Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 15, 2015

"အကောင်းဆုံး CV ရေးနည်း"


"အကောင်းဆုံး CV ရေးနည်း"

ပထမဆုံး CV ရေးနည်းအကြောင်းပြောပြချင်တယ်။ဘာလို့ လဲဆိုတော့ CV ဟာ ကိုယ်ရဲ့  အရည်အချင်း၊ အတွေ့ အကြုံ၊ကျွမ်းကျင်မှုတွေကိုပြောပြမဲ့ အလွန်အရေးကြီး တဲ့ document မှတ်တမ်းတခုပါ။
(CV ဟာမိမိအကြောင်း အသေးစိတ်ဖော်ပြတာဖြစ် ပြီး Academic Institute တွေ၊Scholarship programme တွေမှာပိုသုံးတယ်။အလုပ်အတွက်ကတော့ အကျဉ်းချုပ်ရေးထားတဲ့ Resume ဆိုလုံလောက်ပါတယ်။ ဒါပေမယ့် ဒီစာမှာတော့ မှတ်ရတာ လွယ်အောင် CV လို့ ပဲသုံးနှုန်းပါ့မယ်။)
အလုပ်စလျှောက်တဲ့အခါမှာဖြစ်ဖြစ်၊အလုပ်ထဲမှာ ရာထူးတိုးဖို့ အတွက်ပဲဖြစ်ဖြစ်၊Scholarship လျှောက်တဲ့နေရာမှာဘဲဖြစ်ဖြစ် CV ဟာ သိပ်အရေးကြီးပါတယ်။ကိုယ့်အရည်အချင်းကို ရွေးချယ်မဲ့  သူသိအောင် စပြီးပြောပြနိုင်တဲ့ Document ပဲပေါ့။လူ လူချင်းတွေ့ ရင် First impression လို့ ပြောကြတဲ့ ပထမဆုံး ကိုယ်အပေါ် သူ့ ရဲ့ အထင်အမြင်ကအရေးကြီးတယ်ဆိုရင် လူချင်းမတွေ့ ခင် မိမိကိုရွေးချယ်မဲ့ သူဖတ်မဲ့ CV ဟာ အထင်အမြင်သိပ်ကောင်းနေဖို့ လိုတာပေါ့။၊ကိုယ် ရဲ့ CV ဖတ်ပြီးတာနဲ့ ကိုယ့် ကိုအင်တာဗျူး ခေါ်ချင်စိတ်၊အလုပ်ခန့် ချင်စိတ်၊Scholarship ပေးလိုစိတ် ပေါက်သွားအောင်ရေးရမှာ။
အဲဒီလိုCV မျိုး ဘယ်လိုရေးမလဲ?

******************************
အခုတော့ ပြောင်းလဲနေပြီလား မသိဘူး။အရင်တုန်းကတော့  CV ရေးဖို့ လိုရင် မိတ္တူ ဆိုင်၊ ကွန်ပြူတာဆိုင်က ပုံစံကို ယူ ပြီး ဖြည့် ချင်ရင်ဖြည့် ၊ပိုသပ်သပ်ရပ်ရပ် ဖြစ်စေချင်ရင် ကွန်ပြူတာ စာစီခိုင်းလိုက်တာပေါ့။ အမည်၊မွေးသက္ကရာဇ်၊လုမျိုး၊ဘာသာ၊ဖခင်အမည်…အစရှိ တာတွေ နဲ့  စတဲ့ ready-made ပုံစံကိုဖြည့်လိုက်တာပါပဲ။
အရင်ကကိုယ်တိုင်လဲအလုပ်ရှာခဲ့၊အခုလူတွေကိုလဲ အလုပ်ခန့် တော့မှ.. လူမျိုးတို့ ၊ ဘာသာတို့ ဆိုတာ အရေးမှမကြီးပဲ။ဘယ်လူမျိုး၊ဘယ်ဘာသာမဆို ကိုယ့်အလုပ်အတွက် အရည်အချင်းရှိတဲ့ သူဆို အလုပ်ခန့် မှာပဲ။ အဖေအမည်ဆိုပိုတောင်မှ မသိချင်သေးတယ်။ လွန်ခဲ့ တဲ့ နှစ်တွေက ကျနော့ ဋ္ဌာနမှာ ဒေသဆိုင်ရာ မန်နေဂျာတယောက်နဲ့  ကင်ဆာဆရာဝန် တယောက် လို့် တော့ မန်နေဂျာရာထူးအတွက် မွန်ဘိုင်း(ဘုံဘေ)ကတယောက် နဲ့  ကင်ဆာပညာရှင် ရာထူးအတွက် တရုတ်ပြည်က ကင်ဆာအထူးကုဖြစ်ပြီး စင်္ကာပူက PhD ရထားတဲ့ သူတယောက် ကို ကျနော် ခန့်  ခဲ့ တယ်။ လူမျိုး၊ဘာသာတွေ အရေးမကြီးပါဘူး ။ အခြားဋ္ဌာနတွေ၊ကုမ္ဗဏီတွေမှာ လဲ ဒီလိုဘဲ၊ကိုယ်လိုချင်တဲ့ အရည်အချင်းရှိရင်အလုပ်ခန့် မှာပဲ။
ပြောချင်တာက ကျနော်တို့ က မလိုအပ်တဲ့ အချက်အလက်တွေအတွက်အရေးကြီးတဲ့ (ရွေးချယ်မဲ့သူ စဖတ်မဲ့) ပထမစာမျက်နှာ ရဲ့ အပေါ် ပိုင်း တ၀က်လောက်ကိုဖြုန်းပစ်လိုက်တာ။

အဲဒီတော့ CV ကိုဘယ်လိုစရင်ကောင်းမလဲ?
