Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 15, 2015

"ဘယ်နေရာမှာ "စွမ်း" သလဲ..(သို့မဟုတ်) IQ အကြောင်း"


"ဘယ်နေရာမှာ "စွမ်း" သလဲ..(သို့မဟုတ်) IQ အကြောင်း"

ကျနော်တို့ က IQ လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ကျောင်းသင်ဘာသာရပ်မှာထူးချွန်တာနဲ့  ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ IQ ကောင်းတဲ့ သူလို့ ပြောလိုက်ရင်ကျနော့မျက်စိထဲ စမြင်တဲ့ သူက အိုင်းစတိုင်းပေါ့၊ ဥာဏ်ကြီးရှင်တွေကိုပေါ့ ။ဘောလုံးမှာ အင်မတန် ထူးချွန် တဲ့ပီလီတို့ ၊အခုခေတ်ဆို ဘောလုံးမှာ မက်ဆီ တို့ ၊ဂီတမှာကမ္ဘာကျော်တဲ့ မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့ ၊ဂျနီဖာ လိုပက်ဇ် တို့ ကိုတော့  IQနဲ့ ဆက်စပ်ပြီး မတွေးဖြစ်တတ်ကြဘူး။တကယ်တော့ သူတို့ လဲ IQ မြင့် တဲ့သူတွေလို့ဆိုရင် ခင်ဗျားတို့ ဘယ်လို ပြောကြမလဲ..
တကယ်တော့ Intelligenceဥာဏ်ကောင်းတယ်။တနည်း စွမ်းဆောင်ရည်ကောင်းတယ်ဆိုတာ ခွဲ ခြမ်း စိတ်ဖြာနိုင်တဲ့ဥာဏ် စွမ်းရည် (Analytical Intelligence) တခုထဲ မဟုတ်ဘူး..တဲ့။ Howard Gardnerက သူရဲ့ Theory of multiple Intelligence မှာ ပြောတာက Intelligence စွမ်းဆောင်ရည်မှာ အနဲ ဆုံး ၇ မျိုး လောက်တောင်ရှိသတဲ့။
****************************
ဆရာကိုတာ ရေးတဲ့  “ဖြန့် ထွက်တွေး ခြင်းနဲ့ အခြားစာတန်း များ “ စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ် ကို ဖတ် ကြည့် စေချင်တယ်. ...

“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးကတိုင်းတာ လို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊ ထို ခုနှစ်မျိုးမှာ......
၁။ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည်(Analytical Intelligence)ဖြစ်ပြီး စာမေးပွဲများ၊ အိုင်ကျူများနှုင့် တိုင်းတာကြောင်း။
၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီးအရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ ပုံသဏ္ဍန်ကိုတီထွင်နိုင်ခြင်းများဖြစ်ကြောင်း။သချာင်္ပညာရှင်များ၊ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသောစွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်းသာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊
၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical Intelligence) ဖြစ်ပြီး ဘောလုံးသမားများ၊ရေကူးသမားများ၊ ဂေါက်သမားတို့တွင် ရှိတတ်၍သူတို့တွင် အခြားစွမ်းရည် ရှိချင်မှရှိမှာ ဖြစ်ကြောင်း။
၎။ (Musical intelligence)ဂီတ၊အနုပညာစွမ်းရည် မှာ ထူးချွှန်တဲ့ စွမ်းရည်။
၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီးတီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သောစွမ်းရည်တစ်မျိုးဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။
၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည်(Intrapersonal Intelligence) ဖြစ်ပြီးငြိမ်ငြိမ် သက်သက် နေတတ်၊ မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ(Counsellors)များ ဖြစ်လာတတ်ကြောင်း။
၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီးအများနှင့်လုပ်တတ်၊ နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သောမန်နေဂျာများတွင်ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”

ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က ” ချားလ်စ်ဟန်ဒီက ၂၁ ရာစုမှာကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည်(Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စကတော့ တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။

