Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

"မွတ်ဆလင်တို့ကြောင့် ပျက်စီးခဲ့ရသည့် ကမ္ဘာကျော် နာလန္ဒာတက္ကသိုလ်ကြီး"

 
 
"မွတ်ဆလင်တို့ကြောင့် ပျက်စီးခဲ့ရသည့် ကမ္ဘာကျော် နာလန္ဒာတက္ကသိုလ်ကြီး"
*********************************************************************************
အတိတ်သမိုင်းကြောင်းဟူသည် ပစ္စုပ္ပန်အတွက် အကောင်းဆုံး သက်သေပင်ဖြစ်၏။ အတိတ်ဟူသည် ကမ္ဘာကြီး၊ လူသားလောက၊ ဘာသာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ် စသည့် အားလုံး၌ ရှိနေခဲ့ကြ၏။ ထိုကြောင့် အတိတ်ကို မယုံကြည်လို့ မဖြစ်နိုင်၊ အတိတ်တွေရှိခဲ့လို့သာ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို မွေးဖွားလာကြသည်။ စာရေးသူတို့၏ ဗုဒ္ဓဘာသာသမိုင်းဟုဆိုနိုင်သည့် ဘာသာရေးနယ်ပယ်ကို ပြန်ကြည့်မည်ဆိုပါလျှင်လည်း အနိမ့် အမြင့် အတက်အကျ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ နှမြောတသသဖြစ်ဖွယ် မြောက်များစွာရှိခဲ့ပေ၏။ ဝမ်းနည်းစရာ၊ နှမြောတသသ ဖြစ်ဖွယ်ရာ မြောက်များစွာသော သမိုင်းထဲက ကမ္ဘာ့အစောဆုံး၊ ရာစုနှစ်တော်တော်များကို အရှိန်အဝါကြီးကြီး နှင့် ဗုဒ္ဓဘာသာအတွက် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့သည့် ကမ္ဘာကျော်နာလန္ဒာတက္ကသိုလ်ကြီး၏ အတိတ်သမိုင်းစာမျက်နှာများကို စာရေးသူလက်လှမ်းမှီသလောက် လှန်ကြည့်မိပါတယ်။ ဗုဒ္ဓဘာသာကို ကမ္ဘာပြန့်အောင် ဖြန့်ဖြူးခဲ့တဲ့ တက္ကသိုလ်များစွာထဲမှ တစ်ခုအပါအဝင်လည်းဖြစ်ခဲ့တဲ့ တက္ကသိုလ်ကြီးပါ။ မွတ်ဆလင်တို့ကြောင့် ပျက်စီးခဲ့ရပါတယ်။

နာလန္ဒာဆိုသည့်အမည်သည် မြန်မာအမည်မဟုတ်ဘဲ ဆန်ဆကရစ်(Sanံkrit) ဘာသာစကားဖြစ်သည်။ ဖွင့်ဆိုပုံက Nalan- Lotus, It means a Symbol of Knowledge နှင့် Da- to give or to share, Giver of knowledge လို့ဖွင့်ပါတယ်။ နာလန်ဆိုတာ အတတ်ပညာ၊ အသိပညာကို ကိုယ်စားပြုသည့် ကြာပန်းကို ရည်ညွှန်းပြီး၊ (ဒါ)- ကတော့ ပေးခြင်းပါ။ ပုဒ်နှစ်ခုကို ပေါင်းလိုက်ရင် နာလန္ဒာဆိုတာ အတတ်ပညာ အသိပညာတွေပေးသည့် နေရာဟု အဓိပ္ပါယ်ရ၏။ ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာ့အစောဆုံး တက္ကသိုလ်မှာ အီတလီနိုင်ငံက ဘိုလော့နာတက္ကသိုလ်ဟု သိရပြီး။ နာလန္ဒာတက္ကသိုလ်ကြီးကတော့ ထိုဘိုလော့နာ တက္ကသိုလ်ထက် နှစ်ပေါင်းတစ်ရာကျော်လောက် စောပြီး ပေါ်ပေါက်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာ့အစောဆုံး ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ ကျောင်းအိပ် ကျောင်းစား အဆောင်နေစနစ်ကို စတင်ကျင့်သုံးခဲ့သည့် တက္ကသိုလ်ကြီးပါ။ တက္ကသိုလ်ကြီး၏ တည်နေရာက အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ ဘာရဂါမ်ရွာအနီးတွင် တည်ရှိ၏။ တည်ထောင်သည့်ပုဂ္ဂိုလ်က ဗုဒ္ဓသာသနာသမိုင်း၊ အိန္ဒိယနိုင်ငံသမိုင်း၊ အိန္ဒိယနိုင်ငံသမိုင်းတွင်လည်း မောရိယအင်ပါယာ၊ အသောက အင်ပါယာဟူသည့် အင်ပါယာတို့ကို တည်ထောင်ခဲ့သည့် သီရိဓမ္မာအသောကမင်းကြီးဖြစ်ပါတယ်။ အသောကမင်းကြီးသည် BC-205 မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းနှစ်ရာကျော်လောက်တွင် လက်ျာတော်ရံ ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာအား သတိရ ပူဇော်သည့်အနေဖြင့် ကျောင်းတော်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။ ယင်းကျောင်းတော်လေးအား AD-2 ရာစုတွင် မဟာယာနရဟန်းတော် အရှင်နာဂဇုနက (Madayamika school of Buddhism) ဟူသောအမည်ဖြင့် ဟိနယာန၊ မဟာယာန ဗုဒ္ဓစာပေများကို သင်ကြားပေးသည့် သင်တန်းကျောင်းလေး အဖြစ်စတင်ဖွင့်လှစ်ခဲ့တာပါ။ AD-4 ရာစုတွင် မဟာယာန ရဟန်းတော် အရိယဒေဝက Madayamika a School of Buddhism ဟူသောအမည်ဖြင့်လည်းကောင်း၊ AD-5ရာစုတွင် မဟာယာနရဟန်းတော် အရှင်အာသံယမထေရ်က Yogachara School of Buddhism ဟူသော အမည်ဖြင့်လည်းကောင်း၊ အမည်အမျိုးမျိုးဖြင့် မဟာယာန ဟိနယာန ဗုဒ္ဓစာပေများကို အဓိကသင်ကြားပေးသော သင်တန်းကျောင်းလေး အဖြစ်မှသည် AD-5ရာစုအလွန်လောက်တွင် အသောကမင်းဆက် ကုမာရဂုပ္ပထမင်း လက်ထက်တွင် ကမ္ဘာကျော်နာလန္ဒာတက္ကသိုလ်ကြီး အဆင့်ထိ ရောက်အောင် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့လေသည်။