ပထမ ဆုံး...အမည်၊နောက်က ပညာရေး(ဘွဲ.)နဲ့ ဆက်သွယ်ဖို့ လိပ်စာ(ဖုန်းနံပါတ်ပါ)ရေးပြီးရင် Summary of Qualification and Achievement (ကိုယ့် ရဲ့ အရည်အချင်းနဲ့  အောင်မြင်မှုအကျဉ်းချုပ်) ကို စရေးပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တကယ်တော့ အလုပ်ရှင်ဖြစ်ဖြစ်၊ Scholarship ပေးမဲ့ တက္ကသိုလ် ကဖြစ်ဖြစ် ဒါကိုသိချင်တာ။ ကိုယ်ရဲ့ အလုပ်အတွက် လူမှန် နေရာမှန် ဖြစ်ပါ့ မလား ဆိုတာ စသိချင်တာ။မဟုတ်ရင် ရေရှည်မှာသူရော၊ကိုယ်ရောစိတ်ဆင်းရဲရမှာ။
အဲဒီတော့ Summary of Qualification and Achievement ရေးရင် ကိုယ့် ရဲ့ အရည်အချင်း၊ အောင်မြင်မှု တခုစီကို Bullet point တခု(စာကြောင်း တစ်ကြောင်း၊၂ ကြောင်းလောက်နဲ့ ) တိုတိုရှင်းရှင်းရေးပါ။ အကြောင်းအရာ ၄/၅ ခုလောက်ပေါ့ ။ အရေးကြီးဆုံးက အဲဒီ summary အတွက် ဘယ်လိုစဉ်းစားမယ်။ ဘာတွေရေးရမလဲဆိုတာပဲ။
တကယ်ရေးရမှာက Achievement-based မိမိအောင်မြင်မှုတွေကို အခြေခံတဲ့ CV မျိုး၊ Summary (အကျဉ်းချုပ်) မျိုး ရေးရမှာ။ ဘာလုပ်ခဲ့ တယ်ဆိုတာထက် Result-orientated ဘယ်လို Result အောင်မြင်မှု တွေရအောင်လုပ်နိုင်ခဲ့ တယ် ဆိုတာကို နိုင်ငံတကာမှာ ပိုတန်ဖိုးထားတယ်။ ဥပမာ..စတိုးဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ့ တယ်ဆိုရင် ကိုယ့်ကြောင့်၊ ကိုယ့် အဖွဲ့ ကြောင့်  တနှစ်မှာ ဘယ်လောက် ရောင်းအားတက်လာတယ်။ ဖောက်သည်ဘယ်လောက်တိုး အောင် လုပ်နိုင်ခဲ့ တယ်. အစရှိသဖြင့် ပေါ့ ။ ဥပမာ..အင်ဂျင်နီယာဆိုရင်လဲ ဘယ်ပရောဂျက်ရဲ့ ဘယ်အပိုင်းကို တာဝန်ယူခဲ့ ၊လုပ်ခဲ့ တုန်းက သတ်မှတ်ရက်အတွင်း/ သတ်မှတ်ရက်ထက် ဘယ်လောက်စောပြီးအောင်လုပ်နိုင်ခဲ့တာ…စတဲ့ ရလာဒ်တွေ၊အောင်မြင်မှုမျိုးပေါ့ ..
