မျက်မမြင် အမျိုးသမီးတစ်ယောက်ထံမှ ရရှိလိုက်သော ဘဝသင်ခန်းစာလေးများ
========================== ====
ဒီနေ့ အလုပ်ကနေအပြန် ဘက်စ်ကားပေါ်မှာ ကျွန်မခုံရှေ့က မျက်မမြင်အမျိုးသမီး တစ်ယောက်ကို သတိထားမိလိုက်ပါတယ်။ သူမ အသက်(၅ဝ)လောက် ရှိမယ်ထင်ပါတယ်။ သူ့ကြည့်ရတာ မျက်မမြင်တစ်ယောက်ဖြစ်ပေမယ့်  သာမန်လူတစ်ယောက်လိုပဲ တက်ကြွစွာ လှုပ်ရှားနေတာတွေ့ရတော့ ကျွန်မအရမ်းစိတ်ဝင်စားသွာြး ပီး သူမနဲ့ စကားသွားပြောဖို့ ဆုံးဖြတ်လိုက်ပြီး သူမဘေးက ခုံအလွတ်မှာ ဝင်ထိုင်လိုက်တယ်။
ဒီလိုနဲ့ အပြန်အလှန်မိတ်ဆက်ကြရင်း သူမအကြောင်း အနည်းငယ်သိခဲ့ရပါတယ်။ သူမ အသက် (၃ဝ) အရွယ်လောက်က မျက်စိကွယ်သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်ကစပြီး မျက်မမြင်တွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းဆီသွားပြီး အကြောပြင် (massage) ပညာ၊ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီ ကိုမရောက်ခင် သူမအဲဒီအသင်းအဖွဲ့မှာပဲ လခစားပြန်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ခင်ပွန်းသည်နဲ့ အတူနေထိုင်ပြီး နေ့တိုင်းအလုပ်ကို သူမတစ်ယောက်တည်း ကားစီးသွားနေကျ ဖြစ်ကြောင်းပြောပြပါတယ်။ သူမခင်ပွန်းကတော့ ထမင်းဟင်းတွေ ချက်ပြုတ်ပြင်ဆင်ပြီး နေ့တိုင်းသူမပြန်လာမှ ညစာအတူစားတတ်တယ်လို့ ဆိုပါတယ်။
မျက်စိမမြင်ပေမယ့် ဘဝကို အရှုံးမပေးတဲ့အပြင် သူမဘဝကို ကျေနပ်ပျော်ရွှင်နေတာတွေ့ရတော့
ကျွန်မအတွေးထဲမှာ သင်ယူစရာတွေ တသီကြီး ဝင်လာခဲ့ပါတော့တယ်။ မသန်ပေမယ့်
စွမ်းတဲ့သူမဘဝနဲ့ ခံယူချက်လေးတွေကိုလည်း လေးစားအားကျ ခဲ့ရပါတယ်။
ကျွန်မတွေးမိတာလေးတွေကတော့… …
၁။ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ပြသနာတွေ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။
တစ်ခါတစ်လေ ကျွန်မတို့တွေဟာ အခက်အခဲတွေ ရင်ဆိုင်ရပြီဆို ဘဝမှာ “ကံဆိုးလှချည်ရဲ့။ ငါ့ကျမှ ဖြစ်ရသလား” ဆိုပြီး တွေးတတ်ကြပါတယ်။ တစ်ကယ်တော့ လောကကြီးမှာ ကိုယ့်ထက်ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရသူတွေ၊ ကိုယ့်လိုပဲ အခက်အခဲတွေ ကြားမှာ ပိတ်မိနေတဲ့သူတွေ အများကြီးပါလား ဆိုတာကို နှလုံးသွင်းမိ လာပါတယ်။
၂။ ပြဿ နာရဲ့ အကြီးအသေးက ကိုယ့်အမြင်ပေါ်မှာပဲ မူတည်တယ်။
