စိမ်းစားဥနဲ့ ကျန်းမာရေး
━━━━━━━━━━━━━━
ယခုလိုချမ်းအေးသော ဆောင်းရာသီ ရောက်ပြီဆိုရင်ဖြင့်၊ တစ်နှစ်မှ တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာစိမ်းစားဥလေးများကို စားသုံးနိုင်ပါပြီ။ အဖြူရောင် ဟင်းသီး ဟင်းရွက်နွယ်ဝင် စိမ်းစားဥတို့သည် အာလူးမျိုးနွယ်ဖြစ် ကြသော်လည်း၊ သူ့ရဲ့ ကြီးထွားမှုပုံစံသည် ပဲပင်နှင့် တူသောကြောင့် အချို့ အရပ်ဒေသများတွင် 'ပဲစိမ်းစားဥ'လို့ ခေါ်ဆိုကြပါသည်။
မြန်မာပြည်အနှံ့ အပြားတွင် ပေါက်လေ့ရှိပြီး အထူးသဖြင့် ရှမ်းပြည်နယ် ထွက် စိမ်းစားဥသည် အရွယ်အစားပိုကြီးကာ အရည် လည်းရွှမ်းပါသည်။ သဘာဝအရသာ ချိုချိုလေးမို့၊ အခွံနွှာ၍သူ့ချည်းပဲ သရေစာအဖြစ်စားကြ သလို၊ ပါးပါးလှီးကာ အစိမ်းကြော် ကြော်စားလေ့ရှိကြပါသည်။
USDA ၏ ဓာတ်ခွဲစမ်းသပ်မှုအရ၊ ၁ဝဝ ဂရမ်ရှိသော စိမ်းစားဥထဲတွင်၊ ရေ ဓာတ်ပေါကာ ခွန်အား ၃၈ ကယ်လိုရီ၊ ကစီ ဓာတ် ၈ ဒသမ ၈၂ ဂရမ်၊ ပရိုတင်း သုညဒသမ ၇၂ ဂရမ်၊ သဘာဝအဆီဓာတ် သုည ဒသမ ၁၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင် ဓာတ် ၄ဒသမ၉ ဂရမ်၊ ဖောလိပ် ၁၂µg၊ နီအာစင် သုည ဒသမ၂ဝဝ မီလီဂရမ်၊Pantothenicအက်ဆစ်
၁။ စိမ်းစားဥထဲတွင်ပါရှိသောOli
၂။ ဗီတာမင်စီလုံလောက်စွာပါရှိသ
၃။ စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ
၎။ ကယ်လိုရီ လုံးဝမပါရှိသော စိမ်းစားဥကို စားပေးခြင်းဖြင့်၊ ကိုလက်စထရော ပမာဏကို မျှတစေကာ၊ နှလုံးရောဂါများ အပြင် ၊ နှလုံးရောဂါနှင့်စပ်လျဉ်း သည့် သွေးတိုးရောဂါတို့ကိုလည်း မဖြစ်စေပါ။
၅။ စိမ်းစားဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည် မျှင်သွေးကြောများကို အလွယ် တကူ မပျက်စီးစေဘဲ ကျန်းမာသန်စွမ်းစေပါ သည်။
၆။ စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်ဆက်တစ်မျိုး ပါရှိ
သည့်အတွက် စိမ်းစားဥပုံမှန်စားသုံး သောသူများသည် စိမ်းစားဥလုံးဝ မစားသောသူများထက် ခန္ဓာကိုယ်ဇီဝ ကမ္မဖြစ်စဉ်ကို ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်စေကြောင်း
၇။ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကို စား ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေကြောင်း USDA မှ အကြံပြုထားပါသည်။
၈။ စိမ်းစားဥထဲတွင် ရေဓာတ် ၈၆ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါး သက်သာစေနိုင်ပါသည်။ ဆီးလည်း ရွှင်စေပါသည်။
၉။ စိမ်းစားဥ၏ အလွန်ကြွ်ဆပ်သော အသားများက သွားများတွင် အစွန်း အထင်းဖြစ်စေသော မော်လီကျူးများ ကို ကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများ ဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူ
ဖြစ်စေနိုင်ပါသည်။
၁ဝ။ ကိုယ်တွင်းကျန်းမာရေး အတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကို ပါ ကောင်းကျိုးပြုစေနိုင်၏။ စိမ်းစားဥ ကိုပါးပါးလှီးပြီး မျက်နှာအနှံ့ ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက် သွားသောအခါ မျက်နှာမှခွာပြီး ၊ ရေစင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး ၊ ချွေးပေါက်များကို ပွင့်စေကာ၊ အသား အရေ ကြည်လင်သန့်စင်လာပါလိမ့် မည်။
သတိပြုရန်
(၁) စိမ်းစားဥ နှင့်နို့၊ ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊ ရှောက်သီးတို့ဖြင့်တွဲ၍ မစားသင့်ပါ၊ အော့အန်တတ်ပါသည်။
(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့် မတည့်ပါ။ ရင်ကျပ်စေပါသည်။
(၃) စိမ်းစာဥထဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လည်းပဲ လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက် ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့် ပါသည်။
(၄) သဘာဝအရ မြေကြီးထဲတွင် ဥဥ သော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှား များအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင်ဆေးပြီး မှသာ စားသုံးသင့်ပါသည်။
မှတ်ချက်
သန့်ရှင်းလတ်ဆတ်သော စိမ်းစားဥ၏ အင်္ဂါရပ်များမှာ
(က) လက်ဖြင့်ကိုင်မြှောက်ကြည့်ပ
(ခ) အသီး၏ အပင်ကိုင်းသည်စိမ်းစိုနေရပ
(၃) အခွံမခြောက်သင့်ပါ။ ထို့ကြောင့် အရွေးမမှားဖို့ လိုပါသည်။
သင်ကံကောင်းပါသည်။ သဘာဝတရား ကြီးက လူသားတို့ ကျန်းမာရေးကို တစ်ဖက်တလမ်းမှ ကူးညီပံ့ပိုးပေးလျက်ရှိရာ ယခုလို အေးမြသောဆောင်း ရာသီတွင် ခန္ဓာကိုယ် တွင်းအပူအောင်းကာ၊ လည်ချောင်းကွဲ အပူကန်ဖျား နာခြင်း ကင်းဝေးအောင် ရေဓာတ်ကြွယ်ကာ ခန္ဓာကိုယ် တွင်းအေးမြစေသော စိမ်းစားဥကို ဟင်းလိုတစ်မျိုး၊ သရေစာလို တစ်ဖုံ စားသုံးကြစေလိုပါကြောင်း။
(ပေါက်ပေါက်)
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
@[1489494484619945:1:
ကျန်းမာရေးဗဟုသုတများရယူဖို
🔴ဒီနေရာတွင်နှိပ်ပါ🔴
]ကျန်းမာရေးအတွက်ဆေးတစ်ခွက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။