Summary အတွက် စစဉ်းစား၊စရေးပါ ဆိုပေမယ့် တကယ်တော့ကိုယ်လုပ်ခဲ့တာတွေ၊ ကိုယ်အောင်မြင်ခဲ့တာတွေ အားလုံး အသေးစိတ် ပြန် စဉ်းစားမှာပါ။ ပြီးတော့ မှ အကျဉ်းချုပ် summary ကို CV မှာပထမ ရေး။ အသေးစိတ်ကို အဲဒီနောက်မှာ ထဲ့ဖို့ ပေါ့ ။ ဘာလို့ Summary ကိုကောင်းကောင်းရေး ဖို့ ပြောရသလဲဆိုတာတော့  အလုပ်ခန့် မယ်သူဟာ အဲဒီ Summary ကို စဖတ်တာ၊အဲဒီမှာ သူတို့ စိတ်ဝင်စား တာတွေ့ မှ ရှေ့ ဆက်ဖတ်လေ့ ရှိတယ်။
အဲဒီလို အောင်မြင်မှုတွေ၊ရလာဒ်တွေကိုအခြေခံ တဲ့ Summary မျိုး ရေးပြနိုင်ရင်.. CV ဖတ်နေတဲ့ အလုပ်ရှင်တောင် ချက်ချင်း ထထိုင်ပြီး ခင်ဗျားတို့ ဆီ ချက်ချင်း ဖုန်း ဆက်လာနိုင်တယ်။ ဒီလိုအရည်အချင်းရှိတဲ့ လူမျိုး မလိုချင်တဲ့သူရှိမလား။ အဲဒီတော့ကိုယ်ဖက်က အဲဒီလို ရေးပြနိုင်ဖို့ ပဲလိုတာပေါ့ ။ အချိန်တခုပေးပြီး ငါဘာအောင်မြင်မှုတွေ၊ ရလာဒ်တွေရခဲ့ သလဲဆိုတာ စတွေးရ၊စအားထုတ်ရမှာပေါ့ ။

ကျနော် အလုပ်ရှာတုန်းက ဒီ summary ကိုရေးတော့ ၅ ရက်လောက်ကြာတယ်။ ငါ့မှာဘာအောင်မြင်မှုတွေ ရခဲ့ သလဲဆိုတာ တွေးလိုက်၊ရေးလိုက်၊ ပြင်လိုက်၊ပြန်ရေးလိုက်နဲ့ ပေါ့ ။ မြန်မာပြည်ကဆေးရုံ၎ခုမှာ ၁၀နှစ်ကျော်လောက် (နောက်ဆုံးရန်ကုန်ဆေးရုံကြီး၊ကင်ဆာဋ္ဌာနမှာလဲ၅ နှစ်ကျော်လောက်) အလုပ်လုပ်ခဲ့ ပါရဲ့ ။ လူနာတွေကုလိုက်ရတာလဲ အမြောက်အမြား။ result ရလာဒ် စဉ်းစားကြည့်တော့ စဉ်းစားရ တော်တော်ခက်တယ်။ဘာလို့ လဲ ဆိုတော့ ကျနော်တို့ ဆီမှာ result ရလာဒ် တွေကို တို်င်းတာတဲ့ စနစ် Metric တွေ၊ KPI (Key Performance Indicator)တွေက မဖွံ့ ဖြိုးတော့  တိတိကျကျပြောရတာမလွယ်ဘူး။ ဒီဖက်မှာတော့ အလုပ်တိုင်းရဲ့  Result ရလာဒ်ကိုရအောင်တိုင်းတယ်၊ တဦးချင်းရဲ့ အောင်မြင်မှုတွေကိုဆန်းစစ်တဲ့ performance appraisal ဆိုတာလဲနှစ်တိုင်းလုပ်ရတယ်။ (ဒီအကြောင်း တွေကိုနောက်မှ.. ”လူကြီးတွေဖတ်ဖို့ ” ဆိုပြီးရေးအုန်းမယ်။)
ဒါပေမယ့်ကျနော်ပြောရဲတယ်။အလုပ်လုပ်နေတဲ့ သူတွေအားလုံးမှာအောင်မြင်တဲ့ result ရလာဒ် တခုမဟုတ်၊တခု တော့ရှိတယ်။ကျနော်တို့ စနစ်တကျတွေးမထားလို့ သာ။ဘွဲ့ ရခါစ လူငယ်တွေဆိုရင်လဲ ကျောင်းတုန်းက ဘာသာရပ်တွေ မှာ၊ကျောင်းတွင်း၊ကျောင်းပြင် လုပ်ခဲ့တဲ့ activity တွေမှာ အောင်မြင်မှုတွေရှိခဲ့ လိမ့် မယ်။ အနည်းဆုံး ၅ ရက်၊တပတ်လောက်တော့ တွေးကြည့် ၊ ရေးပြစရာ အောင်မြင်မှုတွေတွေ့  လာလိမ်.မယ်။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်၂ချက်ကို အလေးထားပြောချင်တယ်……