အခု ကျွန်မနဲ့ စကားပြောခဲ့တဲ့ မျက်မမြင်အမဆိုရင် သူ့ဘဝ ဒီထက်ဆိုးစရာ ရှိပါအုံးမလားနော်။ သူများတွေလို မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့တောင် ဘဝကို အရှုံးမပေးဘဲ ဖြစ်လာတဲ့ အခြေအနေကို ဒီထက်ဆိုးရွားမသွားအောင် သူမဘဝကို အတတ်နိုင်ဆုံး ကြိုးစား လျှောက်လှမ်းခဲ့ပါတယ်။ ဒီလိုပါပဲ။ တစ်ခါတစ်လေ ကျွန်မတို့ကိုယ်တိုင် ပြသနာတစ်ခုကို အစိုးရိမ်လွန်ကဲမှုတွေ၊ ကျွန်မတို့ရဲ့ မိုက်မဲတဲ့ အတွေးတွေကြောင့် ပြသနာက သူ့အရှိထက် ပိုကြီးသွားရတာတွေ ရှိတတ်တယ် ဆိုတာ သတိထား မိလာပါတယ်။
၃။ လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားမိလာတယ်။
လူမှန်ရင် ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေဆိုတာ ရင်ဆိုင်ရစမြဲပါ။ ဒါတွေကို ထိုင်စိတ်ပျက်နေမယ့်အစား လက်ရှိကိုယ့်ဘဝကို ကျေနပ်လို့ရပါတယ်။ (ဥပမာ-ကျွန်မတို့ လုပ်ချင်တာတွေ လုပ်ဖို့ သက်ရှိထင်ရှားရှိနေသေးတယ်၊ မိသားစုတွေ ဥမကွဲ သိုက်မပျက် ရှိနေသေးတယ်။ နေစရာအိမ်ရှိသေးတယ်၊ ခုဒီစာကို ဖတ်ဖို့ မျက်စိနှစ်ကွင်း အလင်းရနေသေးတာမျိုးပေါ့)။
၎။ ကိုယ်ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေအတွက် လိုက်လံပူဆွေးနေလဲ အလကားပါပဲ။
အထက်ပါ မျက်မမြင်အမျိုးသမီးရဲ့ ဘဝအပေါ်ထားတဲ့ ခံယူချက်တွေကို ပမာယူပြီး ကျွန်မတို့တွေ ပြသနာတစ်ရပ်ရင်ဆိုင်ရပြီဆို ကိုယ်ထိန်းချုပ်လို့မရနိုင် တဲ့
အရာတွေကို အချိန်ကုန်ခံ စိတ်ပျက်နေမှာထက် ကိုယ်လက်လှမ်းမှီသလောက်နဲ့
ပြသနာကို အကောင်းဆုံး ရင်ဆိုင်သွားဖို့ သင်ခန်းစာရ လိုက်ပါတယ်။
၅။ ကိုယ့်အနာဂတ်ကို ကိုယ်ပဲ ဖန်တီးရတာပါ။ ကိုယ်ရပ်ထားတဲ့ နေရာမှာ ကိုယ့်ဘဝရပ်တန့်နေမှာပါ။
အထက်ပါ မျက်မမြင် အမျိုးသမီးဟာ အစောပိုင်းမှာ သူမကို ဒီပညာ သင်ပေးတဲ့ အဖွဲ့အစည်းမှာပဲ လခနည်းနည်းနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ သို့ပေမယ့် သူမဘဝကို ဒီလောက်နဲ့ ရပ်မနေသေးပါဘူး။ နောက်ထပ်ခြေတစ်လှမ်းထပ် လှမ်းဖို့ နာမည်ကြီးအကြောပြင် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လျှောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို ကုမ္ပဏီကြီးတွေအနေနဲ့ မျက်မမြင်တစ်ယောက်ကို အလုပ်ခန့်ဖို့မှာ ဖြစ်နိုင်ခြေ နည်းလွန်းလှပေမယ့် သူမအားမလျှော့ဘဲ ကြိုးစားခဲ့တာကြောင့် ခုဆို သူမဘဝအခြေအနေ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်နေပါပြီ။