ကုမာရဂုပ္ပတမင်းသည် ဗုဒ္ဓဘာသာ ပညာရေးကို အထူး အားပေးသော မင်းတစ်ပါးဖြစ်ပါတယ်။ တက္ကသိုလ်ကြီး၏ မြေနေရာများအပါအဝင် လယ်ဧကပေါင်း မြောက်များစွာကို ကျောင်းမြေအဖြစ် သတ်မှတ်လှူဒါန်းပေးခဲ့ပါတယ်။ ယနေ့အချိန်အခါ၌ အိန္ဒိယရှေးဟောင်း ယဉ်ကျေးမှုနှင့် သုတေသနဌာန၏ လေ့လာတွေ့ရှိချက်အရ (၂၄၅၉၄)ဧက ကျယ်ဝန်းသည်ဟု သိရလေသည်။ AD-606 to AD-647 ရာစုတွင် ပါလမင်းဆက် ဟရသျှမင်း လက်ထက်တွင် ကျောင်းမြေများကို ထပ်ဆင့်တိုးချဲ့ကာ ကျောင်းသားအနေအဆောင်ပေါင်း (၁၈၀)နှင့် ကျယ်ပြန့်သော စာသင်ခန်းများ၊ တရားဟော၊ တရားထိုင်ခန်းမကြီးများကိုလည်း တင့်တယ်ခမ်းနားစွာ ဆောက်လုပ်ပေးခဲ့သလို မြေပေါက်စေတီ(၁၀)ဆူကိုလည်း တည်းထားကိုးကွယ်ခဲ့ပါတယ်။ ကျောင်းသားနေ အခန်းများကိုလည်း တစ်ယောက်အိပ်ခန်း၊ နှစ်ယောက်အိပ်ခန်းများဖြင့် ပြုလုပ်ထားပြီး ကျောင်းဆောင်တိုင်း၏ အလည်တစ်ထပ်စီတွင် အခန်းပေါင်း လေးဆယ်အထိ ပါဝင်သည်ဟု သိရ၏။ တရားဟောခန်း၊ တရားထိုင်ခန်းမကြီး၊ စာသင်ခန်းများအပြင် ကျောင်းဆောင်တိုင်း၏ အလည်တွင် ၁၂ပေ ပတ်လည် ကျယ်ဝန်းသော အုတ်ရေတွင်းကြီး တစ်တွင်းကျစီ တူးဖော်ပေးထား၏။ ကျောင်းဆောင်များ၏ ဘေးပတ်လည်တွင်လည်း အရောင်အသွေးစုံလင်သော ပန်းဥယာဉ်များ၊ ကြာမျိုးစုံဖူးပွင့်နေသော ရေကန်ကြီးများကိုလည်း ဖန်တီးပေးထားလေသည်။ တက္ကသိုလ်ကြီးတွင် အဆောင်နေကျောင်းသားပေါင်း (၁၀၀၀၀)ကျော်နှင့် ဆရာပေါင်း(၂၀၀၀)ကျော် ရှိသည်ဟုသိရ၏။ စာသင်ခန်းများ၌ မရှင်းလင်းသည့် အရာများရှိပါက အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ရန် ဆရာနှင့်ကျောင်းသားများကို အတူတကွ နေထိုင်စေရန် ဖန်တီးပေးထား၏။
သင်ကြားပေးသော ဘာသာရပ်များကတော့ ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်း၊ ဒဿနိကဗေဒကျမ်း၊၊ယုတ္တိဗေဒကျမ်း၊ နက္ခတ္တဗေဒကျမ်း၊ ဗေဒင်လက္ခဏာကျမ်း၊ မဟာယာနကျမ်း၊ ဟိနယာနကျမ်းများ၊မြဟ္မဏတို့၏ ဝေဒကျမ်းများ ဗိသုကာပညာရပ်များတို့ကိုလည်း ပြီးပြည့်စုံအောင် သင်ကြားပေးလေသည်။ စားသောက်ရေးဘက်တွင်မူ တက္ကသိုလ်အနီးရွာများမှ အမျိုးသမီးပေါင်း (၂၀၀) ကိုလည်း ယောဂီဝတ်စေကာ ဆွမ်းချိန်တန်ဆွမ်း အအေးချိန်တန် အအေးအစစ အရာရာ လိုလေသေးမရှိ စီမံဖန်တီးပေးထားလေသည်။ ရာဇဝတ်မူ့ဖြင့် အကျဉ်းကျသူများ၊ ငွေဝယ်ကျွန်များ၊ အစေခံကျွန်များကို လွတ်ငြိမ်းချမ်းသာခြင်းများ ပေးကာ နာလန္ဒာတက္ကသိုလ်ကြီး၏ အလုပ်အကျွေးများ အဖြစ် ပြုလုပ်စေသည်။ တက္ကသိုလ်အနီးရှိရွာများမှ ထွက်ရှိသော ကောက်ပဲသီးနှံများကို မင်းအခွန်ဘဏ္ဍာ အဖြစ် သိမ်းယူခြင်းမပြုဘဲ တက္ကသိုလ်ကြီးအား လှူဒါန်းစေ၏။