အဲဒီ စာကနေ ကျနော် ဆက်တွေး ကြည့် မိတယ်။ကို စိုးသူ တို့ ၊ ဖြူဖြူကျော်သိန်းတို့ ။ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေပေမယ့် သူတို့ရဲ့ Intelligence စွမ်းရည်ကအနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်ပြီး အဲဒီဘက်မှာ မြှုတ်နှံလုပ်ကြတော့နိုင်ငံကျော် အနုပညာရှင်တွေ၊စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန်နေကြတာနေမှာ..လို့ ။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၊ ဆရာအော်ပီကျယ်တို့  ဆိုရင်အင်ဂျင်နီယာတွေပါပဲ။ သူတို့ အားသန်တဲ့  စွမ်းဆောင်ရည် Intelligence ကို ရှာတွေ့ ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့ သာ အောင် မြင် ကြတာ..လို့ ။
***************************
၁၀တန်း အမှတ်စာရင်း ထွက်ပြီး တစ်ရက်က..ကျနော့သူငယ်ချင်းတစ်ယောက်ကဖုန်းဆက်တယ်။”ငါ့တူမ လေးရဲ့ ၁၀ တန်း အမှတ်က ဆေးကျောင်းမီတယ်။ ဆေးကျောင်းလျှောက်ရရင် ကောင်းမလားလို့..မင်းကို လှမ်းတိုင်ပင်တာ”..တဲ့ ။ ”သူက လူနာကုရတာ ၀ါသနာပါသလား.” လို့  ကျနော်သူ့ကိုမေးဖြစ်တယ်။ ကျနော်ကတော့ ..လူငယ်တွေကိုသူတို့  စိတ်ဝင်စားတဲ့ ၊ ၀ါသနာပါတဲ့ဘာသာရပ်ကို ပဲ လေ့လာစေချင်တယ်။ ဒါမှ သူတို့ တကယ်စိတ်ဝင်စားပြီး ထိပ်တန်းရောက်မှာ။ လူကြီးတွေကလဲ သူတို့ ဘာကို ၀ါသနာပါ သလဲ ဆို တာ စောင့် ကြည့် သင့် တယ်။

ဒီနေရာမှာ အိုင်စတိုင်းရဲ့ စကားတစ်ခွန်းကို ကိုးကားချင်တယ်။သူက.. “လူတိုင်းဟာ..Genius ဥာဏ် ကြီးတဲ့သူတွေ၊ဥာဏ်ကြီးရှင်သူတွေပဲ။ ဒါပေမယ့်ငါးတစ်ကောင် ရဲ့ အရည် အချင်းကို မင်းက သစ်ပင်တက် နိုင်တဲ့ စွမ်းရည် နဲ့ဆုံးဖြတ် မယ်ဆိုရင်တော့ ငါးဟာ တစ်သက်လုံး ငါ အသုံးမကျ ပါလား..ဆို တဲ့ စိတ်နဲ့ပဲ နေသွားရလိမ့်မယ်”...တဲ့ ။
တကယ်တော့ ..ကျနော် တို့ မှာ မွေး ကထဲ ကကိုယ်အားသန်တဲ့Intelligence စွမ်းဆောင်ရည် လို့ ခေါ်တဲ့ ”ဇ “ တွေ ပါလာပုံရတယ်။ကိုယ်ရဲ့ Intelligenceက စွမ်းရည် ဘာလဲ ဆိုတာမြင်အောင် ကြည့် ပြီး ဖွံ့ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန်အောင်မြင်သူတွေ ဖြစ် လာမှာပဲ။

ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော..ဥာဏ်စွမ်းရည် (၇)မျိုး ထဲက ကိုယ်ရဲ့ တကယ့်စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ၊သား၊သမီးတွေမှာလဲ သူတို့ရဲ့  Intelligence က ဘာဖြစ်မယ်ထင်သလဲ။ကိုယ့် ကိုယ်ကိုရော၊သူတို့ ကိုရော..ထူးချွန်အောင် မြင်စေချင်ရင် အားသန်တဲ့ စွမ်းရည် ကို ဖွံ့ ဖြိုးအောင်လုပ်ပေး ဖို့ ကအရေးကြီးတယ် မဟုတ်လား ဗျာ...

အားလုံးပျော်၇ွှင် အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၂၇-၉-၂၀၁၃)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။