ဒီလိုပါပဲ ဒီထက်ပိုသာယာလှပတဲ့ အနာဂတ်တစ်ခုပိုင်ဆိုင်နိုင် ဖို့
ဒီထက်ပိုအားထုတ်ဖို့ လိုအပ်တယ်ဆိုတာကို ကောင်းကောင်း နားလည်လိုက်ပါတယ်။
ကျွန်မတို့ဟာ ကျွန်မတို့ဘဝရဲ့ ဖန်ဆင်းရှင်တွေပါပဲ။ ဒါကြောင့်
အနာဂတ်ဘဝလေးတွေ သာယာဖြောင့်ဖြူးဖို့ ခုကတည်းက ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ် ဆိုတာ ကောင်းကောင်း သိလိုက်ရပါတော့တယ်။
အတွေးတွေ လွန်နေလိုက်တာ ကျွန်မဆင်းရမယ့် ကားမှတ်တိုင်တောင် ရောက်ပြီ။
သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com
==========================
ဒီနေ့ အလုပ်ကနေအပြန် ဘက်စ်ကားပေါ်မှာ ကျွန်မခုံရှေ့က မျက်မမြင်အမျိုးသမီး တစ်ယောက်ကို သတိထားမိလိုက်ပါတယ်။ သူမ အသက်(၅ဝ)လောက် ရှိမယ်ထင်ပါတယ်။ သူ့ကြည့်ရတာ မျက်မမြင်တစ်ယောက်ဖြစ်ပေမယ်
ဒီလိုနဲ့ အပြန်အလှန်မိတ်ဆက်ကြရင်း သူမအကြောင်း အနည်းငယ်သိခဲ့ရပါတယ်။ သူမ အသက် (၃ဝ) အရွယ်လောက်က မျက်စိကွယ်သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်ကစပြီး မျက်မမြင်တွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းဆီသွားပြီး အကြောပြင် (massage) ပညာ၊ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီ ကိုမရောက်ခင် သူမအဲဒီအသင်းအဖွဲ့မှာပဲ လခစားပြန်လုပ်ပေးခဲ့တယ်လို့
ခင်ပွန်းသည်နဲ့ အတူနေထိုင်ပြီး နေ့တိုင်းအလုပ်ကို သူမတစ်ယောက်တည်း ကားစီးသွားနေကျ ဖြစ်ကြောင်းပြောပြပါတယ်။ သူမခင်ပွန်းကတော့ ထမင်းဟင်းတွေ ချက်ပြုတ်ပြင်ဆင်ပြီး နေ့တိုင်းသူမပြန်လာမှ ညစာအတူစားတတ်တယ်လို့ ဆိုပါတယ်။
မျက်စိမမြင်ပေမယ့် ဘဝကို အရှုံးမပေးတဲ့အပြင် သူမဘဝကို ကျေနပ်ပျော်ရွှင်နေတာတွေ့ရတေ
၁။ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ပြသနာတွေ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။
တစ်ခါတစ်လေ ကျွန်မတို့တွေဟာ အခက်အခဲတွေ ရင်ဆိုင်ရပြီဆို ဘဝမှာ “ကံဆိုးလှချည်ရဲ့။ ငါ့ကျမှ ဖြစ်ရသလား” ဆိုပြီး တွေးတတ်ကြပါတယ်။ တစ်ကယ်တော့ လောကကြီးမှာ ကိုယ့်ထက်ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရသူတွေ၊ ကိုယ့်လိုပဲ အခက်အခဲတွေ ကြားမှာ ပိတ်မိနေတဲ့သူတွေ အများကြီးပါလား ဆိုတာကို နှလုံးသွင်းမိ လာပါတယ်။
၂။ ပြဿ နာရဲ့ အကြီးအသေးက ကိုယ့်အမြင်ပေါ်မှာပဲ မူတည်တယ်။