တက္ကသိုလ်ကြီး၏ဂုဏ်သတင်းကား ဂင်္ဂ`ါမြစ်မှ ဘော်လဂါမြစ်ဝှမ်း၊ မြောက်ဘက်၌ ဆစ်ကင်း၊ ဘူတန်၊ တိဗက်၊ မွန်ဂိုလီယား၊ ရုရှား၊ ဆိုက်ဗေးရီးယား၊ အရှေ့ဘက်၌ မြန်မာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန်တို့အထိပြန့်နှံ့ခဲ့ပါတယ်။ ထိုနိုင်ငံများထဲမှ အချို့နိုင်များသည် မွတ်ဆလင်နိုင်ငံများဖြစ်သွားကြပြီး ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတွင် တရုတ်ခရီးသွားရဟန်းများအဖြစ် ထင်ရှားသည့် ဖာဟီယာန်သည်(AD-5) ရာစုတွင် ရောက်ရှိလာကာ အရှင်နာဂဇုနအထံ၌ တပည့်အဖြစ် ခံယူသွားဖူးသည်ဟု သိရလေသည်။
သို့သော် ဖာဟီယာန်သည် ဟူယင်ဆန်ရဟန်းလောက် ကြာကြာ နေထိုင်သွားခြင်းမရှိဟု သိရ၏။ ဟူယင်ဆန် မထေရ်မြတ်ကတော့ AD-673 တွင်ရောက်လာကာ အချိန်တော်ကြာအောင် ပညာသင်ယူသွားသည်ဟု သိရှိရပါတယ်။ ပညာသင်ယူပြီးဆုံးပြီးနောက် ဟူယင်ဆန်မထေရ်သည် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များ အားလုံးနှင့် သက်ဆိုင်သည့် သံဝေဇနိယလေးဌာန အပါအဝင် အထင်ကရ နေရာတော်တော်များကို အသေးစိတ်လေ့လာကာ မှတ်တမ်းများ ရေးသားခဲ့ပါတယ်။ ထိုမှတ်တမ်းများသည် ကမ္ဘာ့သမိုင်းတွင် တန်ဘိုးမဖြတ်နိုင်လောက်အောင် ကျေးဇူးကြီးမားသလို ယနေ့ မိမိတို့အပါအဝင် ဗုဒ္ဓဘာသာဝင်များအားလုံး ဖူးမျှော်ကြည်ညိုနေကြရသော သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)နှင့်အထင်ကရနေရာများကို ဟူယင်ဆန်၏ ဂုဏ်ကျေးဇူးတွေကြောင့် ဖူးမျှော်နေရခြင်း ဖြစ်ပါတယ်။

ဤသို့ကမ္ဘာတစ်လွှားတွင် နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်း၊ ကျော်စောကြီးမြတ်ရခြင်း အဓိကအကြောင်းအရင်းသည် တက္ကသိုလ်မှ ချမှတ်ပေးလိုက်သော စည်းမျဉ်းများ၊ သင်ကြားပို့ချပေးသော ဘာသာရပ်များနှင့် တာဝန်ယူမှုများကြောင့် ဖြစ်သလို တက္ကသိုလ်တစ်ခု၏ အသက်ဖြစ်သော စာကြည့်တိုက်၏ ဂုဏ်သတင်းကြောင့်လည်း ပါဝင်ပါတယ်။ စာကြည့်တိုက်တွင် ထားရှိသော ဝေဒကျမ်းများ၊ မဟာယာန၊ ဟီနယာနဆိုင်ရာကျမ်း၊ ဟိန္ဒူကျမ်း၊ ဗေဒင်နက္ခတ်ကျမ်းစသည်ဖြင့် ကျမ်းပေါင်း သိန်းသောင်းချီ၍ ရှိသည်ဟုသိရပါတ်။ ထိုကြောင့်ပင် နာလန္ဒာတက္ကသိုလ်ကြီးကို ကမ္ဘာတစ်လွှားမှ သစ္စာတရားတို့ စုဝေးရာတောင်ကြီး၊ သစ္စာတရားတို့စုဝေးရာ ဘဏ္ဍာတိုက်ကြီးဟု နာမည်အမျိုးမျိုးဖြင့် အမွှန်းတင်ခေါ်ဝေါ်ကြပါတယ်။ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရစဉ်က စာကြည့်တိုက်ကြီး မီးလောင်ရာတွင် (၆)လခန့်ကြာမြင့်သည်ဟု သိရပါတယ်။ ပါလမင်းဆက်၊ ဟရသျှမင်း၏ လက်ထက်တွင် တက္ကသိုလ်ကြီး၏ ပညာရေး၊ နေရေးထိုင်ရေးတို့ဟာ အဆင့်မြင့်ဆုံးဖြစ်ခဲ့သလို၊ လက်အောက်ခံ တက္ကသိုလ်များအဖြစ် ဝိက္ကမသီလာတက္ကသိုလ်၊ ဥဒန္တပူရီတက္ကသိုလ်၊ ဇာဂလန္ဒတက္ကသိုလ်များကို ဖွင့်လှစ်ခဲ့ပါတယ်။ ထိုတက္ကသိုလ်အားလုံးကို နာလန္ဒာတက္ကသိုလ်ကြီးကပင် တိုက်ရိုက်အုပ်ချုပ်ပါတယ်။

ဤမျှလောက် နာလန္ဒာတက္ကသိုလ်ကြီး အရှိန်အဟုန်ကောင်းကောင်းနှင့် ဖြတ်သန်းနိုင်ခြင်းသည် ပါလမင်းဆက်တို့၏ လေးနက်သောအတွေးအခေါ်၊ ရက်ရောသည့် စေတနာ သဒ္ဓါတရားတို့ကြောင့်ပင် ဖြစ်ပါတယ်။ ပါလမင်းဆက်တို့သည် ဖခင်မင်းများ၏ တန်ဘိုးထက်ယုတ်လျော့ကျဆင်းမှု မရှိစေဘဲ တိုး၍ တိုး၍သာ AD-8 ရာစုမှ၊ AD-12 စုအထိ အထောက်အပံ့ပြုခဲ့ကြသည်။ ထိုကဲ့သို့ ကမ္ဘာပေါ်တွင် ပထမဆုံး ပေါ်ပေါက်လာသော တက္ကသိုလ်ကြီးအဖြစ် လူသားတို့အတွက် အမြင့်ဆုံး အတတ်ပညာရပ်တို့အား ရက်ရောစွာ ရာစုနှစ်ပေါင်း ၁၂ရာစုကျော်သည်အထိ ပေးဆောင်ခဲ့သည့် ကမ္ဘာကျော် နာလန္ဒာ တက္ကသိုလ်ကြီးသည် သာသနာနှစ်(၁၇၀၀)အရောက်၊ AD-12စုအကုန်တွင် တူရကီနွယ်ဖွား မွတ်ဆလင်စစ်ဗိုလ် မိုဟာမက်ဘက်ခီးယာခီးဂျီး၏ စစ်သည်အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ တက္ကသိုလ်ပိုင် ရွှေ၊ငွေကျောက်သံပတ္ထမြားတို့အား အတင်းအဓမ္မ သိမ်းယူခြင်း၊ ကျောင်းဆောင်များ၊ စေတီပုထိုးများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ရဟန်းတော်မှန်သမျှကို ခေါင်းဖြတ်သတ်ခြင်း၊ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခြင်း၊ အရှင်လတ်လတ် ဦးခေါင်းပေါ်ရုံ မြေမြှပ်ကာ ဓားသွားစက်တပ်သည့် ထွန်သွားဖြင့် နွားကမောင်းစေခြင်းကို ရက်စက်စွာ ပြုလုပ်ခဲ့ပါတယ်။ ရဟန်းတော် တစ်ပါး၏ဦးခေါင်းကို ဖြတ်ယူကာဆက်သနိုင်လျှင် ငွေကြေးမည်မျှပေးမည်ဟု ကြေငြာချက် ထုတ်သည်အထိ ရက်စက်စွာပြုလုပ်ခဲ့ပါတယ်။
