Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 10, 2016

ကြည့်မှန်

 
 
ကြည့်မှန်
=======
နယူးယောက်မြို့ရှိ မိုးမျှော် အဆောက်အဦး ပိုင်ရှင်တဦးသည် လစဉ်ကုန်ကျသော
ဓာတ်လှေကား ပြုပြင်ခအတွက် စိတ်ဆင်းရဲနေသည်။ အကြောင်းမှာမြင့်မားသော
အဆောက်အအုံ ဖြစ်သောကြောင့် ခလုတ်နိုပ်တိုင်း ချက်ချင်းရောက်မလာသော
ဓာတ်လှေကားကို လူအချို့က စိတ်မရှည်သဖြင့် ခလုတ်ကို ထပ်တလဲလဲနှိပ်ကြသော ကြောင့်ဖြစ်သည်။

ခလုတ်မီးလင်းနေသည်ကို တွေ့သော်လည်း တချို့လူများက တခြားလူ နှိပ်ပြီးဖြစ်
သော်လည်း မိမိ၏ ထူးဆန်းသော လက်ညိုးနှင့် နှိပ်လိုက်ရမှ ဓာတ်လှေကား အမြန်ရောက်လာမည်ဟု ထင်တတ်ကြသည်။ သတိပေး ကြော်ညာစာများ ရေးကပ်ခဲ့
သော်လည်း အချည်းနှီးသာ ဖြစ်သည်။ နောက်ဆုံးတွင် အကြံဥာဏ်ပေးနိုင်သူအား ထိုက်တန်သောဆု ချီးမြှင့်မည်ဟု ပိုင်ရှင်က ကြော်ညာလိုက်သည်။

စိတ်ပညာရှင် တဦးက လှေကားရှေ့တွင် ကြည့်မှန်တချပ် တပ်ဆင်လိုက်မှ ပြဿနာမှာ
ပြေလည်သွားခဲ့သည်။ အကြောင်းမှာ ဓာတ်လှေကား အသုံးပြုသူများက မိမိ၏
အလျှင်စလိုနိုင်သောရုပ်ကို မှန်ထဲတွင် တွေ့ရသောကြောင့်ဖြစ်သည်။ မှန်ထဲက
ကိုယ့်ပုံကို ပြန်တွေ့မှ လူများက စည်းကမ်း သိမ်မွေ့သွားတတ်ကြသည်။

လူအုံကြားထဲ တိုးနေသူများပင် မှန်ရှေ့ရောက်လျှင် ယဉ်ကျေးကုန်ကြသည်။
စိတ်ရှည်ရှည်နှင့် လှေကားအလာကို စောင့်တတ်ကြသည်။ မှန်ကား ဤမျှ
အစွမ်းထက်လှသည်။

တစ်ခါတရံ လူများက ကြည့်ရဆိုးသော အမှုအရာများကို တမင်လုပ်နေကြခြင်း
မဟုတ်ပေ။ ထိုအမှုအရာများကို ကိုယ်တိုင် မမြင်ရ၍သာ လုပ်မိခြင်းဖြစ်သည်။
လူအဖြစ် ဖန်ဆင်းလာစဉ်က အဘယ်ကြောင့် မျက်စိနှစ်လုံးကို တစ်နေရာစီခွဲပြီး
တလုံးက တခြားလူကို ကြည့်ဖို့နှင့် ကျန်တလုံးက မိမိကိုယ့်ကို ကြည့်ဖို့အဖြစ်
ဘုရားသခင် ဘာကြောင့် မဖန်ဆင်းခဲ့သနည်း။ ယခုအခါ မျက်လုံးနှစ်လုံးမှာ
တခြားလူကို ကြည့်ရန် အတွက်ဖြစ်ပြီး၊ အကယ်၍ မှန်သာ မရှိခဲ့လျှင် လူများက
ကိုယ့်ပုံစံကို ကိုယ်သိနိုင်ကြမည် မထင်ပေ။ ထိုမှတစ်ဆင့် ငါ (self referent)
ဟူသော အသုံးနှုန်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကလေးငယ်များသည် မှန်ထဲက ပုံရိပ်မှာ မိမိဖြစ်ကြောင်းကို (၂နှစ်) သား အရွယ်
ရောက်မှ သိကြသည်။ လူဝံ မှလွဲ၍ အခြား မျောက်များက မှန်ထဲမှ ကိုယ့်ပုံရိပ်ကို
မသိကြချေ။ စမ်းသပ်မှုတခုတွင် တိရိစ္ဆာန်များကို မေ့ဆေးပေးပြီး မျက်နှာကို
အနီမှတ်ဖြင့် ခြစ်လိုက်ကြသည်။