ပထမအချက်က ကိုယ်ကျွမ်းကျင်တဲ အလုပ်၊ကိုယ်လဲအမှန်တကယ်စိတ်စားတဲ့  အလုပ် ကိုရှာပါ။ (အလုပ်ရချင်ဇောနဲ့ ကိုယ်စိတ်မ၀င်စားတဲ့ အလုပ်သွားမလျှောက်ပါနဲ့ ။အလုပ်လုပ်ရတာလဲ မပျော်၊ရှေ့ ဆက်လဲ တက်လမ်းရှိ မှာမဟုတ်ဘူး။) ပြီးတော့ ကိုယ်လျှောက်မဲ့ အလုပ် နဲ့ ဆက်စပ်တဲ့  အရည်အချင်း နဲ့ အောင်မြင်မှုတွေ ကို Summary မှာရေး ပါ။ ဥပမာ..ကိုယ်ကကွန်ပြူတာလဲ ကောင်းကောင်းသုံးတတ်တယ်၊ ဘောလုံးကန်လဲ တော်တယ်ဆိုပါစို့ ။ ကိုယ်လျှောက်မဲ့ အလုပ်က ရုံးလုပ်ငန်းဖြစ်ပြီး ကွန်ပြူတာသုံးဖို့  လိုနိုင်တယ်ဆိုရင် summary မှာ ကွန်ပြူတာ သုံး တတ်တာကို ကောင်းကောင်း အလေးထားရေးပါ၊ ဘောလုံးကန်တာကိုတော့ နောက်ရေးမဲ့  other skills အခြားကျွမ်းကျင်မှုများ နေရာမှာထဲ့ ပေါ့ ။ တကယ်လို့ ကိုယ်လျှောက်မဲ့ အလုပ်က အားကစားနဲ့  ပတ်သက်ရင်တော့ ဘောလုံးကန်တော်တာကို summary မှာ အလေးပေးရေးပေါ့၊ ဒါကြောင့်  မိမိရဲ့ CV ကို လျှောက်မဲ့အလုပ်နဲ့  ဆီလျှော်အောင်ရေးနိုင်ဖို့  သိပ်အရေးကြီးတယ်။ CV ကို လျှောက်မဲ့အလုပ်နဲ ကိုက်ညီအောင် ပြုပြင်နေဖို့ လိုမယ်။CV တစောင်ရေးပြီး အလုပ်အားလုံး ကို တပုံစံထဲလိုက်လျှောက်နေလို့ တော့  အလုပ်ရှင်ချက်ချင်းခန့် ချင်တဲ့ CV မျိုးဖြစ်မှာမဟုတ်ဘူး။
ဒုတိယအချက် က.. ဘွဲ.ရကာစလူငယ်တွေ (fresh graduate) အတွက်ပါ။ ငါတို့ ကအခုမှကျောင်းပြီးတာ၊ ဘာအတွေ့ အကြုံမှလဲမရှိဘူး၊ အလုပ်ရဖို့ မလွယ်လောက်ပါဘူး လို့ စိတ်ဓါတ်မကျနဲ့ ။တချို့ အလုပ်တွေ၊ အလုပ်ရှင်တွေ က fresh graduate ကို အချို့ အလုပ်တွေ (ဥပမာ..ကျွမ်းကျင်မှု သိပ်မလိုတဲ့ အလုပ်တွေ) မှာခန့် ဖို့ စိတ်ဝင်စားကြတယ်။ အလုပ်သင် သဘောပေါ့ ။ လစာကတော့အစမှာနဲနိုင်တယ်၊ ဒါပေမယ့် နောက်တော့ ကြိုးစားမှုပေါ်မူတည်ပြီး ရာထူးတွေဆက်တက် သွားတာပါပဲ။ တကယ်လဲကောင်းပါတယ်။ အတွေ့ အကြုံသိပ်မရှိသေးခင်မှာ လစာလဲရ၊ပညာလဲရပေါ့။ လွန်ခဲ့ တဲ့ ၃နှစ်လောက်က စင်္ကာပူ MDIS Management Institute က ကျောင်းပြီးကာစ စင်္ကာပူ သူလေး တယောက်ကို ကျနော်ဆီမှာ အတွင်းရေးမှုး/သုတေသန လက်ထောက်အဖြစ် ခန့် ဖူးတယ်။ သူကလဲတော်ပါတယ်။ အလုပ်လဲ ကြိုး ကြိုးစားစား ရှိတော့  သင်လွယ်၊တတ်လွယ်တယ်။ အခုတော့ နေရာကောင်းကောင်း၊လစာကောင်းကောင်းရနေပြီ။ ဒါကြောင့် fresh graduate တွေအားမလျှော့ နဲ့  ။ ရိုးရိုးသားသား ၊ကြိုးကြိုးစားစား သာလုပ်၊ ဘာမှမအောင်မြင်စရာမရှိဘူး။