ခေတ်သစ်တန်ဖိုးနဲ့တိုင်းတာမယ်ဆိုရင် ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကို ကျူးကျော် စော်ကားခြင်းသည် လူ့ယဉ်ကျေးတို့၏ လုပ်ရပ်တစ်ခုမဟုတ်သလို စစ်မှန်သည့် ဘာသာတရားလည်း မဖြစ်နိုင်ပါဘူး။ ရာစုနှစ် ၇၀၀ကျော် ၈၀၀ခန့်လောက်ကြာအောင် ကမ္ဘာကျော်ခဲ့သည့် နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရလိုက်သည်မှာ ဗုဒ္ဓသာသနာတစ်ဝက်လောက် အဖျက်အဆီးခံရ လိုက်တာပါပဲ။

ဗုဒ္ဓသာသနာသမိုင်း၏ အဖိုးတန် အဆောက်အဦးကြီးကို နင်းချေဖျက်ဆီးသူသည် မိမိတို့ ဘာသာဝင်မဟုတ်၊ မိမိတို့လူမျိုးမဟုတ်၊ မွတ်ဆလင်ယုတ် မိုဟာမက်ဘက်ခီးယားခီးဂျီးနှင့် အပေါင်းအပါများ ဖြစ်ပါတယ်။ ထိုဘာသာဝင်များနှင့် အဘယ်မှာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင် မည်နည်း။ အတူတကွနေထိုင်ချင်သူသည် ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘာသာ သာသနာဖျက် တစ်ဦးသာ ဖြစ်ပါလိမ့်မည်။ လောဘဇော ဒေါသဇော မောဟဇောကပ်နေပြီး အယူမှားသည့် မိစ္ဆာယုတ်များနှင့် ငြိမ်းချမ်းစွာ အတူတကွနေမည်ဟု လူကြားကောင်းအောင် အသံကုန်ဟစ်နေမည်လား၊ ထိုမိစ္ဆာယုတ်များကြောင့် ဗုဒ္ဓသာသနာတော်ကြီး မြန်မာ့မြေပေါ်မှာ အပျောက်ကွယ်ခံမည်လား၊ ထိုမိစ္ဆာယုတ်များနှင့် ကင်းအောင်နေမည်ဆိုပါလျှင် သာသနာပျောက်စရာမရှိ၊ ပေါင်းသင်းမည် ဆိုပါလျှင်တော့ ပျောက်ကွယ်သွားမည်သာ။

ဗုဒ္ဓသာသနာတော်ကြီးမှာ ဂန္ထဝင် ကမ္ဘာကျော်တက္ကသိုလ်ကြီးဖြစ်ခဲ့သည့် နာလန္ဒာတက္ကသိုလ်ကြီးကား ယနေ့ဗုဒ္ဓဘာသာဝင်အားလုံးတို့အား မွတ်ဆလင်များကြောင့် ပျက်စီးခဲ့ရပုံကို သံဝေဂ ယူတတ်ရန် မီးမောင်ထိုးပြ နေဆဲပါ။ တက္ကသိုလ်ကြီးပျက်စီးသွားပေမယ့် တက္ကသိုလ်ကြီးရဲ့ ဂုဏ်သတင်းကား ဗုဒ္ဓသာသနာတော်မှာရော၊ ကမ္ဘာ့ယဉ်ကျေးမှုနယ်ပယ်မှာရော အသက်ရှင်နေဆဲပါ။ မွတ်ဆလင်တို့ကြောင့် ပျက်စီးခဲ့ရသည့်ဗုဒ္ဓဘာသာနိုင်ငံများ၊ ဗုဒ္ဓဘာသာတက္ကသိုလ်များ၊ ဗုဒ္ဓဘာသာအဆောက်အဦးများထဲမှ နာလန္ဒာတက္ကသိုလ်ကြီးအကြောင်းကို လက်လှမ်းမှီသလောက် တင်ပြခြင်းသာ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။