Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 19, 2016

နယူးဇီလန်မှာ လင်းလက်လာသည့် ချင်းကြယ်ပွင့်

နယူးဇီလန်မှာ လင်းလက်လာသည့် ချင်းကြယ်ပွင့်
----- ------ ------ ----

နယူးဇီလန်နိုင်ငံတွင် ပြောင်းရွှေ့အခြေချ နေထိုင်သူ မြန်မာနိုင်ငံသားဖွား ချင်းလူငယ်တစ်ဦးဖြစ်သည့် လယ်စင်ဇာသည် ကန်တာဘူရီတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး နယူးဇီလန် ချင်းအသိုင်းအ၀ိုင်းတွင် ပထမဆုံး အင်ဂျင်နီယာဘွဲ့ ရသူ ဖြစ်လာခဲ့သည်။ အသက် ၂၄ နှစ်ရှိ လယ်စင်ဇာက “နယူးဇီလန်မှာတော့ ကျွန်တော် ပထမဆုံးပဲ ထင်တယ်” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ လယ်စင်ဇာသည် အသက် ၁၄ နှစ်အရွယ် ၂၀၀၆ တွင် မြန်မာနိုင်ငံမှ နယူးဇီလန်နိုင်ငံ ၊ နယ်လ်ဆင် မြို့သို့ ပြောင်းရွှေ့ လာခဲ့ပြီး နယ်လ်ဆင်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။

ကောလိပ်တွင် စာကြိုးစားသူတစ်ဦး ဖြစ်ကြောင်း နေအိမ်ရှိ ဆုတံဆိပ်များက သက်သေပြနေပြီး တက္ကသိုလ်တွင်လည်း အလားတူ ဆက်လက် ကြိုးစားခဲ့သည်ဟု ဆိုသည်။ မိခင်ဖြစ်သူ ဆူစင်ဇာက “သူ တက္ကသိုလ်ကနေ အိမ်ကို ခဏပြန်လာတော့ မုတ်ဆိတ်မွေးတွေ ရှည်နေတယ်။ ဘာလို့ မုတ်ဆိတ်မွေး အရှည်ထားတာလဲလို့ မေးတော့ စာကြည့်နေတာနဲ့ မရိတ်အားလို့လို့ ပြန်ဖြေတယ်” ဟု ရယ်ရင်းပြောပြသည်။ သူ့အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်။ ကျွန်မတို့ အသိုင်းအ၀ိုင်းက ဂုဏ်ယူပါတယ်” ဟု ဆူစင်ဇာက ဆိုသည်။

လယ်စင်ဇာက သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်များကို နှစ်ခြိုက်သဖြင့် အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နယူးဇီလန် နိုင်ငံသို့ ရောက်ရှိလာပြီး တက္ကသိုလ် တက်ရန် ကြိုးစားရာတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ အင်္ဂလိပ်ဘာသာစကား တိုးတက်ကောင်းမွန်စေရန် ကြိုးစားရခြင်း ဖြစ်သည်ဟု ဆိုသည်။ “ဒါက ကြီးမားတဲ့ ပြောင်းလဲမှုပါ။ အင်္ဂလိပ်ဘာသာက ကျွန်တော့်အတွက် တတိယဘာသာစကားပါ။ ချင်းက မိခင်ဘာသာစကားဖြစ်ပြီး ဗမာဘာသာက ဒုတိယဘာသာစကားပါ။ အင်ဂျင်နီယာဘာသာရပ်က အင်္ဂလိပ်စာ လိုအပ်ချက်များတဲ့အတွက် ကျွန်တော့်အတွက် အဓိက စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေနေပါပြီ” ဟု လယ်စင်ဇာက ဆိုသည်။ နိုင်ငံပြောင်းရွှေ့ နေထိုင်ရာတွင် အဓိက အပြောင်းအလဲမှာ အစားအစာနှင့် ရာသီဥတုဖြစ်ပြီး အကြီးမားဆုံး ကွာခြားမှုမှာ ပညာရေးစနစ်ဖြစ်သည်ဟု ယင်းက ဆိုသည်။ “မြန်မာနိုင်ငံမှာ ဆရာတွေက စာမျက်နှာတွေ အများကြီးပေးကာ အလွတ်ကျက်ခိုင်းပြီးနောက် နောက်နေ့နံနက်မှာ ပြန်မေးတတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစား ကျက်မှတ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်ကြာရင် မေ့သွားပါတယ်” ဟု လယ်စင်ဇာက ပြောကြားခဲ့သည်။ နယူးဇီလန်ရှိ ပညာရေးစနစ်မှာမူ ကွဲပြားခြားနားပြီး “ကားတစ်စီး ရွေ့နေတာကြည့်ပြီး တွန်းအားပုံစံတွေ စဉ်းစားမယ်၊ အလေးချိန် ဗဟိုချက်ကို စဉ်းစားမယ်ပေါ့။ အားလုံး အလွတ်ကျက်စရာမလိုဘဲ ပြသ၁နာကိုပဲ စဉ်းစားပြီး အဖြေရှာရတာပါ” ဟု ပြောကြားသည်။

နယ်လ်ဆင်မြို့ Fulton Hogan ကုမ္ပဏီတွင် လက်ရှိအလုပ်ဝင်နေသည့် လယ်စင်ဇာသည် ချင်းဘာသာစကားနှင့် မြန်မာစကားကို ယခုအထိ ပြောဆိုနေဆဲဖြစ်ပြီး နယူးဇီလန်ရှိ ချင်းလူငယ်အဖွဲ့အစည်းတွင်လည်း တက်ကြွစွာ ပါဝင်လျက်ရှိသည်ဟု ဆိုသည်။ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခြင်းအတွက် နေအိမ်တွင် ဂုဏ်ပြုပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဂုဏ်ပြုပွဲသို့ နယူးဇီလန် အခြားဒေသများတွင် ပညာသင်နေသော လယ်စင်ဇာ၏ မောင်နှမများနှင့် သြစတြေးလျတွင် အလုပ်လုပ်နေသည့် အစ်မဖြစ်သူတို့ အပါအ၀င် လူ ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု လယ်စင်ဇာ၏ ဖခင်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

KHTun

Ref - University of Cantebury

The Ladies News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။