ကဲ..ဒီတော့  Summary of Qualification and Achievement (ကိုယ့်ရဲ့ အရည်အချင်းနဲ့  အောင်မြင်မှုအကျဉ်းချုပ်) အကြောင်း ကျနော် ပြောခဲ့တာတွေ ကိုပြန်ချုပ်ကြည့်ကြရအောင်
အဲဒီ Summary မှာအချက်၎/၅ ချက်လောက်ရေးပေးပါ။ပထမ ၂ချက်၊၃ချက်က မိမိအလုပ်/ကျောင်း ကအရည်အချင်းနဲ့ အောင်မြင်မှုတွေရေးပါ။နောက်တချက် က other relevant skills အခြားဆက်စပ်တဲ့ အရည်အချင်းတွေ (ဥပမာ..English, Computer စသဖြင့်)၊ နောက်ဆုံးအချက်က interpersonal skill လူလူချင်းဆက်ဆံရေးမှာအရေးပါတဲ.skills တွေ(ဥပမာ..Organizing skill စည်းရုံးရေးကောင်း တဲ့ skillတို့ ။ team work အဖွဲ့ အစည်းနဲ့ လုပ်ကိုင်တတ်တဲ့skillတို့ ပေါ့ )။ အလုပ်ရှင်တွေဟာ Technical skill လို့ ခေါ်တဲ့ အလုပ်ကို ကျွမ်းကျင်မှု အပြင် အဲဒီလို လူမှုဆက်ဆံရေး ကောင်းတဲ့သူတွေကို ပိုသဘောကျကြတယ်။ ဘာလို့ လဲဆိုတော့ အလုပ်ဆိုတာ လူတွေနဲ့ လုပ်ရမှာမဟုတ်လား။
*********************
ကဲ..အဲဒီတော့ CVရေး ပြီဆိုရင်…
• အမည်
• ပညာရေး (ဘွဲ.)
• ဆက်သွယ်ဖို.လိပ်စာ (ဖုန်းနံပါတ်ပါ)
• Summary of Qualification and Achievement (ကိုယ့် ရဲ့ အရည်အချင်းနဲ့ အောင်မြင်မှုအကျဉ်းချုပ်) ရေး။
ပြီးရင် ရှေ့ ကရေးခဲ့ တဲ့ အကျဉ်းချုပ် Summary ကိုအကျယ်ရှင်းပြမဲ့ .......
• Educational qualification (ပညာရေး-ဘွဲ့ ၊ဒီဂရီ)၊
• Working experience (လုပ်ငန်းအတွေ့ အကြုံ နဲ့အောင်မြင်မှုတွေ )၊
• Other relevant skills (အခြားဆက်စပ်တဲ့ ကျွမ်းကျင်မှုတွေ)
• References (ကိုယ်ကိုထောက်ခံပေးမဲ့သူတယောက်၊၂ယောက်) စသဖြင့် ...ဆက်ရေးပေတော့။
Summary ကိုတောင် တော်တော်ကြိုက်နေပြီဖြစ်တဲ့ အလုပ်ရှင်ဟာ ဒီအသေးစိတ် အချက်အလက်တွေကို စိတ်ဝင်တစားဆက်ဖတ်လိမ့် မယ်၊မပူနဲ့ ။ ဒီလိုလူမျိုး..ဘယ်မှာလက်လွတ် ခံပါ့မလဲ။

အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၁၉-၁-၂၀၁၃)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။