အခု ကျွန်မနဲ့ စကားပြောခဲ့တဲ့ မျက်မမြင်အမဆိုရင် သူ့ဘဝ ဒီထက်ဆိုးစရာ ရှိပါအုံးမလားနော်။ သူများတွေလို မျက်စိနှစ်ကွင်း အလင်းမရဘဲနဲ့တောင် ဘဝကို အရှုံးမပေးဘဲ ဖြစ်လာတဲ့ အခြေအနေကို ဒီထက်ဆိုးရွားမသွားအောင် သူမဘဝကို အတတ်နိုင်ဆုံး ကြိုးစား လျှောက်လှမ်းခဲ့ပါတယ်။ ဒီလိုပါပဲ။ တစ်ခါတစ်လေ ကျွန်မတို့ကိုယ်တိုင် ပြသနာတစ်ခုကို အစိုးရိမ်လွန်ကဲမှုတွေ၊ ကျွန်မတို့ရဲ့ မိုက်မဲတဲ့ အတွေးတွေကြောင့် ပြသနာက သူ့အရှိထက် ပိုကြီးသွားရတာတွေ ရှိတတ်တယ် ဆိုတာ သတိထား မိလာပါတယ်။
၃။ လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားမိလာတယ်။
လူမှန်ရင် ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေဆိုတာ ရင်ဆိုင်ရစမြဲပါ။ ဒါတွေကို ထိုင်စိတ်ပျက်နေမယ့်အစား လက်ရှိကိုယ့်ဘဝကို ကျေနပ်လို့ရပါတယ်။ (ဥပမာ-ကျွန်မတို့ လုပ်ချင်တာတွေ လုပ်ဖို့ သက်ရှိထင်ရှားရှိနေသေးတယ်၊ မိသားစုတွေ ဥမကွဲ သိုက်မပျက် ရှိနေသေးတယ်။ နေစရာအိမ်ရှိသေးတယ်၊ ခုဒီစာကို ဖတ်ဖို့ မျက်စိနှစ်ကွင်း အလင်းရနေသေးတာမျိုးပေါ့)။
၎။ ကိုယ်ပြောင်းလဲလို့ မရနိုင်တဲ့ အရာတွေအတွက် လိုက်လံပူဆွေးနေလဲ အလကားပါပဲ။
အထက်ပါ မျက်မမြင်အမျိုးသမီးရဲ့ ဘဝအပေါ်ထားတဲ့ ခံယူချက်တွေကို ပမာယူပြီး ကျွန်မတို့တွေ ပြသနာတစ်ရပ်ရင်ဆိုင်ရပြီဆို
၅။ ကိုယ့်အနာဂတ်ကို ကိုယ်ပဲ ဖန်တီးရတာပါ။ ကိုယ်ရပ်ထားတဲ့ နေရာမှာ ကိုယ့်ဘဝရပ်တန့်နေမှာပါ။
အထက်ပါ မျက်မမြင် အမျိုးသမီးဟာ အစောပိုင်းမှာ သူမကို ဒီပညာ သင်ပေးတဲ့ အဖွဲ့အစည်းမှာပဲ လခနည်းနည်းနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ သို့ပေမယ့် သူမဘဝကို ဒီလောက်နဲ့ ရပ်မနေသေးပါဘူး။ နောက်ထပ်ခြေတစ်လှမ်းထပ် လှမ်းဖို့ နာမည်ကြီးအကြောပြင် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လျှောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို ကုမ္ပဏီကြီးတွေအနေနဲ့ မျက်မမြင်တစ်ယောက်ကို အလုပ်ခန့်ဖို့မှာ ဖြစ်နိုင်ခြေ နည်းလွန်းလှပေမယ့် သူမအားမလျှော့ဘဲ ကြိုးစားခဲ့တာကြောင့် ခုဆို သူမဘဝအခြေအနေ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်နေပါပြီ။
ဒီလိုပါပဲ ဒီထက်ပိုသာယာလှပတဲ့ အနာဂတ်တစ်ခုပိုင်ဆိုင်နိုင်
အတွေးတွေ လွန်နေလိုက်တာ ကျွန်မဆင်းရမယ့် ကားမှတ်တိုင်တောင် ရောက်ပြီ။
သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။