မေ့ဆေးပြယ်သောအခါ မှန်ထဲက မိမိပုံကို ကြည့်စေခဲ့သည်။ လူဝံက မှန်ကြည့်ပြီး
ကိုယ့်မျက်နှာကို ပွတ်သပ်တတ်သည်မှ လွဲ၍ အခြားအကောင်များက မိမိပုံရိပ်ကို
မသိကြချေ။ ဤစမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် မှန်ထဲက မိမိပုံရိပ်ကို
သိနိုင်ရန် မှတ်ဥာဏ် အရည်အချင်း မြင့်မားရမည်ဖြစ်ကြောင်း သိရသည်။

ပို၍ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုတခုက မျိုးမတူသော ဥမှ ပေါက်ဖွား
လာသော ငှက်ကလေးများ မိမိ၏မျိုးရိုးကို သိနိုင်၊ မသိနိုင် စမ်းသပ်ခြင်းဖြစ်သည်။

ပညာရှင်များက ကျွဲဇရက် (cowbird,starling) ဟုခေါ်သော ငှက်ဥကို စာကလေး
အသိုက်ထဲ ထည့်ထားခဲ့သည်။ ဥမှ အကောင်ပေါက်သော် ကျွဲဇရက်က မိမိကိုယ်ကို
စာကလေးဟု မထင်ခဲ့သည့်အပြင် သူ၏ မျိုးတူ ငှက်များနှင့်သာ မိတ်လိုက်ခဲ့သည်။
မိမိကိုယ်ကိုစာကလေး မဟုတ်မှန်း မည်သို့ ခွဲခြား သိနိုင်ခဲ့သနည်း.?

Cornell University ရှိ စမ်းသပ်မှုတခုမှာ ဥမှပေါက်စ ကျွဲဇရက်အား၊ အခြားငှက်
များနှင့် ခွဲမွေးခဲ့သည်။ ထို့နောက် ငှက်တချို့၏ အမွေးများအား အရောင်ဆိုးပေးပြီး
ကျန်ငှက်များကို နဂိုအတိုင်းရှိစေသည်။ ခွဲမွေးထားသော ငှက်ကလေး(၂)လပြည့်
သောအခါ အရောင်ဆိုးထားသော ငှက်နှင့် မဆိုးထားသောငှက်များကြားသို့ လွတ်
ပေးလိုက်သည်။ ခွဲမွေးခံရသော ငှက်မှာ မိမိနှင့် အရောင်တူသည့် ငှက်နှင့်သာနေကြောင်း တွေ့ခဲ့ရသည်။

စမ်းသပ်မှုကိုကြည့်ခြင်းအားဖြင့် ငှက်မှာ မိမိ၏ အကျင့်နှင့် စရိုက်ကို ခွဲခြားသိမြင်နိုင်စွမ်း
ရှိနေခဲ့သည်။ ဦးနှောက်ထဲရှိ ပုံစံပြား (template) က အခြားငှက်များနှင့် မိမိကိုယ့်ကို နိုင်းယှဉ်ကြည့်နိုင်ခဲ့သည်။ ထို့ကြောင့် “မျိုးတူချင်းစု” ဆိုသော အရာများ ပေါ်လာခဲ့သည်။

ဤစမ်းသပ်မှုမှာ အလွန်အရေးပါသည်။ တိရိစ္ဆာန်များက မိမိ၏ အကျင့်စရိုက်နှင့်
မိမိကိုယ့်ကို သိမြင်နိုင်စွမ်းရှိကြသည်။

လူဖြစ်သော ကျွန်တော်တို့မှာမှု ...
မျက်လုံး နှစ်လုံးစလုံးကို တခြားလူ၏ မျက်ချေးကိုသာ ကြည့်ရန်ထားပြီး၊
ကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့ကြပေ။

သို့သော် ထိုအားနည်းချက်ကို မှန်ကဖြေရှင်းပေးနေခဲ့သည်။ အလွယ်ဆုံး ဥပမာ
တစ်ခုမှာ အိမ်ရှင်၏ ခက်ထန်သော မျက်နှာကိုတွေ့မှ ရိုသေ သိမ်မွေ့သွားတတ်သော အိမ်စေကဲ့သို့ပင်။

(မှန်သည်)
လူသားတို့အတွက် အလွန်အရေးပါသော ပစ္စည်းတခုဟုဆိုလျှင် မှားလိမ့်မည်မထင်။

----------

မူရင်းစာရေးသူ “ဟုန်လန်” မှာ ထိုင်ဝမ်ကျွန်းရှိ National Yang Ming
Universityမှ Neuroscience ဆရာတဦးဖြစ်သည်။
POSTED BY HTANAUNGYEIK
ကို Mung Khat ဆီကကူးယူဝေမျှပါတယ်။
credit: Original Illustrator

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။