန်မှာတော့ အဖေအမေကအဲဒီ လိုထိုးတာတိုက်တာကိုဘယ်သူမှအားမပေးပါဘူး။ ဒါပေမဲ့ကျွန်တော်အမေရိကားရောက်တော့ဂျူဂျစ်ဆု လေ့ကျင့်ပြီးတော့
MMA ဝင်ထိုးလိုက်တယ်။ ဝါသနာ အရမ်းပါတော့အခုထိဆက်လုပ်နေတုန်း။ လူဆိုတာ က ဘာမဆိုလုပ်လုပ်ပရော်ဖက်ရှင်နယ်လိုပဲလုပ်ရင် အားလုံး အောင်မြင်နိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆို တာနေ့တိုင်းညတိုင်းကြိုးစား ရင် ဘာမဆိုဖြစ်ပါတယ်။

မေး - မွေးရပ်ဇာတိဖြစ်တဲ့ကချင်ပြည်နယ် မြစ်ကြီးနားကို ရောသွားဖို့ အစီအစဉ်ရှိလား။
ဖြေ - ကျွန်တော်တန်းပြန်ရမှာဖြစ်ပြီး ဟိုကျရင် လည်းရောက်ရောက်ချင်း လေ့ကျင့် ရမှာဖြစ်လို့ သွား ဖြစ်မှာမဟုတ်သေးဘူး။ ပြိုင်ပွဲမတိုင်ခင်လည်း တစ် ပတ်လောက်ကြိုလာရမှာ ဖြစ်ပေမယ့်သွားဖြစ်သေးမှာ မဟုတ်သေးဘူး။ အခုကျွန်တော်လာတာကအလုပ်အ တွက်လာတာပါ။ အချိန်က သိပ်မရဘူး။ အလည် သွားဖို့ကနောက်တစ်ခေါက်လောက် မှဖြစ်နိုင်မယ်။ ကချင်ပြည်နယ် က စစ်ဘေးသင့်ပြည်သူတွေနဲ့ပတ် သက်ရင်တော့ဝမ်းနည်းတယ်။ စိတ်မကောင်းဘူး။ကျွန်တော်လာတာက Political Reason နဲ့လာတာ တော့ မဟုတ်ပါဘူး။ ကြိုးစားပြီးတော့ ကူညီပေးမှာပါ။ သူတို့ကိုလည်း အားပေးချင် တာ ပေါ့။ အဲဒီတော့ကျွန် တော့်ရဲ့နိုင်တဲ့ ငွေထဲကနေပေးသွားဖို့ စဉ်းစားထား ပါ တယ်။
(Flower News Journal, 12-2)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။